top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun under agenda Item 84 at 6C of 78th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, under agenda Item 84: The Scope and Application of the Principle of Universal Jurisdiction at the Sixth Committee of the Seventy-Eighth session of UN General Assembly, held on 16 October 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆဋ္ဌမကော်မတီအစည်းအဝေးတွင် မည်သည့်တရားရုံးတွင်မဆို တရားစီရင်နိုင်သည့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်ပယ်နှင့် အခြေခံသဘောတရား အသုံးချမှု ခေါင်းစဉ်အောက်မှ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်တပ်၏ တရားမဝင်အာဏာသိမ်းထားမှု အခြေအနေတွင် မြန်မာနိုင်ငံ အတွင်း ဖြစ်ပွားသည့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများအား ပြည်တွင်းစုံစမ်းစစ်ဆေးရန် သင့်လျော်မှုမရှိသည်ကို နားလည်ကြောင်း၊ စစ်တပ် ကိုယ်တိုင်ကပင် တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီးခဲ့ပြီး ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ အလွန်အမင်း တိုက်ခိုက်လျက်ရှိ၊ တစ်ဖက်တွင်လည်း စစ်တပ် အနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို တွင်တွင်ကျယ်ကျယ် အကျိုးခံစားလျက်ရှိကြောင်း ထောက်ပြခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်)


၁။ နယူးယောက်မြို့တွင် ကျင်းပလျက်ရှိသော ကုလသမဂ္ဂ အထွေထွေညီလာခံ ဥပဒေရေးရာ ကော်မတီ (ဆဋ္ဌမကော်မတီ) တွင် ၁၆-၁၀-၂၀၂၃ ရက် (တနင်္လာနေ့)၊ နံနက် (၁၀၀၀) နာရီအချိန်၌ မည်သည့် တရားရုံးတွင်မဆို “တရားစီရင်နိုင်သည့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် နယ်ပယ်နှင့် အခြေခံသဘောတရားအသုံးချမှု” ခေါင်းစဉ်အား ဆွေးနွေးခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပါဝင်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-


(က) နိုင်ငံများအနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူမျိုးစုသန့်စင်ရှင်းလင်းရေး (Ethnic Cleansing)၊ လူသားမျိုးနွယ်စု အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု (Crimes Against Humanity) နှင့် စစ်ရာဇဝတ်များ (War Crimes) အပါအဝင် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများအား ကြိုတင် ကာကွယ်ရန်နှင့် အပြစ်ပေးအရေးယူရန် အဓိကတာဝန်ရှိပါကြောင်း၊ ထို့အတူ အဆိုပါရက်စက်ကြမ်း ကြုတ်သည့် ပြစ်မှုများအား ကျူးလွန်သည့် တရားခံများကိုလည်း ယုံကြည်အားကိုးရသည့် တရားဥပေဒစိုးမိုးရေးနှင့် တရားမျှတမှုတို့အပေါ် အခြေခံသည့် ပြည်တွင်းတရားစီရင်ရေးစနစ်များဖြင့် တာဝန်ခံမှုရှိစေရန် လိုအပ်ကြောင်း၊


(ခ) နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂအဖွဲ့အစည်းတို့အနေဖြင့် အမျိုးသားရေးအဆင့်၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသည့် အခြေအနေများတွင် တရားဥပဒေစိုးမိုးရေးအား မြှင့်တင်ရေးနှင့် တရားရေးစနစ်များကို ခိုင်မာအားကောင်းစေရေးတို့အတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း၊


(ဂ) မိမိတို့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) အား နိုင်ငံများ၏ ရာဇဝတ်မှု တရားစီရင်ရေးစနစ်အတွက် အစားထိုးအသုံးပြုရန် ရည်ရွယ်သည့် အခြေခံသဘောတရားအဖြစ် မရှုမြင်ကြောင်း၊ ယင်းအစား ကမ္ဘာလုံးဆိုင်ရာ တရားစီရင် ပိုင်ခွင့်သည် နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးစနစ်အတွက် ဖြည့်စွက်အသုံးချနိုင်မည့် ယန္တယားတစ်ခုသာ ဖြစ်ကြောင်း၊


(ဃ) အထူးသဖြင့် နိုင်ငံများအနေဖြင့် ကြီးလေးသော ရာဇဝတ်များအား ကျူးလွန်သည့် တရားခံများကို ဖမ်းဆီး၍ ပြစ်ဒဏ်ချမှတ်ရန် မစွမ်းဆောင်နိုင်သည့် အခြေအနေ သို့မဟုတ် စွမ်းဆောင်ရန် ဆန္ဒမရှိသည့် အခြေအနေမျိုးတွင် (သို့မဟုတ်) ပြည်တွင်း တရားဥပဒေ စိုးမိုးမှုပျက်စီးနေပြီး ပြစ်ဒဏ်ကင်းလွတ်မှု ပြဿနာကိုလည်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီကဲ့သို့သော အခွင့်အာဏာရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများက ဖြေရှင်းပေး နိုင်ခြင်း မရှိသည့်အခါ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံသဘောတရားအား အသုံးချရန် လိုအပ်ကြောင်း၊


(င) ဖော်ပြပါအခြေအနေမျိုးတွင် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သည် ရာဇဝတ်ဆိုင်ရာ တာဝန်ခံမှုရှိရေးနှင့် ကြီးလေးသော ရာဇဝတ်မှုကြောင့် နစ်နာရသူများအတွက် တရားမျှတမှု ဖော်ဆောင်ရာတွင် သင့်လျော်သည့် ယန္တရားတစ်ခုပင်ဖြစ်ကြောင်း၊


(စ) အဆိုပါ အခြေခံသဘောတရားအား အလွဲသုံးစားပြုခြင်း၊ ၎င်းအား အသုံးချရာတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေအပေါ်တွင်သာမက နိုင်ငံတကာဆက်ဆံရေးအား လုပ်ဆောင်ရာတွင် ဥပဒေနှင့် နိုင်ငံရေးအရ အကျိုးသက်ရောက်မှု ရှိလာနိုင်သည့်အပေါ် မိမိတို့အနေဖြင့် အခြားနိုင်ငံများနည်းတူ စိုးရိမ်မှုရှိပါကြောင်း၊


(ဆ) ဤနေရာတွင် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် နယ်ပယ်နှင့် အခြေခံသဘောတရား တို့အား တိကျစွာ သတ်မှတ်ရန်နှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား တိုက်ဖျက်ရာတွင် ကုလသမဂ္ဂပဋိညာဉ်စာတမ်း (UN Charter) အပါအဝင် အပြည်ပြည်ဆိုင်ရာဥပဒေအား လေးစားလိုက်နာလျက် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အား မည်ကဲ့သို့ ထိရောက်စွာ ဖြည့်စွက်အသုံးချမည်ကို သတ်မှတ်ရေးတို့က အရေးကြီးသည့် အချက်ပင်ဖြစ်ကြောင်း၊


(ဇ) ထို့ကြောင့် ယခုခေါင်းစဉ်အား ဆဋ္ဌမကော်မတီတွင် ဆက်လက်ဆွေးနွေးရန် တိုက်တွန်း သကဲ့သို့ အပြည်ပြည်ဆိုင်ရာဥပဒေကော်မရှင် (International Law Commission) အနေဖြင့်လည်း ယခုခေါင်းစဉ်အား ရေရှည်အစီအစဉ်မှ လက်ရှိသို့ ပြောင်းလဲဆွေးနွေးစေ လိုကြောင်း၊


(ဈ) မိမိတို့အနေဖြင့် မိမိတို့နိုင်ငံ၏ အတွေ့အကြုံအပေါ် အခြေခံ၍ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံသဘောတရားအား အသုံးချရန် တွန်းတွန်းတိုက်တိုက် ထောက်ခံရခြင်းဖြစ်ကြောင်း၊


(ည) အပြစ်မဲ့ပြည်သူများ၏ အသက်ကို ကယ်တင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံးတို့အနေဖြင့် ထိရောက်သော ဆုံးဖြတ်ချက်များကို အချိန်မီ ချမှတ်ရန် ပျက်ကွက်နေချိန်တွင် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံသဘော တရားအား အသုံးချခြင်းက လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံးတို့၏ လုပ်ငန်းများကို အထောက်အကူပြုနိုင်ရုံမျှမက ပြစ်ဒဏ်ကင်းလွတ်ခြင်းနှင့် ပြစ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေးတို့နှင့် စပ်လျဉ်း၍ လုံခြုံရေးကောင်စီမှ အချိန်မီထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန်လည်း အားဖြည့်ပံ့ပိုးပေးနိုင်မည် ဖြစ်ကြောင်း၊


(ဋ) မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်၍ မိမိအနေဖြင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ခေါင်းစဉ်အောက်မှ မိမိ၏ ဆွေးနွေးမှုကို ပြန်လည် အမှတ်ရစေလိုကြောင်း၊


(ဌ) တရားမဝင် အာဏာသိမ်းစစ်တပ်သည် ၂၀၂၁ ခုနှစ်အတွင်း မတရားစစ်အာဏာ သိမ်းခဲ့သည့် အချိန်မှစ၍ မြန်မာနိုင်ငံတဝှမ်းရှိ အရပ်သားပြည်သူတစ်ရပ်လုံးအပေါ် ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်လျက်ရှိကြောင်း၊ စစ်တပ်နှင့် ၎င်း၏တပ်ဖွဲ့ဝင်များ အနေဖြင့် အရှိန်အဟုန် မြင့်တက်လာသည့် ပြည်သူများ၏ တရားသော ခုခံတော်လှန်မှု အား ထိန်းချုပ်နိုင်ခြင်းမရှိသည်နှင့်အမျှ ၎င်းတို့သည် (၁) ပြည်သူများအပေါ် အဆင်အခြင် မဲ့သော လေကြာင်းတိုက်ခိုက်မှုများဖြင့် တိုက်ခိုက်ခြင်း၊ (၂) လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို အဖန်ဖန်တလဲလဲ ကျူးလွန်ခြင်းနှင့် (၃) လူနေအိမ်များနှင့် ပြည်သူများ၏ ပိုင်ဆိုင်မှုများကို အလုံးစုံမီးရှို့ဖျက်ဆီးခြင်းဟူသော စစ်ရေးနည်းဗျူဟာ (၃) ခုဖြင့် ပြည်သူများအပေါ် စနစ်တကျ တွင်ကျယ်စွာ အသုံးပြုတိုက်ခိုက်လျက်ရှိကြောင်း၊


(ဍ) ယနေ့အချိန်အထိ အရပ်သား (၄,၁၀၀) ကျော် သေဆုံးခဲ့ရပြီး ၁.၇ သန်းခဲ့သော ပြည်သူများ သည် နေအိမ်များမှ ရှောင်ပြေးစွန့်ခွာနေရကြောင်း၊ သို့ဖြစ်ရာ ပြည်တွင်းနေရပ်စွန့်ခွာသူ (၂) သန်းနီးပါး ရှိနေပြီဖြစ်ကြောင်း၊ ထို့ပြင် နေအိမ်အလုံးပေါင်း (၇၅,၀၀၀) ကျော်မှာလည်း မီးရှို့ခြင်း သို့မဟုတ် ဖျက်ဆီးခံခဲ့ရကြောင်း၊ နိုင်ငံတဝှမ်းတွင်လည်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကို စစ်တပ်က ကျူးလွန်ခဲ့ပြီးဖြစ်ကြောင်း၊​ အနီးစပ်ဆုံး လူမဆန်သည့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ လွန်ခဲ့သော ရက်သတ္တပတ် အတွင်းက ဖြစ်ပွားခဲ့ ကြောင်း၊ စစ်တပ်သည် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ မုန်လိုက်ခက် စစ်ဘေးရှောင်စခန်းကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၃၀) အသက်သေဆုံး ခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် ကလေးငယ် (၁၃) ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ လည်း များပြားကြောင်း၊


(ဎ) မြန်မာနိုင်ငံတွင် စစ်တပ်မှ ကျူးလွန်ခဲ့သည့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှု များအတွက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (United Nations Independent Investigative Mechanism for Myanmar - IIMM) က ခိုင်မာသော သက်သေအထောက်အထားများကို စုဆောင်းထိန်းသိမ်းထားပါကြောင်း၊ အဆိုပါယန္တရားမှ ပြုစုထားသည့် အမှုတွဲဖြစ်စဉ်များနှင့် သက်သေအထောက်အထား များကို လက်ရှိ နိုင်ငံတကာတရားစီရင်ရေး လုပ်ငန်းစဉ်များတွင်သာမက ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အသုံးချမှုအပါအဝင် အနာဂတ်အမျိုးသားရေးနှင့် အပြည်ပြည်ဆိုင်ရာ တာဝန်ခံမှုရှိရေး ကြိုးပမ်းအားထုတ်မှုများတွင်ပါ အသုံးပြုနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊


(ဏ) လက်ရှိအနေအထားများအရ စစ်တပ်၏ တရားမဝင် အာဏာသိမ်းထားမှု အခြေအနေတွင် မြန်မာ နိုင်ငံ အတွင်း ဖြစ်ပွားသည့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများအား ပြည်တွင်းစုံစမ်းစစ်ဆေးရန် သင့်လျော်မှုမရှိသည်ကို နားလည်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် စစ်တပ်ကိုယ်တိုင်ကပင် တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီးခဲ့ပြီး ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ အလွန်အမင်း တိုက်ခိုက်လျက်ရှိသောကြောင့် ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း စစ်တပ်အနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို တွင်တွင်ကျယ်ကျယ် အကျိုးခံစားလျက်ရှိကြောင်း၊


(တ) မြန်မာနိုင်ငံအရေးကိစ္စအတွက် လုံလောက်ခိုင်မာသည့် သက်သေအထောက်အထားများ ရှိနှင့်ပြီး ပြည်သူများမှလည်း အရေးယူဆောင်ရွက်ပေးရန် အထပ်ထပ်အခါခါ ပြင်းပြင်းပြပြ တောင်းဆိုနေသည့်တိုင် လုံခြုံရေးကောင်စီအနေဖြင့် လေးလေးနက်နက်နှင့် ထိရောက်စွာ အရေးယူကိုင်တွယ်ဖြေရှင်းပေးခြင်း မရှိသေးကြောင်း၊


(ထ) မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထွန်းကား၍ တရားဥပဒေစိုးမိုးမှုရှိပြီး တရားမျှတမှု ကျင့်သုံးသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား တည်ထောင်နိုင်သည့်အချိန်အထိ လက်ရှိ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် သက်ဆိုင်သည့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အမှုများအတွက် မိမိတို့ပြည်သူများ၏ ထောက်ခံမှုကို ရရှိသင့်ပြီး နစ်နာသူများ၏ အသံကိုလည်း ကြားနာခွင့်ရရှိသင့်ကြောင်း၊


(ဒ) မိမိတို့အနေဖြင့် စစ်တပ်မှ ယခင်က ကျူးလွန်ခဲ့ပြီး ယခုတိုင် ကျူးလွန်လျက်ရှိသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် ကောင်းမွန်သော စိတ်ဆန္ဒဖြင့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အား အသုံးပြုခြင်းကို ထောက်ခံအားပေးပါကြောင်း၊ ထို့နည်းတူ ကုလသမဂ္ဂ၊ အထူးအားဖြင့် လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအား ထိရောက်စွာနှင့် အချိန်မီအရေးယူ ဆောင်ရွက်ပေးခြင်းဖြင့် အပြစ်မဲ့အရပ်သား ပြည်သူများ၏ အသက်ကို ကယ်တင်ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံအပေါ် မပျက်ကွက်ရန် ထပ်လောင်း တိုက်တွန်းတောင်းဆိုလိုပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations

agenda Item 84: The Scope and Application of the Principle of Universal Jurisdiction at the Sixth Committee of the Seventy-Eighth session of UN General Assembly


(New York, 16 October 2023)


Mr. Chair,


At the outset, I wish to thank the Secretary-General for his comprehensive report on this agenda item.


Mr. Chair,


States have primary responsibility for the prevention and punishment of serious international crimes including genocide, ethnic cleansing, crimes against humanity and war crimes. First and foremost, perpetrators of these atrocity crimes must be held accountable through the credible national judicial systems based on the rule of law and justice.


The international community and the United Nations can and should play an important role in promoting the rule of law and strengthening justice systems at the national levels especially in conflict situations.


We are of the view that universal jurisdiction is not a principle that is intended to replace criminal justice system of states. Instead, it is a complementary tool of international criminal justice system.


The application of the principle of universal jurisdiction is an important, sometimes necessary, to be exercised particularly when states are unable or unwilling to conduct credible prosecutions for serious crimes and hold the perpetrators accountable, or when the domestic rule of law has been destroyed and widespread impunity is not addressed by the competent international bodies like the UN Security Council. In such situations, the principle of universal jurisdiction can be an appropriate mechanism to promote criminal accountability and bring justice for victims of grave crimes.


Mr. Chair,


My delegation shares concerns regarding the potential abuse of this principle and its legal and political implications on the international law and the conduct of international relations. The important issue is to determine what the scope of the principle of universal jurisdiction is and how it can be applied to effectively complement combating impunity while abiding by the international law including the UN Charter.


In this regard, we urge the continued deliberation of this topic within the Committee. We would welcome it if the International Law Commission moves the topic from its long-term programme to its current one.


Mr. Chair, Distinguished delegates,

Based on our nation’s own continued experience, my delegation said so to strongly support the application of the principles of universal jurisdiction.

We believe that in the absence of timely and decisive action from the UN Security Council and the ICC to save lives of innocent civilians, the application of the principle of universal jurisdiction at the international level will not only complement the work of the UN Security Council and the ICC but also encourage further strengthening effectiveness and timeliness of the UN Security Council’s action on the matters related to ending impunity and bringing perpetrators accountable.


You may recall my intervention about the situation of my country Myanmar under the agenda of the crimes against humanity.


Since the military coup in 2021, the illegal military junta has been conducting a campaign of brutal violence against the civilian population of Myanmar across the country. The military and security forces, unable to contain the growing resistance, use three specific tactics in a widespread and systematic manner: indiscriminate airstrikes against the civilian populations, repeated massacres, intentional wholesale burning of residential homes and properties.


So far, the military junta forces have murdered over 4,100 civilians since the coup. About 1.7 million people have been driven out of their homes by the military indiscriminate attacks on the civilian population. The total number of IDPs is now nearly 2 million. More than 75,000 homes burnt down or destroyed. Multiple massacres have been committed by the military forces across the country. The latest inhumane massacre was just a week ago. The military pursued aerial attacks on Munglai Hkyet IDP camp in Laiza, Kachin State, killing 30 civilians including 13 children and injuring many more.


The evidence of serious international crimes being committed in Myanmar is being collected and preserved by the United Nations Independent Investigative Mechanism for Myanmar (IIMM). We hope the case files and evidence packages prepared by the Mechanism will be made available not only to the current international judicial proceedings, but also to future national and international accountability efforts including universal jurisdiction applications.


We acknowledge that in Myanmar there is no environment for credible investigations into the allegations of serious international crimes under the illegal military junta, which itself has destroyed the rule of law and been mounting brutality against the people of Myanmar. Subsequently, military impunity is widespread.


The Security Council has not addressed the issue effectively and seriously despite the overwhelming evidence and repeated calls from the people of Myanmar. Until the people of Myanmar restores democracy and establishes the rule of law and justice under the Federal Democratic governance, ongoing universal jurisdiction cases regarding the military junta’s atrocities should have our support and the victims’ voices should be heard.


We support any good-faith exercise of universal jurisdiction to hold the military junta accountable for their past and ongoing atrocities.


At the same time, I wish to again urge the UN in particular the UN Security Council to address the issue of Myanmar effectively and take decisive action timely to save lives of innocent civilians and not to fail Myanmar.


I thank you.



*****











Comments


bottom of page