top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the General Debate of the Second Committee at the Eighty-first Session of the UN General Assembly

Writer: Myanmar Mission To UN
Myanmar Mission To UN
12 hours ago
4 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate of the Second Committee at the Eighty-first Session of the UN General Assembly held on 6 October 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးကော်မတီ

(ဒုတိယကော်မတီ) ၏ အထွေထွေမူဝါဒရေးရာ ဆွေးနွေးမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် ၂၀၂၁ တရားမဝင်စစ်အာဏာသိမ်းပြီးနောက် စစ်တပ်မှ အရပ်သားပြည်သူများအပေါ် ကျူးလွန်ခဲ့သည့်အကြမ်းဖက်မှုများနှင့် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကြောင့် ယခင်က ရရှိခဲ့သောစီးပွားရေး၊ ဘဏ္ဍာရေးနှင့်လူမှုရေးကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များမှာ ဝမ်းနည်းဖွယ် ဆုတ်ယုတ်သွားခဲ့ရ၊

အဓမ္မစစ်မှုထမ်းစေခြင်းနှင့် လုံခြုံမှုမရှိသည့်အခြေအနေများဖြစ်ပေါ်ခြင်း၊ တရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် အွန်လိုင်းလိမ်လည်မှုများ၊ မူးယစ်ဆေးဝါးများနှင့် လူကုန်ကူးမှုများအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းများမှာ ပိုမိုကျယ်ပြန့်လာခြင်းများ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက တိုင်းပြည်၏ လူငယ်မျိုးဆက်သစ်များသည် အနာဂတ်ပျောက်ဆုံးပြီး မျိုးဆက်တစ်ရပ်လုံးမှာ

တစစနှင့် ပျောက်ဆုံးသည့် အန္တရာယ်ကျရောက်လာနိုင်၊

အလုပ်အကိုင်အခွင့်အလမ်းများ လျော့နည်းလာခြင်း၊ ကျွမ်းကျင်လုပ်သားများ နိုင်ငံပြင်ပသို့ ရွှေ့ပြောင်းသွားခြင်း၊ လူ့စွမ်းအား အရင်းအမြစ်များဆုံးရှုံးခြင်းနှင့် ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများ ဖျက်ဆီးခံရခြင်းများသည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံချက်များကို ခြိမ်းခြောက်လာနေ၊

မြန်မာစစ်တပ်ကြောင့် နိုင်ငံအတွင်းပဋိပက္ခများ၊ မတည်ငြိမ်မှုများနှင့် ဆုတ်ယုတ်မှုများ

ဖြစ်ပေါ် စေသည့်အပြင် အိမ်းနီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် အခြားဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်နိုင်ငံများ၏ အကျိုးစီးပွားကိုကာကွယ်ပေးနိုင်မည် မဟုတ်သည်မှာ ထင်ရှား၊

စစ်တပ်သည် မြန်မာနိုင်ငံနှင့် ပြည်သူများအတွက် မည်သည့်အခါမျှ

အဖြေတစ်ရပ် ဖြစ်လာမည် မဟုတ်၊

ငြိမ်းချမ်းတည်ငြိမ်ရေး၊ တရားမျှတမှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှုများရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေကြသည့် (SCEF) နှင့် မြန်မာပြည်သူများအား နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်သော ကူညီဆောင်ရွက်မှုများဖြင့် ထောက်ခံကူညီပေးပါရန် မေတ္တာရပ်ခံတောင်းဆိုပါကြောင်းဖြင့် ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ၆ ရက်)


၁။        (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးကော်မတီ (ဒုတိယကော်မတီ) ၏ အထွေထွေမူဝါဒရေးရာဆွေးနွေးမှုကို ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့မှ (၆) ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


၂။         အဆိုပါအထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်သို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ အောက်တိုဘာလ (၆) ရက်နေ့တွင် ပါဝင် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါသည်။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည် -

(က)     မကြာသေးခင်အချိန်များအတွင်းက ကမ္ဘာ့စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအခင်းအကျင်းများတွင် ကြီးမားသောပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ရာ တရားဝင်ဖွံ့ဖြိုးတိုးတက်မှုအကူအညီ (ODA) ကျဆင်းလာခြင်း၊ ကုန်သွယ်ရေးကဏ္ဍအစိတ်စိတ်အမွှာမွှာကွဲပြားလာခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကတိကဝတ်များ နောက်ကြောင်းပြန်နေခြင်းတို့မှာ အဓိကပါဝင်နေကြောင်း၊


(ခ)       တစ်ချိန်တည်းမှာပင် ချေးငွေရယူမှုကုန်ကျစရိတ် မြင့်မားလာခြင်း၊ ကြွေးမြီအကျပ်အတည်းများ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ဆောင်နိုင်မှုအကန့်အသတ်များ၊ ရာသီဥတုပြောင်းလဲမှုနှင့် မမျှော်လင့် သော ထိခိုက်မှုများကြောင့် ဖွံ့ဖြိုးမှုအားနည်းပြီး ထိခိုက်လွယ်သောနိုင်ငံများနှင့် ပဋိပက္ခများ ရင်ဆိုင် ကြုံတွေ့နေရသောနိုင်ငံများအပေါ်  ပိုမိုပြင်းထန်စွာ သက်ရောက်လျက်ရှိကြောင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (၂၀၃၀) အကောင်အထည်ဖော်ရန် (၄) နှစ်သာ ကျန်ရှိတော့သည့်အချိန်တွင် ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်မည့်အလားအလာ အလွန်နည်းပါးလျက် ရှိကြောင်း၊


(ဂ)       ဤသို့သော နောက်ခံအကြောင်းတရားများနောက်တွင် ပြောင်းလဲလျက်ရှိသော ကမ္ဘာ့စီးပွားရေးအခြေအနေ၌ ရေရှည်ဖွံဖြိုးတိုးတက်ရေးရည်မှန်းချက်များ(SDGs)အကောင်အထည်ဖော်မှု အရှိန်မြှင့်တင်ရေးဆိုင်ရာ Sevilla Commitment အား အပြည့်အဝ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊


(ဃ)     မြန်မာနိုင်ငံတွင် ၂၀၂၁ တရားမဝင်စစ်အာဏာသိမ်းပြီးနောက် စစ်တပ်မှ အရပ်သား ပြည်သူ များအပေါ် ကျူးလွန်ခဲ့သည့်အကြမ်းဖက်မှုများနှင့် ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်များကြောင့် ယခင်က ရရှိခဲ့သောစီးပွားရေး၊ ဘဏ္ဍာရေးနှင့်လူမှုရေးကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များမှာ ဝမ်းနည်းဖွယ် ဆုတ်ယုတ်သွားခဲ့ရကြောင်း၊


(င)       ယင်းသို့ ဆုတ်ယုတ်မှုများတွင် နိုင်ငံ့၏စီးပွားရေးသည် အမေရိကန်ဒေါ်လာ ဘီလီယံ (၁၀၀) နီးပါး ဆုံးရှုံးခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းသည် ပြီးခဲ့သည့်နှစ် အတွင်း (၃၀) ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ကြောင်း၊ ဆင်းရဲနွမ်းပါးမှုနှုန်းသည် (၅၀) ရာခိုင်နှုန်းအထိမြင့်တက်ခြင်းနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းမှာ(၃) ဆနီးပါးအထိမြင့်တက်ခဲ့ပြီး နိုင်ငံ့လူဦးရေ၏ (၃) ပုံ (၁) ပုံ နီးပါးသည် စားနပ်ရိက္ခာ မလုံလောက်မှုကိုရင်ဆိုင်နေရကြောင်း၊ ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) သည် (၇၄) ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း၊


(စ)       အဓမ္မစစ်မှုထမ်းစေခြင်းနှင့် လုံခြုံမှု မရှိသည့်အခြေအနေများမှ လွတ်မြောက်ရန် တိုင်းပြည်၏ မျိုးဆက်သစ်လူငယ် အနည်းဆုံးတစ်သန်းခန့်မှာ ပြည်ပသို့ ထွက်ခွာသွားခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် တရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် အွန်လိုင်းလိမ်လည်မှုများ၊ မူးယစ်ဆေးဝါး များနှင့် လူကုန်ကူးမှုများအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းများမှာ ပိုမိုကျယ်ပြန့်လာ ခဲ့ကြောင်း၊ ယင်းအတိုင်း ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက တိုင်းပြည်၏ လူငယ် မျိုးဆက်သစ်များ သည် အနာဂတ်ပျောက်ဆုံးပြီး မျိုးဆက်တစ်ရပ်လုံးမှာ တစစနှင့် ပျောက်ဆုံးသည့် အန္တရာယ်ကျရောက်လာနိုင်ကြောင်းဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)မှ သတိပေးထားကြောင်း၊


(ဆ)     ထို့ပြင် ကမ္ဘာ့ဘဏ် (World Bank) မှ လည်း စီးပွားရေးကဏ္ဍအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ လျော့နည်းလာခြင်း၊ ကျွမ်းကျင်လုပ်သားများနိုင်ငံပြင်ပသို့ ရွှေ့ပြောင်းသွားခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များဆုံးရှုံးခြင်းနှင့် ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများ ဖျက်ဆီးခံရခြင်းများသည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုနွမ်းပါးမှု လျှော့ချရေးစီမံချက်များကို ခြိမ်းခြောက်လာမည်ဟု အစီရင်ခံစာထုတ်ပြန်ထားကြောင်း၊


(ဇ)       မြန်မာစစ်တပ်ကြောင့် နိုင်ငံအတွင်းပဋိပက္ခများ၊ မတည်ငြိမ်မှုများနှင့် ဆုတ်ယုတ်မှုများ ဖြစ်ပေါ်စေသည့်အပြင် အိမ်းနီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် အခြားဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်နိုင်ငံများ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မည်မဟုတ်သည်မှာ ထင်ရှားကြောင်း၊ စစ်တပ်သည် မြန်မာနိုင်ငံနှင့် ပြည်သူများအတွက် မည်သည့်အခါမျှ အဖြေတစ်ရပ် ဖြစ်လာမည် မဟုတ်ပဲ ပဋိပက္ခ၏ အရင်းခံအကြောင်းရင်းကို ဖြေရှင်းခြင်းဖြင့်သာ ဘဏ္ဍာငွေထောက်ပံ့မှု၊ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ၊ အခြေခံအဆောက်အအုံစီမံကိန်းများနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးများအတွက် အထောက်အကူဖြစ်သည့် အခြေအနေကောင်းများကို ဖန်တီးပေးနိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း၊


(ဈ)      ယင်းစိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ် ဒီမိုကရေစီအင်အားစုများသည် ပြည်သူများအတွက် မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုများအား တစ်ဦးတစ်ယောက်မျှ ချန်မထားပဲပံ့ပိုးပေးနိုင်ရန် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အောက်မှတစ်ဆင့်ပူး ပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊


(ည)     မြန်မာနိုင်ငံတွင် ငြိမ်းချမ်းတည်ငြိမ်ရေး၊ တရားမျှတမှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှု များရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသည့် (SCEF) နှင့် မြန်မာပြည်သူများအား နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်သောကူညီဆောင်ရွက်မှုများဖြင့် ထောက်ခံကူညီပေးပါရန် မေတ္တာရပ်ခံတောင်းဆိုပါကြောင်း၊


၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative

of the Republic of the Union of Myanmar to the United Nations,

at the General Debate of the Second Committee

at the Eighty-first Session of the UN General Assembly


(New York, 6 October 2026)

Madam Chair,

At the outset, I wish to congratulate you and other members of the Bureau on your well-deserved election.

You can count on our delegation’s full support and cooperation throughout the session.

Myanmar aligns itself with the statements delivered by ASEAN, the LDC Group and the G77 and China respectively.


Madam Chair,

Our global economy and development landscape have recently undergone major shifts, including declining ODA, trade fragmentations and retreat from development commitments.

At the same time, high borrowing costs, debt distress, limited fiscal space, climate crises and external shocks are hitting vulnerable countries the hardest, particularly least developed countries and countries undergoing conflict.

With four years remaining, the prospects of realizing the 2030 Agenda are very grim.

Against this backdrop, the Sevilla Commitment must be fully operationalized to accelerate implementation of the SDGs in a changing global economy.


Madam Chair,

In my country, Myanmar, the 2021 illegal military coup, followed by the military junta’s violence and atrocities against civilians, have unfortunately reversed our previous development gains in economic, financial and social sectors.

Allow me to illustrate this reversal with some significant numbers.

Since the coup, the economy has lost nearly $100 billion in value.

Inflation rose to 30 percent last year.

National poverty has increased to nearly 50 percent.

The price of a basic food basket has nearly tripled.

Almost a third of the population is facing acute food insecurity.

Foreign direct investment has dropped by 74 percent.

At least one million young people are estimated to have left the country to escape forced conscription and insecurity.

Meanwhile, illicit economies, transnational organized crimes, including online scams, drug and human trafficking continue to expand.

On the current trajectory, the youth of Myanmar risks settling into a lost or fragmented generation (UNDP).

In addition, the World Bank reported that a decline in formal sector opportunities, migration of skilled workers, the loss of human capital, disruptions to education and health services will threaten Myanmar’s long-term development and poverty reduction prospects.


Madam Chair,

It is crystal clear that the military junta that instigates the conflict, instability and regression in the country, cannot effectively serve or protect the interests of our neighbors, the region and other development partners either. Moreover the military will never be a solution for the country and its people.

Only addressing the root cause of the conflict can create conducive conditions for financing, development assistance, infrastructure projects and international cooperation, and ultimately bring peace and stability in Myanmar.

Despite facing many challenges, the National Unity Government (NUG) and allied democratic forces are coordinating through the Steering Council for the Emergence of a FederalDemocratic Union (SCEF), to provide essential services to civilians and leave no one behind.

I urge the international community to support the SCEF and the people of Myanmar in their collective efforts to eradicate the military dictatorship and build a federal democratic union for peace, stability, justice and sustainable development in Myanmar.

I thank you.

*****


Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page