top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, EoV Before the Vote on the Draft Resolution A/C.3/80/L.32/Rev.1 at the 3C at the 80th Session of the UNGA

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • a few seconds ago
  • 9 min read
ree
ree
ree
ree

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, Explanation of Vote Before the Vote on the Draft Resolution A/C.3/80/L.32/Rev.1 entitled “Situation of human rights of Rohingya Muslims and other minorities in Myanmar at the Third Committee at the Eightieth Session of the UN General Assembly, held on 19 November 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်

ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ဖြင့် ဆုံးဖြတ်ချက် အဆိုမူကြမ်းအား အတည်မပြုမီ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အဆိုမူကြမ်းသည် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားသောလူနည်းစုများအတွက် တာဝန်ယူမှု ရှိစေရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်သွားရောက်နိုင်ရေး ရည်ရွယ်ချက် (၂) မျိုးလုံးအတွက် ဖော်ဆောင်ပေးသည်ဟု ရှုမြင်၊ အဆိုမူကြမ်းတွင် မိမိတို့၏ အဓိကကျသော စိုးရိမ်ပူပန်ချက်များကို ထည့်သွင်း ဖော်ပြထားသည့်အတွက်လည်း ကျေးဇူးတင်၊

ရိုဟင်ဂျာအရေးကိစ္စသည် မြန်မာ့အကျပ်အတည်း တစ်စုံလုံး၏ တစိတ်တပိုင်းပင်ဖြစ်၊

စစ်အုပ်စုမှ ကျေးရွာများအား နေရာအနှံ့မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအကျပ်နေရပ်စွန့်ခွာစေခြင်းနှင့် အရပ်သားပြည်သူလူထုတစ်ရပ်လုံးအပေါ်တွင် စနစ်တကျ အကြောက်တရား ရိုက်သွင်းခြင်း စသည့် လုပ်ရပ်များဖြင့် ၎င်းတို့၏ အကြမ်းဖက်မှုများကို ဆိုးဆိုးရွားရွား ပြင်းပြင်းထန်ထန်အရှိန်အဟုန်မြှင့်တင်လာသည့်အချက်ကို အဆိုမူကြမ်း၌ မှန်ကန်စွာ ထည့်သွင်း ဖော်ပြထား၊

မြန်မာနိုင်ငံတွင် စီးပွားရေးလည်း ကျဆင်းဆုတ်ယုတ်နေပြီး လူဦးရေ၏ ထက်ဝက်ကျော်မှာ ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်အောက်သို့ ရောက်ရှိနေ၊ တရားဥပဒေစိုးမိုးရေးကလည်း ပြိုလဲကာ အကျင့်ပျက်ချစားမှုများသာတိုးပွားလာပြီး စစ်အုပ်စုမှအကျိုးခံစားနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်က ကျယ်ပြောသည်ထက် ကျယ်ပြော၊ နက်နဲသည်ထက် နက်နဲလာနေ၊

စစ်အုပ်စုနှင့် ၎င်းတို့၏အစွယ်အပွားလက်ဝေခံများအနေဖြင့် အွန်လိုင်းလိမ်လည်ဂိုဏ်းများနှင့်လူနှင့် မူးယစ် ဆေးဝါးကုန်ကူးမှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် လုံခြုံသည့် ခိုလှုံရာ ရပ်ဝန်းများ ပိုမို ကျယ်ပြန့်လာစေရန် ဖန်တီးလုပ်ကိုင်ပေးလျက်ရှိ၊

နယ်စပ်ဖြတ်ကျော်မှုခင်းများ၏ ကြီးမားသော နောက်ဆက်တွဲ​ဆိုးကျိုးများသည် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနှင့် ဒေသတွင်းကို ကျော်လွန်၍ အခြားသောနေရာဒေများအနှံ့သို့ပါ ကူးစက်ပျံ့ပွားကာ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကိုပင် ခြိမ်းခြောက်နေပြီဖြစ်၊

မြန်မာနိုင်ငံနှင့် အခြားသောနေရာများတွင် ဖြစ်ပေါ်နေသည့် အွန်လိုင်း လိမ်လည်မှုများနှင့် အခြားသော နယ်စပ်ဖြတ်ကျော်မှုခင်းများ အပြီးတိုင် ပပျောက်စေရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းတို့ထံမှ ညှိနှိုင်းဆောင်ရွက်မှုရှိ၍ ပိုမိုထိရောက်သော လုပ်ဆောင်ချက်များ လိုအပ်နေ၊

စစ်အုပ်စုကမူ ၎င်းတို့ကျူးလွန်သည့် ကြီးလေးသောရာဇဝတ်မှုများအား ဖုံးဖိဖျောက်ဖျက်နိုင်ရန် နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့မှ ရှောင်လွှဲနိုင်ရန် အတုအယောင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အား စီစဉ်လျက် တရားဝင်မှု ရရှိနိုင်ရေး မတရား ဆက်လက် ကြိုးပမ်းနေ၊

စစ်အုပ်စုအနေဖြင့် နယ်မြေထိန်းချုပ်မှု ဆုံးရှုံးနေခြင်းကိုပင် မျက်ကွယ်ပြုလျက် ရက်စက် ကြမ်းကြုတ်မှုများ အစဉ်တစိုက် ကျူးလွန်ခြင်း၊ နိုင်ငံရေးခေါင်းဆောင်များအား မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းထားခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ စနစ်တကျ ကျူးလွန်ခြင်း၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ဆိတ်သုဉ်းစေခြင်း၊ သတင်းအချက်အလက်များ ကန့်သတ် ထားခြင်းနှင့် အကြောက်တရားဖြင့် လွှမ်းမိုးထားသည့်အကြားမှ တရားဝင်မှု ကင်းမဲ့သော၊ မြန်မာ ပြည်သူများ၏ဆန္ဒ အလျဉ်းမပါဝင်သော မသမာသည့်လုပ်ငန်းစဉ်ကို နောက်ဆုံးလက်နက်သဖွယ်  အသုံးချကာ နိုင်ငံတကာအသိုက်အဝန်း တစ်ခုလုံးအား လှည့်ဖြားရန် ကြိုးစားနေ

ပြည်တွင်း၌ နေထိုင်လျက်ရှိသော ပြည်သူများ၊ အထူးသဖြင့် အနုပညာရှင်များအနေဖြင့် ဓားစာခံ ဖြစ်ကာ ဖိအားပေးခံနေရပြီး စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲဆိုင်ရာ ဝါဒဖြန့်ချိရေး အစီအစဉ်များတွင် မျက်နှာပြပေး၍ အသုံးချခံနေရသည့်အပေါ် ကြေကွဲဝမ်းနည်းရ၊

အဆိုမူကြမ်းတွင်လည်း စစ်အုပ်စုမှ တစ်ဖက်သတ် ကြိုးပမ်းနေသည့် အတုအယောင် ရွေးကောက်ပွဲအပေါ် အလွန်အမင်း စိုးရိမ်ရသည့်အချက်ကို လေးလေးနက်နက် ဖော်ပြပါရှိ၊

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲသည် မည်သို့မျှ လွတ်လပ်၊ မျှတ၍ အားလုံးပါဝင်မှု ရှိမည် မဟုတ်၊

စစ်အုပ်စု၏ တရားမဝင်မှုအား မြင်သာစေနိုင်သည့် စာသားများ ပါဝင်လာသည့်အပေါ် ကြိုဆိုသည့်တပြိုင်နက် စစ်အုပ်စု စီစဉ်နေသော အတုအယောင် ရွေးကောက်ပွဲအား ပြင်းထန်စွာ ကန့်ကွက်ပယ်ချရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းတောင်းဆိုလို၊

မြန်မာပြည်သူများမှ မိမိတို့၏ အနာဂတ်အား ပြန်လည် ရယူနိုင်ရေးနှင့် ဒေသတွင်းနှင့် ကမ္ဘာတစ်လွှားအပေါ် အပြုသဘောဆောင်စွာ အကျိုးပြုနိုင်မည့် ငြိမ်းချမ်းသော၊ အားလုံး ပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး ကြိုးပမ်းမှုတွင် နိုင်ငံတကာ အသိုက်အဝန်းမှ ပါဝင်အားဖြည့်ပေးနိုင်ရန် တိုက်တွန်းတောင်းဆိုလိုကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်)


၁။ ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယ ကော်မတီ) တွင် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဆုံးဖြတ်ချက် အဆိုမူကြမ်းအား အတည်ပြု ဆုံးဖြတ်သည့် အစည်းအဝေးကို ၁၉-၁၁-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) တွင် ကျင်းပခဲ့ပါသည်။


၂။ အစည်းအဝေးတွင် အဆိုမူကြမ်းအား ပူးတွဲတင်သွင်းသည့် ဥရောပသမဂ္ဂနှင့် အစ္စလာမ်မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့တို့ကိုယ်စား ဆော်ဒီအာရေဗျကိုယ်စားလှယ်က မိတ်ဆက်တင်သွင်းခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆုံးဖြတ်ချက်အဆိုမူကြမ်း မချမှတ်မီ မြန်မာနိုင်ငံ၏ ရပ်တည်ချက်အား ရှင်းလင်းပြောကြားသည့် မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-

(က) အဆိုမူကြမ်းအား ပူးတွဲတင်သွင်းပေးကြသည့် ဥရောပသမဂ္ဂနှင့် အစ္စလာမ်မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့တို့အား ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုမူကြမ်း A/C.3/80/L.32/Rev.1 သည် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားသောလူနည်းစုများအတွက် တာဝန်ယူမှု ရှိစေရေးနှင့် မြန်မာနိုင်ငံ တွင် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်သွားရောက်နိုင်ရေး ရည်ရွယ်ချက် (၂) မျိုးလုံးအတွက် ဖော်ဆောင်ပေးသည်ဟု ရှုမြင်ပါကြောင်း၊ အဆိုမူကြမ်းတွင် မိမိတို့၏ အဓိကကျသော စိုးရိမ်ပူပန်ချက်များကို ထည့်သွင်းဖော်ပြထားသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊

(ခ) “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားသောလူနည်းစုများ၏ အခြေအနေဆိုင်ရာ အဆင့်မြင့် ကွန်းဖရင့်” ကျင်းပပြီးစီးသည့်နောက်ပိုင်းတွင်  ယနေ့ အစည်းအဝေးသည် ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားသောလူနည်းစုများ ကာလရှည်ကြာ ရင်ဆိုင်နေရသည့် ပြင်းထန် ဆိုးရွားသော လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးအကျပ်အတည်းများအတွက် တောင်းဆို တိုက်တွန်းများမှု ထပ်လောင်ပြုလုပ်ပေးနိုင်မည့် ရပ်ဝန်းတစ်ခုဖြစ်ကြောင်း၊

(ဂ) ရိုဟင်ဂျာအရေးကိစ္စသည် မြန်မာ့အကျပ်အတည်း တစ်စုံလုံး၏ တစိတ်တပိုင်းပင်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသောကြောင့် ၎င်းတို့၏ လုံခြုံရေးနှင့် လူမှုဘဝ သာယာဝပြောရေးတို့ ခိုင်မာစေရန်သာမက ၎င်းတို့အား လက်ခံထားသည့် အိမ်ရှင်နိုင်ငံ များ၏ ဝန်တာများပါ လျှော့ချနိုင်ရန် လူသားချင်းစာနာထောက်ထားမှုအကူအညီများ တိုးမြှင့်ရန် အရေးတကြီး လိုအပ်လျက်ရှိသည်ဟု အလေးထား ပြောကြားပြီးဖြစ်ကြောင်း၊

(ဃ) စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူလူထုအပေါ်တွင် လူမဆန်၍ အရက်စက်ဆုံးသော လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ရက်စက်ကြမ်းကြုတ်မှုများကို အရှိန်အဟုန် တိုးမြှင့် ကျူးလွန်လျက်ရှိသဖြင့် ဒုက္ခသည်များ နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ သိက္ခာရှိစွာနှင့် ဆန္ဒ အလျောက် ပြန်လည်သွားရောက်နိုင်ရေးအတွက် ပံ့ပိုးပေးမည့် သင့်လျော်သော ပတ်ဝန်းကျင် တစ်ခု ယနေ့အချိန်အထိ ဖော်ဆောင်နိုင်ခြင်း မရှိသေးကြောင်း၊

(င) သို့ဖြစ်ရာ မိမိတို့အနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိမှ “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားသောလူနည်းစုများ၏ အခြေအနေဆိုင်ရာ အဆင့်မြင့် ကွန်းဖရင့်” ဆိုင်ရာ အကျဉ်းချုပ် (Summary) ထုတ်ပြန်လာရေးကို စောင့်ဆိုင်းလျက်ရှိပြီး ယင်းက မိမိတို့၏ လုပ်ဆောင်ချက်များအတွက် အားဖြည့်ပေးနိုင်မည်ဟု ယုံကြည်ထားကြောင်း၊

(စ) တစ်ဖက်တွင်လည်း ယခုနှစ် တတိယကော်မတီသို့ တင်သွင်းသည့် အဆိုမူကြမ်းတွင် မြေပြင်၌ ပကတိဖြစ်ပွားနေသော အခြေအနေများအား ထင်ဟပ်စေနိုင်မည့် အချက်များကို ထည့်သွင်း ဖော်ပြကာ အဆိုမူကြမ်းအား ပိုမို အားကောင်းစေရန် ကြိုးပမ်းထားသည်ဟု သုံးသပ်ပါကြောင်း၊

(ဆ) အထူးသဖြင့် စစ်အုပ်စုမှ ကျေးရွာများအား နေရာအနှံ့ မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်းနှင့် အရပ်သားပြည်သူလူထု တစ်ရပ်လုံးအပေါ်တွင် စနစ်တကျ အကြောက်တရား ရိုက်သွင်းခြင်း စသည့် လုပ်ရပ်များဖြင့် ၎င်းတို့၏ အကြမ်းဖက်မှုများကို ဆိုးဆိုးရွားရွား ပြင်းပြင်း ထန်ထန် အရှိန်အဟုန်မြှင့်တင်လာသည့်အချက်ကို အဆိုမူကြမ်း၌ မှန်ကန်စွာထည့်သွင်းဖော်ပြထားကြောင်း၊

(ဇ) မြန်မာနိုင်ငံတွင် ၁-၂-၂၀၂၁ ရက်နေ့၌ မတရား စစ်အာဏာသိမ်းခဲ့ချိန်မှစ၍ အခြေအနေက လွန်စွာ ဆိုးရွားလျက်ရှိကြောင်း၊

(ဈ) ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် အစိုးရတစ်ရပ်ကို အဓမ္မ ဖယ်ရှားခံခဲ့ရပြီး ရွေးကောက်ခံ နိုင်ငံရေးခေါင်းဆောင်များ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် အရပ်သားပြည်သူ အယောက်ပေါင်းများစွာ တရားလက်လွတ် ဖမ်းဆီးထိန်းချုပ်ခံထားရကြောင်း၊

(ည) စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူများ နေထိုင်ရာ အရပ်ဒေသများအပေါ်သို့ မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုပေါင်း (၃,၇၄၄) ကြိမ်တိုင်တိုင် ကျူးလွန်ခဲ့သည့်အပြင် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု (၄၅၂) မှု ကျူးလွန်ခဲ့သည့် မှတ်တမ်းရှိကြောင်း၊

(ဋ) စာသင်ကျောင်းများ၊​ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများ အပါအဝင် အရပ်သား ပြည်သူပိုင်ပစ္စည်း (၁)သိန်းကျော်လည်း ဖျက်ဆီးခံ သို့မဟုတ် မီးရှို့ခံခဲ့ရကြောင်း၊ ပြည်သူ အယောက် ပေါင်း (၇,၄၀၀) ကျော် သတ်ဖြတ်ခံထားရပြီး၊ လူပေါင်း (၃.၆) သန်းခန့် နေရပ်စွန့်ခွာ နေကြရကြောင်း၊ လူဦးရေ (၂၂) သန်းခန့်မှာ လူသားချင်း စာနာထောက်ထားမှုအကူအညီများကို အရေးပေါ် လိုအပ်လျက်ရှိကြောင်း၊ ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များက အကျပ်အတည်း ၏ ဒဏ်ကို အလွန်အကျွံ ခါးစည်းခံနေရကြောင်း၊

(ဌ) စီးပွားရေးလည်း ကျဆင်းဆုတ်ယုတ်နေပြီး လူဦးရေ၏ ထက်ဝက်ကျော်မှာ ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်အောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ လူမှုဖွံ့ဖြိုးတိုးတက်မှုဟူသမျှ တိမ်ကော ရပ်တန့်ခဲ့ရပြီး အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုသည်ပင်လျှင် လူနည်းစုသာ တတ်နိုင်သည့် ဇိမ်ခံပစ္စည်းဖြစ်လာခဲ့ကြောင်း၊ ထို့ပြင် တရားဥပဒေစိုးမိုးရေးကလည်း ပြိုလဲကာ အကျင့်ပျက် ချစားမှုများသာ တိုးပွားလာပြီး စစ်အုပ်စုမှ အကျိုးခံစားနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်က ကျယ်ပြောသည်ထက် ကျယ်ပြော၊ နက်နဲသည်ထက် နက်နဲလာနေကြောင်း၊

(ဍ) စစ်အုပ်စုနှင့် ၎င်းတို့၏ အစွယ်အပွား လက်ဝေခံများအနေဖြင့် အွန်လိုင်းလိမ်လည်ဂိုဏ်းများနှင့် လူနှင့် မူးယစ်ဆေးဝါး ကုန်ကူးမှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် လုံခြုံသည့် ခိုလှုံရာ ရပ်ဝန်းများ ပိုမို ကျယ်ပြန့်လာစေရန် ဖန်တီးလုပ်ကိုင်ပေးလျက်ရှိကြောင်း၊

(ဎ) အဆိုပါ နယ်စပ်ဖြတ်ကျော်မှုခင်းများ၏ ကြီးမားသော နောက်ဆက်တွဲ​ဆိုးကျိုးများသည် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနှင့် ဒေသတွင်းကို ကျော်လွန်၍ အခြားသော နေရာဒေများအနှံ့သို့ပါ ကူးစက်ပျံ့ပွားကာ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကိုပင် ခြိမ်းခြောက်နေပြီ ဖြစ်ကြောင်း၊

(ဏ) သို့ဖြစ်ပါ၍ အဆိုမူကြမ်းအား အဓိကတင်သွင်းပေးသည့်နိုင်ငံများအနေဖြင့် ယင်းဖြစ်စဉ်များနှင့် ဆက်စပ်စာသားများကို ထည့်သွင်းပေးသည့်နည်းတူ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း အဆိုပါပြဿနာအား ဖြေရှင်းရန် အလေးထားဆောင်ရွက်လာသည့်အပေါ် ကျေးဇူးတင်လိုပါ ကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံနှင့် အခြားသောနေရာများတွင် ဖြစ်ပေါ်နေသည့် အွန်လိုင်း လိမ်လည်မှုများနှင့် အခြားသော နယ်စပ်ဖြတ်ကျော်မှုခင်းများ အပြီးတိုင် ပပျောက်စေရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းတို့ထံမှ ညှိနှိုင်းဆောင်ရွက်မှုရှိ၍ ပိုမို ထိရောက်သော လုပ်ဆောင်ချက်များ လိုအပ်နေကြောင်း၊

(တ) စစ်အုပ်စုကမူ ၎င်းတို့ ကျူးလွန်သည့် ကြီးလေးသော ရာဇဝတ်မှုများအား ဖုံးဖိဖျောက်ဖျက်နိုင်ရန် နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့မှ ရှောင်လွှဲနိုင်ရန် အတုအယောင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အား စီစဉ်လျက် တရားဝင်မှု ရရှိနိုင်ရေး မတရား ဆက်လက် ကြိုးပမ်းနေကြောင်း၊

(ထ) စစ်အုပ်စုအနေဖြင့် နယ်မြေထိန်းချုပ်မှု ဆုံးရှုံးနေခြင်းကိုပင် မျက်ကွယ်ပြုလျက် ရက်စက် ကြမ်းကြုတ်မှုများ အစဉ်တစိုက် ကျူးလွန်ခြင်း၊ နိုင်ငံရေးခေါင်းဆောင်များအား မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းထားခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ စနစ်တကျ ကျူးလွန် ခြင်း၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ဆိတ်သုဉ်းစေခြင်း၊ သတင်းအချက်အလက်များ ကန့်သတ် ထားခြင်းနှင့် အကြောက်တရားဖြင့် လွှမ်းမိုးထားသည့်အကြားမှ တရားဝင်မှု ကင်းမဲ့သော၊ မြန်မာပြည်သူများ ၏ ဆန္ဒအလျဉ်းမပါဝင်သော မသမာသည့်လုပ်ငန်းစဉ်ကို နောက်ဆုံးလက်နက်သဖွယ်  အသုံးချကာ နိုင်ငံတကာအသိုက်အဝန်း တစ်ခုလုံးအား လှည့်ဖြားရန် ကြိုးစားနေကြောင်း၊

(ဒ) ပြည်တွင်း၌ နေထိုင်လျက်ရှိသော ပြည်သူများ၊ အထူးသဖြင့် အနုပညာရှင်များအနေဖြင့် ဓားစာခံဖြစ်ကာ ဖိအားပေးခံနေရပြီး စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲဆိုင်ရာ ဝါဒဖြန့်ချိရေး အစီအစဉ်များတွင် မျက်နှာပြပေး၍ အသုံးချခံနေရသည့်အပေါ် ကြေကွဲဝမ်းနည်းရကြောင်း၊

(ဓ) နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုမှ သရုပ်ပြ လုပ်ဆောင်နေသည့် အတုအယောင် ရွေးကောက်ပွဲအား ကန့်ကွက်ရန် ပျက်ကွက်ပါက ပြည်တွင်းရှိပြည်သူများအနေဖြင့် ဆက်၍ပင် အတင်းအဓမ္မ ခိုင်းစေခံနေရမည်သာဖြစ်ကြောင်း၊

(န) ယခု အဆိုမူကြမ်းတွင်လည်း စစ်အုပ်စုမှ တစ်ဖက်သတ် ကြိုးပမ်းနေသည့် အတုအယောင် ရွေးကောက်ပွဲအပေါ် အလွန်အမင်း စိုးရိမ်ရသည့်အချက်ကို လေးလေးနက်နက် ဖော်ပြပါရှိကြောင်း၊

(ပ) စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲသည် မည်သို့မျှ လွတ်လပ်၊ မျှတ၍ အားလုံးပါဝင်မှု ရှိမည် မဟုတ်ကြောင်း၊

(ဖ) သို့ဖြစ်ရာ စစ်အုပ်စု၏ တရားမဝင်မှုအား မြင်သာစေနိုင်သည့် စာသားများ ပါဝင်လာသည့်အပေါ် ကြိုဆိုသည့်တပြိုင်နက် စစ်အုပ်စု စီစဉ်နေသော အတုအယောင် ရွေးကောက်ပွဲအား ပြင်းထန်စွာ ကန့်ကွက်ပယ်ချရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းတောင်းဆိုလိုကြောင်း၊

(ဗ) စစ်အုပ်စုမှ ဒီမိုကရေစီအဆောက်အအုံ တစ်ခုချင်းစီအား ဖြိုဖျက်ခြင်း၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်ခြင်းနှင့် စုပေါင်းပြစ်ဒဏ်ပေးသည့်အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအား ပိတ်ဆို့တားမြစ်ခြင်းတို့ကို လုပ်ဆောင်နေသည့်အချက်အပေါ် အခြေခံကာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုမှ စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲအား ငြင်းပယ်ပေးခြင်းနှင့် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်သည့်ဘက်မှ ရပ်တည်ပေးခြင်းတို့မှာ အနိမ့်ဆုံး လုပ်ဆောင်ပေးနိုင်သည့် အချက်များ ဖြစ်ကြောင်း၊

(ဘ) အဆိုမူကြမ်းတွင် လူ့အခွင့်အရေးကောင်စီနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား တို့၏ အစီရင်ခံစာများတွင် ဖော်ပြထားပြီးဖြစ်သည့် လက်နက်ရောင်းဝယ်ရေးအား ပိတ်ဆို့ခြင်း ကဲ့သို့သော အဓိကကျသည့် စာသားများ ထည့်သွင်းနိုင်ခြင်း မရှိသော်လည်း စစ်အာဏာရှင်စနစ်အား နိုင်ငံ၏ မတည်ငြိမ်မှုနှင့် ပြည်သူများ ခံစားနေရသည့်ဒုက္ခဆင်းရဲများ၏ ဇစ်မြစ်ဖြစ်သည်ဟု တိကျစွာ သတ်မှတ်ပြဋ္ဌာန်းထားခြင်းဖြင့် ပြန်လည်ဖြည့်စွက်ထားကြောင်း၊

(မ) ထို့ကြောင့် မိမိတို့အနေဖြင့် လမ်းမှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ သို့သော်လည်း မြန်မာ ပြည်သူများ၏ အသက်အိုးအိမ်များနှင့် အနာဂတ်တို့အား ကယ်တင်နိုင်ရေးအတွက် ပိုမိုထိရောက် သောလုပ်ဆောင်ချက်များကို အချိန်မီချမှတ်ရန် ထို့ထက် လုပ်ဆောင်ရန် ကျန်ရှိနေသေးကြောင်း၊

(ယ) ပြစ်မှုကျူးလွန်သူများအား တာဝန်ခံစေရမည်ဖြစ်ပြီး ၎င်းတို့ အကျိုးခံစားနေသည့် ပြစ်ဒဏ် ကင်းလွတ်ခွင့်ကို အပြီးတိုင် ချုပ်ငြိမ်းရမည်ဖြစ်ကြောင်း၊ တရားမျှတမှု မဖြစ်မနေ ထွန်းကားရန် လိုအပ်ကြောင်း၊

(ရ) မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ် နိဂုံးချုပ်စေရန်နှင့် တန်းတူညီမျှမှုနှင့် တရား မျှတမှုတို့အပေါ် အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် အဆုံး အစွန်ထိ စည်းလုံးညီညွတ်မှု ရယူထားပြီးဖြစ်ကြောင်း၊

(လ) မည်သူ တစ်ဦးတစ်ယောက်မျှ မချန်လှပ်ဘဲ ပြည်သူအားလုံး၏ အခွင့်အရေးများကို အာမခံပေး နိုင်မည့် လူမှုရေးသဘောတူညီချက်အသစ် ဖော်ဆောင်နိုင်ရန် မိမိတို့ အားထုတ်ကြိုးပမ်းလျက်ရှိ ကြောင်း၊

(ဝ) သို့ဖြစ်ပါ၍ မြန်မာပြည်သူများမှ မိမိတို့၏ အနာဂတ်အား ပြန်လည် ရယူနိုင်ရေးနှင့် ဒေသတွင်းနှင့် ကမ္ဘာတစ်လွှားအပေါ် အပြုသဘောဆောင်စွာ အကျိုးပြုနိုင်မည့် ငြိမ်းချမ်းသော၊ အားလုံး ပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးကြိုးပမ်းမှုတွင် နိုင်ငံတကာ အသိုက်အဝန်း မှ ပါဝင်အားဖြည့်ပေးနိုင်ရန် တိုက်တွန်းတောင်းဆိုလိုကြောင်း၊

(သ) ထို့ကြောင့် မိမိတို့ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အဆိုမူကြမ်း A/C.3/80/L.32/Rev.1 အား ထောက်ခံပါကြောင်းနှင့် ကိုယ်စားလှယ်အဖွဲ့များအားလုံးအနေဖြင့်လည်း ထပ်တူရပ်တည်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၅။ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီသို့ တင်သွင်းလာသည့် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ဖြင့် အဆိုမူကြမ်း A/C.3/80/L.32/Rev.1 တွင်စစ်အုပ်စုမှ ပဋိပက္ခများ မြင့်တက်နေသည့်ကာလ၌ (အတုအယောင်) ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန် ရည်ရွယ်သည့်အပေါ် အလွန်အမင်း စိုးရိမ်သည်ဟုလည်းကောင်း၊ အထူးသဖြင့် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်နေခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေခြင်းတို့က ရိုဟင်ဂျာ နှင့် အခြားသော လူနည်းစုများ အပါအဝင် မြန်မာပြည်သူများအတွက် (အတုအယောင်) ရွေးကောက်ပွဲတွင် ပါဝင်နိုင်စေမည့် အခြေအနေ မရှိသကဲ့သို့ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ခွင့် အခွင့်အရေးလည်း ရှိနိုင်မည် မဟုတ်ကြောင်း၊ ယင်းမှာ အခြေခံကျသည့် အချက်ပင်ဖြစ်ကြောင်း၊ ထို့ပြင် စစ်အုပ်စုမှ နိုင်ငံ၏ နယ်မြေအများစု နှင့် နိုင်ငံရေးပါတီများကို ချန်လှပ်ကာ (အတုအယောင်) ရွေးကောက်ပွဲအား တစ်ဖက်သတ် စီစဉ်ရန် ကြိုးပမ်းနေ သည့်အပေါ်လည်း အလွန်အမင်း စိုးရိမ်သည်ဟုလည်းကောင်း၊ အထူးသဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်ခဲ့သည့် မတရား စစ်အာဏာသိမ်းမှုအား တရားဝင်မှု ရှိစေရန် (အတုအယောင်) ရွေးကောက်ပွဲ ကျင်းပမည့်အပေါ် ကန့်ကွက်ရှုတ်ချသည်ဟုလည်းကောင်း၊ ထိုသို့သော (အတုအယောင်) ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ရှိနိုင်မည် မဟုတ်ဟူ၍လည်းကောင်း၊ စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှုများဖြင့် အရပ်သားပြည်သူများကို သတ်ဖြတ်နေသည့်အကြားက (အတုအယောင်) ရွေးကောက်ပွဲ ကျင်းပခြင်းမှာ လွတ်လပ်၊ မျှတ၍ အားလုံးပါဝင်သည့် ရွေးကောက်ပွဲ သတ်မှတ်ချက်နှင့် ကိုက်ညီသော အခြေအနေမဟုတ် ဟူ၍ လည်းကောင်း၊ ထို့ပြင် အားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု မရှိဘဲ (အတုအယောင်) ရွေးကောက်ပွဲ ကျင်းပမည့်အပေါ် ကြီးစွား စိုးရိမ်ရသည်ဟုလည်းကောင်း စသည်ဖြင့် နိဒါန်းစာပိုဒ်များနှင့် အရေးယူဆောင်ရွက်ချက်ဆိုင်ရာစာပိုဒ် နှစ်နေရာလုံးတွင် ထည့်သွင်းထားကြောင်း ဖော်ပြအပ်ပါသည်။


၆။ အဆိုမူကြမ်းအား အတည်ပြုဆုံးဖြတ်ရာတွင် ယခင်နှစ်များနည်းတူ မဲမခွဲဘဲ တူညီဆန္ဒဖြင့်သာ အတည်ပြု ဆုံးဖြတ်ခဲ့ပါသည်။ အတည်ပြုခဲ့သည့် အဆိုပါ အဆိုမူကြမ်း A/C.3/80/L.32/Rev.1 ကို ပူးတွဲ ဖော်ပြ အပ်ပါသည်။

 

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, Explanation of Vote Before the Vote on the Draft Resolution A/C.3/80/L.32/Rev.1 entitled “Situation of human rights of Rohingya Muslims and other minorities in Myanmar at the Third Committee at the Eightieth Session of the UN General Assembly


(New York, 19 November 2025)


Mr. Chair,

My delegation extends its appreciation to the members of the EU and the OIC for tabling the draft resolution before us.

We are of the view that draft resolution A/C.3/80/L.32/Rev.1 serves a dual purpose: demanding accountability for the Rohingya and other minorities in Myanmar and calling for a return to the democratic path for the entire country.

In this regard, Myanmar thanks the main sponsors for addressing our critical concerns.


Mr. Chair,

Following the “High-level Conference on the Situation of Rohingya Muslims and Other Minorities in Myanmar”, this is another important avenue to amplify the calls regarding the protracted and severe humanitarian and human rights crisis faced by the Rohingya and other minorities.

The Rohingya issue is an integral part of Myanmar’s crisis. As they continue to face tremendous challenges, we have underscored the urgent need to increase humanitarian aid not only to ensure their safety and well-being but also to reduce the burdens shouldered by the host countries.

To date, a conducive environment for the safe, dignified and voluntary return of these refugees has not been feasible due to the intensification of atrocities including aerial attacks on civilians by the military junta in their most brutal forms.

We now await the PGA’s summary of the meeting, which we trust will be complementary to these efforts.

Against this backdrop, we assess that this year’s resolution has been further strengthened by incorporating several key elements reflecting the prevailing realities on the ground. 

In particular, the text accurately captures the devastating escalation of violence perpetrated by the military junta through the widespread burning of villages, forced displacement and systemic campaign of terror against the civilian population.

Since the illegal military coup on 1 February 2021, the situation in Myanmar has been dire.

The democratically elected government has been overthrown. The elected political leaders, human rights defenders and civilians have been arbitrarily detained.

The military has conducted 3,744 indiscriminate aerial attacks on civilian areas and 452 documented massacres.

Over 100,000 civilian properties, including schools, hospitals and religious buildings, have been destroyed or burnt down.

More than 7,400 people have been killed. Almost 30,000 people were arrested. About 3.6 million people are displaced and almost 22 million people are in need of humanitarian assistance.

Children, women and girls are overwhelmingly bearing the brunt of the crisis.

The economy is collapsing, with more than half of the population falling below the national poverty line.

Social development has ceased, and access to basic health care has become a luxury, few can afford.

Rule of law has collapsed. Corruption has increased. Impunity enjoyed by the military has been deeper and wider.

The military junta and its affiliates have facilitated further and created wider a safe haven for transnational crimes including online scam and human and drug trafficking.  

Severe consequences of these transnational crimes have spilled over to our neighbours, the region and beyond and threatening the international peace and security at large.

Myanmar therefore thanks the main sponsors for the inclusion of such language and the international community for increasing efforts to address the issue.

However, more coordinated effective action of the UN and the international community is seriously and urgently needed to eliminate the online scam and other transnational crimes in Myanmar and beyond.

In stark contrast, the military junta is attempting to whitewash their serious crimes and evade accountability by organizing a sham election process aiming to legitimize its unlawful seizure of power.

With complete disregard for its loss of territorial control, its sustained atrocities, the continued arbitrary detention of political leaders, systemic human rights violations, the collapse of freedom of expression, severe restrictions on information, and the imposition of a climate of constant fear, the junta is trying, simply trying as a last resort, to deceive the entire international community with a fraudulent process lacking legitimacy and the will of the Myanmar people.

We deeply regret that people inside the country, from all backgrounds, especially public figures such as celebrities, are being held hostage and forced to participate in the junta’s propaganda regarding this shameful scam election.

If the international community fails to reject the junta’s orchestrated sham election, we anticipate that many in the country will face coerced participation.

In this light, the draft resolution rightly expresses deep concern over the military junta’s unilateral attempts to conduct a sham election. This so-called election will never be free, fair or inclusive.

We welcome the sharpened language regarding the illegitimacy of the military junta, and we urgently call on Member States to categorically reject the junta’s planned sham elections.


Dear Mr. Chair, dear colleagues,

With the junta’s dismantling of every democratic institution, its commission of war crimes and crimes against humanity, and its blocking of humanitarian aid as a form of collective punishment, the least the international community can do is to refuse to recognize the junta’s planned sham elections and stand against the military dictatorship.

Finally, although the draft resolution before us omits key measures, such as the arms embargo language contained in the Human Rights Council resolutions and reports of the Special Rapporteur and the IIMM, it has filled in by correctly identifying the military dictatorship as the root cause of the country’s instability and people’s suffering.

In this light, we are getting on the right track. But more needs to be done to have timely effective actions for saving lives and future of the people of Myanmar.

Perpetrators must be held accountable and their culture of impunity must end.

Justice must prevail.

The people of Myanmar have never been more united in their resolve to end the military dictatorship and build a Federal Democratic Union, founded on equality and justice.

We are forging a new social contract that guarantees the rights of all people, ensuring that no one is left behind.

We urge the international community to stand with the people of Myanmar as we strive to reclaim our future and establish a peaceful, inclusive, and democratic federal union that contributes positively to the region and the world.

With this, Myanmar supports draft resolution L.32/Rev.1, and I urge all delegations to do the same.

I thank you.

*****

ree
ree
ree
ree
ree
ree
ree
ree
ree
ree

ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree

Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page