top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun under Agenda Item 78:Crimes against Humanity at 6C of 77th UNGA



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, under Agenda Item 78: Crimes against Humanity, at the Sixth Committee of the Seventy-Seventh session of UN General Assembly, held on 10 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆဋ္ဌမကော်မတီအစည်းအဝေး၌

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ယခင်က ဆောင်ရွက်ခဲ့သော အစဉ်အလာရှိခဲ့သည့်အတိုင်း မြန်မာစစ်တပ်မှ ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်၍ ရရှိထားသော သက်သေအထောက်အထားများကို အသုံးပြု၍ အရေးယူပေးနိုင်ရေးအတွက် ICC သို့ အဆိုပြုရမည်ဖြစ်ကြောင်း ပြောကြား


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်)


၁။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆဋ္ဌမကော်မတီတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဆိုင်ရာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းတစ်ရပ် ထွက်ပေါ်လာရေးနှင့် စပ်လျဉ်းသည့် ဘာသာရပ်အစီအစဉ်ကို ၁၀-၁၀-၂၀၂၂ ရက်နေ့၌ ဆွေးနွေးရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်တက်ရောက် မိန့်ခွန်းပြောကြား ခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများသည် နိုင်ငံတကာအသိုက်အဝန်းအတွက် အထူးစိုးရိမ်ရသည့် ကြီးလေးသောပြစ်မှုများတွင် ပါဝင်သည်ဟု ကုလသမဂ္ဂအထွေထွေညီလာခံအနေဖြင့် အသိအမှတ်ပြုပြီးဖြစ်ကြောင်း၊ အဆိုပါ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဆိုင်ရာ ကွန်ဗင်းရှင်းအသစ်ရေးဆွဲခြင်းသည် လက်ရှိရှိသည့် ၁၉၄၈ ခုနှစ်၊ လူမျိုးတုံးသတ်ဖြတ်မှုကာကွယ်ရေးနှင့် ပြစ်ဒဏ်ချမှတ်ရေး ကွန်ဗင်းရှင်းနှင့်အတူ စစ်ရာဇဝတ်မှုဆိုင်ရာ ဂျီနီဗာကွန်ဗင်းရှင်းတို့အတွက် လိုအပ်နေ သည့် ကွက်လပ်ကို ဖြည့်စွက်ပေးရာရောက်ကြောင်း၊ လက်တွေ့တွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ကွန်ဗင်းရှင်းတစ်ရပ်မရှိခြင်းက အပြည်ပြည်ဆိုင်ရာဥပဒေစနစ်တွင် ကွာဟမှုဖြစ်ပေါ် စေကြောင်း၊ ယင်းကွာဟချက်ကို ဖြည့်ပေးရန် လိုအပ်ကြောင်း၊ ပြစ်မှုကျူးလွန်နေသူများ ဒဏ်ခတ်ခြင်း မခံရသည့် အစဉ်အလာကို အပြီးတိုင်ရပ်တန့်ရေးသည် မိမိတို့အားလုံးအတွက် အရေးကြီးပါကြောင်း၊ အတူတကွ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊


(ခ) အပြည်ပြည်ဆိုင်ရာဥပဒေကော်မရှင်မှ ပြုစုပေးထားသည့် စာပိုဒ်မူကြမ်းများသည် နိုင်ငံများအကြား ကွန်ဗင်းရှင်းပေါ်ထွက်လာရေးအတွက် ဆက်လက်စေ့စပ်ညှိနှိုင်းဆွေးနွေးရာတွင် အသုံးပြုရန် အထူး ကောင်းမွန်သည့် အခြေခံအုတ်မြစ်ကောင်းအဖြစ် ရှုမြင်ကြောင်း၊ ဤဘာသာရပ်အတွက် ကွန်ဗင်းရှင်း တစ်ရပ်ရှိခြင်းအားဖြင့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ရာဇဝတ်မှုများ ကျူးလွန်နေသူများကို ပြည်တွင်း အဆင့်တွင် အရေးယူအပြစ်ပေးနိုင်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် ကောင်းမွန်စွာ အသုံးချနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါကွန်ဗင်းရှင်းသည် နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် စစ်တပ်၏ ပြည်သူများအပေါ် လူမဆန်စွာ အပြစ်ကျူးလွန်နေသူများအား ဒဏ်ခတ်ခြင်းမခံရသည့် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံအတွက် အမှန်တကယ်လိုအပ်လျက်ရှိကြောင်း၊


(ဂ) မြန်မာပြည်သူများအနေဖြင့် တရားမဝင် စစ်အာဏာသိမ်းမှု စတင်ခဲ့သည့်နေ့မှစတင်၍ ၎င်းတို့၏ အခြေခံအခွင့်အရေးများနှင့် ဒီမိုကရေစီပြန်လည်ထွန်းကားလာစေရေးအတွက် ငြိမ်းချမ်းစွာ တောင့်တောင့် တတ တောင်းဆိုခဲ့ကြောင်း၊ စစ်တပ်အနေဖြင့် ပြည်သူများအား ညဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းနှင့် လူအစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်နေစဉ် ပြည်သူများက ဒီမိုကရေစီကို ကာကွယ်ရန်၊ လွတ်လပ်ခွင့်အတွက် ခုခံရန်နှင့် လူသားဆန်မှုကို ထိန်းသိမ်းနိုင်ရန် အပတ်တကုတ် ကြိုးစားနေရကြောင်း၊


(ဃ) ပြီးခဲ့သည့်နှစ် ဤကော်မတီ၌ မိမိ မိန့်ခွန်းပြောကြားခဲ့စဉ်က မြန်မာစစ်တပ်အနေဖြင့် အရပ်သားပြည်သူ (၁,၁၀၀) ကျော်ကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့သည်ကို ပြောကြားခဲ့ကြောင်း၊ တစ်နှစ်အတွင်း ရက်စက်စွာအသတ်ခံရသည့် အပြစ်မဲ့ပြည်သူအရေအတွက် တိုးလာသည်မှာ ယခုအခါ (၂,၃၀၀) ကျော်ရှိနေပြီဖြစ်ကြောင်း၊


(င) ဤနေရာတွင် အသက်အန္တရာယ်များကို ကာကွယ်ပေးရေးဟူသော နိုင်ငံတကာအသိုက်အဝန်း၏ တာဝန်ဝတ္တရားအပေါ် လေးလေးနက်နက် မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း၊ စစ်တပ်မှ အပြစ်မဲ့ပြည်သူ များကို တရားမဝင်ညဉ်းပန်းနှိပ်စက် သတ်ဖြတ်နေခြင်းအား နိုင်ငံတကာအသိုင်းအဝန်းမှ ဆိတ်ဆိတ်ထိုင်၍ လက်ပိုက်ကြည့်နေသည့် အနေထားကို မြန်မာပြည်သူများက လက်မခံနိုင်သကဲ့သို့ ဒီအစည်းအဝေးခန်းတွင် ရှိသည့် မိမိတို့အနေဖြင့်လည်း မည်သို့မျှလက်ခံနိုင်မည် မဟုတ်ကြောင်း၊


(စ) နိုင်ငံတကာဥပဒေပညာရှင်များက စစ်တပ်၏ လုပ်ဆောင်ချက်များကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်သည်ဟု သဘောတူညီထားပြီးဖြစ်ကြောင်း၊ စစ်တပ်အနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ ရိုဟင်ဂျာများအပါအဝင် လူနည်းစုများအပေါ်၌ အဆိုပါပြစ်မှုများကို ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်နေခဲ့ကြောင်း၊ ယင်းသို့ ပြစ်မှုကျူးလွန်နေသူများကို ဥပဒေကြောင်းအရ တရားစီရင်ရမည် ဖြစ်ကြောင်း၊


(ဆ) လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေးနှင့် ပြစ်ဒဏ်ချမှတ်ရေးဆိုင်ရာ စာချုပ်နှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးရှေ့မှောက်၌ တရားရင်ဆိုင်နေသည့် ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏ အမှု အတွက် အပြည်ပြည်ဆိုင်ရာတရားရုံး၏ စီရင်ပိုင်ခွင့်အာဏာမရှိဟု မြန်မာနိုင်ငံ၏ ကနဦးကန့်ကွက်ထားမှုကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရုပ်သိမ်းခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် Rome Statue ၏ စာပိုဒ် ၁၂၊ အပိုဒ်ခွဲ (၃) နှင့်အညီ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး၏ တရားစီရင်မှုကို လက်ခံမည်ဟုလည်း တရားဝင် အကြောင်းကြားထားပြီးဖြစ်ကြောင်း၊


(ဇ) ပြီးခဲ့သည့် ရက်သတ္တပတ်များက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ရက်ကုန်းကျေးရွာရှိ ကျောင်းတစ်ကျောင်းအား စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ကလေးငယ် (၇) ဦး အပါအဝင် လူပေါင်း (၁၃) ဦး သေဆုံးခဲ့ကြောင်း၊ ဒီကလေးများအနေဖြင့် နိုင်ငံတကာဥပဒေကာကွယ်ပေးမှုရှိသည်ကို လေ့လာသွားနိုင်ခြင်းမရှိကြောင်း၊ ယခုသေဆုံးသွားကြပြီဖြစ်၍ ၎င်းတို့အနေဖြင့် မည်သည်အခါမျှ သိရှိသွားနိုင်မည် မဟုတ်တော့ပါကြောင်း၊


(စျ) မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် တရားမမျှတမှုများနှင့် ဒီမိုကရေစီအင်အားစုများအား ဖိနှိပ်နေခြင်းကို တရားမျှတစွာ ဖြေရှင်းနိုင်ခြင်းမရှိပါက အပြည်ပြည်ဆိုင်ရာဥပဒေ၏ ခိုင်လုံမှုအပေါ် သံသယဝင်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ICJ နှင့် ICC တို့အနေဖြင့် မြန်မာပြည်သူများ၏ အသံများ ကို နားထောင်ပေးရန်နှင့် နစ်နာသူများအတွက် တရားမျှတမှုဖော်ဆောင်ပေးရန် တိုက်တွန်းတောင်းဆို လိုကြောင်း၊


(ည) အဓိကအားဖြင့် ပြည်တွင်းလုပ်ဆောင်ချက်များဖြင့် မြန်မာပြည်သူများကို အကာအကွယ်မပေးနိုင် တော့သည့်အခြေအနေတွင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ၎င်းတို့အား အကာအကွယ်ပေးအပ်ရန် တာဝန်ရှိကြောင်း၊


(ဍ) IIMM မှ စုဆောင်းရရှိထားသည့် အချက်အလက်များအရလည်း မြန်မာစစ်တပ်၏ ဒဏ်ခတ်ခြင်း မခံရသည့်အစဉ်အလာကို အပြီးတိုင်ရပ်တန့်ရန် အချိန်တန်ပြီဟု အတည်ပြုထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအချိန်သည် စုဆောင်းရရှိထားသည့် အချက်အလက်များကို ထိရောက်သော အရေးယူဆောင်ရွက်မှုသို့ အသွင်းပြောင်းရမည့် အချိန်ရောက်နေပြီဖြစ်ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ယခင်က နှစ်ကြိမ်နှစ်ခါ ဆောင်ရွက်ခဲ့သော အစဉ်အလာရှိခဲ့သည့်အတိုင်း မြန်မာစစ်တပ်မှ ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်၍ ရရှိထားသော သက်သေအထောက်အထားများကို အသုံးပြု၍ အရေးယူပေးနိုင်ရေးအတွက် ICC သို့ အဆိုပြုရမည်ဖြစ်ကြောင်း၊


(ဌ) အချုပ်အားဖြင့်ဆိုသော် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုများအား ကာကွယ်ရေးနှင့် အပြစ်ပေးအရေးယူရေးအတွက် ကွန်ဗင်းရှင်းတစ်ရပ်အား အချိန်မလင့်မီ ပြဋ္ဌာန်းခြင်းဖြင့်သာ အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်များကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ILC မှ အဆိုပြုထားသည့် စာပိုဒ်မူကြမ်းများကို ထောက်ခံပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲတင်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by H.E. Mr. Kyaw Moe Tun, Permanent Representative of the

Republic of the Union of Myanmar to United Nations under

Agenda Item 78: Crimes against Humanity,

at the Sixth Committee of the Seventy-Seventh session of UN General Assembly


(New York, 10 October 2022)


Mr. Chair,


My delegation wishes to express our appreciation to the International Law Commission for the draft articles on the prevention and punishment of crimes against humanity.


The General Assembly has recognized that crimes against humanity are among the most serious crimes of concern to the international community. Accordingly, these crimes must be prevented and their perpetrators punished.


The new Convention on the Prevention and Punishment of Crimes against Humanity aims to add a new, sister instrument to the 1948 Convention on the Prevention and Punishment of the Crime of Genocide, as well as the Geneva Conventions on war crimes. The lack of such a convention addressing crimes against humanity has created a gap in the international legal system that we strongly believe must be filled. It is vitally important for all of us to work together to end the culture of impunity for perpetrators.


We are of the view that these ILC draft Articles provide a solid foundation for further negotiation. A Convention on this subject would be a valuable tool to enable international cooperation in national prosecutions of atrocities and crimes. The convention is acutely needed across the international community and especially for a country like Myanmar, where the military acts with impunity and is committing inhumane acts against our people.


Mr. Chair,


Please allow me to share our tragic experiences regarding the commission of serious crimes in Myanmar. Myanmar's military has been perpetrating a systematic campaign of violence against civilians since the illegal military coup on 1 February 2021. Ever since, the people of Myanmar have asked, desperately and peacefully, for their fundamental rights and the restoration of democracy. We are striving to safeguard our democracy, to defend our liberties, and to preserve our humanity. Meanwhile the military massacres, tortures and murders, it commits wholesale arson against civilian homes.


When I made my statement last year at this same Committee, the Myanmar military had killed over 1,100 civilians. Now more than 2,300 people have been executed extrajudicially, arbitrarily, and brutally by the military since the coup.


A serious question must be asked. What is the responsibility of the international community to save lives? For sure, sitting idly by, spectating upon the systematic abuse of innocent civilians, cannot be acceptable to the Myanmar people, or to us.


Mr. Chair,


International legal scholars agree that the atrocities of the Myanmar military could constitute crimes against humanity.


The military has been committing such atrocities for many decades against minorities in Myanmar, including against the Rohingya. These perpetrators must be brought to justice. It is for this reason that the National Unity Government of Myanmar withdrew Myanmar’s preliminary objection of the jurisdiction of the ICJ over the case between the Gambia and Myanmar with regard to the Convention on the Prevention and Punishment of the Crime of Genocide. Moreover Myanmar has informed the ICC of the acceptance of its jurisdiction in accordance with Article 12 (3) of the Rome Statute.


It is dangerous if international justice is seen to undermine democratic forces in a conflict State. This may cast doubt on the credibility of international law.


I wish therefore to urge the ICJ and the ICC to listen to the voices of the people of Myanmar, and for the courts to bring justice to the victims.


Mr. Chair,


A few weeks ago, the Myanmar military bombed a school at a monastery in Let Yet Kone village, Debayin Township, Sagaing Region. At least 13 individuals including 7 children were killed. These innocent children studying in school had no chance to learn that international legal protection even existed. They are killed now. They will never know.


It is high time to put an immediate stop to such violence. When all the domestic measures are exhausted to protect the people of Myanmar, the international community has the responsibility to protect the people of Myanmar from the inhumane military. The information gathered by the Independent Investigative Mechanism for Myanmar confirms that this is the time we must end the culture of impunity for the Myanmar military.


Therefore, it is already high time to turn evidence into effective action. The UN Security Council must use the admissible evidence of atrocity crimes being committed by the Myanmar military to refer the situation to the ICC, as the Council did twice in the past.


Mr. Chair,


In conclusion, our harrowing experiences highlight the critical need for an international convention to prevent crimes against humanity and punish perpetrators. We fervently hope that such a convention will be implemented soon. It will help save the lives of innocent individuals including children who have been victims of crimes against humanity.


The draft articles endorsed by the International Law Commission represent the international community's desire for measures to end impunity for perpetrators of crimes against humanity and to provide justice for victims. Myanmar supports the establishment of a Convention based on the draft articles suggested by the ILC in this respect.


I thank you.


****









bottom of page