top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the General Discussion of the Sixty-fourth Session of the Commission for Social Development

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • 11 hours ago
  • 6 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Discussion of the Sixty-fourth Session of the Commission for Social Development, held on 4 February 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၆၄) ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်၏ အထွေထွေ မိန့်ခွန်းပြောကြားမှုကဏ္ဍတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ (၁) ရက်နေ့၌ စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရအား

ဖယ်ရှားကာ မတရား စစ်အာဏာသိမ်းခဲ့၊ ယခုဆိုလျှင် အဆိုပါ တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု (၅) နှစ်ပင် ကြာမြင့်လာခဲ့ပြီဖြစ်၊

မိမိတို့ပြည်သူများက အဆိုပါအဓမ္မ စစ်အာဏာသိမ်းယူမှုအား တော်လှန်ဖီဆန်ခဲ့သောကြောင့်

စစ်အုပ်စုက လူထုတစ်ရပ်လုံးအပေါ် အကြမ်းဖက်လာခဲ့၊ ၎င်းတို့အနေဖြင့် ယနေ့အထိ နိုင်ငံတစ်ဝန်းတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိ၊


မြန်မာနိုင်ငံတွင် တန်းတူညီတူရှိမှုအစား ခွဲခြားဆက်ဆံမှု၊ အားလုံးပါဝင်မှုအစား ဖယ်ကြဉ်မှု၊

အကာအကွယ်ပေးမှုအစား ညှဉ်းပန်းနှိပ်စက်မှု၊ တင့်တယ်သော အလုပ်အကိုင်များအစား အလုပ်လက်မဲ့ဖြစ်မှု၊ ကောင်းမွန်သော ပညာရေးအစား အယူဝါဒ မှိုင်းတိုက်သွပ်သွင်းမှုနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု ရရှိခြင်းအစား ကျန်းမာရေးစနစ် ပျက်သုဉ်းမှုတို့သာရှိ၊


နိုင်ငံတစ်နိုင်ငံအတွက် အခြေခံကျသည့်ကဏ္ဍများနှင့် မဏ္ဍိုင်များမှာ စစ်ရာဇဝတ်မှုကျူးလွန်သူစစ်အာဏာရှင်များက စစ်လက်နက်သဖွယ်အသုံးချမှုကိုခံနေရကြကာ ယခုအခါ အတုအယောင်ရွေးကောက်ပွဲများ ကျင်းပ၍ ၎င်းတို့ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် နိုင်ငံတကာထံမှ ဖိအားများ လျှော့ချနိုင်ရန် လုပ်ဆောင်နေသည့် တရားခံအုပ်စု၏

ခြယ်လှယ်မှုအောက်သို့ ရောက်ရှိနေ၊


စစ်အုပ်စု ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲများနှင့်

၎င်းတို့မှ အကွက်ချ စီမံ လုပ်ကြံဖန်တီးထားသည့် မဲရလဒ် မမည်ထိုက်သော မဲရလဒ်များသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေသည့် အကျပ်အတည်းများနှင့် အကြမ်းဖက်မှုများအား

ကာလရှည်ကြာအောင် ဆွဲဆန့်ထားမည်မှာ ရှင်းလင်းမြင်သာနေ၊


မြန်မာနိုင်ငံတွင် ပြည်သူများ နေ့စဉ် ပကတိရင်ဆိုင်နေရသည်က

ရက်စက်ကြမ်းကြုတ်မှုများသာဖြစ်၊ လူမှုဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုတရားမျှတမှုတို့ဟူသည်မှာ မြန်မာပြည်သူများအတွက် ဇိမ်ခံအကြောင်းအရာများသာဖြစ်၊ မည်သို့ပင်ဆိုစေကာမူ

မိမိတို့ ပြည်သူလူထုအနေဖြင့် မျှော်လင့်ချက်အား မြဲမြံစွာ ဆုပ်ကိုင်ထားလျက်ရှိ၊


အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊

အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် မိမိတို့အကြား ပူးပေါင်းဆောင်ရွက်မှု၊

သက်ဆိုင်ရာ အဖွဲ့အစည်းအမျိုးမျိုးနှင့် ထိတွေ့ဆက်ဆံမှုနှင့် ပြင်ပအကူအညီတို့ဖြင့် ပြည်သူလူထု ရင်ဆိုင်နေရသည့် ဒုက္ခဆင်းရဲများ လျော့နည်းသွားစေမည့် အစီအစဉ်များကို လုပ်ဆောင်လျက်ရှိ၊


မိမိတို့အနေဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေးမူအပေါ် အခြေခံလျက် မိမိတို့၏ ဖက်ဒရယ် စည်းမျဉ်းများတွင် ချမှတ်ထားသည့်အတိုင်း တရားမျှတမှုနှင့် အားလုံးပါဝင်မှု၊ လူ့အခွင့်အရေးနှင့် ကာကွယ် စောင့်ရှောက်မှု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှုများ၊ ပညာရေးနှင့် လူငယ်ကဏ္ဍတို့ကို ဗဟိုပြု လုပ်ကိုင်ဆောင်ရွက်လျက်ရှိ၊


သို့ရာတွင် မိမိတို့အတွက် ကန့်သတ်ချက်များနှင့် စိန်ခေါ်မှုများက မြင့်တက်လာနေ၊

ကုလသမဂ္ဂ၏ ပံ့ပိုးကူညီမှုက မိမိတို့အတွက် အထူးအရေးပါလျက်ရှိ၊


စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ပါးစေများအား နိုင်ငံတစ်ဝန်းတွင် ၎င်းတို့ကျူးလွန်သည့် ရာဇဝတ်မှု များအတွက် တာဝန်ခံမှု ရှိစေရမည်ဖြစ်၊ ဤနည်းလမ်းတစ်ခုတည်းဖြင့်သာလျှင်

မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ အကျိုးစီးပွားနှင့် ကမ္ဘာ့အကျိုးစီးပွားတို့အား သယ်ပိုးရန်

သန္နိဋ္ဌာန်ချမှတ်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား တည်ဆောက်နိုင်မည့်

ခြေလှမ်းများကို ဆက်လက်လျှောက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်)


၁။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် (၆၄) ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် (Commission for Social Development – CSocD) အစည်းအဝေးအား ၂-၂-၂၀၂၆ ရက်မှ ၁၀-၂-၂၀၂၆ ရက်နေ့အထိ ကျင်းပလျက်ရှိပါသည်။ အဆိုပါ အစည်းအဝေးတွင် အထွေထွေမိန့်ခွန်းပြောကြားမှုကဏ္ဍ၊ (၆၄) ကြိမ်မြောက်အစည်းအဝေး၏ ဦးစားပေးခေါင်းစဉ် “Advancing Social Development and Social Justice through Coordinated, Equitable, and Inclusive Policies” နှင့် ဖြစ်ပေါ်လာသော ပြဿနာများခေါင်းစဉ် “Eradicating Poverty and Ensuring Dignity through Resilient Care and Support Systems” များ ဆိုင်ရာ အဆင့်မြင့်စကားဝိုင်း ဆွေးနွေးမှု (၅) ခု၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ်နှင့် အဆိုမူကြမ်းများ အတည်ပြု ချမှတ်ခြင်းတို့ ပါဝင်ပါသည်။


၂။ အထွေထွေ မိန့်ခွန်းပြောကြားမှုကဏ္ဍတွင် မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၁၁၀)ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ပါဝင်ဆွေးနွေးခဲ့ကြပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၄-၂-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့)၊ မွန်းလွဲပိုင်းတွင် ကျင်းပသည့် အထွေထွေ မိန့်ခွန်းပြောကြားမှုကဏ္ဍ၌ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-

(က) စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များအား ပြည့်မီအောင် အကောင်အထည် ဖော်ဆောင်ရွက်ရန် ရက်ပေါင်း (၁,၇၉၁) ရက်သာ ကျန်ရှိသော်လည်း ကမ္ဘာကြီးအနေဖြင့် ဘက်ပေါင်းစုံသော အကျပ်အတည်းများ အတိုင်းအဆကြီးမားစွာနှင့် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနေသည့် အခြေအနေကို ဆက်လက် ရင်ဆိုင်နေရကြောင်း၊


(ခ) ဘဝအမျိုးမျိုးတွင် ကျင်လည်နေကြသူများ၊ အထူးသဖြင့် ထိရှအလွယ်ဆုံးဖြစ်သော အုပ်စုများ အနေဖြင့် တစ်ကြိမ်တစ်ခါမျှ မတွေ့ကြုံဖူးသော စိန်ခေါ်မှုများအား အဆိုပါအခြေအနေများကြောင့် ဆက်စပ်ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲအကျိုးဆက်များအဖြစ်ရင်ဆိုင်ကျော်လွှားနေကြရကြောင်း၊ ယင်းစိန်ခေါ်မှုများအနက် ကမ္ဘာ့လူမှုဖွံ့ဖြိုးတိုးတက်မှု ယုတ်လျော့လာခြင်းက အခရာကျကြောင်း၊


(ဂ) အနည်းငယ်ထုတ်နုတ်ပြောကြားရမည်ဆိုလျှင် အမျိုးသမီးများနှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ဒုက္ခသည်များ၊ ရွှေ့ပြောင်းနေထိုင်သူများ၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ပဋိပက္ခများအတွင်း ကျရောက်နေသူများအနေဖြင့် မိမိတို့၏ အားနည်းချက်များကြောင့် ဖြစ်ပေါ်လာသည့်ဒဏ်ကို ခါးစည်းခံနေရကြောင်း၊


(ဃ) မြန်မာနိုင်ငံဖြစ်စဉ်သည် ထင်ရှားသည့် သာဓကပင်ဖြစ်ကြောင်း၊


(င) ယခင် ရွေးကောက်ခံအရပ်သားအစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးမှုအား လျှော့ချရန် စီးပွားရေး လွတ်လပ်ခွင့်များ ပေးအပ်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း၊ ကျေးလက် အခြေခံ အဆောက်အဦများအား အဆင့်မြှင့်တင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် တစ်ဦးတစ်ယောက်ချင်းစီ၏ စွမ်းဆောင်ရည်များအား မြှင့်တင်ပေးခြင်းစသည့် အစီအမံများကို ဦးစားပေး ချမှတ်လုပ်ဆောင်ခဲ့ကြောင်း၊ ရလဒ်အဖြစ် အဆိုပါအစိုးရသက်တမ်းတွင် တိုင်းပြည်က တိုးတက်မှု အသီးအပွင့်များ ခံစားခွင့်ရရှိခဲ့ပြီး ပြည်သူများ၏ လူနေမှုအဆင့်အတန်းမှာ မြင့်မားလာခဲ့ကြောင်း၊


(စ) ဝမ်းနည်းရသည်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့၌ စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရအား ဖယ်ရှားကာ မတရား စစ်အာဏာသိမ်းခဲ့ကြောင်း၊ ယခုဆိုလျှင် အဆိုပါ တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု (၅) နှစ်ပင် ကြာမြင့်လာခဲ့ပြီဖြစ်ကြောင်း၊


(ဆ) မိမိတို့ပြည်သူများက အဆိုပါ အဓမ္မ စစ်အာဏာသိမ်းယူမှုအား တော်လှန်ဖီဆန်ခဲ့သောကြောင့် စစ်အုပ်စုက လူထုတစ်ရပ်လုံးအပေါ် အကြမ်းဖက်လာခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ယနေ့အထိ နိုင်ငံတစ်ဝန်းတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း၊


(ဇ) မတရား စစ်အာဏာသိမ်းခဲ့ချိန်မှစတင်၍ အရပ်သားပြည်သူ (၇,၇၀၀) ကျော်အထိ စစ်အုပ်စု၏ သတ်ဖြတ်ခံခဲ့ရပြီး၊ ယင်းတွင် အမျိုးသမီးအယောက် (၂,၆၀၀)၊ ကလေးသူငယ် (၁,၃၀၀) နှင့် လူငယ်လူရွယ် (၂,၇၀၀) တို့ ပါဝင်ကြောင်း၊


(ဈ) ယနေ့စစ်တမ်းများအရ မြန်မာနိုင်ငံတွင်နေရပ်စွန့်ခွာနေထိုင်သူ ၃.၆ သန်းကျော်ရှိပြီး လူသားချင်း စာနာထောက်ထားမှုအကူအညီ လိုအပ်နေသူ သန်းပေါင်း(၂၂) သန်းခန့်အထိရှိကြောင်း၊ ၎င်းတို့အနက် ၁၀.၄ သန်းခန့်မှာ အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် LGBTIQ+ အုပ်စုတို့ဖြစ်ကြောင်း၊


(ည) မြန်မာနိုင်ငံတွင် တန်းတူညီတူရှိမှုအစား ခွဲခြားဆက်ဆံမှု၊ အားလုံးပါဝင်မှုအစား ဖယ်ကြဉ်မှု၊ အကာအကွယ်ပေးမှုအစား ညှဉ်းပန်းနှိပ်စက်မှု၊ တင့်တယ်သောအလုပ်အကိုင်များအစား အလုပ် လက်မဲ့ဖြစ်မှု၊ ကောင်းမွန်သောပညာရေးအစား အယူဝါဒမှိုင်းတိုက်သွပ်သွင်းမှုနှင့် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုရရှိခြင်းအစား ကျန်းမာရေးစနစ် ပျက်သုဉ်းမှုတို့သာရှိကြောင်း၊ အဆိုးဆုံးမှာ စစ်အုပ်စု၏ ညံ့ဖျင်းမှုကြောင့် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုအား တစ်ဖန်ပြန်လည် မြင့်တက်စေခြင်းပင်ဖြစ်ပြီး ယခုအခါမြန်မာပြည်သူလူဦးရေ၏တစ်ဝက်မှာ တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်အောက်သို့ ကျရောက်နေပြီဖြစ်ကြောင်း၊


(ဋ) အထူးသဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံတစ်နိုင်ငံအတွက်အခြေခံကျသည့်ကဏ္ဍများနှင့် မဏ္ဍိုင်များမှာ စစ်ရာဇဝတ်မှုကျူးလွန်သူစစ်အာဏာရှင်များက စစ်လက်နက်သဖွယ်အသုံးချမှုကို ခံနေရကြကာ ယခုအခါ အတုအယောင်ရွေးကောက်ပွဲများ ကျင်းပ၍ ၎င်းတို့ကျူးလွန်သည့် ရက်စက် ကြမ်းကြုတ်မှုများအတွက် နိုင်ငံတကာထံမှ ဖိအားများ လျှော့ချနိုင်ရန် လုပ်ဆောင်နေသည့် တရားခံအုပ်စု၏ ခြယ်လှယ်မှုအောက်သို့ ရောက်ရှိ နေကြောင်း၊


(ဌ) သို့ဖြစ်ရာ စစ်အုပ်စု ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲများနှင့် ၎င်းတို့မှ အကွက်ချ စီမံ လုပ်ကြံဖန်တီးထားသည့် မဲရလဒ် မမည်ထိုက်သော မဲရလဒ်များသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေသည့် အကျပ်အတည်းများနှင့် အကြမ်းဖက်မှုများအား ကာလရှည်ကြာအောင် ဆွဲဆန့်ထားမည်မှာ ရှင်းလင်းမြင်သာနေပါကြောင်း၊


(ဍ) မိမိအနေဖြင့် တိုတိုနှင့် ထိထိမိမိ ပြောရမည်ဆိုပါက ယနေ့ မြန်မာနိုင်ငံတွင် ပြည်သူများ နေ့စဉ် နေ့တိုင်း ပကတိရင်ဆိုင်နေရသည်က ရက်စက်ကြမ်းကြုတ်မှုများသာဖြစ်ပြီး လူမှုဖွံ့ဖြိုးတိုးတက် မှုနှင့် လူမှုတရားမျှတမှုတို့ဟူသည်မှာ မြန်မာပြည်သူများအတွက် ဇိမ်ခံအကြောင်းအရာများသာ ဖြစ်သည်ဟု ပြောကြားလိုကြောင်း၊


(ဎ) မည်သို့ပင်ဆိုစေကာမူ မိမိတို့ ပြည်သူလူထုအနေဖြင့် မျှော်လင့်ချက်အား မြဲမြံစွာ ဆုပ်ကိုင်ထား လျက်ရှိပါကြောင်း၊


(ဏ) အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများအနေဖြင့် မိမိတို့အကြား ပူးပေါင်းဆောင်ရွက်မှု၊ သက်ဆိုင်ရာအဖွဲ့အစည်း အမျိုးမျိုးနှင့် ထိတွေ့ဆက်ဆံမှုနှင့် ပြင်ပအကူအညီတို့ဖြင့် ပြည်သူလူထု ရင်ဆိုင်နေရသည့် ဒုက္ခဆင်းရဲများ လျော့နည်းသွားစေမည့် အစီအစဉ်များကို လုပ်ဆောင်လျက်ရှိပါကြောင်း၊


(တ) တစ်ချိန်တည်းမှာပင် မိမိတို့အနေဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေးမူအပေါ် အခြေခံလျက် မိမိတို့၏ ဖက်ဒရယ်စည်းမျဉ်းများတွင် ချမှတ်ထားသည့်အတိုင်း တရားမျှတမှုနှင့် အားလုံးပါဝင်မှု၊ လူ့အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှုများ၊ ပညာရေးနှင့် လူငယ်ကဏ္ဍတို့ကို ဗဟိုပြု လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊


(ထ) ထို့ပြင် Doha Programme of Action တွင် ပြည်သူများအပေါ်၌ ရင်းနှီးမြှုပ်နှံမှုပြုရန် ဟူသော အချက်နှင့်အညီ အမှန်တကယ်လိုအပ်နေသူများထံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခြင်းနှင့် လက်ရှိလူ့စွမ်းအားအရင်းအမြစ်များ၏စွမ်းဆောင်ရည်အား မြှင့်တင်ရန် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊


(ဒ) သို့ရာတွင် မိမိတို့အတွက် ကန့်သတ်ချက်များနှင့် စိန်ခေါ်မှုများက မြင့်တက်လာနေကြောင်း၊


(ဓ) ထို့ကြောင့် ကုလသမဂ္ဂ၏ ပံ့ပိုးကူညီမှုက မိမိတို့အတွက် အထူးအရေးပါလျက်ရှိကြောင်း၊


(န) ကုလသမဂ္ဂအနေဖြင့်လည်း မိမိတို့ မြန်မာပြည်သူလူထုအပေါ်တွင် ဆက်လက်ပျက်ကွက်၍ မနေသင့်တော့ပါကြောင်း၊


(ပ) ယခုအခါ ကုလသမဂ္ဂမှ အရေးယူဆောင်ရွက်ပေးသင့်သည့်အချိန်ထက် ကျော်လွန်နေပြီဖြစ်သော် လည်း ကုလသမဂ္ဂအနေဖြင့် မြန်မာ့အရေးကိစ္စအား ပြတ်ပြတ်သားသားနှင့် ထိထိရောက်ရောက် လုပ်ဆောင်ပေးရန် ထပ်လောင်း တောင်းဆိုလိုပါကြောင်း၊


(ဖ) လူမှုဖွံ့ဖြိုးတိုးတက်မှု ဖြစ်ထွန်းနိုင်ရေး အတွက် တရားဝင် အစိုးရတစ်ရပ် ရှိရမည်ဖြစ်ကြောင်း၊


(ဗ) မြန်မာနိုင်ငံအခြေအနေအရ တိုင်းပြည်အာဏာကို လက်နက်ပြ မတရားသိမ်းယူထားသည့် စစ်အုပ်စုမှ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား ဆက်လက်အကျိုးခံစားကာ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအား ဖျက်ဆီးနေသည့်ကာလပတ်လုံး ကြံ့ခိုင်သော စီးပွားရေးဖြစ်စေ၊ လူမှု သဘောတူချက်များဖြစ်စေ

စသည့်ခေါင်းစဉ်များကို ဆွေးနွေးနိုင်မည် မဟုတ်ကြောင်း၊


(ဘ) စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ပါးစေများအား နိုင်ငံတစ်ဝန်းတွင် ၎င်းတို့ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှု ရှိစေရမည်ဖြစ်ကြောင်း၊


(မ) ဤနည်းလမ်းတစ်ခုတည်းဖြင့်သာလျှင် မြန်မာနိုင်ငံတွင်ပြည်သူလူထု၏အကျိုးစီးပွားနှင့် ကမ္ဘာ့ အကျိုးစီးပွားတို့အား သယ်ပိုးရန် သန္နိဋ္ဌာန်ချမှတ်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား တည်ဆောက်နိုင်မည့်ခြေလှမ်းများကို ဆက်လက်လျှောက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း၊


(ယ) အရေးအကြီးဆုံးအနေဖြင့် မူဝါဒနှင့် ညီညွတ်သော ဆုံးဖြတ်ချက်များအား ချမှတ်ပေးရန်နှင့် အပြောများကို အလုပ်အသွင်သို့ ပြောင်းလဲအကောင်အထည်ဖော်ပေးရန် ကုလသမဂ္ဂအား တောင်းဆိုပါကြောင်း။


၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the

General Discussion of the Sixty-fourth Session of the

Commission for Social Development


(New York, 4 February 2026)

Madam Chair,

At the outset, I would like to congratulate you and the bureau on your elections. Please be assured of my delegation’s full support throughout the session.

I also thank the Secretary-General for his reports which identify persistent barriers to social contracts and underscore the importance of coordinated actions to support resilient economies.

Moreover, Myanmar supports the commission’s Priority Theme and Emerging Issues for the 64thSession.

Myanmar aligns itself with the statement delivered by the G77 and China and wishes to highlight the following in our national capacity.

Madam Chair,

The world is counting down the remaining 1,791 days until we meet our deadline for the SDGs. Yet, we continue to face multifaceted crises increasing in their scale and scope. People across all walks of life, especially the most vulnerable ones, have been enduring these unprecedented challenges as a consequence.

Amongst these challenges, the reversal of global social development is predominant.

Women and children, older persons, people with disabilities, refugees, migrants and those facing the climate crisis as well as those living in conflict situations, to mention a few, are bearing the burdens of our shortcomings.

My country, Myanmar, is a stark example.

The previous elected government prioritized measures to eradicate poverty through economic liberalization, inviting foreign investments, improving rural infrastructure, creating employment opportunities and building individual capacity. These efforts bore fruit during the government’s tenure and people’s living standards were uplifted.

Regrettably, the elected government was overthrown by the illegal military coup on 1 February 2021. This year, we are already marking the 5th year of this unlawful coup attempt.

As our people resisted the coup, the military junta waged a war of terror against the population, and they are committing war crimes and crimes against humanity across the country.

Over 7700 people were killed by the military junta since the coup. 2,600 women, 1,300 children and 2,700 youths are among them.

Today, over 3.6 million people are being displaced, and almost 22 million people remain in need of humanitarian assistance in Myanmar. Among them, nearly 10.4 million are women, girls and LGBTIQ+ individuals.

There is no equality but discrimination, no inclusion but exclusion, no protection but persecution, no decent work but unemployment, no education but indoctrination, no access to fundamental healthcare but a breakdown of the health system. And most of all, it has set the stage for extreme poverty where half the population is living below the national poverty line.

All foundational sectors and pillars of a country have been weaponized in Myanmar under the military dictators, a group of perpetrators who are now organising a sham election to deflect international pressure regarding their brutalities.

It is crystal clear that the sham elections and its manufactured results by the military junta will only prolong the crisis and violence in Myanmar.

Simply put, atrocities are the everyday reality for the people of Myanmar, while social development and social justice seem like a luxury.

However, our people continue to cling to hope.

The National Unity Government of Myanmar together with EROs and CSOs have been carrying out measures to mitigate the people’s suffering through internal coordination, engagement with diverse stakeholders and external support.

Founded on the principle of leaving no one behind, justice and inclusivity, human rights and protection, humanitarian assistance and health and social services, education and youth laid down in our federal principles are placed at the heart of our work.

Therefore, in line with the Doha Programme of Action’s call to invest in people, we have been providing humanitarian assistance to those in need and implementing programmes for capacity building of the existing human resources. Nevertheless, limitations and challenges are on the rise.

In this regard, support from the UN system remains crucial.

The UN must not continue failing the people of Myanmar.

Although time is long overdue, we request once again that the UN act boldly in addressing the issue of Myanmar.

Last but not least, Madam Chair, social development cannot thrive in a vacuum of legitimacy. We cannot talk about 'resilient economies' or 'social contracts' while the very perpetrators of destruction are allowed to act with impunity. The military junta and its affiliates must be held accountable for atrocities they committed throughout the country.

Only by doing so can we step up to building a federal democratic union in Myanmar that is committed to serving the interests of our people and the world.

Importantly, the UN needs to make principled decisions and translate words into actions.

I thank you.

*****




Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page