Statement by Ambassador Kyaw Moe Tun, at the High-level Meeting of the General Assembly on the appraisal of the United Nations Global Plan of Action to Combat Trafficking in Persons
- Myanmar Mission To UN
- 1 hour ago
- 5 min read




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the High-level Meeting of the General Assembly on the appraisal of the United Nations Global Plan of Action to Combat Trafficking in Persons, held on 25 November 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစီမံချက်အား ပြန်လည်သုံးသပ် ဆွေးနွေးသည့် အထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် လူကုန်ကူးခြင်းပြဿနာသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ အဓမ္မ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ခြင်းကြောင့် တိုက်ရိုက်ဖြစ်ပေါ်လာခဲ့သော ပြိုလဲပျက်စီးနေသည့် အနေအထားအား ပြသပေးသော လက္ခဏာတစ်ရပ်ပင်ဖြစ်၊
စစ်အုပ်စုက ပြည်တွင်းတရားရေးယန္တရားကိုလည်း ပြိုလဲပျက်စီးအောင်လုပ်ဆောင်ခဲ့သဖြင့် အုံလိုက်ကျင်းလိုက် စနစ်တကျလူကုန်ကူးခံရသည့်အခြေအနေကို ကြီးထွားလာစေခဲ့၊ ခေတ်သစ်ကျွန်ပြုခြင်း နှင့် ရှုပ်ထွေးသော ဆိုက်ဘာရာဇဝတ်မှုများသည်လည်း တဟုန်ထိုးပွားများလာကာ မြန်မာနိုင်ငံအား နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုခင်းများ ပျော်စံရာရပ်ဝန်းတစ်ခု ဖြစ်လာစေခဲ့၊ မြန်မာနိုင်ငံတွင် စစ်အာဏရှင်စနစ်နှင့် တရားမဝင်စစ်အာဏာသိမ်းမှုတို့သည် ပြဿနာ၏ဇစ်မြစ်ဖြစ်၊
UNODC ၏ ဒေသတွင်း သုတေသီတစ်ဦးဆိုလျှင် စစ်အာဏာရှင်စနစ်ဆိုးကြောင့် ရာဇဝတ်မှုခင်းများ ကင်ဆာရောဂါသဖွယ် ပြန့်ပွားနေသည်ဟု အတိအလင်း ထောက်ပြထား၊
စစ်အာဏာရှင်စနစ်ဆိုး၊ မတရား စစ်အာဏာသိမ်းမှုနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့ အပြီးတိုင် ချုပ်ငြိမ်းမှသာလျှင် ပြဿနာအား ဖြေရှင်းနိုင်မည်မှာ ရှင်းလင်းမြင်သာ၊
ကိုယ့်ပြည်သူများအား ကိုယ်တိုင် ပြန်လည် ဗုံးကြဲသတ်ဖြတ်နေပြီး အကြောက်တရား ခြုံလွှမ်းစေကာ ဖိနှိပ် ကန့်သတ်ချုပ်ကိုင်မှုများ ပြည့်နှက်စွာ ပြုလုပ်နေသည့်သူများ က စီစဉ်နေသော လုပ်ငန်းစဉ်တစ်ခုသည် မည်သို့မျှ လွတ်လပ်၊ မျှတ၌ အားလုံးပါဝင်မည့် ရွေးကောက်ပွဲတစ်ခု ဖြစ်မည်မဟုတ်၊ လိမ်ညာလှည့်ဖြားမှုတစ်ခုသာဖြစ်၊
အဆိုပါ အတုအယောင် ရွေးကောက်ပွဲသည် အကျပ်အတည်းအား ဖြေရှင်းပေးမည် မဟုတ်ဘဲ အကြမ်းဖက်မှုများ ပိုမို တိုးပွားစေကာ မတည်ငြိမ်မှုအား အဓွန့်ရှည်စေမည်ဖြစ်ပြီး တရားမဝင် လူကုန်ကူးမှု ကွန်ယက်များကို ပိုမို ပွားများစေမည်ဖြစ်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်)
၁။ ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေး၌ ကုလသမဂ္ဂ၏ လူကုန်ကူးမှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစီမံချက်အား ပြန်လည်သုံးသပ် ဆွေးနွေးသည့် အဆင့်မြင့်အစည်းအဝေး (High-level meeting of the General Assembly on the appraisal of the United Nations Global Plan of Action to Combat Trafficking in Persons) ကို နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင်၂၄-၁၁-၂၀၂၅ ရက်နှင့် ၂၅-၁၁-၂၀၂၅ ရက်နေ့တို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
၂။ အစည်းအဝေးတွင် ဖွင့်ပွဲအစီအစဉ်၊ မျက်နှာစုံညီကဏ္ဍနှင့် အပြန်အလှန်ဆွေးနွေးမှု အစီအစဉ် (၂) ခုတို့ဖြင့် ကျင်းပခဲ့ပြီး ကုလသမဂ္ဂမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တကွ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လူကုန်ကူးခြင်းခံရပြီး အသက်ရှင်ကျန်ရစ်သူတို့ကပါ မိန့်ခွန်းအသီးသီး ပြောကြားခဲ့ကြပါသည်။ မျက်နှာစုံညီကဏ္ဍတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၈၀) ကျော်နှင့် လေ့လာသူအဆင့်ရှိ အဖွဲ့အစည်းများကပါ ပါဝင်၍ မိန့်ခွန်းများပြောကြားခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ၂၅-၁၁-၂၀၂၅ ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-
(က) တရားဥပဒေစိုးမိုးမှု ပြိုလဲခြင်းနှင့် စနစ်တကျပျက်စီးခြင်းတို့ကြောင့်သာ လူကုန်ကူးသည့် ရာဇဝတ်များ ရှင်သန်ရပ်တည်နိုင်ကြောင်း၊
(ခ) နိုင်ငံရေးကြေညာချက် ၂၀၂၅ (2025 Political Declaration) သည် ရာဇဝတ်သားများအတွက် ပြစ်ဒဏ်ကင်းလွတ်နေမှု ချုပ်ငြိမ်းမည့်ကာလ ရောက်တော့မည့်အလားအလာကို အချက်ပြနိုင်သည့် အရေးပါသော မှတ်ကျောက်တစ်ခုဖြစ်သောကြောင့် မြန်မာနိုင်ငံအနေဖြင့် ယင်းနိုင်ငံရေး ကြေညာချက်ကို ကြိုဆိုပါကြောင်း၊
(ဂ) အဆိုပါကြေညာချက်အား အတည်ပြုနိုင်ရေးအတွက် ပူးတွဲညှိနှိုင်းဆောင်ရွက်သည့် အခန်းကဏ္ဍမှ ပါဝင်ပေးခဲ့ကြသော ဆိုက်ပရပ်စ်နှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့မှ အမြဲတမ်းကိုယ်စားလှယ် တို့ကို လည်း ကျေးဇူးတင်ရှိပါကြောင်း၊
(ဃ) ထို့အပြင် အထူးအစီရင်ခံစာတင်သွင်းသူ၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေသော ထိတ်လန့်ဖွယ် ပကတိအခြေအနေအား ကောင်းစွာ ပုံရိပ်ထင်ဟပ်စေသည့်အတွက်လည်း လေးလေးနက်နက် ကျေးဇူးတင်လိုပါကြောင်း၊
(င) မြန်မာနိုင်ငံတွင် လူကုန်ကူးခြင်းပြဿနာသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ အဓမ္မ စစ်အာဏာ သိမ်းမှု ဖြစ်ပွားခဲ့ခြင်းကြောင့် တိုက်ရိုက်ဖြစ်ပေါ်လာခဲ့သော ပြိုလဲပျက်စီးနေသည့် အနေအထားအား ပြသပေးသော လက္ခဏာတစ်ရပ်ပင်ဖြစ်ကြောင်း၊
(စ) မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအနေဖြင့် ရောထွေးဖြစ်ပေါ်နေသည့် အကျပ်အတည်းပေါင်းစုံ စိန်ခေါ်မှုများအကြား၌ ကြံ့ကြံ့ခံ နေထိုင်နေရကြောင်း၊
(ဆ) စစ်အုပ်စုက ကျယ်ပြန့်စွာ စနစ်တကျ ကျူးလွန်လျက်ရှိသော အရပ်သားပြည်သူများအပေါ် မဆင်မခြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်း၊ အဓမ္မ တပ်သား စုဆောင်းခြင်းနှင့် ပျံ့နှံ့နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအဝင် မြောက်များစွာသော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ၃.၆ သန်းခန့်သော ပြည်သူများအနေဖြင့် ပြည်တွင်း၌ နေရပ် စွန့်ခွာ နေထိုင်နေရကြောင်း၊
(ဇ) ထိုသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေစဉ်တွင်လည်း မိမိတို့၏ ပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် ရိုဟင်ဂျာများအပါအဝင် လူနည်းစုများအနေဖြင့် လူကုန်ကူးခံရမည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း၊
(ဈ) မကြာသေးမီက တွေ့ရှိရသည့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ တရားမဝင် ဖယ်ထုတ် ရောင်းချခြင်း ဖြစ်စဉ်များမှာ ထိတ်လန့်ဖွယ်ကောင်းလွန်းကြောင်း၊
(ည) အဓိကအားဖြင့် စစ်အုပ်စုက ပြည်တွင်း တရားရေးယန္တရားကိုလည်း ပြိုလဲပျက်စီးအောင် လုပ်ဆောင်ခဲ့သဖြင့် ပြည်တွင်းနေထိုင်သူများက ထွက်ပြေးတိမ်းရှောင်လိုသည့်ဇောကြောင့် လည်းကောင်း၊ နိုင်ငံခြားသားများသည်လည်း ရာဇဝတ်လုပ်ငန်းများ ကျူးလွန်ရန်လည်းကောင်း သားကောင်များ အုံလိုက်ကျင်းလိုက် စနစ်တကျ လူကုန်ကူးခံရသည့် အခြေအနေကို ကြီးထွားလာစေခဲ့ကြောင်း၊
(ဋ) ထို့အပြင် ခေတ်သစ်ကျွန်ပြုခြင်းနှင့် ရှုပ်ထွေးသော ဆိုက်ဘာရာဇဝတ်မှုများသည်လည်း တဟုန်ထိုး ပွားများလာကာ မြန်မာနိုင်ငံအား နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုခင်းများ ပျော်စံရာရပ်ဝန်းတစ်ခု ဖြစ်လာစေခဲ့ကြောင်း၊
(ဌ) ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်ဆိုင်ရာရုံး (UNODC) ကလည်း မြန်မာနိုင်ငံက ဗဟို အချက်အခြာကျသည့် စင်မြင့်တစ်ခုဖြစ်လျက် အရှေ့တောင်အာရှဒေသတွင် ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ်ကောင်းသော အတင်းအကျပ် ရာဇဝတ်မှု ကျူးလွန်ရန်စေခိုင်းသည့် ဖြစ်ရင်းမှန် အခြေအနေကို မီးမောင်းထိုး ထုတ်ဖော်ပြောကြားထားကြောင်း၊
(ဍ) နိုင်ငံပေါင်းမြောက်များစွာမှ နစ်နာသူများ၏ စာရင်းသည်ပင်လျှင် ပြဿနာ၏ ဆိုးရွားမှု အတိမ် အနက်နှင့် ဒေသတွင်းနှင့် အခြားနေရာများသို့ပါ ကျော်လွန်၍ ခြိမ်းခြောက်လာနေသည့်အချက်ကို ဖော်ကျူးပြသနေကြောင်း၊
(ဎ) ကမ္ဘာပေါ်ရှိ မည်သူတစ်ဦးတစ်ယောက်မျှ ဤမျှ အန္တရာယ်ကြီးမားသော နိုင်ငံတကာ ရာဇဝတ်မှု ထံမှ ဘေးကင်းလွတ်မြောက်နိုင်မည် မဟုတ်ကြောင်း၊
(ဏ) သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အဆိုပါပြဿနာအတွက် မကြာသေးမီကပင် အရေးယူ လုပ်ဆောင်ခဲ့သော အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း မိတ်ဖက်နိုင်ငံများနှင့် နိုင်ငံတကာမှ ပါဝင် ပတ်သက်နေသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိလိုပါကြောင်း၊ ယင်းလုပ်ဆောင်ချက်များ သည် အကာအကွယ်ပေးခြင်း (Protection)၊ ဖမ်းဆီးခြင်း (Prosecution) နှင့် မိတ်ဖက်ပူးပေါင်း လုပ်ဆောင်ခြင်း (Partnership) ဟူသော “P” (၃) ခုနှင့် ကိုက်ညီမှု ရှိပါကြောင်း၊
(တ) သို့သော်လည်း ထုထည်ကြီးမားသည့် ရာဇဝတ်ဂိုဏ်းများအား တိုက်ဖျက်ဖြိုခွဲနိုင်ရန် ပိုမို ခိုင်မာ သော အရေးယူဆောင်ရွက်ချက်များ လိုဆောင်ရမည်သာဖြစ်ကြောင်း၊
(ထ) မြန်မာအရေးကိစ္စနှင့်ဆက်စပ်လျှင် ပြဿနာ၏ဇစ်မြစ်အား ရှင်းလင်းစွာ သိရှိထားရမည်ဖြစ် ကြောင်း၊
(ဒ) စစ်အာဏရှင်စနစ်နှင့် တရားမဝင် စစ်အာဏာသိမ်းမှုတို့သည် ပြဿနာ၏ ဇစ်မြစ်ဖြစ်ပြီး ယင်းတို့ ကြောင့်သာလျှင် ပြည်တွင်းတရားဥပဒေစိုးမိုးမှု ပျက်ပြယ်ကာ စီးပွားရေးကဏ္ဍ ပြိုလဲခဲ့ရခြင်း ဖြစ်ကြောင်း၊
(ဓ) UNODC ၏ ဒေသတွင်း သုတေသီတစ်ဦးဆိုလျှင် စစ်အာဏာရှင်စနစ်ဆိုးကြောင့် ရာဇဝတ်မှုခင်း များ ကင်ဆာရောဂါသဖွယ် ပြန့်ပွားနေသည်ဟု အတိအလင်း ထောက်ပြထားကြောင်း၊
(န) မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆိုး၊ မတရား စစ်အာဏာသိမ်းမှုနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့ အပြီးတိုင် ချုပ်ငြိမ်းမှသာလျှင် ပြဿနာအား ဖြေရှင်းနိုင်မည်မှာ ရှင်းလင်းမြင်သာကြောင်း၊
(ပ) တစ်ဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း များအနေဖြင့် အွန်လိုင်းလိမ်လည်မှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများအား တိုက်ဖျက် သွားရန် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက် သွားမည်ဟု ခိုင်မာစွာ ရပ်တည်ထားပြီးဖြစ်ကြောင်း၊
(ဖ) KNU ၏ ယနေ့ ထုတ်ပြန်ချက်၌က လူမဆန်သော ဆိုက်ဘာမှုခင်းများအတွက် သက်သေ အထောက်အထားများ စုဆောင်းရန်နှင့် ထိရောက်စွာ စုံစမ်းစစ်ဆေးရန် အပါအဝင် ဆိုက်ဘာ မှုခင်းများအား တိုက်ဖျက်သွားနိုင်ရေးအတွက် နိုင်ငံတကာ၏အရေးတကြီးနှင့် လေးလေးနက်နက် ပူးပေါင်း ဆောင်ရွက်သွားပေးရေးအတွက် နိုင်ငံတကာအသိုက်အဝန်းကို KNU က တိုက်တွန်း တောင်းဆိုထားကြောင်း၊
(ဗ) မိမိတို့အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အဆိုပါ ရာဇဝတ်ဂိုဏ်းဂဏ ကွန်ယက်များကို ထိရောက်စွာ စိစစ်၊ ဖမ်းဆီး၊ ဖြိုခွဲနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ဆိုက်ဘာမှုခင်း၏ ဇစ်မြစ်ကိုလည်း အမြစ်ပြတ် မြေလှန်နိုင်မည်ဟု ယုံကြည်ကြောင်း၊
(ဘ) မိမိတို့ ဤမျှ ကြိုးပမ်းနေသည့်အကြားက နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲများမှတဆင့် လှည့်ဖြားမှုနှင့် ၎င်းတို့၏ ထောင်ချောက်အတွင်းသို့ မကျရောက်ရန် သတိချပ်ရမည်ဖြစ်ကြောင်း၊
(မ) ကိုယ့်ပြည်သူများအား ကိုယ်တိုင် ပြန်လည် ဗုံးကြဲသတ်ဖြတ်နေပြီး အကြောက်တရား ခြုံလွှမ်း စေကာ ဖိနှိပ်ကန့်သတ်ချုပ်ကိုင်မှုများ ပြည့်နှက်စွာ ပြုလုပ်နေသည့်သူများက စီစဉ်နေသော လုပ်ငန်းစဉ်တစ်ခုသည် မည်သို့မျှ လွတ်လပ်၊ မျှတ၌ အားလုံးပါဝင်မည့် ရွေးကောက်ပွဲတစ်ခု ဖြစ်မည် မဟုတ်ဘဲ လိမ်ညာလှည့်ဖြားမှုတစ်ခုသာ ဖြစ်သည်ကို မိမိအနေဖြင့် ရှင်းရှင်းလင်းလင်း ပြောကြားလိုကြောင်း၊
(ယ) အဆိုပါ အတုအယောင် ရွေးကောက်ပွဲသည် အကျပ်အတည်းအား ဖြေရှင်းပေးမည် မဟုတ်ဘဲ အကြမ်းဖက်မှုများ ပိုမို တိုးပွားစေကာ မတည်ငြိမ်မှုအား အဓွန့်ရှည်စေမည်ဖြစ်ပြီး တရားမဝင် လူကုန်ကူးမှု ကွန်ယက်များကို ပိုမို ပွားများစေမည်ဖြစ်ကြောင်း၊
(ရ) အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မြန်မာပြည်သူများအနေဖြင့် စစ်အုပ်စုမှ ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲအား ပြင်းထန်စွာ ကန့်ကွက်ငြင်းပယ် ပါကြောင်း၊
(လ) စစ်အာဏာရှင်စနစ်အား ချုပ်ငြိမ်းအောင် ပြုလုပ်ခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ခြင်းကသာလျှင် မြန်မာနိုင်ငံတွင် ကင်ဆာရောဂါသဖွယ် ပြန့်ပွားလာနေသည့် လူကုန်ကူးမှုအား အပြီးသတ်တိုက်ဖျက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း။
(အချိန်ကန့်သတ်ချက်ကြောင့် မိန့်ခွန်းပါ အချက်အနည်းငယ်ကို ချန်လှပ်ပြောကြားခဲ့ရပါသည်။)
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the High-level Meeting of the General Assembly on the appraisal of the United Nations
Global Plan of Action to Combat Trafficking in Persons
(New York, 25 November 2025)
Madam President,
Thank you for convening this meeting.
Trafficking thrives on systemic failure and the collapse of the rule of law.
Myanmar welcomes the “2025 Political Declaration” as a vital milestone signaling that the era of impunity is ending. We thank the co-facilitators, Permanent Representatives of Cyprus and Tajikistan. We also deeply appreciate the Special Rapporteur’s statement, which mirrors the harrowing reality in our country.
In Myanmar, human trafficking is a direct symptom of the collapse caused by the unlawful military coup in February 2021.
People across Myanmar continue to endure the compounded effects of multiple crises.
Now nearly 3.6 million people are being internally displaced nationwide due to the military junta’s widespread and systemic atrocities, including escalating indiscriminate airstrikes against civilians, forced conscription, and rampant human rights violations.
Unfortunately, in their flight, our people face perilous trafficking risks, particularly women, children, and minorities, including the Rohingya. The recent harrowing reports of illicit organ removal are also critically alarming.
The junta’s dismantling of the justice system has regrettably fueled industrial-scale trafficking where locals are trafficked out due to desperation and foreigners are trafficked in for criminal operations. Moreover, abhorrent modern slavery and sophisticated cybercrime have expanded unchecked, turning Myanmar into a safe haven for Transnational Organized Crime.
The UNODC has highlighted the terrifying reality of "forced criminality" in Southeast Asia, with Myanmar serving as a central theatre. The long list of victims from numerous countries is proof of the severity of the issue and its threat to the region and beyond. No one around the globe is safe from this serious international crime.
In this regard, Myanmar pays tribute to the recent actions taken by our neighbouring countries, regional partners, and international actors. These endeavours align fully with the "3P" approach: protection, prosecution, and partnership.
However, further concrete actions must be taken to dismantle these large-scale criminal gangs.
Madam President,
In the case of Myanmar, we must be clear about the origin of this catastrophe.
The military dictatorship and its unlawful coup are the root cause of the issue, which caused the total collapse of the rule of law and the economy. A regional analyst for UNODC has rightly stated that the military dictatorship acts as the catalyst for crime to spread “like a cancer.”
It is crystal clear that we can resolve this issue in Myanmar only through the ending of military coup and the military dictatorship as well as the ending of culture of impunity.
On the other hand, the National Unity Government and the Ethnic Resistance Organizations expressed the firm position to combat transnational organized crime including online scam, pledging full cooperation with all regional and international actors.
Today, the Karen National Union (KNU) issued another statement calling for urgent and serious international cooperation for crackdown of this heinous cybercrime including evidence collection and effective investigation.
We believe that working together we can effectively identify, prosecute, and dismantle these criminal networks and uproot the root cause of this cybercrime in Myanmar.
Amidst our efforts, the international community must not be misled nor fall into the trap of the military junta through its planned sham elections.
Let us be clear: a process dictated by those who bomb their own people, conducted in a climate of fear and repression, is not a free, fair, and inclusive election but a fraud.
It will not resolve the crisis; rather, it will inflame further violence and prolong the instability that fuels these very trafficking networks.
The NUG and the EROs alongside the people of Myanmar categorically reject this junta’s planned sham election.
Ending the military dictatorship and building a federal democratic union is the only viable path to excising this cancer and ending the scourge of trafficking in Myanmar.
I thank you.
*****










