Statement delivered by Ambassador Kyaw Moe Tun, at the Third Committee of the Eighty-first Session of the UN General Assembly, on Social Development Agenda





Statement delivered by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly, on Social Development Agenda held on 6 October 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ အထွေထွေညီလာခံ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုခေါင်းစဉ်ဖြင့် အထွေထွေမိန့်ခွန်းပြောကြားမှု အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က
ယခုအခါ မတရား စစ်အာဏာသိမ်းမှု (၅) နှစ်ကျော် ကြာမြင့်လာပြီးနောက် မြန်မာနိုင်ငံတွင်
အဘက်ဘက်၌ အကျပ်အတည်းပေါင်းစုံ ဖြစ်ပေါ်နေကြောင်း၊ ပြည်သူများအနေဖြင့်လည်း စစ်အုပ်စုကြောင့် ၎င်းတို့၏ အခြေခံ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးများ ဆုံးရှုံးကာ ခက်ခဲသော အခြေအနေများသို့ ကျရောက်နေ၊
မြန်မာပြည်သူများအနေဖြင့် စစ်အုပ်စုမှ စနစ်တကျ ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အဆင်အခြင် ကင်းမဲ့သော လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှုများနှင့် စာသင်ကျောင်းများနှင့် ဆေးရုံများ အပါအဝင် အရပ်ဘက် အဆောက်အဦများအား ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှုများကို ခံစား၊ ရင်ဆိုင်၊ တွေ့ကြုံနေရ၊
စစ်အုပ်စု၏ အဓမ္မတပ်သားစုဆောင်းမှုနှင့် နိုင်ငံတစ်နံတစ်လျား ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကြောင့် လူငယ်များ၏ အနာဂတ်များ ဖျက်ဆီးခံထားရ၊
မရေရာမှုများနှင့် ထိရှလွယ်မှုတို့က နေ့စဉ်ဘဝဖြစ်တည်မှု ဖြစ်လာခဲ့ပြီး ယင်းအခြေအနေအကြား ခက်ခက်ခဲခဲ ရှင်သန်ရုန်းကန်နေရခြင်းမှာ မြန်မာပြည်သူများ ဖြတ်သန်းနေရသည့် ခါးသီးသော အမှန်တရားပင်ဖြစ်၊
မြန်မာနိုင်ငံတွင်ရှိသော စစ်အုပ်စုသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတို့ကို အလုံးစုံ ချိုးဖောက်ကာ ကြီးလေးသော စစ်ရာဇဝတ်မှုများ
နှင့် လူသားမျိုးနွယ်တို့အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေ၊
အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားမိတ်ဖက်များနှင့် တော်လှန်ရေးအင်အားစုများ
အနေဖြင့် မြန်မာနိုင်ငံတွင် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအား ကာကွယ်ရန်၊ ဆောင်ကျဉ်းပေးရန်နှင့် တည်ဆောက်ရန် လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိ၊
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဤနှစ်ချက်၏ ရှင်းလင်းသော ကွာခြားချက်နှင့် ပြည်သူများအား အကြမ်းဖက် ရန်စောင်နေသည့် စစ်အုပ်စုသည် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မိတ်ဖက်
မဖြစ်နိုင်သည့်အချက်တို့ကို ကောင်းစွာ သတိပြုရန် တောင်းဆိုလိုကြောင်း၊
ထို့အပြင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စစ်အုပ်စုအား လက်မခံ ငြင်းပယ်ရေး၊ ရက်စက်ကြမ်းကြုတ်မှုများအား ကျူးလွန်သည့် တရားခံများအား တာဝန်ခံစေရေးနှင့် မြန်မာပြည်သူများမှ တရားမျှတမှု၊ လူသားဂုဏ်သိက္ခာနှင့် ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတို့အား ဖော်ဆောင်ရာတွင် မားမားမတ်မတ် ရပ်တည်ပေးရေးဟူသော အချက် (၃) ချက်ကို အရေးတကြီး အရေးယူ လုပ်ဆောင်ပေးရန် တောင်းဆိုလိုပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်)
၁။ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ကုလသမဂ္ဂ ပင်မကော်မတီများ၏ အစည်းအဝေး များကို ၁-၁၀-၂၀၂၆ ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိပါသည်။
၂။ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) ၌ General Debate ကို ၁-၁၀-၂၀၂၆ ရက် (ကြာသပတေးနေ့) မှ ၅-၁၀-၂၀၂၆ ရက် (တနင်္လာနေ့) အထိ ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၉၀) ကျော် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ယခုတစ်ကြိမ် ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးတွင် တတိယကော်မတီ၏ လုပ်ငန်းအစီအစဉ်အရ General Debate တွင် မိန့်ခွန်းပြောကြားသည့် နိုင်ငံများအနေဖြင့် ဘာသာရပ်ခေါင်းစဉ်များအလိုက် အထွေထွေမိန့်ခွန်းပြောကြားမှုအစီအစဉ် (General Discussion) ၌ မိန့်ခွန်းပြောကြား၍မရကြောင်း သတ်မှတ်ထားသဖြင့် မြန်မာနိုင်ငံအနေဖြင့် ဘာသာရပ်ခေါင်းစဉ်များအလိုက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန် ရည်ရွယ်ကာ General Debate တွင် ပါဝင်၍ မိန့်ခွန်း ပြောကြားခဲ့ခြင်း မရှိခဲ့ပါ။
၃။ ကော်မတီ၌ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု (Social Development) ခေါင်းစဉ်ဖြင့် အထွေထွေ မိန့်ခွန်း ပြောကြားမှုအစီအစဉ်ကို ၆-၁၀-၂၀၂၆ ရက် (အင်္ဂါနေ့)၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၄၀) ခန့် မိန့်ခွန်းပြောကြားခဲ့ပါသည်။ မိန့်ခွန်း ပြောကြားချိန်ကို (၃) မိနစ် ခွင့်ပြု သတ်မှတ်ထားပါသည်။
၄။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သော မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-
(က) ယနေ့ မိမိတို့ရောက်ရှိနေသည့် လမ်းဆုံလမ်းခွတွင် အကျပ်အတည်းများ ဘက်စုံထောင့်စုံ၌ ဖြစ်ပေါ် လျက်ရှိကြောင်း၊ ထိုအကျပ်အတည်းများသည် ပြည်တွင်းနှင့် နိုင်ငံတကာ အသိုက်အဝန်း တို့ ၏ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ပြင်းပြင်းထန်ထန် ရိုက်ခတ်လျက်ရှိကြောင်း၊ ကမ္ဘာလုံး ဆိုင်ရာ တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် တန်းတူညီမျှမှုတို့အား မှန်းမျှော်ရာတွင်လည်း စိန်ခေါ်မှု မြောက်များစွာ တွေ့ကြုံနေရပြီး စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ ပြည့်မီရေး အတွက်ပင်လျှင် အတားအဆီးများ ရင်ဆိုင်နေရကြောင်း၊
(ခ) ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ စီးပွားရေး တောင့်တင်းခိုင်မာရေး၊ လူမှုရေးကဏ္ဍတွင် အားလုံး ပါဝင်နိုင်ရေးနှင့် အကာအကွယ်ပေးအပ်ရေးနှင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးတို့အတွက် ကြိုးပမ်းအားထုတ်ရာတွင် ထိရောက်သော ရလဒ်များဖော်ဆောင်နိုင်ရန် နိုင်ငံများ၏ ခိုင်မာသော နိုင်ငံရေးဆန္ဒရှိမှုနှင့် စည်းလုံးညီညွတ်သော နိုင်ငံတကာလုပ်ဆောင်ချက်တို့ကို ပိုမို လိုအပ်လျက် ရှိကြောင်း၊
(ဂ) မြန်မာနိုင်ငံအတွက်ဆိုလျှင် ယင်းရည်မှန်းချက်များမှာ အလွန် အလှမ်းဝေးကွာနေပြီဖြစ်ကြောင်း၊
(ဃ) မိမိတို့နိုင်ငံတွင် အဆိုပါ အကြောင်းအရာများအတွက် ချမှတ်ထားသည့် ပန်းတိုင်များကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းကစ၍ ဖော်ဆောင်နိုင်ခြင်း မရှိတော့ကြောင်း၊ အကြောင်းမှာ မိမိ တို့တွင် ဖော်ဆောင်လိုသည့် ဆန္ဒမရှိသောကြောင့် မဟုတ်ဘဲ တရားမဝင် စစ်အာဏာသိမ်းမှုနှင့် စစ်အုပ်စု၏ ပြည်သူများအပေါ် ကြမ်းဖက်ရက်စက်မှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့်သာဖြစ် ကြောင်း၊
(င) ယခုအခါ မတရား စစ်အာဏာသိမ်းမှု (၅) နှစ်ကျော် ကြာမြင့်လာပြီးနောက် မြန်မာနိုင်ငံတွင် အဘက်ဘက်၌ အကျပ်အတည်းပေါင်းစုံ ဖြစ်ပေါ်နေကြောင်း၊ ပြည်သူများအနေဖြင့်လည်း စစ်အုပ်စုကြောင့် ၎င်းတို့၏ အခြေခံ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးများ ဆုံးရှုံးကာ ခက်ခဲသော အခြေအနေများသို့ ကျရောက်နေကြောင်း၊ တစ်ချိန်တည်းမှာပင် လူသားချင်းစာနာမှု ကပ်ဘေးသည်လည်း ကာလရှည်ကြာစွာ ဖြေရှင်း၍မရဘဲ ဖြစ်နေကြောင်း၊
(စ) အထူးသဖြင့် မြန်မာနိုင်ငံတွင် စစ်အုပ်စုက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေးခဲ့ပြီး မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ဘယ်သောအခါမျှ ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိကြောင်း၊
(ဆ) မြန်မာပြည်သူများအနေဖြင့် စစ်အုပ်စုမှ စနစ်တကျကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အဆင်အခြင် ကင်းမဲ့သော လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများနှင့် စာသင်ကျောင်းများနှင့် ဆေးရုံများ အပါအဝင် အရပ်ဘက် အဆောက်အဦများအား ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှုများကို ခံစား၊ ရင်ဆိုင်၊ တွေ့ကြုံနေရကြောင်း၊
(ဇ) စစ်အုပ်စု ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများသည် အတိုင်းအတာအရဖြစ်စေ၊ အကြိမ် အရေအတွက်အရဖြစ်စေ လျော့ကျသွားခြင်း မရှိဘဲ ယခင်က တစ်ကြိမ်တစ်ခါမျှ မတွေ့ကြုံဖူး သည့် အခြေအနေထိ ရက်၊ လ၊ နှစ်တို့ချီကာ မြင့်တက်နေဆဲဖြစ်ကြောင်း၊
(ဈ) နောက်ဆက်တွဲဆိုးကျိုးအားဖြင့် လူ (၄) သန်းကျော် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရပြီး ၁၆.၂ သန်းကျော်သော ပြည်သူများအနေဖြင့်လည်း စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်ပေါ်နေကြောင်း၊ ထို့အပြင် အခြေခံကျသော လူမှုရေးဝန်ဆောင်မှုများလည်း ပျက်သုဉ်းသည့် အခြေအနေ ဖြစ်နေကြောင်း၊
(ည) ထိုသို့ခက်ခဲနေသည့်အကြားက စစ်အုပ်စု၏အဓမ္မတပ်သားစုဆောင်းမှုနှင့် နိုင်ငံတစ်နံတစ်လျားဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကြောင့် လူငယ်များ၏ အနာဂတ်များ ဖျက်ဆီးခံထားရ ကြောင်း၊
(ဋ) မရေရာမှုများနှင့် ထိရှလွယ်မှုတို့ကနေ့စဉ်ဘဝဖြစ်တည်မှု ဖြစ်လာခဲ့ပြီး ယင်းအခြေအနေအကြား ခက်ခက်ခဲခဲ ရှင်သန်ရုန်းကန်နေရခြင်းမှာ မြန်မာပြည်သူများ ဖြတ်သန်းနေရသည့် ခါးသီးသော အမှန်တရားပင်ဖြစ်ကြောင်း၊
(ဌ) သို့သော်လည်း မြန်မာပြည်သူများအနေဖြင့် အရှုံးမပေးဘဲ ဆက်လက် ကြံ့ကြံ့ခံ ရပ်တည်လျက်ရှိကြောင်း၊
(ဍ) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ပြဋ္ဌာန်းထားသည့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်လျက်ရှိပြီး ကြားကာလ စီမံအုပ်ချုပ်ရေး၊ အကျပ် အတည်း ဖြေရှင်းရေးနှင့် အနာဂတ် နိုင်ငံတည်ဆောက်ရေးတို့ကို ပေါင်းစပ်မူဝါဒများဖြင့် လုပ်ဆောင်လျက်ရှိကြောင်း၊
(ဎ) ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်များ
နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းကာ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု တာဝန်များ ကို ဆက်လက် ထမ်းဆောင်လျက်ရှိကြောင်း၊
(ဏ) သို့ဖြစ်ပါ၍ မိမိအနေဖြင့် အရေးကြီးသော အချက်(၂)ချက်ကို အလေးထား ပြောကြားလိုကြောင်း၊
(၁) မြန်မာနိုင်ငံတွင်ရှိသော စစ်အုပ်စုသည် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေ
နှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့ကို အလုံးစုံ ချိုးဖောက်ကာ ကြီးလေးသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်တို့အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း၊
(၂) အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားမိတ်ဖက်များနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် မြန်မာနိုင်ငံတွင် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအား ကာကွယ်ရန်၊ ဆောင်ကျဉ်းပေးရန်နှင့် တည်ဆောက်ရန် လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊
(တ) နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဤနှစ်ချက်၏ ရှင်းလင်းသော ကွာခြားချက်နှင့် ပြည်သူ များအား အကြမ်းဖက် ရန်စောင်နေသည့်စစ်အုပ်စုသည် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မိတ်ဖက် မဖြစ်နိုင်သည့်အချက်တို့ကို ကောင်းစွာ သတိပြုရန် တောင်းဆိုလိုကြောင်း၊
(ထ) နောက်ဆုံးအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်း၊ အထူးသဖြင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူ့အခွင့်အရေးတို့အတွက် တာဝန်ပေးအပ်ခံထားရသည့် အဓိကအင်္ဂါအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အသိုက်အဝန်းတို့အနေဖြင့် စစ်အုပ်စုအား လက်မခံ ငြင်းပယ်ရေး၊ ရက်စက်ကြမ်းကြုတ်မှုများအား ကျူးလွန်သည့် တရားခံများအား တာဝန်ခံစေရေးနှင့် မြန်မာပြည်သူများမှ တရားမျှတမှု၊ လူသား ဂုဏ်သိက္ခာနှင့် ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတို့အား ဖော်ဆောင်ရာတွင် မားမား မတ်မတ် ရပ်တည်ပေးရေးဟူသော အချက် (၃) ချက်ကို အရေးတကြီး အရေးယူ လုပ်ဆောင်ပေးရန် တောင်းဆိုလိုပါကြောင်း။
၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement delivered by Ambassador Kyaw Moe Tun,
Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly, on Social Development Agenda
(New York, 6 October 2026)
Mr. Chair,
Taking the floor for the first time in this committee, I would, at the outset, like to extend our warmest congratulations to you and the Bureau on your well-deserved election.
We strongly believe that you will guide us toward a successful session, and please be assured of our delegation’s full support and cooperation throughout.
Mr. Chair,
Speaking on Agenda Item 24 on Social Development, Myanmar aligns itself with the ASEAN statement.
In addition, I wish to make the following statement in our national capacity.
Mr. Chair,
The crossroads at which we find ourselves today is more complex than ever, with multifaceted crises severely impacting social development across both national and international communities.
The pursuit of global justice, peace, and equality faces numerous challenges, and the path toward achieving the Sustainable Development Goals has been compounded by complex hurdles.
Efforts aimed at poverty eradication, economic resilience, social inclusion, social protection, education, and digital advancement continue to require stronger political will from Member States and unified international action to achieve tangible results.
For Myanmar, these objectives remain completely out of reach.
Since February 2021, our country has been unable to pursue the goals set under these agendas, not due to a lack of will, but because of the illegal military coup and the military junta’s atrocities.
For over five years now, Myanmar has been engulfed in crisis, and our people have been subjected to tragic circumstances, with their fundamental right to social development systematically denied by the military junta. At the same time, this humanitarian catastrophe has remained unresolved for far too long.
Mr. Chair,
The military junta in Myanmar has never served the interests of the people of Myanmar, but only its own self-interest.
The people have been experiencing the military junta’s systematic human rights abuses, indiscriminate airstrikes, and the deliberate destruction of civilian infrastructure, including schools and hospitals.
The scale and frequency of these military atrocities continue to reach unprecedented heights with each passing day, month, and year.
As a consequence, over 4 million people are internally displaced, over 16.2 million people face acute food insecurity, and basic social services are in total collapse.
Furthermore, the junta’s forced conscription and widespread violence have stripped our youth of their future.
For the people of Myanmar, a pervasive sense of uncertainty and vulnerability has become their daily existence, the harsh reality under which millions are forced to survive each passing day.
Yet, our people refuse to submit; we continue to stand resilient.
The National Unity Government (NUG) pursues social development as enshrined in the Federal Democracy Charter, operating through integrated policies of interim administration, crisis response, and future state-building.
The NUG, alongside ethnic partners and local civil society, continues to uphold the mantle of social development.
Here, I wish to convey two crucial messages:
1. The military junta in Myanmar is committing horrific war crimes and crimes against humanity in total defiance of International Humanitarian Law and International Human Rights Law.
2. The National Unity Government, ethnic partners, and resistance forces are making every effort to protect, deliver, and build social development in Myanmar.
Therefore, we ask the international community to take note of this stark contrast and recognize that a military junta that wages war against its own populace can never be a partner in social development.
Finally, Myanmar calls on the United Nations, especially its principal bodies mandated with peace, security, and human rights, and the broader international community to take three urgent actions:
(1) Reject the military junta,
(2) Hold its perpetrators accountable for these atrocity crimes, and
(3) Stand in resolute solidarity with the people of Myanmar in our pursuit of justice, human dignity, and a peaceful federal democratic union.
I thank you, Mr. Chair.
*****












