top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the High-Level Open Debate of the UNSC on “Reaffirming International Rule of Law: Pathways to Reinvigorating Peace, Justice, and Multilateralism”

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • 3 days ago
  • 7 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the High-Level Open Debate of the United Nations Security Council on “Reaffirming International Rule of Law: Pathways to Reinvigorating Peace, Justice, and Multilateralism” held on 27 January 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် “ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် နိုင်ငံပေါင်းစုံဝါဒတို့အားပြန်လည် အသက်သွင်းခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအား ထပ်လောင်းအတည်ပြုခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့်  အဆင့်မြင့် တံခါးဖွင့် ဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက

မြန်မာနိုင်ငံတွင်မူ စစ်အုပ်စုက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား စစ်အာဏာသိမ်းကာ

အရွေးကောက်ခံအစိုးရအား ဖယ်ရှားကာ ပြည်တွင်းတရားဥပဒေစိုးမိုးမှုကို ပျက်သုဉ်းစေရုံသာမက

ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် လွတ်လပ်သော တရားရေးစနစ်များကိုလည်း ဖျက်ဆီးခဲ့၊


မြန်မာပြည်သူ လူထုတစ်ရပ်လုံးအပေါ်တွင် နိုင်ငံတကာရာဇဝတ်မှုများကို

ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် နှစ်ရှည်ကျူးလွန်လျက်ရှိ၊


မတရား စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအနေဖြင့် ပြည်တွင်းတရားဥပဒေစိုးမိုးမှု အလုံးစုံ ပြိုလဲသွားခြင်း၊ အကျင့်ပျက်ချစားမှုများ မြင့်တက်လာခြင်းနှင့် မလုံခြုံမှုများ နိုင်ငံအနှံ့အပြား ဖြစ်ပေါ်နေခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် အွန်လိုင်းလိမ်လည်မှုစခန်းများ၊ ဆိုက်ဘာရာဇဝတ်မှုများ၊ လူနှင့် မူးယစ်ဆေးဝါး ကုန်ကူးမှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ၏ ဗဟိုချက်အဖြစ်သို့ ရောက်ရှိလာခဲ့၊

အဆိုပါအခြေအနေများသည် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို

သိသိသာသာပင် ခြိမ်းခြောက်လာလျက်ရှိ၊


မြန်မာပြည်သူလူထု တစ်ရပ်လုံးသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများ ကို ဝိုင်းဝန်းရပ်တန့်ပေးကြပါရန် ကုလသမဂ္ဂနှင့်လုံခြုံရေးကောင်စီတို့အား ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပြီးဖြစ်၊

ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများအပေါ်တွင် ယနေ့တိုင် ပျက်ကွက်နေ၊


အတုအယောင် ရွေးကောက်ပွဲများနှင့် လုပ်ကြံဖန်တီးပုံဖော်ထားသည့် မဲများဖြင့် စစ်အုပ်စု ကျူးလွန်သည့် ရာဇဝတ်မှုများကို မည်သို့မျှ ချေဖျက်နိုင်မည် မဟုတ်သကဲ့သို့ မိမိတို့ မြန်မာ ပြည်သူလူထုတစ်ရပ်လုံး၏ စိတ်ဆန္ဒကိုလည်း မည်သို့မျှ  ဆွဲဆောင် သိမ်းသွင်းနိုင်မည် မဟုတ်၊


ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအား ငြင်းပယ်ကန့်ကွက်ကြရန် မေတ္တာရပ်ခံ တောင်းဆိုပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်)


၁။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် “ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် နိုင်ငံပေါင်းစုံဝါဒတို့အား ပြန်လည်အသက်သွင်းခြင်းဖြင့် အပြည်ပြည်ဆိုင်ရာတရားဥပဒေစိုးမိုးရေးအား ထပ်လောင်းအတည်ပြုခြင်း (Reaffirming International Rule of Law: Pathways to Reinvigorating Peace, Justice, and Multilateralism) ခေါင်းစဉ်ဖြင့် အဆင့်မြင့် တံခါးဖွင့် ဆွေးနွေးပွဲ (High-level Open Debate) ကို ၂၆-၁-၂၀၂၆ ရက်နေ့နှင့် ၂၇-၁-၂၀၂၆ ရက်နေ့တို့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့်တကွ Chairperson African Union Commission ၏ ဥက္ကဋ္ဌဖြစ်သူ Mahmoud Ali Youssouf နှင့် African Institute of International Law အား တည်ထောင်သူ ဥက္ကဋ္ဌ တရားသူကြီး Abdulqawi Yusuf တို့က တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၉၀) ကျော်လည်း ပါဝင် မိန့်ခွန်းပြောကြားခဲ့ကြပါသည်။


၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၇-၁-၂၀၂၆ ရက်နေ့၌ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ဖော် ပြပါ အချက်များ အဓိက ပါဝင်ပါသည်-


(က) တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ အရပ်သား ပြည်သူများအား အကာအကွယ်ပေးရေး၊ အခြေခံ လူ့အခွင့်ရေးနှင့် တရားမျှတမှု ရရှိရေးတို့၏ အဓိက အုတ်မြစ် ဖြစ်ကြောင်း၊


(ခ) သို့ရာတွင် အပြည်ပြည်ဆိုင်ရာဥပဒေ စည်းမျဉ်းများကို လက်တွေ့ ကျင့်သုံးခြင်း မရှိ၊ နိုင်ငံရေး ဆန္ဒအပေါ် အခြေမခံ၊ လျော်ကန်သည့် အရေးယူဆောင်ရွက်ချက်များဖြင့် အားဖြည့်ရန် ပျက်ကွက်နေပါက ယင်းစည်းမျဉ်းများသည် ဥပဒေဆိုင်ရာ စိတ်ကူးယဉ် သဘောတရားများ အဖြစ်သာ တည်ရှိနိုင်သည့် အန္တရာယ်ကို ဖြစ်ပေါ်လာစေနိုင်ကြောင်း၊ ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေးအား ပြန်လည်အသက်ဝင် ခိုင်မာအားကောင်းလာစေရန်၊ ငြိမ်းချမ်းရေး၊ တရားမျှတမှု ရှိရေးနှင့် နိုင်ငံပေါင်းစုံဝါဒတို့အား မြှင့်တင်နိုင်ရန်အတွက် ရှိနှင့်ပြီးသော ယန္တရားများ အားလုံးကို အကျိုးရှိရှိ အသုံးချခြင်းက အလွန်အရေးပါကြောင်း၊


(ဂ) ယခုအခါ မသေချာ မရေရာမှုများနှင့် ပထဝီနိုင်ငံရေး ရှုပ်ထွေးမှုများ မြင့်တက်လာနေသည့် အခြေအနေများကို ရင်ဆိုင်နေရသည်နှင့်အမျှ ယနေ့ကျင်းပသည့် ဆွေးနွေးပွဲက နိုင်ငံပေါင်းစုံဝါဒ စနစ် အတွင်း တရားဥပဒေစိုးမိုးရေးအား လိုက်နာခြင်းကြောင့် ဖြစ်ပေါ်လာသည့် တိုးတက်မှုများနှင့် ထင်ရှားသည့် စိန်ခေါ်မှုများအား ပြန်လည်သုံးသပ်နိုင်မည့် အခွင့်အရေးကောင်းပင်ဖြစ်ကြောင်း၊


(ဃ) မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တရားဥပဒေစိုးမိုးရေး ကြေညာချက် အပေါ် ထားရှိသည့် ကတိကဝတ်အား ထပ်လောင်း အတည်ပြုပါကြောင်း၊ လူမျိုးတုံးသတ်ဖြတ် မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ သို့တည်းမဟုတ် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအား ချိုးဖောက်မှုနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအား ကြီးလေးစွာ ချိုးဖောက်မှုတို့အတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် လုံးဝ မရှိသင့်ကြောင်း၊ ထိုကဲ့သို့သော ချိုးဖောက်မှုများကို မှန်မှန်ကန်ကန် စုံးစမ်းစစ်ဆေးကာ ရာဇဝတ်မှု ကျူးလွန်သူများအား တရားဥပဒေအရ စီရင်ခြင်းအပါအဝင် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊


(င) မြန်မာနိုင်ငံတွင်မူ စစ်အုပ်စုက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား စစ်အာဏာသိမ်းကာ အရွေးကောက်ခံအစိုးရအား ဖယ်ရှားကာ ပြည်တွင်းတရားဥပဒေစိုးမိုးမှုကို ပျက်သုဉ်းစေရုံ သာမက ဒီမိုကရေစီအဖွဲ့အစည်းများနှင့် လွတ်လပ်သော တရားရေးစနစ်များကိုလည်း ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် မြန်မာပြည်သူလူထုတစ်ရပ်လုံးအပေါ်တွင် နိုင်ငံတကာရာဇဝတ်မှုများကို ပြစ်ဒဏ် ကင်းလွတ်ခွင့်ဖြင့် နှစ်ရှည် ကျူးလွန်လျက်ရှိကြောင်း၊


(စ) စစ်အုပ်စုက အရပ်သား (၇,၇၀၀) ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ကြောင့် ၃.၆ သန်း ကျော်သော ပြည်သူများမှာ နေရပ်စွန့်ခွာနေထိုင်နေရကြောင်း၊ ၂၂ သန်းခန့်သော ပြည်သူများမှာလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အရေးတကြီး လိုအပ်လျက်ရှိကြောင်း၊


(ဆ) မတရား စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအနေဖြင့် ပြည်တွင်းတရားဥပဒေစိုးမိုးမှု အလုံးစုံ ပြိုလဲသွားခြင်း၊ အကျင့်ပျက်ချစားမှုများ မြင့်တက်လာခြင်းနှင့် မလုံခြုံမှုများ နိုင်ငံအနှံ့အပြား ဖြစ်ပေါ်နေခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် အွန်လိုင်းလိမ်လည်မှုစခန်းများ၊ ဆိုက်ဘာရာဇဝတ်မှု များ၊ လူနှင့် မူးယစ်ဆေးဝါး ကုန်ကူးမှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ၏ ဗဟိုချက် အဖြစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါအခြေအနေများသည် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို သိသိသာသာပင် ခြိမ်းခြောက်လာလျက်ရှိကြောင်း၊


(ဇ) ယင်းခြိမ်းခြောက်မှုများသည် ဆက်လက် တည်ရှိနေကြောင်း၊


(ဈ) စစ်အုပ်စုမှ အရပ်သား ပြည်သူအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ သည်လည်း ဆက်လက်ဖြစ်ပေါ်မြဲ ဖြစ်ပေါ်လျက်ရှိကြောင်း၊


(ည) သို့ဖြစ်ရာ မြန်မာပြည်သူလူထုတစ်ရပ်လုံးသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ဝိုင်းဝန်းရပ်တန့်ပေးကြပါရန် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီတို့အား ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပြီး ဖြစ်ပါကြောင်း၊


(ဋ) သို့နှင့်တိုင် ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများအပေါ်တွင် ယနေ့တိုင်ပျက်ကွက်နေကြောင်း၊


(ဌ) ထို့ကြောင့် ကုလသမဂ္ဂ၏ ပင်မအင်္ဂါအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေအားဖြေရှင်းရန်နှင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်များကို ကယ် တင်နိုင်ရေးအတွက် အားဖြည့်ပေးနိုင်မည့်အချက်များကို မီးမောင်းထိုးပြောကြားလိုကြောင်း၊


(ဍ) ပထမအချက် - ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ထိန်းသိမ်းပေးရန် အဓိက တာဝန်ရှိသည့် ပင်မအင်္ဂါအဖွဲ့အစည်း ဖြစ်သည်နှင့်အညီ လုံခြုံရေး ကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သတ်ဖြတ်မှုများအား ရပ်တန့်ပေးနိုင်ရေး အတွက် ထိရောက်စွာ သိက္ခာရှိစွာ အရေးယူဆောင်ရွက်သင့်ပါကြောင်း၊ လုံခြုံရေးကောင်စီ အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆုံးဖြတ်ချက်အဆို ၂၆၆၉ အား ချမှတ်ခဲ့သော်လည်း စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများသည် သာ၍ ကျယ်ပြန့်စွာနှင့် စနစ်ကျစွာ မြင့်တက်ဆဲ မြင့်တက်မြဲဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းတွင်လည်း အကြမ်းဖက်မှုများ ပိုမိုဖြစ်ပေါ်နေပြီး နယ်စပ် ဖြတ်ကျော်မှုခင်းများလည်း ပိုမိုတိုးပွားလာလျက်ရှိကြောင်း၊ ဤအချက်များကို ကြည့်ခြင်းအား ဖြင့် လုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အရေးကိစ္စကို ပိုမို အနီးကပ်သတိထားစောင့်ကြည့် အာရုံစိုက်သင့်ကြောင်း၊ အထူးသဖြင့် ဆုံးဖြတ်ချက်အဆို ၂၆၆၉ ၏ နောက်ဆက်တွဲဆုံးဖြတ်ချက် အဆိုတစ်ခုကို ထပ်မံချမှတ်သင့်ကြောင်း၊ ယင်းမှတဆင့် မြန်မာ့ပြဿနာကို နိုင်ငံတကာ ရာဇဝတ် ခုံရုံးသို့ လွှဲပြောင်းတင်သွင်းကာ စစ်အာဏာရှင် အကျိုးခံစားနေသည့် ပြစ်ဒဏ် ကင်းလွတ်ခွင့်ကို အပြီးတိုင် ချုပ်ငြိမ်းစေပြီး ပြည်သူများအတွက် တရားမျှတမှု ဖော်ဆောင်ပေးသင့်ကြောင်း၊


(ဎ) ဒုတိယအချက် - ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ယမန်နှစ် စက်တင်ဘာလအတွင်းက ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ကျင်းပခဲ့သော “High-level Conference on the Situation of Rohingya Muslims and Other Minorities in Myanmar” ကဲ့သို့ပင် ကုလသမဂ္ဂ အထွေထွေညီလာခံအနေဖြင့် မြန်မာ့အကျပ်အတည်းအား ကမ္ဘာမှ စဉ်ဆက်မပြတ် အာရုံစိုက်မှု ရှိစေရန် အထွေထွေညီလာခံ၏ အခွင့်အာဏာကို ထိရောက်စွာ အသုံးချသင့်ကြောင်း၊ လုံခြုံရေး ကောင်စီတွင် မြန်မာ့အရေးကိစ္စအတွက် နောက်ဆက်တွဲ ဆုံးဖြတ်ချက်အဆို ချမှတ်ရန် ပျက်ကွက်နေသည့်အတွက် အထွေထွေညီလာခံအနေဖြင့် အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၇၅/၂၈၇ အလွန် အခြားသော အလုံးစုံ ခြုံငုံမှုရှိစေမည့် လုပ်ဆောင်ချက်များ ရှာဖွေနိုင်မည့် နေရာတစ်ခုအဖြစ် ရပ်တည်ပေးသင့်ကြောင်း၊


(ဏ) တတိယအချက် - အပြည်ပြည်ဆိုင်ရာတရားရုံး၊ အဓိက တရားရေးဆိုင်ရာအင်္ဂါအဖွဲ့အစည်း ဖြစ်သည့် အားလျော်စွာ အပြည်ပြည်ဆိုင်ရာတရားရုံးသည် မြန်မာနိုင်ငံတွင် တရားမျှတ၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သော မိတ်ဖက်အဖွဲ့အစည်းပင် ဖြစ်ကြောင်း၊ လက်ရှိ တရားရုံးတွင် ကြားနာနေသည့် The Gambia v. Myanmar အမှုသည် စစ်အုပ်စုနှင့် ၎င်းတို့၏ ထိပ်ပိုင်း ဦးဆောင်သူများမှ နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်နေခြင်းအား ရပ်တန့်စေနိုင်မည့် အခြေအနေကို ဆောင်ကျဉ်းပေးသင့်ကြောင်း၊ ဤနည်းအားဖြင့် ရာဇဝတ်သား စစ်အုပ်စုအား မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် နိုင်ငံတကာ ရာဇဝတ်မှုများအတွက် ဆက်လက် တရားစီရင်သင့်ကြောင်း၊


(တ) စတုတ္ထအချက် - နိုင်ငံတကာရာဇဝတ်ခုံရုံး၊ နိုင်ငံတကာရာဇဝတ်ခုံရုံး၏ တရားလို ရှေ့နေ (ICC Prosecutor) က စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်မှ ပြည်သူများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအတွက် ၎င်းအား ဖမ်းဝရမ်းထုတ်ရန်  နိုင်ငံတကာရာဇဝတ်ခုံရုံးထံသို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ လျှောက်ထား တင်သွင်းပြီးဖြစ်ကြောင်း၊ အချိန် တစ်နှစ်ကျော်လာပြီ ဖြစ်သော်လည်း ယနေ့တိုင် တိုးတက်မှု တစ်စုံတစ်ရာ မတွေ့ရှိရသေးကြောင်း၊ ထိုသို့ တိုးတက်မှု မရှိသည့်အပေါ် စိတ်ပျက်ရကြောင်း၊ နိုင်ငံတကာရာဇဝတ်ခုံရုံးအနေဖြင့် တရားလိုရှေ့နေ၏ လျှောက်ထားမှုအား အလေးအနက်ထား စဉ်းစားရန်နှင့် ချက်ချင်း ထိရောက်စွာ လုပ်ဆောင်ပေးရန် တိုက်တွန်းလိုပါကြောင်း၊


(ထ) အချုပ်ဆိုရသော် အဆိုပါလုပ်ငန်းစဉ်များတွင် ဖြစ်ပေါ်နေသည့် ကွာဟချက်များအား ဖြည့်တင်း ရန်နှင့် ၎င်းတို့၏အကျိုးသက်ရောက်မှုတို့ မြင့်တက်လာစေရန် ကုလသမဂ္ဂ၏ ပင်မအင်္ဂါအဖွဲ့ အစည်းများနှင့် လုံခြုံရေးကောင်စီကြားတွင် သဟဇာတရှိရန်သည် အထူးပင်အရေးကြီးကြောင်း၊


(ဒ) သို့ဖြစ်ရာ တရားဥပဒေစိုးမိုးမှုအား လိုက်နာကျင့်သုံးမှု ပိုမို ခိုင်မာအားကောင်းလာစေရန်အတွက် နိုင်ငံတကာ တရားရေး ယန္တရားများနှင့် နိုင်ငံပေါင်းစုံ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍတို့မှာ အလွန်အရေးပါ ပါကြောင်း၊


(ဓ) အတုအယောင်ရွေးကောက်ပွဲများနှင့် လုပ်ကြံဖန်တီးပုံဖော်ထားသည့် မဲများဖြင့် စစ်အုပ်စု ကျူးလွန်သည့် ရာဇဝတ်မှုများကို မည်သို့မျှချေဖျက်နိုင်မည်မဟုတ်သကဲ့သို့ မိမိတို့မြန်မာပြည်သူ လူထုတစ်ရပ်လုံး၏ စိတ်ဆန္ဒကိုလည်း မည်သို့မျှ ဆွဲဆောင် သိမ်းသွင်းနိုင်မည် မဟုတ်ကြောင်း၊


(န) ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုမှ ဆယ်စုနှစ်များစွာ အကျိုး ခံစားခွင့် ရနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်စက်ဝန်းကို ဖြတ်တောက်ရန် ယခုပင် ပြတ်ပြတ် သားသား ပိုင်းဖြတ် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊


(ပ) မြန်မာပြည်သူများအနေဖြင့် အသက်ဘေးနှင့် ရင်ဆိုင်နေရပြီး အနာဂတ်များပါ ပျောက်ဆုံးလျက်ရှိကြောင်း၊


(ဖ) သို့ဖြစ်ပါ၍ ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ အား ငြင်းပယ်ကန့်ကွက်ကြရန် မေတ္တာရပ်ခံ တောင်းဆိုပါကြောင်း၊


(ဗ) ထို့အတူ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ပပျောက်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ထောင်ရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးကြပါရန် တောင်းဆိုလိုပါကြောင်း။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative

of the Republic of the Union of Myanmar to the United Nations,

at the High-Level Open Debate of the United Nations Security Council on “Reaffirming International Rule of Law: Pathways to Reinvigorating Peace, Justice, and Multilateralism”


(New York, 27 January 2026)

Mr. President,

At the outset, I wish to congratulate Somalia on assuming the Presidency this month and thank you for convening this open debate.

I also thank the Secretary-General and other briefers for their insightful remarks.

Myanmar aligns itself with the statement delivered by ASEAN.


Mr. President,

The rule of law is the cornerstone of international peace and security, protection of civilians, fundamental human rights, and access to justice.

However, principles of international law risk becoming legal abstracts if they are not practiced in effect, upheld by political will, and reinforced by appropriate actions. It is imperative that the UN in particular the UN Security Council and the international community utilize all available tools at their disposal to revitalize international rule of law to promote peace, justice, and multilateralism.

In the face of growing uncertainty and geopolitical complexities, today’s debate offers a timely opportunity to reflect on the progress and significant challenges in upholding the rule of law in our multilateral system.


Mr. President,

Myanmar reaffirms our commitment to the General Assembly’s Declaration on the Rule of Law, by which “impunity is not tolerated for genocide, war crimes and crimes against humanity or violations of international humanitarian law and gross violations of human rights law, and that such violations are properly investigated and appropriately sanctioned, including by bringing the perpetrators of any crimes to justice.”

Unfortunately, in my country, Myanmar, the military junta has dismantled the rule of law by staging the 2021 illegal military coup, throwing out the elected government, destroying our democratic institutions and independent judicial systems, and committing international crimes against the civilian population with total impunity for years.

Over 7,700 people have been killed by the military junta. More than 3.6 million have been displaced, and almost 22 million people are in need of humanitarian assistance.


Mr. President,

The breakdown of the rule of law, the rise of corruption and the prevalence of insecurity after the coup have also transformed the country into an epicenter of transnational organized crimes, including scam centers, cybercrimes, human and drug trafficking, thereby imposing a clear threat to regional and international peace and security.

This threat continues.

The junta’s atrocities against civilians continue.

So we, the people of Myanmar, have repeatedly asked the UN and the UNSC for their help to stop such atrocities.

So far, the UN has failed the people of Myanmar.

In this light, I wish to highlight the complementary role of the following UN organs and international bodies among others in addressing the situation in Myanmar and saving lives.


First, the UN Security Council, as a main organ responsible for maintenance of international peace and security, in the view of the people of Myanmar, the UNSC should be effective and credible enough to stop killing in Myanmar. Despite the UNSC resolution 2669 adopted in December 2022, the junta’s atrocities has increased widely and systematically; the violence has further escalated across the country; and transnational organized crimes has amplified.

Clearly the UNSC must pay close and serious attention to address the issue of Myanmar by adopting a follow-up resolution and referring the situation of Myanmar to the ICC for ending the military’s impunity and bringing justice to the people.


Second, the UN General Assembly, the convening power of the GA should be effectively utilized in bringing more attention to the crisis as was the case of the High-level Conference on the Situation of Rohingya Muslims and Other Minorities in Myanmar last September.

In the absence of a follow-up Security Council resolution on Myanmar, the GA can serve as another avenue to explore further comprehensive measures after its resolution 75/287 adopted in June 2021.


Third, the International Court of Justice – as a principal judicial organ, the ICJ is an essential partner in the pursuit of a just and sustainable peace in Myanmar. The ongoing hearing on the case of The Gambia v. Myanmar at ICJ should be a vital circumstance to stop the military junta and its leadership from committing international crimes and accordingly bring them to justice for their international crimes against the people.


Fourth, the International Criminal Court – the ICC Prosecutor in November 2024 submitted the application to the ICC for an arrest warrant against the military junta chief Min Aung Hlaing for his crimes against the people. It has been over one year, no progress has been witnessed yet. We expressed our disappointment over the lack of progress from the Court on the application. We urged the ICC to consider the prosecutor’s application seriously and take action effectively now.


Mr. President, most importantly coherence between these bodies and the Security Council remains crucial in bridging the gap in their respective processes and enhancing their impact.

In conclusion, Myanmar emphasizes the utmost importance of international justice mechanisms and multilateral institutions in strengthening compliance with the rule of law.

Sham elections and manufactured votes will not erase the crimes of the military junta nor win the will of our people. The international community must act decisively now to break the cycle of decades-long impunity enjoyed by the junta.

The lives of the people of Myanmar are at stake. Their futures are on the line.

I appeal to the UN and Member States to reject the scam elections and support the people of Myanmar in their efforts to eradicate the military dictatorship and build a federal democratic union.


I thank you.

*****


Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page