Statement by Ambassador Kyaw Moe Tun, at the High-level Meeting of the General Assembly on the Overall Review of the Implementation of the Outcomes of the World Summit on the Information Society
- Myanmar Mission To UN
- 19 hours ago
- 5 min read



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the High-level Meeting of the General Assembly on the Overall Review of the Implementation of the Outcomes of the World Summit on the Information Society, held on 16 December 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
သတင်းအချက်အလက်လူ့အဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး၏ ရလဒ်များ အကောင်အထည်ဖော်မှုကို ဘက်စုံပြန်လည်သုံးသပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ အဆင့်မြင့် အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က တရားမဝင် အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံသားအားလုံး၏ အခြေခံအခွင့်အရေးအားလုံးကို ဆက်လက် ချိုးဖောက်နေ၊
အကြမ်းဖက်စစ်အုပ်စုသည် အင်တာနက် ဖြတ်တောက်ခြင်း၊ Virtual Private Networks အသုံးပြုခြင်းကို ကန့်သတ်ခြင်းနှင့် လူသိများ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များအပါအဝင် အင်တာနက်ဝက်ဘ်ဆိုက်များကို ပိတ်ပင်ခြင်းတို့ဖြင့် နိုင်ငံသားအားလုံး၏ သတင်းအချက်အလက်ရယူခွင့်ကို ချိုးဖောက်ခဲ့၊
အကြမ်းဖက်စစ်အုပ်စုသည် လွတ်လပ်စွာသတင်းယူပိုင်ခွင့်ကို ဖိနှိပ်ကာ စာနယ်ဇင်း ဂျာနယ်လစ်ပေါင်း (၂၂၅) ဦး ကို မတရားဖမ်းဆီးခဲ့၊ သတင်းထောက်နှင့် မီဒီယာသမား (၉) ဦးသည် စစ်တပ်နှင့် ၎င်း၏လက်အောက်ခံ အဖွဲ့များ၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရ၊ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းအချက်အလက် လွတ်လပ်ခွင့်ဆိုင်ရာ အခြေခံမူများအပေါ် တိုက်ခိုက်မှုများသည် လွတ်လပ်သောအသံများကို ဖိနှိပ်ခြင်းနှင့် စစ်တပ်၏ ဝါဒဖြန့်ချိမှုကို မြှင့်တင်ခြင်းဟူသော ရည်ရွယ်ချက်နှစ်ရပ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်၊ သတင်းအချက် အလက်အမှားများနှင့် လိမ်ညာဝါဒ ဖြန့်ချိမှုများကို ဖြန့်ဝေရန် ၎င်းတို့၏ ကြိုးပမ်းမှုများတွင် အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ထားသည့် မီဒီယာအမျိုးမျိုး၊ Telegram အဖွဲ့များ၊ Influencer လိုင်းများ၊ စစ်တပ်လက်ဝေခံ စစ်အုပ်စုအလိုတော်ရိ သံတမန်များနှင့် ၎င်းတို့၏ရုံးများလည်းပါဝင်၊
အကြမ်းဖက်စစ်အုပ်စုသည် အာဏာ သိမ်းပြီးချိန်မှစ၍ ပြည်သူတစ်ဦးချင်းစိစစ်စောင့်ကြည့်ရေးစနစ် (PSMS) ကို အသက်သွင်းခြင်းဖြင့် ပြည်သူလူထုအပေါ် အစုလိုက်အပြုံလိုက် စောင့်ကြည့်ထောက်လှမ်းမှုကို တိုးမြှင့် ဆောင်ရွက်နေ၊ ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ တိုးပွားလျက်ရှိပြီး၊ ပြည်သူများသည် အမြဲတစေ ကြောက်ရွံ့ထိတ်လန့်မှုအောက်တွင် နေထိုင်ရလျက်ရှိ၊
ဤသို့သော အခြေအနေတွင် အကြမ်းဖက်စစ်အုပ်စုက ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲသည် လွတ်လပ်မှုလည်း မရှိနိုင်သကဲ့သို့ တရားမျှတမှုလည်း ရှိမည်မဟုတ်၊ အဆိုပါအတုအယောင်ရွေးကောက်ပွဲသည် နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုကို ပိုမိုဆိုးရွားကျယ်ပြန့်စေမည်သာဖြစ်၊
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်)
၁။ သတင်းအချက်အလက် လူ့အဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး၏ရလဒ်များ အကောင် အထည်ဖော်မှုကို ဘက်စုံပြန်လည်သုံးသပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ အဆင့်မြင့် အစည်းအဝေးအား နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ၁၆-၁၂-၂၀၂၅ ရက်နေ့မှ ၁၇-၁၂-၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ် လျက်ရှိရာ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၉၀) ကျော်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာ ကော်ပိုရေးရှင်းများမှကိုယ်စားလှယ်များက မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၁၆-၁၂-၂၀၂၅ ရက်နေ့ (အင်္ဂါနေ့)၊ မွန်းလွဲပိုင်းတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-
(က) သတင်းအချက်အလက် လူ့အဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး (WSIS) ၏ ရလဒ်များသည် အင်တာနက်အုပ်ချုပ်မှုနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများ၏ လူ့အဖွဲ့အစည်းအပေါ် ကြီးမာလာသော အကျိုး သက်ရောက်မှု များအတွက် အခြေခံမူ ဘောင်တစ်ရပ်အဖြစ် အထောက်အကူပြုခဲ့ပါကြောင်း၊ လုံခြုံရေးခြိမ်းခြောက်မှုများ မြင့်တက်လာခြင်း၊ နည်းပညာအသစ်များ ပေါ်ထွက်လာခြင်းနှင့် ဒစ်ဂျစ်တယ်ကွာဟချက်များ ပိုမို ကျယ်ပြန့်လာခြင်းတို့ပေါ်ပေါက်နေသည့် ခေတ်ကာလ၌ WSIS+20 ကို ပြန်လည်သုံးသပ်ခြင်း သည် မိမိတို့၏ ကတိကဝတ်များကို ပြန်လည်အသက်သွင်းရန်နှင့် WSIS ရည်မှန်းချက်များ အကောင်အထည် ဖော်ဆောင်ရွက်ရာ၌ ကွာဟချက်များနှင့် စိန်ခေါ်မှုအသစ်များကို ဖြေရှင်းရန် အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးပေးနိုင်မည် ဖြစ်ပါကြောင်း၊
(ခ) ပြည်သူအားလုံးအနေဖြင့် သတင်းအချက်အလက်နှင့် အသိပညာများကို ဖန်တီးနိုင်၊ ရယူနိုင်၊ အသုံးပြုနိုင်၊ မျှဝေနိုင်ကာ အားလုံးပါဝင်နိုင်သော ပြည်သူဗဟိုပြု သတင်းအချက်အလက်ဆိုင်ရာ လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရန် WSIS ၏ မျှော်မှန်းချက်အပေါ်တွင် မိမိတို့ မြန်မာနိုင်ငံ ၏ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုလိုပါကြောင်း၊
(ဂ) ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အပိုဒ် (၁၉) နှင့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် (ICCPR) အပိုဒ် (၁၇) တို့တွင် အသီးသီးဖော်ပြထားသည့်အတိုင်း လူတိုင်းသည် ၎င်းတို့၏ ထင်မြင်ယူဆချက်များကို လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိပြီး၊ မည်သူကမျှ မိမိ၏ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်၊ မိသားစု၊ နေအိမ် သို့မဟုတ် ဆက်သွယ်မှု တစ်ခုခု တို့အပေါ် မတရားသဖြင့် သို့မဟုတ် ဥပဒေနှင့်မညီသော စွက်ဖက်နှောက်ယှက်ခြင်းကို ဆောင်ရွက်ပိုင်ခွင့် မရှိပါကြောင်း၊
(ဃ) ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် တရားမဝင် အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံသားအားလုံး၏ အခြေခံအခွင့်အရေး အားလုံးကို ဆက်လက် ချိုး ဖောက်နေခြင်းကြောင့် ဤမျှော်မှန်းချက်သည် လက်လှမ်းမမီနိုင်သည့်အခြေအနေသို့ ရောက်ရှိ သွားပါကြောင်း၊ မြန်မာနိုင်ငံအခြေအနေနှင့်စပ်လျဉ်း၍ WSIS+20 ပြန်လည်သုံးသပ်မှုနှင့်အညီ ဂျီနီဗာကြေညာစာတမ်းပါ အောက်ပါအခြေခံမူများကို အလေးထား ပြောကြားလိုပါကြောင်း၊
(င) ပထမအချက်အနေဖြင့် နိုင်ငံသားတို့၏ သတင်းအချက်အလက်သိရှိပိုင်ခွင့် (အခြေခံမူ B3) ချိုးဖောက်ခံရမှုနှင့်စပ်လျဉ်း၍ပြောကြားလိုပါကြောင်း၊ အကြမ်းဖက်စစ်အုပ်စုသည် အင်တာနက် ဖြတ်တောက်ခြင်း၊ Virtual Private Networks အသုံးပြုခြင်းကို ကန့်သတ်ခြင်းနှင့် လူသိများ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များအပါအဝင် အင်တာနက်ဝက်ဘ်ဆိုက်များကို ပိတ်ပင်ခြင်းတို့ဖြင့် နိုင်ငံသားအားလုံး၏ သတင်းအချက်အလက်ရယူခွင့်ကို ချိုးဖောက်ခဲ့ပါကြောင်း၊ မြို့နယ်ပေါင်း (၃၃၀) အနက်မှ ထက်ဝက်ကျော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ငလျင်ဘေးသင့်ကာလအတွင်း အပါအဝင် သတင်းအချက်အလက် လက်ခံခွင့်နှင့် ဖြန့်ဝေခွင့်တို့ကို ပိတ်ပင်ခြင်းခံထားရပါ ကြောင်း၊
(စ) ဒုတိယအချက်အနေဖြင့် မီဒီယာများလွတ်လပ်ခွင့် (အခြေခံမူ B9) နှင့်စပ်လျဉ်း၍ ချိုးဖောက်ခံ ရခြင်း ဖြစ်ပါကြောင်း၊ အကြမ်းဖက်စစ်အုပ်စုသည် လွတ်လပ်စွာသတင်းယူပိုင်ခွင့်ကို ဖိနှိပ်ကာ စာနယ်ဇင်း ဂျာနယ်လစ်ပေါင်း (၂၂၅) ဦးကို မတရားဖမ်းဆီးခဲ့ကာ (၉၃) ဦးကို တရားစွဲဆိုခဲ့ပြီး မီဒီယာ လုပ်ငန်းအဖွဲ့အစည်းပေါင်း (၁၆) ခု၏ လုပ်ငန်းလိုင်စင်များကို ရုပ်သိမ်းခဲ့ပါကြောင်း၊ အာဏာသိမ်းပြီးချိန်မှစ၍ သတင်းထောက်နှင့် မီဒီယာသမား (၉) ဦးသည် စစ်တပ်နှင့် ၎င်း၏ လက်အောက်ခံ အဖွဲ့များ၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရပါကြောင်း၊
(ဆ) သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းအချက်အလက် လွတ်လပ်ခွင့်ဆိုင်ရာ အခြေခံမူများ အပေါ် ဤတိုက်ခိုက်မှုများသည် လွတ်လပ်သောအသံများကို ဖိနှိပ်ခြင်းနှင့် စစ်တပ်၏ ဝါဒ ဖြန့်ချိမှုကို မြှင့်တင်ခြင်းဟူသော ရည်ရွယ်ချက်နှစ်ရပ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ သတင်းအချက်အလက်အမှားများနှင့် လိမ်ညာဝါဒ ဖြန့်ချိမှုများကို ဖြန့်ဝေရန် ၎င်းတို့၏ ကြိုးပမ်းမှုများတွင် အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ထားသည့် မီဒီယာအမျိုးမျိုး၊ Telegram အဖွဲ့များ၊ Influencer လိုင်းများ၊ စစ်တပ်လက်ဝေခံ စစ်အုပ်စု အလိုတော်ရိ သံတမန်များနှင့် ၎င်းတို့၏ ရုံးများလည်း ပါဝင်ပါကြောင်း၊
(ဇ) နောက်ဆုံးအချက်အနေဖြင့် ကျင့်ဝတ်ဆိုင်ရာအတိုင်းအတာများ (အခြေခံမူ B10) နှင့်စပ်လျဉ်း၍ ချိုးဖောက်ခြင်း ဖြစ်ပါကြောင်း၊ OHCHR ၏ ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်အုပ်စုသည် အာဏာသိမ်းပြီးချိန်မှစ၍ ပြည်သူတစ်ဦးချင်းစိစစ်စောင့်ကြည့်ရေးစနစ် (PSMS) ကို အသက် သွင်းခြင်းဖြင့် ပြည်သူလူထုအပေါ် အစုလိုက်အပြုံလိုက် စောင့်ကြည့်ထောက်လှမ်းမှုကို တိုးမြှင့် ဆောင်ရွက်နေပါကြောင်း၊ ဤစနစ်သည် လူ့အခွင့်အရေးကာကွယ်သူများနှင့် ဆန့်ကျင် ဘက် လှုပ်ရှားသူများကို ခွဲခြားသိရှိဖမ်းဆီးရန်အတွက် AI၊ မျက်နှာမှတ်သားစနစ်၊ CCTV စောင့်ကြည့် ရေးနှင့် ဇီဝဗေဒဆိုင်ရာ အချက်အလက်များအပါအဝင် အခြားနည်းလမ်းများကို အသုံးပြုနေ ကြောင်းကို သိရှိရပါကြောင်း၊ အကြမ်းဖက် စစ်အုပ်စုသည် နိုင်ငံခြား လုံခြုံရေးကွန်ရက် ကုမ္ပဏီ များက ပံ့ပိုးပေးသော နည်းပညာများကြောင့် တယ်လီဖုန်း မှတ်ပုံတင် ID များမှတစ်ဆင့် လူပုဂ္ဂိုလ်များကို ခြေရာခံရှာဖွေနိုင်သည့် နည်းပညာများကိုလည်း လက်ဝယ် ရရှိထားပါကြောင်း၊
(ဈ) စစ်အုပ်စုက အရပ်သားပြည်သူများကို စောင့်ကြည့်ထောက်လှမ်းရန် PSMS အသုံးပြုမှုအပေါ် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ တိုးပွားလျက်ရှိပြီး၊ ပြည်သူများသည် အမြဲတစေ ကြောက်ရွံ့ထိတ်လန့်မှုအောက်တွင် နေထိုင်ရလျက်ရှိပါကြောင်း၊ ဤသို့သော အခြေအနေတွင် အကြမ်းဖက်စစ်အုပ်စုက ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲသည် လွတ်လပ်မှုလည်း မရှိနိုင်သကဲ့သို့ တရားမျှတမှုလည်း ရှိမည်မဟုတ်သည်မှာ ထင်ရှားပါကြောင်း၊ အဆိုပါ အတု အယောင် ရွေးကောက်ပွဲသည် နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုကို ပိုမိုဆိုးရွားကျယ်ပြန့်စေမည်သာ ဖြစ်ပါကြောင်း၊
(ည) အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက် တိုက်ခိုက်မှုများ၏ သာဓကတစ်ရပ်အနေဖြင့် အကြမ်းဖက်စစ်အုပ်စုသည် မကြာသေးမီကပင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ အထွေထွေရောဂါကုဆေးရုံပေါ်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အရပ်သားအနည်းဆုံး(၃၅)ဦး သေဆုံး ခဲ့ပြီး၊ (၇၆) ဦး ဒဏ်ရာရရှိခဲ့ပါကြောင်း၊
(ဋ) သို့ပါ၍ အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝပယ်ချရန်နှင့် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံပေးရန် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
of the Republic of the Union of Myanmar to the United Nations,
at the High-level Meeting of the General Assembly on the Overall Review of the Implementation of the Outcomes of the World Summit on the Information Society
(New York, 16 December 2025)
Madam President,
I wish to begin by thanking you for convening this high-level meeting.
Myanmar aligns itself with the statement delivered by the G77 and China.
Madam President,
The outcomes of the World Summit on the Information Society (WSIS) have served as a foundational framework for internet governance and the growing impact of ICTs on society.
In an era of rising security threats, emerging technologies and widening digital divides, the WSIS+20 review offers an opportunity to reinvigorate our commitments and address both existing gaps and new challenges in the implementation of WSIS goals.
Madam President,
Myanmar reaffirms our commitment to the vision of the WSIS to build a people-centred, inclusive and development-oriented Information Society, where everyone can create, access, utilize and share information and knowledge.
As stated in article 19 of the Universal Declaration of Human Rights (UDHR) and article 17 of the International Covenant on Civil and Political Rights (ICCPR) respectively, everyone has the right to freedom of opinion and expression, and that no one shall be subjected to arbitrary or unlawful interference with his or her privacy, family, home or correspondence.
Unfortunately, in my country, Myanmar, this vision has been unattainable due to the ongoing violations of all fundamental rights by the military junta since the 2021 illegal coup. In line with the WSIS+20 review, allow me to underline the following Principles of the Geneva Declaration regarding my country:
First, access to information and knowledge (Principle B3) - the military has violated the right of access to information by shutting down the internet, restricting the use of Virtual Private Networks and blacklisting internet sites, including leading social media sites. According to OHCHR, over half of the 330 townships have been denied the right to receive and impart information, including during the March 2025 earthquake.
Second, media (Principle B9) - the military has crushed independent reporting and arrested 225 media workers, prosecuted and sentenced 93, and withdrawn licenses of 16 media outlets. 9 journalists and media actors have been killed by the military and its affiliates since the coup.
These attacks on the principles of freedom of the press and freedom of information serve the dual purpose of suppressing independent voices while promoting military propaganda. Their attempts to disseminate misinformation and disinformation include a wide range of military-controlled media, Telegram groups, influencer channels, military-aligned subservient diplomats, and their offices among others.
Third and last, ethical dimensions (Principle B10) - according to OHCHR, the military junta has stepped up mass surveillance of the population since the coup by activating the Personal Scrutinization and Monitoring System (PSMS). This system reportedly uses AI, facial recognition, CCTV surveillance, and biometric data among others to identify and arrest human rights defenders and dissidents. The military junta has also acquired the ability to track and locate individuals through their cell IDs due to the technology provided by foreign network security companies.
There are growing concerns over the use of the PSMS by the junta to monitor civilians. As such, the people are living under constant fear.
In this context, it is crystal clear that the so-called election by the junta will never be free nor fair. It will further intensify and expand violence across the country.
As a case in point, the military recently launched an aerial bombardment on a general hospital in Mrauk-U, Rakhine State, killing at least 35 civilians including women and children and injuring 76 people, as part of a systematic and widespread campaign of terror against the civilian population.
Taking this opportunity, Madam President, I urge all Member States and the international community to categorically reject the junta’s sham election, and support the people of Myanmar in their efforts to eradicate the military dictatorship and build a federal democratic union.
I thank you.
*****









