top of page

Statement by Ambassador Kyaw Moe Tun under Agenda Item 85: Universal Jurisdiction at 6C of 77th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, under Agenda item 85: the Scope and Application of the Principle of Universal Jurisdiction, at the Six Committee of the Seventy-Seventh session of UN General Assembly, held on 12 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆဋ္ဌမကော်မတီအစည်းအဝေး၌

မည်သည့်တရားရုံးတွင်မဆို တရားစီရင်နိုင်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်ပယ်နှင့် အခြေခံသဘောတရားကို အသုံးပြုကာ မြန်မာပြည်သူများမလိုလားသည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကျူးလွန်သူ စစ်အာဏာရှင်များကို တရားစီရင်နိုင်ရန် အင်အားစိုက်ထုတ်နေသည့် ကြိုးပမ်းမှုအားလုံးကို ကြိုဆိုကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြား


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်)


၁။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆဋ္ဌမကော်မတီတွင် မည်သည့်တရားရုံး တွင်မဆို တရားစီရင်နိုင်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal jurisdiction) နယ်ပယ်နှင့် အခြေခံသဘောတရားကို အသုံးချမှုနှင့် စပ်လျဉ်းသည့် ဘာသာရပ်အစီအစဉ်ကို ၁၂-၁၀-၂၀၂၂ ရက်နေ့၌ ဆွေးနွေးခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည့် အစိုးရ များနှင့် လေ့လာသူများ၏ မှတ်ချက်များနှင့် လေ့လာတွေ့ရှိချက်များကို ကြည့်ခြင်းအားဖြင့် ယနေ့ဆွေးနွေး သည့် မည်သည့်တရားရုံးတွင်မဆို တရားစီရင်နိုင်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်ပယ်နှင့် အခြေခံသဘောတရားကို အသုံးချမှုဘာသာရပ်နှင့်ပတ်သက်၍ ၎င်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ တရားစီရင်နိုင်မှု နယ်ပယ်နှင့် အခြေခံသဘောတရားကျင့်သုံးမှုတို့အပေါ်၌ နိုင်ငံများအကြားတွင် အမြင်များကွဲပြားမှု ရှိနေ သည်ကို သိသာထင်ရှားစွာ တွေ့မြင်ရကြောင်း၊ မိမိတို့အနေဖြင့် အချို့နိုင်ငံများမှ မှတ်ချက်ပြုထားသည့် အတိုင်း တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်ပယ်နှင့် အခြေခံသဘောတရားကိုအသုံးချရာတွင် အလွဲသုံးစားပြုခြင်းနှင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု ပြုလာနိုင်ဖွယ်ရှိသည့် အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း၊


(ခ) ဤအခြေအနေတွင် တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်ပယ်နှင့် အခြေခံသဘောတရားကို အသုံးချမှုနှင့်ပတ်သက်၍ ရှင်းလင်းတိကျစွာ သတ်မှတ်ရန် နိုင်ငံတကာအသိုက်အဝန်းအတွင်းရှိ နိုင်ငံများတွင် ကြီးလေးသော တာဝန်ရှိကြောင်း၊ အဆိုပါပန်းတိုင်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်မှသာလျှင် ထိရောက်မှု ရှိသော တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်ပယ်နှင့် အခြေခံသဘောတရားကို အသုံးချမှုအား ဖော်ဆောင်နိုင်မည်ဖြစ်ပြီး နိုင်ငံများမှ ဥပဒေမဏ္ဍိုင်များမှတဆင့် ယင်းတရားစီရင်ရေးအား အလွဲသုံးစား ပြုမှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ မလုပ်ဆောင်နိုင်ပါက ကုလသမဂ္ဂပဋိဉာဉ်စာတမ်းပါ အခြေခံမူများကိုသာမက အပြည်ပြည်ဆိုင်ရာဥပဒေ၏ စည်းမျဉ်းနှင့် အခြေခံမူများကိုပါ ထိခိုက်စေ မည်ဖြစ်ကြောင်း၊


(ဂ) မိမိ၏ နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားမဝင်စစ်အာဏာ သိမ်းမှုဖြစ်စဉ်ဖြစ်ပေါ်ခဲ့ချိန်မှအစပြု၍ စိန်ခေါ်မှုမြောက်များစွာကို ရင်ဆိုင်လျက်ရှိပြီး ပြည်သူများ၏ ဆန္ဒမှန်ကိုဆန့်ကျင်သည့် မလိုလားအပ်သောဒုက္ခများကို ပြည်သူများကြုံတွေ့နေရကြောင်း၊ လူမဆန်သည့် စစ်တပ်အနေဖြင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေနှင့် လူ့အခွင့်အရေးတို့ကိုလည်း အဆက်မပြတ် ကျူးလွန်လျက် ရှိကြောင်း၊ ၎င်းတို့မှ တရားဥပဒေစိုးမိုးမှု၊ စံနှုန်းနှင့် အခြေခံမူများကို မျက်ကွယ်ပြုခြင်း၊ အထူးသဖြင့် မြန်မာပြည်သူများ၏ ဆန္ဒကို လုံးလုံးလျားလျား မျက်ကွယ်ပြုခြင်းတို့ကြောင့် မိမိတို့ ပြည်သူများအနေဖြင့် လူကဖန်တီး၍ ဖြစ်ပေါ်လာသော ဆိုးကျိုးများ၏ နောက်ဆက်တွဲ လူမှု-စီးပွားဘဝနှင့် လုံခြုံရေးကျဆင်းမှု တို့ကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိက္ခာမလုံခြုံမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ကလေးငယ်များအပါအဝင် အခြားသောလူကုန်ကူးမှုများ၊ နေရပ်စွန့်ခွာမှုများနှင့် ဒုက္ခသည်များဖြစ်နေရခြင်း တို့မှာ ပြည်သူများနေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲများဖြစ်ကြောင်း၊


(ဃ) မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူနှင့် IIMM တို့အနေဖြင့် စစ်တပ်မှ ကျူးလွန်ထားသော အဆိုပါရက်စက်ကြမ်းကြုတ်မှုများကို ၎င်းတို့၏ အစီရင်ခံစာများတွင် တိတိပပထည့်သွင်း‌ ဖော်ပြထားပြီးဖြစ်ကြောင်း၊ ဆိုးရွားနေသည့် ပြည်တွင်း အခြေအနေကို မြန်မာပြည်သူများအနေဖြင့်လည်း ကြိမ်ဖန်များစွာနှင့် ကျယ်လောင်စွာအသံပြုကာ ထုတ်ဖော်ပြောကြားလျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံတကာအသိုက်အဝန်းထံမှ ထိရောက်မှုရှိသော အရေးယူဆောင်ရွက်မှုနှင့် အကူအညီများကို တောင်းဆိုလျက်ရှိကြောင်း၊ သို့ရာတွင် အဆိုပါအကူအညီကို ယနေ့တိုင် လက်ခံရရှိခြင်း မရှိသေးဘဲ တိကျပြတ်သားသော ဆုံးဖြတ်ချက်လည်း ပေါ်ထွက်လာခြင်း မရှိသေးကြောင်း၊


(င) သို့ဖြစ်ရာ ကြီးလေးသော ရာဇဝတ်မှုများသည် နိုင်ငံတစ်နိုင်ငံတည်းကိုသာမက ဒေသတွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကိုပါ ထိခိုက်စေပြီး စိုးရိမ်ရသော ခြိမ်းခြောက်မှုများ ဖြစ်ပေါ်စေလျှင် မည်သည့် တရားရုံးတွင်မဆို တရားစီရင်နိုင်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်ပယ်နှင့် အခြေခံ သဘောတရားကို အသုံးချမှုအား ဖော်ဆောင်နိုင်ခြင်းက အလွန်သင့်လျော်ကောင်းမွန်မည်ဖြစ်ကြောင်း၊ ထို့နည်းတူ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် နိုင်ငံအချို့အနေဖြင့် ပြည်တွင်းဥပဒေအပါအဝင် လက်ရှိတည်ဆဲတရား စီရင်ရေးကို သင့်လျော်စွာ အသုံးမပြုနိုင်ခြင်း၊ သို့မဟုတ် အသုံးပြုရန် ဆန္ဒမရှိလျှင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အဆိုပါတစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်ပယ်နှင့် အခြေခံ သဘောတရားကို အသုံးချမှုပြုရာတွင် စိတ်ရင်းစေတနာမှန်မှန်ဖြင့် အသုံးပြုရန် အထူးလိုအပ်ကြောင်း၊ ထို့ပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကဲ့သို့ အရေးပါသည့် ရှိပြီး အပြည်ပြည်ဆိုင်ရာယန္တရားတစ်ခုအနေဖြင့် အပြစ်မဲ့ပြည်သူများအား ရက်စက်ကြမ်းကြုတ်မှုအန္တရာယ်မှ အကာအကွယ်ပေးရန် တိကျပြတ်သားသော အရေးယူဆောင်ရွက်ချက်ကို မချမှတ်နိုင်လျှင် အဆိုပါမည်သည့်တရားရုံးတွင်မဆို တရားစီရင်နိုင်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သဘောတရားအသုံးချမှုကို အထူးလိုအပ်ကြောင်း၊


(စ) ဤနည်းအားဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်ပယ်နှင့် အခြေခံသဘောတရားကို အသုံးချမှုသည် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု စသည့် ကြီးလေးသော ပြစ်မှုများအား ကျူးလွန်နေသူများမှ ဒဏ်ခတ်မခံရသည့် အစဉ်အလာကို အပြီးတိုင် ချုပ်ငြိမ်းပေးနိုင်မည့် နည်းလမ်းတစ်ခုဖြစ်မည်ဟု မိမိတို့အနေဖြင့် ယုံကြည်ကြောင်း၊


(ဆ) အဆိုပါပြစ်မှုကျူးလွန်သူများကို ဖြစ်နိုင်သည့်နည်းလမ်းဖြင့် မဖြစ်မနေ အပြစ်ပေးအရေးယူကာ ပြစ်ဒဏ်ချမှတ်ရမည်ဖြစ်ကြောင်း၊


(ဇ) ထို့ကြောင့် မိမိတို့အနေဖြင့် မည်သည့်တရားရုံးတွင်မဆို တရားစီရင်နိုင်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်ပယ်နှင့် အခြေခံသဘောတရားကို အသုံးပြုကာ မြန်မာပြည်တွင် ဖြစ်ပေါ်နေသည့် မြန်မာပြည်သူများ မလိုလားသည့် တရားမဝင်သော စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကျူးလွန်သူ စစ်အာဏာရှင်များကို တရားစီရင်နိုင်ရန် အင်အားစိုက်ထုတ်နေသည့် ကြိုးပမ်းမှု အားလုံးကို ကြိုဆိုကြောင်း၊


(ဈ) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်ပယ်နှင့် အခြေခံသဘောတရားကိုအသုံးချမှုနှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် ကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း၊ သက်ဆိုင်သူများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲတင်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by H.E. Mr. Kyaw Moe Tun, Permanent Representative of Myanmar to the United Nations under Agenda item 85: the Scope and Application of the Principle of Universal Jurisdiction, at the Six Committee of the Seventy-Seventh session of UN General Assembly


(New York, 12 October 2022)


Mr. Chair,

At the outset, I wish to thank the Secretary-General for his report on this agenda item.


The summary of comments and observations made by Governments and observers provided in the report makes clear the diverse views of member states, particularly with regards to its definition, scope and application. We share the concern made by some member states over the practice of universal jurisdiction as having the potential to be abusive and cause interference in the internal affairs of states.


At this juncture, we, the members of the international community, carry significant responsibility to clarify the scope and application of the principle of universal jurisdiction on a consensual basis. It is only by reaching such goal that we can properly establish an effective principle of universal jurisdiction and prevent any abusive applications of it by states through legal institutions. On the other hand, the failure to do so would undermine not only the principles enshrined in the UN Charter, but also the rules and principles of the international law.


Mr. Chair,


My country of Myanmar is facing various challenges since the illegal military coup in February 2021. Unnecessary suffering has been imposed on our people against their will. The inhumane military junta has been continuously committing serious violations of international humanitarian and human rights law, including war crimes and crimes against humanity. Due to their disregard for the rule of law, norms and principles, and especially their flagrant disregard of the will of Myanmar people, our people are experiencing an enormous manmade decline in their socio-economic security and well-being. Poverty, food insecurity, sexual violence, human and child trafficking, displacement and refugees are their daily experience.


The UN Special Rapporteur on the situation of human rights in Myanmar and the Independent Investigative Mechanism for Myanmar have thoroughly presented these atrocities in their reports. The Myanmar people have repeatedly spoken loudly of the dire situation in Myanmar. They have called for help and for decisive action from the international community. This help has not yet come. No decisive action has yet appeared.


Therefore, in respect of grave crimes which impose serious threats and affect not only a specific state but also the regional and international community, the establishment of the principle of universal jurisdiction at the international level would be highly preferable and complementary. It is imperative that the international community practice the principle of universal jurisdiction in good faith and apply it whenever a state or groups of states are unable or unwilling to exercise proper law through existing jurisdictions, including domestic ones. It is indeed needed especially when there is a lack of decisive action from relevant established international mechanisms such as the UNSC to save lives of innocent people from atrocities.


Accordingly we continue to believe that the principle of universal jurisdiction would serve as a means to end the culture of impunity enjoyed currently by the perpetrators of serious crimes such as war crimes, crime against humanity, ethnic cleansing and genocide.


Moreover, perpetrators who commit such heinous crimes must be punished and be held accountable no matter what.


As such, we welcome the ongoing efforts to bring Myanmar’s unwanted and unlawful military leadership, perpetrators of war crimes and crime against humanity, to justice through the application of universal jurisdiction across the world.


For this reason, Mr. Chair, the National Unity Government of Myanmar looks forward to constructive outcomes from these, our collective efforts, on the scope and application of the principle of universal jurisdiction. Myanmar will continue to work closely with all relevant stakeholders to that end.


I thank you.



*****









bottom of page