top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun under Agenda Item 83: The rule of law at 6C of 78th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, under agenda Item 83: The rule of law at the national and international levels at the Sixth Committee of the Seventy-Eighth session of UN General Assembly, held on 18 October 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆဋ္ဌမကော်မတီအစည်းအဝေး၌

“ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာအဆင့်တွင် တရားဥပဒေစိုးမိုးမှု ခိုင်မာအားကောင်းလာစေရေး” ခေါင်းစဉ်အောက်မှ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အာဏာသိမ်းစစ်တပ်မှ တရားဥပဒေစိုးမိုးရေးနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အား ဆက်လက်၍ မလေးမစားမျက်ကွယ်ပြုနေခြင်းသည် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိပြီး ယခုအခါ နယ်စပ်ဒေသတစ်လျှောက်တွင် နယ်စပ်ဖြတ်ကျော် မှုခင်းဖြစ်ပွားမှု မြင့်တက်လာလျက်ရှိကြောင်းထောက်ပြခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်)


၁။ နယူးယောက်မြို့တွင် ကျင်းပလျက်ရှိသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ) ၏ မျက်နှာစုံညီအစည်းအဝေးတွင်“ပြည်တွင်းနှင့် အပြည်ပြည် ဆိုင်ရာ အဆင့်တွင် တရားဥပဒေစိုးမိုးမှုခိုင်မာအားကောင်းလာစေရေး” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးမှုကို ၁၆-၁၀-၂၀၂၃ ရက် (တနင်္လာနေ့) မှ ၁၈-၁၀-၂၀၂၃ ရက် (ဗုဒ္ဓဟူးနေ့) အထိ ကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း က ၁၈-၁၀-၂၀၂၃ ရက်နေ့တွင် မိန့်ခွန်း ပါဝင်ပြောကြားခဲ့ပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) အသိုက်အဝန်းများအားလုံး တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်နိုင်ရန် တရား ဥပဒေစိုးမိုးရေးသည် အခြေခံကျကြောင်း၊ ထို့အတူ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုတို့ကို တရားဥပဒေစိုးမိုးမှုရှိ၍ ထိရောက်မှုရှိသော၊ အားလုံးပါဝင်သော၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အဖွဲ့အစည်းများဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရကြောင်း၊


(ခ) တစ်ဖက်တွင်လည်း နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် အကျိုးပြုပြီး ပဋိပက္ခများအား ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာ အဆင့်တို့တွင် တရားဥပဒေစိုးမိုးမှုအား ထိန်းသိမ်းရေးက အရေးပါကြောင်း၊


(ဂ) သို့ရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာအရ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် တရားဥပဒေစိုးမိုးရေးအား လိုက်နာဖော်ဆောင်မှု၊ ဒီမိုကရေစီ ကျင့်သုံးမှုနှင့် အမျိုးသမီးများ၏ အခွင့်အရေးရရှိမှု အခြေအနေတို့ ကျဆင်းလျက်ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း၊ အခြားတစ်ဖက်တွင်လည်း မည်သည့် နိုင်ငံရေး၊ စီးပွားရေး သို့မဟုတ် လူမှုရေးအငြင်းပွားမှုများအတွက်မျှ ရေရှည်တည်တံ့ခိုင်မြဲသည့် ဖြေရှင်းနည်း မဟုတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသည့် အစိုးရအပြောင်းအလဲများ အစီအရီ ဖြစ်ပေါ်လျက်ရှိကြောင်း၊


(ဃ) ဤနေရာတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်သည့် အစိုးရအား တရားမဝင် ဖယ်ရှားခြင်းသည် ပြည်သူများမှ ၎င်းတို့အား ကိုယ်စားပြုသည့် အစိုးရတစ်ရပ်အား ရွေးကောက် တင်မြှောက်ပိုင်ခွင့်အခွင့်အာဏာကို ပြောင်ပြောင်တင်းတင်း ငြင်းပယ်ခြင်းပင် ဖြစ်သည်ကို ထပ်လောင်းပြောကြားလိုပါကြောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က စစ်အာဏာသိမ်းမှုသည် ယနေ့ခေတ်အခြေအနေတွင် လက်ခံနိုင်ဖွယ်မရှိဟု ပြောကြားသကဲ့သို့ ကုလသမဂ္ဂအနေဖြင့် ယင်းသို့သော လုပ်ရပ်များကို ပြတ်ပြတ်သားသား ကန့်ကွက်ရမည်ဖြစ်ကြောင်း၊


(င) အဆိုပါ အခြေအနေများအား ကောင်းမွန်သည့်ဘက်သို့ ပြန်လည်ပြောင်းလဲနိုင်ရန်နှင့် အထူးအားဖြင့် ပဋိပက္ခဖြစ်ပွားနေသော အခြေအနေများနှင့် ပဋိပက္ခလွန် အခြေအနေ များတွင် တရားဥပဒေစိုးမိုးမှုအား ပြန်လည်အသက်သွင်းနိုင်ရန်နှင့် ပံ့ပိုးကူညီနိုင်ရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ရရာနည်းလမ်းဖြင့် ဆောင်ရွက်သင့်ကြောင်း၊ ဤနည်းအားဖြင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ ခိုင်မာအားကောင်းစေရန်နှင့် ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်တို့တွင် တာဝန်ယူမှု၊ တာဝန်ခံမှုမြှင့်တင်နိုင်ရေးအတွက် လုပ်ဆောင်နေသည့် ကုလသမဂ္ဂ၏ ကြိုးပမ်းဆောင်ချက်ရွက်များကို မိမိတို့အနေဖြင့် လေးလေးနက်နက် ထောက်ခံအားပေးပါကြောင်း၊


(စ) ပြည်တွင်း တရားဥပဒေစိုးမိုးရေးသည် ပြည်သူများအား ဖိနှိပ်ရန်အတွက် အသုံးပြုရသည့် ယန္တရားတစ်ခု မဟုတ်ကြောင်း၊ ယင်းအစား တရားဥပဒေစိုးမိုးရေးသည် အားလုံး၏ အခြေခံအခွင့်အရေးများကို ကာကွယ်ရန် ဥပဒေကြောင်းအရ ပေးအပ်သည့် အာမခံချက်ဖြစ်ပြီး အသိုက်အဝန်းများတွင် တရားမျှတမှုကို ဆောင်ကျဉ်းပေးကြောင်း၊ အာဏာခွဲဝေမှု၊ တန်းတူညီမျှ သြဇာသက်ရောက်မှု၊ လွတ်လပ်သော စီရင်ဆုံးဖြတ်ချက်များ၊ ချမှတ်ထားသည့် စည်းမျဉ်းများနှင့် ညီညွတ်သော လုပ်ငန်းစဉ်၊ ဥပဒေကြောင်းအရ ခိုင်မာမှု၊ တာဝန်ခံမှု၊ မတရားမှုအား ရှောင်ကြဉ်မှုနှင့် လုပ်ငန်းစဉ်နှင့် ဥပဒေကြောင်းအရ ပွင့်လင်းမြင်သာမှုရှိရေးတို့သည် တရားဥပဒေစိုးမိုးရေးအတွက် အခြေခံကျသည့် စည်းမျဉ်းများဖြစ်ကြောင်း၊


(ဆ) မြန်မာနိုင်ငံတွင်မူ လူမဆန်သော စစ်တပ်အနေဖြင့် ၂၀၂၁ ခုနှစ်အတွင်း၌ ပြည်သူများမှ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရအား မတရား စစ်အာဏာသိမ်း၍ ဖယ်ရှားခဲ့ကြောင်း၊ ထိုအချိန်မှစ၍ တရားမဝင်စစ်တပ်သည် တရားဥပဒေစိုးမိုးရေးအား စနစ်တကျဖျက်ဆီးရန် နည်းလမ်းပေါင်းစုံအသုံးပြုကာ ၎င်းတို့၏ တရားမဝင်သော စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် ပြည်သူများကို ထိန်းချုပ်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊


(ဇ) ၎င်းတို့အနေဖြင့် ၎င်းတို့စိတ်ကြိုက်ဖြစ်သော ဥပဒေများကို ထုတ်ပြန်ခြင်းနှင့် ပြည်သူများ၏ အခွင့်အရေးများကို ကာကွယ်ပေးသည့် ဥပဒေများကို ပယ်ဖျက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း၊ တရားမဝင်အာဏာသိမ်းစစ်တပ်၏ လက်အောက်တွင် ဥပဒေစိုးမိုးရေးသည် ဖိနှိပ်ချုပ်ချယ်မှုအတွက် အသုံးချခံယန္တရားတစ်ခု ဖြစ်လာခဲ့ကြောင်း၊


(ဈ) ထို့ပြင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား ပြောင်ပြောင်တင်းတင်း သတ်ဖြတ်ခြင်း၊ ပြည်သူ များအား ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ဖမ်းဆီခံပြည်သူများအား ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများအား မတရားကွပ်မျက်စီရင်ခြင်း၊ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ ပြည်သူများ နေထိုင်သည့် ကျေးရွာများနှင့် မြို့နယ်များကို မဆင်မခြင် လေကြာင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းတို့ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်လျက် ရှိကြောင်း၊


(ည) စစ်တပ်၏ တပ်သားများနှင့် ရဲသားများအနေဖြင့် အဆိုပါ ပြစ်မှုများကို စစ်တပ် ခေါင်းဆောင်၏ ခွင့်ပြုချက်ဖြင့် ကျူးလွန်နေသောကြောင့် ၎င်းတို့အား မည်သူတစ်ဦး တစ်ယောက်ကမျှ ဒဏ်ခတ်အရေးယူခြင်း မရှိပါကြောင်း၊ တရားရုံးများအနေဖြင့်လည်း ဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်ခြင်း မရှိကြောင်း၊ စစ်တပ်၏ မသမာသော တရားခွင်များ သည် နိုင်ငံရေးတက်ကြွသူများအား သေဒဏ်ချမှတ်ရန်အတွက် အသုံးချသည့် စက်ရုံတစ်ခုအဖြစ်မျှသာ တည်ရှိနေကြောင်း၊ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများသည် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား ကာလရှည်ကြာ အကျိုးခံစားနေသည့် တရားမဝင် အာဏာသိမ်းစစ်တပ်မှ ပြည်တွင်း တရားဥပဒေစိုးမိုးရေးအား ရည်ရွယ်ချက် ရှိရှိဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊


(ဋ) ရလဒ်အနေဖြင့် ပြည်သူများသည် အဆမတန် ဒုက္ခခံစားနေရပြီး ၎င်းတို့၏ ဘဝများမှာ ပြောင်းပြန်အခြေအနေသို့ တွန်းပို့ခံနေရကြောင်း၊


(ဌ) ပြီးခဲ့သော အောက်တိုဘာလ (၉) ရက်နေ့တွင် စစ်တပ်က ကချင်ပြည်နယ်၊ လိုင်ဇာရှိ စစ်ဘေး ရှောင်စခန်းအား လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် (၁၃) ဦး အပါအဝင် လူ အယောက် (၃၀) ခန့် အသက် သေဆုံးခဲ့ရကြောင်း၊


(ဍ) ထိုကဲ့သို့သော ထိတ်လန့်ဖွယ်ကောင်းသည့် စစ်တပ်၏ လုပ်ရပ်များသည် အပြည်ပြည် ဆိုင်ရာဥပဒေ၊ အထူးသဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဥပေဒ တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်ကြောင်း၊


(ဎ) သို့ဖြစ်ရာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအနေဖြင့် သတင်းအချက်အလက်နှင့် သက်သေအထောက်အထား စုဆောင်းခြင်းကို ချဲ့ထွင်လျက်ရှိ သည်ဟု သိရှိရသဖြင့် ဝမ်းမြောက်ပါကြောင်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် မိမိတို့မှ အနာဂတ်တွင် အသွင်ကူးပြောင်းရေး တရားမျှတမှု ဖော်ဆောင်သည့် လုပ်ငန်းစဉ်အတွက် အလွန်အရေးပါမည်ဟု ယုံကြည်ပါကြောင်း၊


(ဏ) အာဏာသိမ်းစစ်တပ်မှ တရားဥပဒေစိုးမိုးရေးနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အား ဆက်လက်၍ မလေးမစား မျက်ကွယ်ပြုနေခြင်းသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိပါကြောင်း၊ ယခုအခါ နယ်စပ်ဒေသ တစ်လျှောက်တွင် နယ်စပ်ဖြတ်ကျော် မှုခင်းဖြစ်ပွားမှု မြင့်တက်လာလျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ ကလေးငယ်များ၊ အမျိုးသမီးများနှင့် မိန်းကလေးများ၊ အထူးသဖြင့် (၂) သန်း ခန့်သော ပြည်တွင်းနေရပ်စွန့်ခွာသူများသည် အဆိုပါအန္တရာယ်များ၊ အထူးသဖြင့် လူကုန်ကူးမှုအန္တရာယ်အတွက် အလွန်အမင်း ထိခိုက်လွယ်ပါကြောင်း၊


(တ) သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုတို့ ပြန်လည်ထွန်းကားစေရန် တရားမဝင် စစ်အာဏာသိမ်းမှု အပြီးတိုင်ချုပ်ငြိမ်းရမည် ဖြစ်ကြောင်း၊ ထို့ပြင် အားလုံးပါဝင်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လုံခြုံရေးနှင့် တရားရေးအဖွဲ့အစည်းများဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ရမည် ဖြစ်ကြောင်း၊


(ထ) ယင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရမှ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ် များပင် ဖြစ်ကြောင်း၊


(ဒ) ၎င်းတို့အနေဖြင့် ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် အခြားမိတ်ဖက်နိုင်ငံများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပြီး ထိုသို့ ပူးပေါင်းဆောင်ရွက်ရန်လည်း ကြိုဆိုဖိတ်ခေါ်ပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations

agenda Item 83: The rule of law at the national and international levels

at the Sixth Committee of the Seventy-Eighth session of UN General Assembly


(New York, 18 October 2023)


Mr. Chair,


Myanmar aligns with the statements of ASEAN and NAM, respectively.


I wish to thank the Secretary-General for his report on strengthening and coordinating the United Nations rule of law activities.


Mr. Chair,


The rule of law is the foundation for every society to be able to live in peace and pursue development. Peace and harmony are maintained by the rule of law. Democracy, human rights and justice are preserved and protected by the rule of law through effective, inclusive and accountable institutions. The maintenance of the rule of law at the national levels is fundamental to the prevention of conflicts, which contributes to the international peace and security.


Unfortunately, as the Secretary-General notes in his report, we are seeing a global decline in the rule of law and a backsliding of democracy and women’s rights. There has been a series of unconstitutional changes of government which are never a sustainable solution to any political, economic or social disputes.


I wish to reiterate that the illegal overthrow of a democratically elected government is a flagrant violation of the rule of law and represents blatant denial of the people’s rights to elect their government. The United Nations must be unequivocal in denouncing such actions as the UN Secretary-General stated the military coup is not acceptable in the modern world.


The international community must do everything they can to reverse the course and help restore the rule of law and justice in countries especially those in conflict and post-conflict situations. In this regard, we strongly support UN efforts to strengthen the rule of law institutions and promote accountability at the national and international levels.


Mr. Chair,


The rule of law at the national level is not a tool to oppress the people. It is a legal guarantee that protects everyone’s fundamental rights and provides justice within the society. Separation of powers, equal enforcement, independent adjudication, due process, legal certainty, accountability, avoidance of arbitrariness and procedural and legal transparency are among the key principles of the rule of law.


However, in my country Myanmar the inhumane military in 2021 perpetrated an illegal coup against the civilian government democratically elected by the people of Myanmar. Since then, the illegal junta has been systematically destroying the rule of law by every possible means to control the people who resoundingly reject their illegal coup.


They issued so-called laws at their will and removed legal safeguards that protect people’s rights. Law enforcement became a tool for repression under the direction of the illegal junta. Lawless acts such as open murders of peaceful protesters, arbitrary arrests of people, torture of detainees, execution of democracy activists, brutal massacres, indiscriminate aerial attacks against the civilian towns and villages and whole-sale burning of civilian homes are perpetrated by the military and police forces in a widespread and systematic manner.


No one is held accountable because these acts are committed with the knowledge and approval of the junta leadership. No court independently adjudicates the law. Their sham secret military tribunals became a factory of death sentences that were handed down to political activists. What is happening in Myanmar is the intentional destruction of the rule of law by the military junta with long-enjoyed impunity.


As a result, the people have been suffering tremendously and lives have been upended.


Just on October 9, the military attacked an IDP camp in Laiza in Kachin state, killing at least 30 civilians including 13 children.


These horrifying crimes are blatant violations of international law, particularly international human rights and humanitarian law. We are glad that the UN Independent Investigative Mechanism for Myanmar significantly expanded its collection of information and evidence. We believe that they will play an important part in our transitional justice process in the future.


Mr. Chair,


In conclusion, the military junta’s continued disregard for the rule of law and international law has serious implications on the regional peace and stability. Transnational organized crime is now on the rise along the borders. Children, women and girls especially among nearly 2 million internally displaced people in Myanmar are extremely vulnerable to those crimes particularly human trafficking.


To restore peace, rule of law and justice in Myanmar, the illegal military junta must be ended. A federal democratic union with inclusive and accountable security and justice institutions must be established.


That is exactly what the National Unity Government of Myanmar has been working for together with the ethnic resistance organizations and peoples’ defence forces. They invite and stand ready to work with the United Nations, ASEAN, neighbours, countries within the region and beyond which want to see sustainable peace and development in Myanmar.


I thank you.



*****












bottom of page