top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun under Agenda Item 84: The Rule of Law at 6C of the 77th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations under agenda Item 84: The Rule of Law at the National and International Levels, at the Sixth Committee of the Seventy-Seventh session of UN General Assembly, held on 7 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဥပဒေရေးရာဆိုင်ရာကော်မတီ (ဆဋ္ဌမကော်မတီ) အစည်းအဝေး၌ မြန်မာစစ်တပ်မှ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများ အစဉ်တစိုက် ချိုးဖောက်နေမှုများသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုအပေါ် ကြီးလေးသော သက်ရောက်မှုရှိကြောင်း ဖြင့် ထောက်ပြပြောကြား


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်)


၁။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဥပဒေရေးရာဆိုင်ရာကော်မတီ (ဆဋ္ဌမကော်မတီ) ၏ အစည်းအဝေး များကို ၃-၁၀-၂၀၂၂ ရက်နေ့မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိပါ သည်။ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာအဆင့်တွင် တရားဥပဒေစိုးမိုးရေး ခိုင်မာအားကောင်းလာစေရေး ဘာသာရပ်ကို ၆-၁၀-၂၀၂၂ ရက်နေ့၌ စတင်ဆွေးနွေးခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၇-၁၀-၂၀၂၂ ရက်နေ့တွင် ယင်းဘာသာရပ်နှင့် ပတ်သက်သည့် မိန့်ခွန်းအား ပြောကြားခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါအဓိကအချက်များ ပါဝင်ပါသည်-


(က) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အား ကုလသမဂ္ဂ၏ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်များနှင့် ပတ်သက်သည့် အစီရင်ခံစာကို ထုတ်ပြန်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ယင်းအစီရင်ခံစာ၌ ပဋိပက္ခပြန့်ပွားမှုများ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေးဥပဒေတို့အား ချိုးဖောက်နေမှုများ၊ ပဋိပက္ခများအတွင်း ဖြစ်ပေါ်နေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ယင်းပြစ်မှု ကျူးလွန်ခြင်းများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေခြင်းများ စသည်အားဖြင့် တရားဥပဒေစိုးမိုးရေးအတွက် ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများကို ထင်ဟပ်စွာ ရေးသား ဖော်ပြထားကြောင်း၊


(ခ) တည်ငြိမ်းအေးချမ်း၍ တရားမျှတမှုရှိသော အသိုက်အဝန်းတစ်ခု တည်မြဲစေရန်အတွက် တရားဥပဒေစိုးမိုးရေးသည် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိခြင်းအားဖြင့် နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံနှင့် နိုင်ငံတည်ရှိရာ ဒေသများကိုလည်း လုံခြုံ၍ တည်ငြိမ်မှုရှိစေကြောင်း၊ ယင်းသို့မဟုတ်ဘဲ ပြည်တွင်းအဆင့်တွင် တရားဥပဒေစိုးမိုးမှု ပျက်ပြားနေပါက နိုင်ငံတစ်နိုင်ငံ၏ ပိုင်နက်ကိုဖြတ်ကျော်၍ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် တရားဥပဒေစိုးမိုးမှုကိုပါ သိသိသာသာ ထိပါးစေနိုင်ကြောင်း၊


(ဂ) ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် များလှစွာသော အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများကို မည်မျှပင် အတည်ပြုပြဋ္ဌာန်းထားစေကာမူ ပြည်တွင်းအဆင့်တွင် တရားဥပဒေစိုးမိုးရေးကို လိုက်နာကျင့်သုံး နိုင်ခြင်းမရှိလျှင် ၎င်းတို့၏ ပြည်သူများ၏ အသက်အိုးအိမ်ဘဝများအတွက် ထူးခြားမှုဖြစ်စေနိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပဋိပက္ခဖြစ်ပွားနေသောနိုင်ငံများနှင့် ပဋိပက္ခကာလလွန်အခြေအနေများတွင် ကျရောက်နေသော နိုင်ငံများတွင် တရားဥပဒေစိုးမိုးမှုရှိရေးကို အားပေးမြှင့်တင်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးခြင်းက အဓိကကျကြောင်း၊ ဤအချက်အပေါ်အခြေခံ၍ ကုလသမဂ္ဂမှ ပြည်တွင်းအဆင့်တွင် တရားမျှတမှုမြင့်တက်စေရန်နှင့် တရားဥပဒေစိုးမိုးရေး ခိုင်မာအားကောင်းစေရန် ကူညီပေးနေခြင်းအပေါ် အခိုင်အမာထောက်ခံပါကြောင်း၊


(ဃ) ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရတစ်ရပ်ကို တရားမဝင် ဖယ်ရှားခြင်းသည် တရားဥပဒေစိုးမိုးမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်သည်ကို ဆဋ္ဌမကော်မတီအနေဖြင့် သိရှိမည်ဖြစ်ကြောင်း၊ ယင်းသို့သော အပြုအမူသည် နိုင်ငံတကာအသိုက်အဝန်း အတွက် လုံးဝလက်သင့်ခံနိုင်ဖွယ်ရာ မဟုတ်ကြောင်း အဓိကအားဖြင့် တရားဥပဒေစိုးမိုးခြင်းကို အာဏာခွဲဝေမှုနှင့် အစိုးရ၏ မဏ္ဍိုင်များအကြား မျှခြေယူခြင်း၊ အထူးသဖြင့် လွတ်လပ်သော တရားစီရင်ရေးမဏ္ဍိုင်ဖြင့် တည်ဆောက်ရကြောင်း၊


(င) မိမိ၏ နိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင်မူ တရားဥပဒေစိုးမိုးမှုကို အလေးထားဂရုပြုခြင်း အလျဉ်းမရှိဘဲ ပြစ်ဒဏ်ကင်းလွတ်မှုကို အကျိုးခံစားနေသော ပြည်သူမလိုလားသည့် စစ်တပ်ခေါင်းဆောင်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာများ အားလုံးကို စစ်အာဏာသိမ်းခြင်းဖြင့် ထိန်းချုပ်ထားကြောင်း၊ ၎င်းအနေဖြင့် ရွေးကောက်တင်မြှောက်ခံထားရသော နိုင်ငံတော်သမ္မတနှင့် အခြားသော အစိုးရအဖွဲ့ဝင်များ ကို တရားမဝင် ဖမ်းဆီးထိန်းသိမ်း ချုပ်နှောင်ထားကြောင်း၊ စင်စစ်အားဖြင့် တရားမဝင်စစ်အာဏာသိမ်းမှု သည် ဥပဒေကြောင်းအရသော်လည်းကောင်း၊ တရားဝင်မှုအရသော်လည်းကောင်း အလျဉ်းမရှိပါကြောင်း၊


(စ) သို့ရာတွင် တရားမဝင် အာဏာသိမ်းစစ်တပ်အနေဖြင့် ၎င်း၏ အကျိုးစီးပွားကိုသာ ရှေ့ရှု့၍ ၎င်း၏ သဘောဆန္ဒအလျောက် ဥပဒေပြုမှုများဆောင်ရွက်ကြောင်း၊ လက်ရှိအခြေအနေတွင် မည်သည့်တရားရုံး ကမျှ ဥပဒေကို လွတ်လပ်စွာ စီရင်ဆုံးဖြတ်နိုင်ခြင်း မရှိကြောင်း၊ တရားရုံးများအနေဖြင့် ရက်စက် ကြမ်းကြုတ်သည့် စစ်တပ်၏ အမိန့်အာဏာများအတိုင်း အမိန့်စာများအပေါ်တွင် တံဆိပ်တုံးရိုက်နှိပ်ပေး ခြင်းကိုသာ လုပ်ဆောင်လျက်ရှိကြောင်း၊


(ဆ) အထူးသဖြင့် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးထိန်းသိမ်းခံ အပြစ်မဲ့ပြည်သူများအပါအဝင် မိမိတို့၏ ရွေးကောက်ခံအရပ်သားအစိုးရအဖွဲ့ အကြီးအကဲများအား ဓားစာခံအဖြစ်ထိန်းသိမ်းကာ လျှို့ဝှက်သောတရားခွင် စစ်ဆေးခြင်းများ ပြုလုပ်ခြင်း တို့မှာ စစ်တပ်၏ ထင်ရှားသော ဥပဒေမဲ့လုပ်ရပ်များ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ဆိတ်သုဉ်းလျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း တရားမမျှတမှုများကို လူးလိမ့်စွာခံစားနေရကြောင်း၊ တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ချိန်မှစ၍ မြန်မာပြည်သူများသည် စစ်တပ်၏ မျိုးစုံသော ရက်စက်ကြမ်းကြုတ်မှုများ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လူနေအိမ်များ မီးရှို့ဖျက်ဆီးမှုများ၊ မြို့နယ်၊ ကျေးရွာနှင့် စာသင်ကျောင်းများကို လေကြောင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ရင်ဆိုင်နေရကြောင်း၊


(ဇ) IIMM အနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်နှင့်အညီ သက်သေအထောက်အထားများကို ရယူလျက်ရှိရာ အထောက်အထားများအရ စစ်တပ်အနေဖြင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုကို ကျူးလွန်လျက်ရှိကြောင်း၊


(ဈ) ထို့ပြင် စစ်တပ်အနေဖြင့် ယခုနှစ် ဇူလိုင်လအတွင်း၌လည်း ဦးဂျင်မီနှင့် လွှတ်တော်အမတ်ဖြစ်ခဲ့သူ ဦးဖြိုးဇေယျာသော်အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူ (၄) ဦးတို့ကို ရက်စက်ကြမ်းကြုတ်စွာ ဥပဒေမဲ့ သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းသတ်ဖြတ်မှုများကို စစ်တပ်၏ အတုအယောင် တရားခွင်များဖြင့် လျှို့ဝှက်စွာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊


(ည) ပြီးခဲ့သော လအတွင်း၌လည်း စစ်တပ်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ခုကို ရဟတ်ယာဉ်အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့စွာ ပညာသင်ကြားဆော့ကစားနေသည့် ကလေးငယ် (၇) ယောက် အပါအဝင် အနည်းဆုံး လူ (၁၃) ဦး သေဆုံးခဲ့ရကြောင်း၊ ယင်းရာဇဝတ်မှုများသည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနှင့် လူသားချင်းဆိုင်ရာ ဥပဒေများကို ပြောင်ပြောင် တင်းတင်းချိုးဖောက်ရာ ရောက်ကြောင်း၊


(ဋ) စစ်တပ်မှ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများ အစဉ်တစိုက်ချိုးဖောက်နေမှုများသည် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုအပေါ် ကြီးလေးသော သက်ရောက်မှုရှိကြောင်း၊ အဓိကအားဖြင့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကြောင့် လူ (၁) သန်း ကျော် နေရပ်စွန့်ခွာမှုကို ဖြစ်ပေါ်စေ ကြောင်း၊ ယင်းနေရပ်စွန့်ခွာသူများအနက် အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် လူကုန်ကူးမှု ကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ရင်ဆိုင်ရနိုင်သည့် အန္တရာယ်များရှိကြောင်း၊


(ဌ) မြန်မာနိုင်ငံ၏ အခက်အခဲအား ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တို့တွင် အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်၍ ဖြေရှင်းရန် လိုအပ်ကြောင်း၊ စစ်တပ်မှ ပြည်သူလူထုအပေါ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ပြီး တရားမျှတရေး လုပ်ငန်းစဉ်ကို စတင်ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ တရားမဝင်စစ်တပ်၏ အာဏာရှင်စနစ်ကို အပြီးသတ် ချုပ်ငြိမ်းခြင်းဖြင့်သာ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ပြန်လည်တည်ဆောက်နိုင်ရန် စတင်နိုင်မည် ဖြစ်ကြောင်း၊ သို့မှသာ အားလုံးပါဝင်၍ တာဝန်ယူမှု၊ တာဝန်ခံမှု ပြည့်ဝသည့် တရားမျှတသောအဖွဲ့အစည်း များဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်တစ်ရပ်ကို တည်ထောင်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ အာဆီယံနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများနှင့် အတူ ခိုင်မာစွာရပ်တည်ပေးရန် နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ ပြန်လည် တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ရွေးကောက်တင်မြှောက်ခံ အမျိုးသား ညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ထိတွေ့ပူးပေါင်းဆောင်ရွက်ကြရန် တောင်းဆိုကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ တင်ပြအပ်ပါသည်။



၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by H.E. Mr. Kyaw Moe Tun, Permanent Representative of the

Republic of the Union of Myanmar to United Nations under

agenda Item 84: The Rule of Law at the National and International Levels,

at the Sixth Committee of the Seventy-Seventh session of UN General Assembly


(New York, 7 October 2022)


Mr. Chair,


As this is the first time that I have taken the floor, I wish to congratulate you on your election as the Chair of the Committee. I assure you and the Bureau of our full support and cooperation.


I also wish to thank the Secretary-General for his report on the United Nations rule of law activities. The report reflects widespread conflicts and violations of international humanitarian and human rights law, including conflict-related sexual violence. Perceived impunity for such crimes has imposed serious challenges and threats to the rule of law.


The rule of law is the only foundation for a peaceful and just society. Countries built upon the rule of law bring stability to themselves and their region. On the other hand, the consequences of the destruction of the rule of law at national level transcend borders and can undermine the rule of law at the regional and international levels.


Regardless of how many legally binding international instruments UN member states have ratified, they make on difference to the lives of people unless the rule of law is guaranteed nationally. Therefore, it is crucial for the international community to promote and strengthen the rule of law, especially in conflict and post-conflict situations.


In this regard, we strongly support UN efforts to advance justice and support the strengthening of rule of law institutions at national level.


Mr. Chair,


This committee must know that the illegal overthrow of a democratically elected government is a flagrant violation of the rule of law. Such unlawful acts should never be acceptable to the international community.


The rule of law is maintained through the separation of power and the checks and balances between the branches of government, especially the independence of the judiciary.


However, in my country of Myanmar, the unwanted military leader, who has no regard for the rule of law and enjoys blanket impunity so far for his many past atrocities, has now made himself the absolute authority of all executive, legislative and judicial powers through the illegal coup. He has criminally arrested the elected President and other members of the government. The illegal junta has neither legal basis nor legitimacy.


Yet the illegitimate junta has been making so-called laws to suit its needs, arbitrarily enforcing them as they wish. Right now, no court independently adjudicates the law. They only rubber stamp the orders of the inhumane military.


These lawless acts of the military junta are evidence by the absurd secret trials against our elected civilian leaders, including President U Win Myint, State Counsellor Daw Aung San Suu Kyi, and against other innocent people the military is holding hostage.


As a result, the rule of law in my country is being buried and tremendous injustice is being inflicted on the people. This is what is happening, right now, in Myanmar.


Since the coup, Myanmar people have been facing military brutality at massive scales including multiple massacres, whole-sale arson of civilian homes and deliberate attacks against towns, villages and schools by air strikes.


The UN Independent Investigative Mechanism for Myanmar has been collecting evidence in accordance with their mandate. So far, the abundant evidence collected by the Mechanism suggests that the crimes against humanity have been committed.


In July this year, the military junta cruelly executed four democracy activists including Ko Jimmy and former MP U Phyo Zeyar Thaw. These executions were hostage murders, openly carried out by the junta based on the secret sham military tribunals.


Just last month, a military helicopter swooped down a local school in Let Yet Kone Village in Depayin Township in Sagaing Region and brutally killed at least 13 people including seven children who were learning and playing innocently.


These horrifying crimes are blatant violations of international human rights and humanitarian law.


Mr. Chair,


The military junta’s continued violations of domestic laws and international law have serious implications on regional peace and stability. Their brutal attacks have caused the displacement of more than 1 million people. Many of these women and children are acutely vulnerable to transnational crimes such as human trafficking.


Resolving the situation in Myanmar requires unified action both at the regional and international level, particularly in the UN Security Council. We must end ongoing military brutalities against the civilian population and initiate a transition justice process.


Mr. Chair,


The reestablishment of the rule of law and justice in Myanmar must start with the end of the illegitimate military dictatorship. Then we can build a new federal democratic union with inclusive and accountable security and justice institutions.


Therefore, I call on the international community including ASEAN and the United Nations, to stand firm with the people of Myanmar and work with their elected National Unity Government and ethnic resistance organizations in order to restore democracy, justice and the rule of law in Myanmar.


I thank you.



****









bottom of page