Statement by Ambassador Kyaw Moe Tun, at the High-level meeting on violence against women and girls of the 70th Session of the Commission on the Status of Women
- Myanmar Mission To UN

- 5 minutes ago
- 5 min read



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the High-level meeting on violence against women and girls of the 70th Session of the Commission on the Status of Women on 12 March 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
(၇၀) ကြိမ်မြောက် Commission on the Status of Women အစည်းအဝေး၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုဆိုင်ရာ အဆင့်မြင့်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် စစ်အုပ်စုက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရား စစ်အာဏာသိမ်းပြီးနောက် အရပ်သား ပြည်သူလူထုတစ်ရပ်လုံးအပေါ် စနစ်တကျ ကျူးလွန်သည့် အကြမ်းဖက်မှုများမှာ ကြီးထွားလာခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်မှုများသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ်၌ အချိုးမညီမျှစွာနှင့် သာလွန်ရက်စက်စွာ ကျရောက်လျက်ရှိ၊
စစ်အုပ်စုမှ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန် သည့် လိင်ပိုင်းနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများ အပါအဝင် အခြားသော ရက်စက် ကြမ်းကြုတ်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်၊
စစ်အုပ်စု၏ ရူးသွပ်စွာ အာဏာတပ်မက်မှုကြောင့် ဖြစ်ပေါ်လာရသည့် လူကဖန်တီးသော ဘေးဆိုးအန္တရာယ် ထုထည်မှာ အံ့မခန်း ကြီးထွားလာနေ၊
အဆိုပါ ရက်စက်ကြမ်းကြုတ်မှုများ ရင်ဆိုင်နေရချိန်တွင် မြန်မာအမျိုးသမီးများ၏ ကြံ့ခိုင်မှုသည် မိမိတို့အတွက် တန်ဖိုးမဖြတ်နိုင်သော ပိုင်ဆိုင်မှုပင်ဖြစ်၊
မြန်မာ အမျိုးသမီးများ ဦးဆောင်သည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ စုပေါင်း ထုတ်ဝေသည့် မြန်မာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ရပ်တည်ချက်စာတမ်းကို စတင် ဖြန့်ဝေနိုင်ခဲ့သည့် သတင်းကောင်းကို မျှဝေလို၊ အဆိုပါ ရပ်တည်ချက် စာတမ်းတွင် လုံခြုံရေးကဏ္ဍအတွက် စုပေါင်း မျှော်မှန်းချက်နှင့် စစ်အာဏာရှင်ကင်းစင်သော အနာဂတ်နိုင်ငံတော် ဖြစ်ပေါ်လာရေးဆန္ဒတို့ကို အလေးထား ဖော်ပြထား၊
အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများအနေဖြင့် တရားမျှတမှု ရရှိရေးအတွက် ပဋိပက္ခ ပြီးဆုံးမည့်အချိန်ကို စောင့်ဆိုင်း မနေ၊ နစ်နာသူနှင့် တာဝန်ခံမှုတို့ကို ဗဟိုပြုသည့် ကြားကာလ တရားစီရင်ရေး ဖွဲ့စည်းတည်ဆောက်မှုများကို ဝိုင်းဝန်း ဖော်ဆောင်နေပြီဖြစ်၊ ယင်းမှာ တော်လှန်ရေးကာလ တွင်ပင် အသက်ရှင်ကျန်ရစ်သူများ၏ အသံအား ထုတ်လွှင့်နိုင်ရန်နှင့် ၎င်းတို့၏ အခွင့်အရေးများအား အကာအကွယ်ပေးအပ်ရန် ရည်ရွယ်၊
မြန်မာစစ်အုပ်စုမှ အချိန်ကာလကြာမြင့်စွာ အကျိုးခံစားလာခဲ့သည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အပြီးတိုင် ချေဖျက်ရမည်ဖြစ်၊
စစ်အုပ်စု၏ နေ့စဉ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက် ကျူးလွန်ခွင့်မရရှိစေရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ၎င်းတို့ထံ စီးဆင်းနေသည့် လက်နက်၊ ခဲယမ်းနှင့် လေယာဉ်ဆီများအပေါ် ပစ်မှတ်ထားသည့် ထိရောက်သော အရေးယူပိတ်ဆို့မှုများ
ချမှတ်ဖြတ်တောက်သင့်၊
စစ်အုပ်စုအား ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲများကို အသုံးချ၍
၎င်းတို့ကျူးလွန်ထားသည့် နိုင်ငံတကာရာဇဝတ်မှုများကို ဖုံးအုပ်ခွင့် မပေးအပ်သင့်၊
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ်
အကြမ်းဖက်မှုများ၏အဓိကဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်ပင်ဖြစ်၊
မိမိတို့အနေဖြင့် အမျိုးသမီး များ နှင့် မိန်းကလေးငယ်များ၏ လုံခြုံမှုနှင့် အခြေခံ အခွင့်ရေးများကို တရားဥပဒေနှင့် လက်တွေ့ အကာအကွယ်ပေးသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား တည်ထောင်မည့် ကတိကဝတ်များကို ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်)
၁။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် (၇၀) ကြိမ်မြောက် Commission on the Status of Women (CSW) အစည်းအဝေး၌ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပါ် အကြမ်းဖက်မှုဆိုင်ရာ အဆင့်မြင့် အစည်းအဝေး (High-level meeting on violence against women and girls) ကို ၁၂-၃-၂၀၂၆ ရက်နေ့တွင် ကျင်းပခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။
၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အချက်များ အဓိက ပါဝင်ပါသည်-
(က) အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးအား ကာကွယ်မြှင့်တင်ပေးရန် ဆယ်စု နှစ်များစွာတိုင် တည်ဆောက်ထားပြီးဖြစ်သောယန္တရားများ ရှိသည့်အကြားက ၎င်းတို့အပေါ် ကြီးလေးသော ရာဇဝတ်မှုများ ဆက်လက် ကျူးလွန်နေခြင်းကို တွေ့မြင်နေရပါကြောင်း၊
(ခ) မြန်မာနိုင်ငံ၌ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများသည်ပင် ထင်ရှားသည့် သာဓကဖြစ်ကြောင်း၊
(ဂ) မြန်မာနိုင်ငံတွင် စစ်အုပ်စုက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရား စစ်အာဏာသိမ်းပြီးနောက် အရပ်သား ပြည်သူလူထုတစ်ရပ်လုံးအပေါ် စနစ်တကျ ကျူးလွန်သည့် အကြမ်းဖက်မှုများမှာ ကြီးထွားလာခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်မှုများသည် အမျိုးသမီးများနှင့် မိန်းကလေးငယ် များအပေါ်၌ အချိုးမညီမျှစွာနှင့် သာလွန်ရက်စက်စွာ ကျရောက်လျက်ရှိကြောင်း၊
(ဃ) ကုလသမဂ္ဂ၏ အစီရင်ခံစာများတွင် ရာဇဝတ်ကောင်များမှ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ် မှုများကို ကြိမ်ဖန်များစွာ သတိပေး ဖော်ပြထားကြောင်း၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားပင်လျှင် ၎င်းတို့ ကောက်ယူစုဆောင်းရရှိထားသည့် သက်သေအထောက်အထားများအပေါ် အခြေခံကာ စစ်အုပ်စုမှ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန် သည့် လိင်ပိုင်းနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများ အပါအဝင် အခြားသော ရက်စက် ကြမ်းကြုတ်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု မြောက်သည်ဟု အတည်ပြုထားကြောင်း၊
(င) မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆိုးရွားသော ပကတိအခြေအနေမှာ ငြင်း၍မရပါကြောင်း၊
(စ) စစ်အုပ်စုက အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းကို စစ်လက်နက်တစ်ခုသဖွယ် ရည်ရွယ် ချက် ရှိရှိ အသုံးချလျက်ရှိကြောင်း၊ တိုင်းရင်းသားဒေသများတွင် နေထိုင်သည့် အမျိုးသမီးများ အနေဖြင့် အဆိုပါ ထိတ်လန့်ဖွယ် ဖြစ်စဉ်များကို လွန်ခဲ့သော ဆယ်စုနှစ်များကတည်းက ရင်ဆိုင်ခဲ့ရကြောင်း၊ ယနေ့တွင် အဆိုပါထိတ်လန့်ဖွယ်ဖြစ်စဉ်များမှာ နိုင်ငံတစ်နံတစ်လျားသို့ ပျံ့နှံ့နေပြီ ဖြစ်ကြောင်း၊
(ဆ) စစ်အုပ်စု၏ အဓမ္မ တပ်သားစုဆောင်းမှုသည် လက်ရှိ အကျပ်အတည်းကို ပိုမို ဆိုးရွားစေလျက်ရှိ ကြောင်း၊ အဆိုပါ အဓမ္မ တပ်သားစုဆောင်းမှုက အမျိုးသမီးများအား မတရား ဖမ်းဆီးခံရမည့် အန္တရာယ်နှင့် အလွဲသုံးစားပြုခံရမည့် အန္တရာယ်အကြား ထိတ်လန့်စွာ နေထိုင်နေရသည့် အခြေအနေသို့ တွန်းပို့လျက်ရှိကြောင်း၊
(ဇ) ထို့ပြင် (၁၀.၄) သန်းကျော်သော အမျိုးသမီးများနှင့် မိန်းကလေးငယ်များအနေဖြင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများကို အရေးပေါ် လိုအပ်လျက်ရှိပြီး သန်းပေါင်းများစွာသော ဒုက္ခသည်များလည်း နေရပ်စွန့်ခွာနေရချိန်တွင် စစ်အုပ်စု၏ ရူးသွပ်စွာ အာဏာတပ်မက်မှုကြောင့် ဖြစ်ပေါ်လာရသည့် လူကဖန်တီးသော ဘေးဆိုးအန္တရာယ် ထုထည်မှာ အံ့မခန်း ကြီးထွားလာနေကြောင်း၊
(ဈ) အဆိုပါ ရက်စက်ကြမ်းကြုတ်မှုများ ရင်ဆိုင်နေရချိန်တွင် မြန်မာအမျိုးသမီးများ၏ ကြံ့ခိုင်မှုသည် မိမိတို့အတွက် တန်ဖိုးမဖြတ်နိုင်သော ပိုင်ဆိုင်မှုပင်ဖြစ်ကြောင်း၊
(ည) ယနေ့တွင် မြန်မာအမျိုးသမီးများ ဦးဆောင်သည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ စုပေါင်း ထုတ်ဝေသည့် မြန်မာအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရပ်တည်ချက်စာတမ်းကို စတင် ဖြန့်ဝေနိုင်ခဲ့သည့် သတင်းကောင်းကို မျှဝေလိုကြောင်း၊ အဆိုပါ ရပ်တည်ချက်စာတမ်းသည် မြန်မာအမျိုးသမီးများ ဦးဆောင်သည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ စုပေါင်းအားထုတ် ကြိုးပမ်းမှုဖြစ်ပြီး လုံခြုံရေးကဏ္ဍအတွက် စုပေါင်းမျှော်မှန်းချက်နှင့် စစ်အာဏာရှင်ကင်းစင်သော အနာဂတ်နိုင်ငံတော်ဖြစ်ပေါ်လာရေး ဆန္ဒတို့ကို အလေးထား ဖော်ပြထားကြောင်း၊
(ဋ) အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများအနေဖြင့် တရားမျှတမှုရရှိရေးအတွက် ပဋိပက္ခပြီးဆုံးမည့်အချိန်ကို စောင့်ဆိုင်း မနေကြောင်း၊
(ဌ) မိမိတို့အနေဖြင့် နစ်နာသူနှင့် တာဝန်ခံမှုတို့ကို ဗဟိုပြုသည့် ကြားကာလ တရားစီရင်ရေး ဖွဲ့စည်း တည်ဆောက်မှုများကို ဝိုင်းဝန်းဖော်ဆောင်နေပြီဖြစ်ကြောင်း၊ ယင်းမှာ တော်လှန်ရေးကာလတွင်ပင် အသက်ရှင်ကျန်ရစ်သူများ၏ အသံအား ထုတ်လွှင့်နိုင်ရန်နှင့် ၎င်းတို့၏အခွင့်အရေးများအား အကာအကွယ်ပေးအပ်ရန် ရည်ရွယ်ကြောင်း၊
(ဍ) သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်းအနဖြင့် မြန်မာအမျိုးသမီးများ၏ ရဲစွမ်းသတ္တိနှင့် ပြတ်သားသော ဆုံးဖြတ်ချက်တို့ကို အင်အားဖြည့်တင်းပေးရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း၊
(ဎ) မိမိတို့အနေဖြင့် အမှန်တကယ် ရလဒ်ရမည့် တာဝန်ခံမှုကို စာအလင်္ကာများဖြင့် ပြသသည့် စိုးရိမ်ပူပန်မှုများဖြင့် အစားထိုးရန် ခွင့်မပြုသင့်ကြောင်း၊
(ဏ) မြန်မာစစ်အုပ်စုမှ အချိန်ကာလ ကြာမြင့်စွာ အကျိုးခံစားလာခဲ့သည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အပြီးတိုင် ချေဖျက်ရမည်ဖြစ်ကြောင်း၊
(တ) နိုင်ငံတကာ အလှူရှင်များအနေဖြင့်လည်း ထောက်ပံ့ကူညီရာ၌ သမရိုးကျလမ်းကြောင်းများကို ကျော်လွန်၍ ကျားမအခြေပြု အကြမ်းဖက်မှုများကို တုံ့ပြန်ရန် ရှေ့တန်း၌ လုပ်ဆောင်နေသော၊ မြေပြင်၌ရှိသော အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အင်အားစုများထံသို့ တိုက်ရိုက်ရောက်ရှိစေရန်၊ စီမံခန့်ခွဲမှု လွယ်ကူစေရန်နှင့် ရေရှည်ဖြစ်စေရန် ပံ့ပိုးပေးသင့်ကြောင်း၊
(ထ) ထို့ပြင် စစ်အုပ်စု၏ နေ့စဉ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန် ခွင့်မရရှိစေရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ၎င်းတို့ထံ စီးဆင်းနေသည့်လက်နက်၊ ခဲယမ်း နှင့် လေယာဉ်ဆီများအပေါ်ပစ်မှတ်ထားသည့် ထိရောက်သော အရေးယူပိတ်ဆို့မှုများ ချမှတ်ကာ ဖြတ်တောက်သင့်ကြောင်း၊
(ဒ) ထို့ထက်ပို၍ မိမိတို့အနေဖြင့် စစ်အုပ်စုအား ၎င်းတို့၏အတုအယောင်ရွေးကောက်ပွဲများကို အသုံးချ၍ ၎င်းတို့ကျူးလွန်ထားသည့် နိုင်ငံတကာရာဇဝတ်မှုများကို ဖုံးအုပ်ခွင့် မပေးအပ်သင့် ကြောင်း၊
(ဓ) မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု များ၏ အဓိက ဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်ပင်ဖြစ်ကြောင်း၊
(န) သို့ဖြစ်ရာ မိမိတို့၏ အန္တိမပန်းတိုင်သည် ပြောင်းလဲမှုမရှိပါကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသမီး များနှင့် မိန်းကလေးငယ်များ၏ လုံခြုံမှုနှင့် အခြေခံ အခွင့်ရေးများကို တရားဥပဒေနှင့် လက်တွေ့ အကာအကွယ်ပေးသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား တည်ထောင်မည့် ကတိကဝတ်များကို ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the
High-level meeting on violence against women and girls of the
70th Session of the Commission on the Status of Women
(New York, 12 March 2026)
Madam Chair, Excellencies, Distinguished Participants,
I am honoured to address this high-level conference on the important issue of violence against women and girls.
Today, the world continues to witness grave crimes committed against women and girls which cause them to suffer despite the existing decades long establishment of various mechanisms to protect and promote their rights.
The challenges faced by our women and girls in Myanmar remains a stark example.
In Myanmar, the military junta has intensified its use of systemic violence against the civilian population, with a disproportionate and brutal focus on women and girls since the illegal military coup in February 2021.
Countless UN reports have repeatedly alarmed us of the atrocities committed by the perpetrators and the reports of the UN Independent Investigative Mechanism for Myanmar (IIMM), based on the evidence it had collected, have also confirmed that the junta’s actions, including widespread sexual and gender-based violence, constitute war crimes and crimes against humanity.
It is the grim reality in Myanmar which no one can deny.
Violence against women is being used as a deliberate tool of war by the military junta. For decades, women in ethnic regions have faced these horrors; today, that reality has expanded across the entire nation.
The junta’s "Conscription Law" has further exacerbated this crisis, forcing women into a state of constant fear of abduction and exploitation. With over 10.4 million women and girls requiring urgent humanitarian assistance and millions displaced, the scale of this man-made catastrophe is staggering.
In the face of these atrocities, the resilience of Myanmar’s women remains our strongest asset. I wish to inform you of the official launch of the Myanmar Women, Peace, and Security (WPS) Position Paper. This landmark document is the result of a unified effort by Myanmar’s women-led civil society organizations, encapsulating their collective security vision and their demand for a future free from military tyranny.
The National Unity Government, Ethnic Resistance Organizations and CSOs are not waiting for the conflict to end to seek justice. Together, we are building interim justice structures that prioritize survivor-centered care and accountability. These efforts ensure that even in the midst of revolution, the voices of survivors are heard, and their rights are protected.
We therefore take this important opportunity to encourage the international community to earnestly match the courage of Myanmar’s women with decisive action.
We cannot allow rhetorical concern to substitute for tangible accountability. The decades long culture of impunity enjoyed by the Myanmar military junta must end once and for all.
International donors must move beyond traditional channels and provide direct, flexible, and sustained support to the frontline CSOs and resistance authorities who are the primary responders to gender-based violence.
Immediate targeted sanctions and a complete halt to the flow of arms and jet fuel must be imposed effectively on the military junta in order to stop the junta's daily atrocities.
Most importantly, we cannot allow the junta to conceal its international crimes through its sham elections. This attempt must be rejected unequivocally by the international community.
The root cause of this violence clearly is the military dictatorship.
Our goal remains unchanged. We will continue to uphold our commitments for the establishment of a genuine federal democratic union where the safety and fundamental rights of every woman and girl are guaranteed by law and upheld in practice.
Thank you.
*****












