Statement by Ambassador Kyaw Moe Tun, at General Debate on Agenda Item74: “The Report of the International Criminal Court”at the Plenary of the Eightieth Session of UN General Assembly
- Myanmar Mission To UN
- 15 hours ago
- 8 min read



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at General Debate on Agenda Item74: “The Report of the International Criminal Court" at the Plenary of the Eightieth Session of UN General Assembly, held on 11 November 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
(၈၀) ကြိမ်မြောက်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ မျက်နှာစုံညီ အစည်းအဝေး၏ "အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ အစီအရင်ခံစာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံ၏ အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူများအပေါ် ကျူးလွန်လာမည့် ဆိုးရွားလှသည့် ရာဇဝတ်မှုများကို ကြိုတင်မျှော်လင့်ထားသည်နှင့်အညီ အရပ်သားပြည်သူများ၏ အသက်များ ကယ်တင်ရန်၊ ကာကွယ်ရန်၊ အကြမ်းဖက်စစ်တပ်၏ ထပ်မံရက်စက်မှုများကို တားဆီးနိုင်ရန်၊ ပြစ်မှုကျူးလွန်ခြင်းခံရသူများအတွက် တရားမျှတမှု ရရှိစေရန်နှင့် အပြစ်ပေးအရေးယူခြင်းမှ ကင်းလွတ်နေမှုကို အဆုံးသတ်ရန်တို့အတွက် မြန်မာနိုင်ငံအတွင်း ကျူးလွန်သည့် ရာဇဝတ်မှုများအပေါ် တရားရုံး၏ စီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုသည့် ပုဒ်မ ၁၂ (၃) ကြေညာချက်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ မှတ်ပုံတင်အရာရှိထံ တင်ပြခဲ့၊
အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး၏ တရားစွဲအရာရှိက အကြမ်းဖက်စစ်တပ်၏
ခေါင်းဆောင် မင်းအောင်လှိုင် အား ဖမ်းဝရမ်းထုတ်ရန် တရားရုံးသို့ လျှောက်ထားခဲ့မှုကြောင့် မြန်မာပြည်သူများအနေဖြင့် မျှော်လင့်ချက်များ ပြန်လည်မြင့်တက်လာခဲ့၊ တစ်နှစ်နီးပါး အချိန်ကြာမြင့် လာသည့်အချိန်အထိ တရားစွဲအရာရှိ၏ လျှောက်ထားချက်နှင့်စပ်လျဉ်း၍ သိသာ ထင်ရှားသော တိုးတက်မှုများ မရှိသေး၊
ပြည်သူများ၏ စိတ်ပျက်မှုများမှာ ပို၍ ကြီးမားလာကာ တရားရုံး၏ အချိန်မီ ထိရောက်သော အရေးယူဆောင်ရွက်မှုများ လိုအပ်နေ၊
ယခုအခါ အကြမ်းဖက်စစ်အုပ်စုသည် အတုအယောင် ရွေးကောက်ပွဲကို ပြုလုပ်၍ ၎င်းတို့၏ ကြီးလေးသော ရာဇဝတ်မှုများကို ဖုံးကွယ်ရန်၊ ၎င်းတို့၏ ရာဇဝတ်မှုများအတွက် တာဝန်ခံမှုမှ ရှောင်လွှဲရန်၊
၎င်းတို့၏ တရားမဝင် အာဏာသိမ်းမှုကို လှည့်ဖြားရန် ကြိုးပမ်းနေ၊
အကြမ်းဖက်စစ်အုပ်စုက ရက်စက်မှုများ ဆက်လက်ကျူးလွန်နေခြင်း၊ ထိရောက်သော နယ်မြေ ထိန်းချုပ်နိုင်မှု မရှိခြင်း၊ နိုင်ငံခေါင်းဆောင်များကို ဥပဒေမဲ့ ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် နှင့် စနစ်တကျ ကျူးလွန်လျက် ရှိခြင်း၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ပျက်သုဉ်းနေခြင်း၊ ပြည်သူလူထု၏ သတင်း အချက်အလက် ရရှိနိုင်မှုအခွင့်အရေးကို ဆိုးဆိုးရွားရွား ကန့်သတ်ထားခြင်း၊ ပြည်သူများအပေါ် ခြိမ်းခြောက်မှုများ တိုးမြှင့်ခြင်း၊ ပြည်သူများအနေဖြင့် အမြဲတစေ ကြောက်ရွံ့မှုနှင့်ဒွန်တွဲ နေထိုင်ရလျက်ရှိခြင်း အစရှိသည့်အခြေအနေများအောက်တွင် အကြမ်းဖက်စစ်အုပ်စုက စီစဉ်နေသည့် ရွေးကောက်ပွဲသည် အတုအယောင်နှင့် လိမ်လည်မှုသာ ဖြစ်မည်ဖြစ်၊ ထိုသို့သော ရွေးကောက်ပွဲသည် မည်သည့်အခါမှ လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲ ဖြစ်လာမည် မဟုတ်၊
တရားမဝင်အာဏာသိမ်း စစ်အုပ်စုက စီစဉ်နေသော အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ပယ်ချကြရန် တိုက်တွန်းပါကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးအနေဖြင့် အကြမ်းဖက် စစ်ရာဇဝတ်သား မင်းအောင်လှိုင် အား ဖမ်းဝရမ်းထုတ်ရန် ဆုံးဖြတ်ချက်အား ချက်ချင်းချမှတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း
ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်)
၁။ အကြိမ် (၈၀) မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ မျက်နှာစုံညီအစည်းအဝေး ၏ "အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ အစီအရင်ခံစာ" ခေါင်းစဉ်အောက်မှ အထွေထွေဆွေးနွေးမှုကို ၁၁-၁၁-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၄၀) ကျော်မှ ကိုယ်စားလှယ်တို့က မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ၁၁-၁၁-၂၀၂၅ ရက်နေ့ (အင်္ဂါနေ့)၊ မနက်ပိုင်းတွင် မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-
(က) စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် သက်ဆိုင်ရာ ရာဇဝတ်မှုကျုးလွန်ထားသော ပုဂ္ဂိုလ်များအား ပြစ်မှု ထင်ရှား စီရင်ခြင်းအပါအဝင် ထူးခြားသော တရားစီရင်ရေးဆိုင်ရာ တိုးတက်မှုများကို အသိအမှတ်ပြုလိုကြောင်း၊ အဆိုပါအချက်သည် အပြင်းထန်ဆုံး နိုင်ငံတကာရာဇဝတ်မှုများ အတွက် တရားမျှတမှုနှင့် တာဝန်ခံမှုကို မြှင့်တင်ရာတွင် တရားရုံး၏ မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍကို ထပ်မံအတည်ပြုခြင်း ဖြစ်ပါကြောင်း၊
(ခ) ရောမစာချုပ်နှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးတို့သည် ခေတ်သစ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားစီရင်ရေးစနစ်၏ အဓိကမဏ္ဍိုင်များအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ ယင်းတို့သည် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် ကျူးကျော်မှုဆိုင်ရာ ရာဇဝတ်မှုတို့၏ ကျူးလွန်သူများအား အဆင့်အတန်း သို့မဟုတ် ရာထူးမရွေး တစ်ဦးချင်း တာဝန်ခံနိုင်စေရန် နိုင်ငံများ၏ သန္နိဋ္ဌာန်ပြုမှုကို ကိုယ်စားပြုပါကြောင်း၊
(ဂ) တရားရုံး၏ အခြေခံဖြစ်သော ဥပဒေမူဘောင်ပြင် အရပ်သားပြည်သူများအား ကာကွယ်စောင့် ရှောက်ရန်၊ ပေါ်ပေါက်လာနိုင်သည့် ရက်စက်ကြမ်းကြုတ်မှုများကို တားဆီးရန်နှင့် လူသားဂုဏ် သိက္ခာ အတွက် မရှိမဖြစ်လိုအပ်သော တရားဥပဒေစိုးမိုးရေးကို ထိမ်းသိမ်းရန် ကတိကဝတ် ရှိပါကြောင်း၊ တရားရုံး၏ ပြစ်မှုကျူးလွန်ခြင်းခံရသူများကို ဗဟိုပြုချဉ်းကပ်၍ လိုအပ်ချက်များကို ထောက်ပံ့ပေးသည့် ချဉ်းကပ်မှုသည် အပြစ်ပေးအရေးယူခြင်းမှ ကင်းလွတ်နေမှုကို အဆုံးသတ်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုကို မြှင့်တင်ရန် နိုင်ငံများအကြား တာဝန်ခံမှုကို မျှဝေပေး၍ ထိရောက်သော ပြည်တွင်းဥပဒေ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်တွန်းအား ပေးလျက်ရှိသည်ကို တွေ့မြင်ရပါကြောင်း၊
(ဃ) မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအဆင့်ရှိ ကြီးလေးသော ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိပါကြောင်း၊ အကြမ်းဖက်စစ်အုပ်စု၏ အဆိုပါရာဇဝတ်မှုများနှင့်စပ်လျဉ်း၍ ခိုင်မာသော သက်သေအထောက်အထားများနှင့် အချက်အလက်များကိုလည်း ကုလသမဂ္ဂ၏ အစီရင်ခံစာအသီးသီးတွင်လည်း အတိအလင်း ဖော်ပြထားကြောင်း၊
(င) မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား၏ ၂၀၂၅ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာ (A/HRC/60/18) တွင် အကြမ်းဖက်စစ်တပ်သည် ချင်း၊ ကချင်၊ ကရင်နီ (ကယား)၊ ကရင်၊ ရခိုင်၊ ရှမ်း၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများ၌ အရပ်သားပြည်သူများအပေါ် ခွဲခြားမှုမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ၊ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ကလေးများအပါအဝင် အရပ်သား ထောင်ပေါင်းများစွာကို ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်မှုများ အပါအဝင် အရပ်သားပြည်သူများအပေါ် ကျယ်ကျယ် ပြန့်ပြန့်နှင့် စနစ်တကျ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်းကို ဖော်ပြထားရှိပါကြောင်း၊
(စ) ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအစီအရင်ခံစာတင်သွင်းသူ၏ နောက်ဆုံးတင်သွင်း ခဲ့သည့် အစီရင်ခံစာ (A/80/490) တွင်လည်း အကြမ်းဖက် စစ်အုပ်စု၏ ဆက်လက် ဖိနှိပ်မှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းများကို လက်နက်သဖွယ် အသုံးချရင်း အတုအယောင်ရွေးကောက်ပွဲများမှတစ်ဆင့် တရားဝင်မှုကို ဖန်တီးရန် ကြိုးပမ်းမှုများကို ထပ်မံထောက်ပြထားပါကြောင်း၊
(ဆ) တရားမဝင်အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပြီးနောက် လေးနှစ်ကျော် ကာလအတွင်း အကြမ်းဖက် စစ်တပ်သည် အရပ်ဘက်၊ စစ်ဘက်ခွဲခြားမှုမရှိသော လေကြောင်းတိုက်ခိုက်မှုပေါင်း (၃,၇၄၄) ကြိမ် ပြုလုပ်ခဲ့ပြီး၊ လူပေါင်း (၄,၁၃၅) ဦး သေဆုံးခဲ့ကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနှင့် ဘာသာရေးအဆောက်အအုံပေါင်း တစ်ထောင်ကျော် အပါအဝင် ပုဂ္ဂလိကပိုင်ပစ္စည်း စုစုပေါင်း (၁၀၀,၀၀၀) ကျော် ပျက်စီးခဲ့ကြောင်း၊ အမျိုးသမီး၊ မိန်းခလေးငယ်များ နှင့် ကလေးငယ်များ အပါအဝင် အရပ်သား (၄,၇၆၃) ဦး အသက်ဆုံးရှုံးခဲ့ရသည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပေါင်း (၄၅၂) ကြိမ် ထိ ကျူးလွန်ခဲ့ပါကြောင်း၊
(ဇ) မြန်မာနိုင်ငံ၏ အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူများအပေါ် ကျူးလွန်လာမည့် ဆိုးရွားလှသည့် ရာဇဝတ်မှုများကို ကြိုတင်မျှော်လင့်ထားသည်နှင့်အညီ အရပ်သားပြည်သူများ၏ အသက်များကယ်တင်ရန်၊ ကာကွယ်ရန်၊ အကြမ်းဖက်စစ်တပ်၏ ထပ်မံရက်စက်မှုများကို တားဆီးနိုင်ရန်၊ ပြစ်မှုကျူးလွန်ခြင်းခံရသူများအတွက် တရားမျှတမှု ရရှိစေရန်နှင့် အပြစ်ပေးအရေးယူခြင်းမှ ကင်းလွတ်နေမှုကို အဆုံးသတ်ရန်တို့အတွက် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံအတွင်း ကျူးလွန်သည့် ရာဇဝတ်မှုများအပေါ် တရားရုံး၏ စီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုသည့် ပုဒ်မ ၁၂ (၃) ကြေညာချက်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ မှတ်ပုံတင်အရာရှိထံ တင်ပြခဲ့ပါကြောင်း၊ အဆိုပါ ကြေညာချက်မှတစ်ဆင့် မြန်မာပြည်သူများသည် တရားရုံးအနေဖြင့် ကနဉီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်း (သို့မဟုတ်) လက်ရှိစုံစမ်းစစ်ဆေးမှုများကို ချဲ့ထွင်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရန် မျှော်လင့်ခဲ့ကြပါကြောင်း၊
(ဈ) သုံးနှစ်ကြာပြီးနောက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ၏ တရားစွဲအရာရှိက အကြမ်းဖက်စစ်တပ်၏ ခေါင်းဆောင် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် တရားရုံးသို့ လျှောက်ထားခဲ့မှုကြောင့် မြန်မာပြည်သူများအနေဖြင့် မျှော်လင့်ချက်များ ပြန်လည်မြင့်တက်လာခဲ့ပါကြောင်း၊ သို့ရာတွင် ယနေ့ တစ်နှစ်နီးပါး အချိန်ကြာမြင့် လာသည့် အချိန်အထိ တရားစွဲအရာရှိ၏ လျှောက်ထားချက် နှင့်စပ်လျဉ်း၍ သိသာ ထင်ရှားသော တိုးတက်မှုများ မရှိသေးပါကြောင်း၊ ပြည်သူများ၏ စိတ်ပျက်မှုများမှာ ပို၍ ကြီးမားလာကာ တရားရုံး၏ အချိန်မှီ ထိရောက်သော အရေးယူဆောင်ရွက်မှုများ လိုအပ်နေကြပါကြောင်း၊
(ည) မြန်မာပြည်သူများ အထူးသဖြင့် အမျိုးသမီးများ၊ မိန်းကလေးများနှင့် ကလေးငယ်များတို့သည် အကြမ်းဖက်စစ်အုပ်စု၏ ဆိုးရွားလှသော ရာဇဝတ်မှုများ၏ ဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည့် အတွက် ထိုသို့ ပြောကြားရခြင်းဖြစ်ပါကြောင်း၊ အကြမ်းဖက် စစ်အုပ်စုသည် နာရီတိုင်း၊ မိနစ်တိုင်းတွင် ပြည်သူများကို သတ်ဖြတ်၊ နှိပ်စက်ကာ ခွဲခြားမှုမရှိသော လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ဥပဒေမဲ့ဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် နေအိမ်များ၊ ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းများ ဆောင်ရွက်နေချိန်၌ မြန်မာပြည်သူများအတွက် အချိန်မီ အရေးယူဆောင်ရွက်မှုများ ကင်းမဲ့နေခြင်းသည် ဝမ်းနည်းဖွယ်ရာ ဖြစ်ပါကြောင်း၊
(ဋ) အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် သန်းနှင့်ချီသော ပြည်သူများသည် နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး၊ နေထိုင်ရာ အသိုက်အမြုံများ ပျက်စီးခဲ့ရပါကြောင်း၊ အဆိုပါ ဖြစ်ရပ်များသည် မြန်မာပြည်သူများအပေါ် ဖျက်ဆီးမှုများဖြင့် ကြောက်ရွံ့ကာ ဖိနှိပ်ချုပ်ကိုင်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိသည့် အကြမ်းဖက်စစ်အုပ်စု၏မူဝါဒပင် ဖြစ်ပါကြောင်း၊ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ခံစားနေရသော သန်းနှင့်ချီသည့် ပြည်သူများအတွက် တရားရုံး၏ အချိန်မှီ ထိရောက်သော အရေးယူဆောင်ရွက်မှုများသည် မဖြစ်မနေ လိုအပ်လျက်ရှိပါကြောင်း၊ မြန်မာပြည်သူများ အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ရာဇဝတ်မှုကျူးလွန်ခြင်းကို ခံစားခဲ့ရသူများ၊ ၎င်းတို့၏ မိသားစုဝင်များအနေဖြင့် တရားမျှတမှု ခံစားပိုင်ခွင့်ရှိပါကြောင်း၊ ရာဇဝတ်မှု ကျူးလွန်သူများအနေဖြင့် ၎င်းတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း၊ထို့အပြင် မြန်မာပြည်သူများအတွက် အချိန်သည် အမှန်တကယ်ပင် အရေးကြီးလှပါကြောင်း၊
(ဌ) ယခုအခါ အကြမ်းဖက်စစ်အုပ်စုသည် အတုအယောင် ရွေးကောက်ပွဲကို ပြုလုပ်၍ ၎င်းတို့၏ ကြီးလေးသော ရာဇဝတ်မှုများကို ဖုံးကွယ်ရန်၊ ၎င်းတို့၏ ရာဇဝတ်မှုများအတွက် တာဝန်ခံမှုမှ ရှောင်လွှဲရန်၊ ၎င်းတို့၏ တရားမဝင် အာဏာသိမ်းမှုကို လှည့်ဖြားရန် ကြိုးပမ်းနေကြပါကြောင်း၊ အကြမ်းဖက်စစ်အုပ်စုက ရက်စက်မှုများ ဆက်လက်ကျူးလွန်နေခြင်း၊ ထိရောက်သော နယ်မြေ ထိန်းချုပ်နိုင်မှု မရှိခြင်း၊ နိုင်ငံခေါင်းဆောင်များကို ဥပဒေမဲ့ ဆက်လက် ဖမ်းဆီးချုပ်နှောင်ထား ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်လျက် ရှိခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပျက်သုဉ်းနေခြင်း၊ ပြည်သူလူထု၏ သတင်းအချက် အလက် ရရှိနိုင်မှုအခွင့်အရေးကို ဆိုးဆိုးရွားရွား ကန့်သတ်ထားခြင်း၊ ပြည်သူများအပေါ် ခြိမ်းခြောက်မှုများ တိုးမြှင့်ခြင်း၊ ပြည်သူများအနေဖြင့် အမြဲတစေ ကြောက်ရွံ့မှုနှင့် ဒွန်တွဲနေထိုင် ရလျက်ရှိခြင်း အစရှိသည့်အခြေအနေများအောက်တွင် အကြမ်းဖက်စစ်အုပ်စုက စီစဉ်နေသည့် ရွေးကောက်ပွဲသည် အတုအယောင်နှင့် လိမ်လည်မှုသာဖြစ်မည် ဖြစ်ကြောင်း၊ ထိုသို့သော ရွေးကောက်ပွဲသည် မည်သည့်အခါမှ လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲ ဖြစ်လာမည် မဟုတ်ပါကြောင်း၊
(ဍ) စစ်အာဏာရှင်အဖွဲ့၏ ရွေးကောက်ပွဲဟုခေါ်သော ဤလိမ်ညာမှုသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများ မိုမိုပေါ်ပေါက်စေကာ မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခများ ပိုမိုနက်ရှိုင်းစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို လုံးဝပယ်ချရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအား တရားမဝင်အာဏာသိမ်း စစ်အုပ်စုက စီစဉ်နေသော အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ပယ်ချကြရန် တိုက်တွန်းပါကြောင်း၊
(ဎ) နုရင်ဘတ်ရာဇဝတ်ခုံရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တရားစွဲအရာရှိ ဘန်ဂျမင့် ဖာရန့်ဇ် (Benjamin Ferencz) ၏ "တရားမျှတမှုမရှိဘဲ ငြိမ်းချမ်းရေး မရနိုင်၊ တရားမျှတမှုအား ဥပဒေ မရှိဘဲ ရှာဖွေခြင်းမပြုနိုင်၊ အဆိုပါ ဥပဒေအား တရားမျှတပြီး ဥပဒေနှင့်အညီဖြစ်သော တရားရုံး မှတဆင့်သာ ရှာဖွေနိုင်မည်” ဆိုသည့်စကားရပ်ကို ရည်ညွှန်းကိုးကားလိုပါကြောင်း၊ အဆိုပါ သဘောတရားသည် လက်ရှိ မြန်မာပြည်သူများ၏ တရားဥပဒေအား အရေးတကြီး လိုအပ်နေသည့်အခြေအနေနှင့်လည်း ကိုက်ညီပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ရက်စက် ကြမ်းကြုတ်သော ရာဇဝတ်မှုများကို နေ့စဉ် ကျူးလွန်နေချိန်တွင် တရားမျှတမှု ဖော်ဆောင်ရေးကို နှောင့်နှေးစေ၍ မရပါကြောင်း၊
(ဏ) အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးအနေဖြင့် အကြမ်းဖက် စစ်ရာဇဝတ်သား မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် ဆုံးဖြတ်ချက်အား ချက်ချင်းချမှတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း၊ ထို့အပြင် စစ်အာဏာရှင်စနစ် အဆုံးသတ်ရန်၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန်နှင့် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး တရားမျှတသော အနာဂတ်ကို ရရှိစေရန် မြန်မာပြည်သူများ၏ ကြိုးပမ်းမှုတွင် အဖွဲ့ဝင်နိုင်ငံ အားလုံးအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာ ရပ်တည်ကြရန် တောင်းဆိုလိုပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against the delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at General Debate on Agenda Item74: “The Report of the International Criminal Court”
at the Plenary of the Eightieth Session of UN General Assembly
(New York, 11 November 2025)
Madam President,
At the outset, Myanmar thanks the Secretary-General for his report and the President of the International Criminal Court for her report.
We take note of the notable judicial developments during the reporting period, including the conviction of individuals for war crimes and crimes against humanity, which reaffirms the Court’s essential role in advancing justice and accountability for the gravest international crimes.
Madam President,
The Rome Statute and the International Criminal Court remain central pillars of the contemporary international criminal justice architecture. They embody the collective determination of States to ensure that perpetrators of genocide, crimes against humanity, war crimes, and the crime of aggression are held individually accountable, irrespective of status or position.
Beyond its foundational legal framework, the Court represents a principled commitment to protecting civilians, deterring future atrocities, and upholding the rule of law as an essential safeguard of human dignity. Its victim-centred approach and the principle of complementarity continue to drive meaningful domestic legal reforms while reinforcing the international community’s shared responsibility to end impunity and advance global justice.
Madam President,
In Myanmar, the military junta has continued committing atrocities against the people of Myanmar amounting to war crimes and crimes against humanity.
Clear evidences and facts of such crimes of the military junta are available on the reports of UN as well.
The 2025 Annual Report of the Independent Investigative Mechanism for Myanmar (A/HRC/60/18) reveals that the military’s actions constitute war crimes and crimes against humanity as part of a widespread and systematic attack on the civilian population including indiscriminate air and artillery attacks on civilians across Chin, Kachin, Karenni (Kayah), Kayin, Rakhine, Shan, Sagaing and Magway Regions, as well as systematic torture, sexual violence and the unlawful imprisonment of ten of thousands of civilians, including children.
The Report of the Special Rapporteur on the situation of human rights in Myanmar (A/80/490) further exposes the junta’s ongoing repression and its attempts to manufacture legitimacy through sham elections while weaponizing humanitarian crises.
For over four years since the illegal coup, the military has conducted 3,744 indiscriminate aerial attacks, resulting in 4,135 deaths and the destruction of more than 100,000 private properties including over one thousand schools, clinics and religious buildings. There have been 452 documented massacres, claiming the lives of 4,763 civilians, including women and girls and children.
The National Unity Government of Myanmar had anticipated such heinous crimes against the people of Myanmar by the military junta, and accordingly in order to save live, protect civilians, enable to deter the junta’s further atrocities, bring justice to the victims and end the impunity, Myanmar submitted on 17 July 2021 an Article 12(3) Declaration to the Registrar of the ICC, acknowledging the Court's jurisdiction over crimes committed in our territory since 1 July 2002. Through this declaration, the people of Myanmar have high hopes that the Court will open a preliminary examination or expand the scope of its current investigation.
After over three years, the hope of the people of Myanmar was strengthened by the ICC Prosecutor’s application to the Court in November last year for an arrest warrant against the military junta chief Min Aung Hlaing.
Yet, almost one year now, we have not heard any noticeable progress from the Court on such application by the Prosecutor.
The people’s frustration is growing, and we need an effective and timely action from the ICC.
Why I say so, because the people especially women and girls and children are bearing the brunt of the military junta’s heinous crimes.
This lack of timely action stands in painful contrast to the reality on the ground, where the military junta is taking civilian lives every single minute and waging a relentless campaign of terror against the civilian population through indiscriminate air and artillery attacks, mass killings, arbitrary arrests, torture, sexual violence, and the deliberate destruction of homes, schools, hospitals, and places of worship.
These atrocities have displaced millions and devastated entire communities. They are not random acts of violence, but a coordinated policy aimed at subjugating the people of Myanmar through fear and destruction.
For millions of people enduring atrocity crimes in real time, meaningful and timely action by the Court is not only expected, but essential.
The people of Myanmar especially the victims of the junta’s atrocities deserve justice. The perpetrators must be accountable.
Moreover, time is really of the essence for the people of Myanmar.
Now the military junta is trying to cover up their serious crimes and evade accountability for its atrocities by organizing a sham election process aiming to legitimize its unlawful seizure of power.
Under the circumstances of the junta’s continued atrocities, lack of effective area control, continued arbitrarily detention of political leaders, systemic and widespread violation of human rights, collapse of freedom of expression, severe restriction of information, increased intimidation against the people, and living with constant fear, the junta’s planned so-called election will be a sham and scam one. It will never be free, fair or inclusive.
This deceitful process of the junta’s so-called election will create more violence, more instability in Myanmar and deeper suffering of the people of Myanmar.
As such, this so-called election of the military junta must be categorically rejected.
I appeal to the international community and the UN member states to strongly reject this junta’s planned sham election.
Madam President,
In conclusion, as distinguished Prosecutor Benjamin Ferencz reminded us, “There can be no peace without justice, no justice without law, and no law without a court that can decide what is just and lawful.”
This principle carries particular urgency for the people of Myanmar. Justice cannot be delayed when atrocity crimes are being carried out every day across Myanmar.
The ICC’s decision to issue an arrest warrant against criminal junta’s Chief Min Aung Hlaing must be now.
Moreover, we call on all Member States to stand firmly with the people of Myanmar in our struggle to end military dictatorship, establish a genuine federal democratic union and secure a peaceful and just future for our nation and our people.
I thank you.












