top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun under agenda Item 78: Crimes against Humanity - 6C of 78th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, under agenda Item 78: Crimes against Humanity, at the Sixth Committee of the Seventy-Eighth session of UN General Assembly, held on 12 October 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆဋ္ဌမကော်မတီ အစည်းအဝေး၌

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအား ဖြေရှင်းပေးရန် တုံ့ဆိုင်းနေပါက မြန်မာပြည်သူများခံစားနေရသည့် ဒုက္ခသည် အချိန်နှင့်အမျှ တိုးပွားနေမည်သာဖြစ်၊ တစ်နည်းဆိုသော် ကုလသမဂ္ဂအနေဖြင့် ထိရောက်သည့် အရေးယူဆောင်ရွက်ချက်များကို ချမှတ်ရန် ပျက်ကွက်ခြင်းသည် အပြစ်မဲ့သည့် မြန်မာပြည်သူပြည်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန်ရန် စစ်တပ်အား သွယ်ဝိုက်၍ ခွင့်ပြုပေးခြင်းပင် ဖြစ်ကြောင်း ထောက်ပြခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်)


၁။ နယူးယောက်မြို့ တွင် ကျင်းပလျက်ရှိသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ) မျက်နှာစုံညီ အစည်းအဝေးတွင် “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုကို ၁၂.-၁၀-၂၀၂၃ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။

၂။ အဆိုပါ ဆွေးနွေးမှုတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က အောက်ဖော်ပြပါ အဓိကအချက်များ ကို ထည့်သွင်း ပြောကြားခဲ့ပါသည်-


(က) လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများသည် နိုင်ငံတကာအသိုက်အဝန်း အတွက် အထူးစိုးရိမ် ဖွယ်ရာ ပြစ်မှုများထဲတွင်ပါဝင်သည်ဟု ကုလသမဂ္ဂ အထွေထွေညီလာခံက အသိ အမှတ်ပြု ထားပြီး ဤကော်မတီသည် အပြည်ပြည်ဆိုင်ရာ ဥပဒေကော်မရှင်၏ အကြံပြုချက်များကို ထည့်သွင်းစဉ်းစားရာတွင် အရေးကြီးသော ခြေလှမ်းဖြစ်စေခဲ့ကြောင်း၊


(ခ) လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများကို တားဆီးခြင်းနှင့် ပြစ်ဒဏ်ချမှတ် နိုင်သည့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတစ်ရပ် မရှိခြင်းသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားစီရင်ရေး စနစ်အတွက် ပျော့ကွက်တစ်ခုဖြစ်နေကြောင်း၊ ထိုကွန်ဗင်းရှင်း တစ်ခု ထွက်ပေါ် လာမှုသည် ဆိုးရွားရက်စက်သော နိုင်ငံတကာရာဇ၀တ်မှုများကို တားဆီးရာ၌ နိုင်ငံတကာ၏ ကြိုးပမ်းမှုများကို အထောက်အကူ ဖြစ်စေရုံမျှမက ပြည်တွင်း ရာဇဝတ်မှု တရားစီရင်ရေးစနစ်ကို လည်းမြှင့်တင် ပေးနိုင်မည်ဖြစ်ကြောင်း၊


(ဂ) လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇ၀တ်မှုများ နည်းတူ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို တားဆီးအပြစ်ပေးရမည်ကို နိုင်ငံတကာ တစ်သဘောတည်းရှိကြကြောင်း၊ ဤအဆင့်တွင် ကွန်ဗင်းရှင်း မူကြမ်းနှင့် ပတ်သက်၍ အမြင်ကွဲပြားမှုများရှိနေသည် ကို နားလည်ကြောင်း၊ တစ်ချိန်တည်းတွင် ကွန်ဗင်းရှင်း အား အလွဲသုံးစားပြုမှု၊ နိုင်ငံရေးအရ လှုံ့ဆော်အသုံးချမှု ဖြစ်လာနိုင်ခြင်းအပေါ် စိုးရိမ်ပူပန် နေကြသည်ကိုလည်း နားလည်ကြောင်း၊ သို့သော် ထိုပြဿနာများသည် ကွန်ဗင်းရှင်း ဖြစ်ပေါ်ရေးအတွက် အတားအဆီးမဖြစ်သင့်ဘဲ အားလုံးပါဝင်နိုင်သော၊ ပွင့်လင်းမြင်သာ မှုနှင့် အပြုသဘောဆောင်သော ညှိနှိုင်းမှုများမှတစ်ဆင့် စိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်း သင့်ကြောင်း၊


(ဃ) ထို ကွန်ဗင်းရှင်းသည် ကမ္ဘာ့အသိုက်အဝန်းအတွက် အရေးပေါ်လိုအပ်နေပြီး ရက်စက် ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ကျူးလွန်ရန် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသည့် စစ်တပ်ရှိရာ မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများအတွက်ဆိုလျှင် အထူးပင်အရေးကြီးကြောင်း၊ ကျူးလွန်သူများအား ကင်းလွတ်ခွင့်ပေးထားသည့် ဓလေ့ကို အဆုံးသတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊


(င) မြန်မာနိုင်ငံ၌ တရားမဝင်စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ စစ်တပ်က မြန်မာပြည်သူများအပေါ် ဆိုးရွားရက်စက်သည့် အကြမ်းဖက်မှုများကို ဆက်တိုက်ပြုလုပ်နေဆဲ ဖြစ်ကြောင်း၊ ပြည်သူများက စစ်အာဏာသိမ်းမှုကို ပြတ်သားစွာ ငြင်းပယ်ကြသည့်အတွက် စစ်တပ်ထံ လက်အောက်ခံစေရန် ရည်ရွယ်ချက်ဖြင့် အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေကြကြောင်း၊


(စ) မြန်မာနိုင်ငံတွင် အရပ်သား ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုအတိုင်းအတာ သည် အာဏာသိမ်းပြီးနောက်ပိုင်း ပိုကျယ်ပြန့်ပြီး စနစ်တကျဖြင့် ကျူးလွန်ခဲ့သည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) က ယမန်နှစ်အစီရင်ခံစာတွင် ဖော်ပြခဲ့ကြောင်း၊ ယခုနှစ်အစီရင်ခံစာ တွင်လည်း မြန်မာနိုင်ငံရှိ ပြည်သူများအပေါ် ကြီးလေးသည့် နိုင်ငံတကာရာဇ၀တ်မှုများ ကျူးလွန်နေသည့် အထောက်အထား ခိုင်မာစွာရှိသည်ဟု ထပ်မံအတည်ပြုထားကြောင်း၊ အကျဉ်းထောင်များ အတွင်း ကျူးလွန်သည့် မုဒိမ်းမှုများ အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သည့် အခြားရာဇ၀တ်မှုများကျူးလွန်ခဲ့သည့် ခိုင်မာသော အထောက်အထားများပင် ရှိကြောင်း၊


(ဆ) ပြီးခဲ့သည့်လက လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့် အစီရင်ခံစာတွင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တရားမဝင် အာဏာသိမ်းစစ်တပ်သည် အရပ်သား ပြည်သူ တစ် ရပ်လုံး အပေါ် စနစ်တကျ တိုက်ခိုက်ရန် ကျင့်သုံးနေသည့် စစ်ရေး နည်းဗျူဟာ (၃) ရပ်အား ချပြခဲ့ကြောင်း၊ ယင်းတို့မှာ ပြည်သူများအပေါ် ဦးတည်၍ အဆင်အခြင်မဲ့ လေကြောင်းတိုက်ခိုက်ခြင်း၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် အရပ်သားပြည်သူများ၏ နေအိမ်များနှင့် အိုးအိမ်တိုက်တာများစွာကို ရည်ရွယ်ချက်ရှိစွာ မီးရှို့ ဖျက်ဆီးခြင်းတို့ ပင်ဖြစ်ကြောင်း၊


(ဇ) ယခုလ (၉) ရက်နေ့ ညဉ့်ဦးပိုင်းတွင်လည်း ကချင်ပြည်နယ်၊ လိုင်ဇာရှိ မုန်လိုင်ခက် စစ်ဘေးရှောင် စခန်းအား လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် (၁၃) ဦး အပါအဝင် အရပ်သား အယောက် (၃၀) ကို သေစေခဲ့ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ များပြားပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဘုရားကျောင်းနှင့် နေအိမ်များလည်း ပျက်စီးသွားခဲ့ကြောင်း၊


(ဈ) စစ်တပ်သည် မတရားစစ်အာဏသိမ်းပြီးချိန်မှစ၍ ယနေ့အထိ ပြည်သူ (၄,၁၀၀) ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း၊ ၁.၇ သန်းခန့်သော ပြည်သူများသည် စစ်တပ်၏ မဆင်မခြင် တိုက်ခိုက်မှု များကြောင့် နေအိမ်များမှ စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ သို့ဖြစ်ရာ ပြည်တွင်း နေရပ် စွန့်ခွာသူ စုစုပေါင်း (၂) သန်းခန့် ရှိပြီဖြစ်ကြောင်း၊ ထို့ပြင် စစ်တပ်သည် နိုင်ငံတဝှမ်း၌လည်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့ကြောင်း၊ အထူးသဖြင့် ဒီမိုကရေစီအရေး တက်ကြွစွာ လှုပ်ရှားသူများကို မတရားသေဒဏ်စီရင်ခဲ့ကြောင်း၊ အိုးအိမ် (၇၅,၀၀၀) ကျော်မှာ မီးရှို့ဖျက်ဆီးခြင်း သို့မဟုတ် ဖျက်ဆီးခြင်းခံထားရကြောင်း၊


(ည) စစ်တပ်အနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ခံစားလျက် အဆိုပါ ရက်စက်ကြမ်းကြုတ်မှု များကို တွင်တွင်ကျယ်ကျယ် ကျူးလွန်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအတွက် ရေရှည်တည်တံ့ ခိုင်မြဲသော အဖြေတစ်ခုထွက်ပေါ်လာစေရန် စစ်တပ်၏ ပြစ်ဒဏ် ကင်းလွတ်နေမှုကို ရပ်တန့်ရန် အလေးထားဖြေရှင်းရမည်ဖြစ်ကြောင်း၊


(ဋ) အထူးသဖြင့် စစ်တပ်မှ ကျူးလွန်သည့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအပါအဝင် ရက်စက်ကြမ်းကြုတ်မှုများအတွက် ခိုင်မာသည့် သက်သေအထောက်အထား မြောက်များစွာကို ရရှိထားပြီးဖြစ်ရာ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (International Criminal Court – ICC) သို့ လွှဲပြောင်းတင်သွင်းသင့်ကြောင်း၊ ယခင်ကလည်း နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ နှစ်ကြိမ်တိုင် အမှုလွှဲပြောင်း တင်သွင်းခဲ့သည့် မှတ်တမ်းရှိထားပြီးဖြစ်ကြောင်း၊


(ဌ) လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအား ICC သို့ လွှဲပြောင်း တင်သွင်းရန် လုံခြုံရေးကောင်စီကို အကြိမ်ကြိမ် တိုက်တွန်းခဲ့ကြောင်း၊ သို့သော် အဆိုပါ တောင်းဆိုမှုများကို ယနေ့တိုင် လေးနက်စွာ အရေးယူဆောင်ရွက်မှုမရှိခြင်းမှာ အလွန်ဝမ်းနည်းနာကျင်ဖွယ်ကောင်းပါကြောင်း၊


(ဍ) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် Rome Statute ပါ Article 12 (3) နှင့်အညီ ICC ၏ တရားစီရင်မှုကို လက်ခံမည်ဟု တရားဝင် ထုတ်ပြန် ကြေညာထားပြီးဖြစ်ကြောင်း၊ အဆိုပါ အားစိုက်ထုတ်မှုသည် နစ်နာသူများအတွက် တရားမျှတမှု ပြန်လည်ဖော်ဆောင်ပေးရန် အဓိက ရည်ရွယ်ကြောင်း၊ မြန်မာပြည်သူများအနေဖြင့်လည်း ICC ၏ အရေးယူဆောင်ရွက် ချက်ကို စောင့်ဆိုင်းလျက်ရှိပါကြောင်း၊


(ဎ) သို့ဖြစ်ရာ မိမိနိုင်ငံ၏ ဖြစ်စဉ်သည် ပြစ်ဒဏ်ကင်းလွတ်ခြင်းအား တိုက်ဖျက်ရန် လိုအပ် သည်ဟူသော အချက်အတွက် ဥပမာကောင်းတစ်ခုဖြစ်ကြောင်း၊ ပြစ်ဒဏ်ကင်းလွတ်ခြင်း အား တိုက်ဖျက်နိုင်မှသာလျှင် အလွန်အမင်းရက်စက်သော ရာဇဝတ်မှုများကြောင့် နစ်နာရသူများအတွက် တရားမျှတမှု ပြန်လည်ဖော်ဆောင်ပေးနိုင်ရုံသာမက အဆိုပါ ရာဇဝတ်မှုများ မည်သည့်နေရာဒေသတွင်မဆို ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင် မည်ဖြစ်ကြောင်း၊


(ဏ) ဤတွင် မြန်မာပြည်သူများသည် စစ်တပ်မှ ကျူးလွန်နေသည့် နိုင်ငံတကာရာဇဝတ်မှု များအတွက် နိုင်ငံတကာဥပဒေ၏ အကာအကွယ်ကို အရေးတကြီးလိုအပ်လျက်ရှိသည်မှာ ရှင်းလင်းမြင်သာပါကြောင်း၊


(တ) ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအား ဖြေရှင်းပေး ရန် တုံ့ဆိုင်းနေပါက မြန်မာပြည်သူများခံစားနေရသည့် ဒုက္ခသည် အချိန်နှင့်အမျှ တိုးပွားနေမည်သာဖြစ်ကြောင်း၊ တစ်နည်းဆိုသော် ကုလသမဂ္ဂအနေဖြင့် ထိရောက်သည့် အရေးယူ ဆောင်ရွက်ချက်များကို ချမှတ်ရန် ပျက်ကွက်ခြင်းသည် အပြစ်မဲ့သည့် မြန်မာပြည်သူပြည်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန်ရန် စစ်တပ်အား သွယ်ဝိုက်၍ ခွင့်ပြုပေးခြင်းပင်ဖြစ်ကြောင်း၊


(ထ) သို့ဖြစ်ရာ မိမိအနေဖြင့် ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီအား မြန်မာပြည်သူ များ၏ စိတ်ဆန္ဒမျှော်မှန်းချက်များကို လေးစားရန်နှင့် မြန်မာပြည်သူများအပေါ် တာဝန် မပျက်ကွက်ရန်အပြင် တရားမျှတမှုနှင့် လူသားမျိုးနွယ်စုပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား ကာကွယ်ရန် ရုန်းကန်ကြိုးစားနေကြသည့် မြန်မာပြည်သူများအား မချန်လှပ်ထားရန် တိုက်တွန်းလိုပါကြောင်း။



၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations

under agenda Item 78: Crimes against Humanity,

at the Sixth Committee of the Seventy-Eighth session of UN General Assembly


(New York, 12 October 2023)


Mr. Chair,


Since this is the first time my delegation takes the floor, I wish to congratulate you, Mr. Chair, and the other Bureau members for your election and assure you of our delegation’s full support and cooperation.


Myanmar thanks the International Law Commission for the draft articles on the prevention and punishment of crimes against humanity as well as for its recommendations which we support.


Mr. Chair,


The General Assembly has recognized that crimes against humanity are among the most serious crimes of concern to the international community as a whole. The Assembly, particularly this Committee, has taken important steps forward in its consideration of the ILC’s recommendations. Last year, we set in motion a process for substantive exchanges for a two-year span. We hope the Committee would be able to take a decision next year as stipulated in the resolution 77/249.


We firmly believe that crimes against humanity must be prevented and all perpetrators must be held accountable. The absence of an international convention dedicated to the prevention and punishment of these crimes has long been a gap in international criminal justice system that prevents the most serious crimes of international concern. The development of such a convention on this matter will not only contribute to the international community’s efforts to prevent atrocity crimes and combat impunity, but also help improve criminal justice system at the national levels.


The international consensus is that crimes against humanity must be prevented and punished along with genocide and war crimes. It is understandable at this stage that there are differing views on some aspects of the draft articles as well as concerns over potential abuses and politically motivated applications. However, these issues should not prevent the process from moving forward toward the drafting of a convention. Instead, the concerns should be addressed through inclusive, transparent and constructive negotiations.


Mr. Chair,


Reality is that the convention is urgently required within the global community, and it holds particular significance for a nation like Myanmar, where the military operates with impunity, committing brutal acts.


It is vitally important for all of us to work together to end the culture of impunity for perpetrators.


Mr. Chair,


In Myanmar, since the illegal military coup in February 2021, the military junta has been conducting a campaign of brutal violence against the people of Myanmar across the country. As their failing coup has been met with resolute rejections from the people, their brute assaults against the civilian populations continue with the aim of subjugating them.


Last year, the United Nations Independent Investigative Mechanism for Myanmar stated that the scale and manner crimes are committed in Myanmar since the coup constitutes a widespread and systematic attack against civilian population. Again in this year’s report, the Mechanism reaffirms that “there is strong evidence indicating that serious international crimes are being inflicted against the people in Myanmar. There is also strong evidence that crimes against humanity have been committed, including rape in detention among others.”


Last month, at the Human Rights Council, the UN High Commissioner for Human Rights laid out three specific military tactics deployed by the illegal military junta to systematically attack the civilian population. These are indiscriminate airstrikes, mass killings, and large-scale and intentional burning of civilian homes and buildings.

Recently, on almost midnight of 9 October, the military junta conducted aerial attacks on Munglai Hkyet IDP Camp in Laiza, Kachin State, killing 30 civilians including 13 children and injuring many as well as destroying a school, a hospital, a church and homes


So far, the military junta has murdered over 4,100 civilians since the coup. About 1.7 million people have been driven out of their homes by the military indiscriminate attacks on the civilian population since the coup. The total number of IDPs is now nearly 2 million. Multiple massacres have been committed by the military forces across the country. There have been arbitrary executions of democracy activists following the secret sham military trials. According to the OCHA, nearly 75,000 civilian properties are estimated to be burnt down or destroyed.


These ongoing widespread atrocities in Myanmar are being committed by the military junta with the sense of impunity. The international community, particularly the Security Council, must address the military impunity in Myanmar in order to create conditions for a sustainable solution to the current crisis.


Given the mounting evidence of atrocity crimes including crimes against humanity and war crimes being committed in Myanmar, the Security Council should refer the situation to the International Criminal Court, as the Council did so twice in the past.


The UN High Commissioner for Human Rights has repeatedly urged the UNSC to refer the situation of Myanmar to the ICC. Sadly and painfully, those calls have not been taken seriously yet.


Mr. Chair,


On our part, the National Unity Government declared to the ICC of the acceptance of its jurisdiction in accordance with Article 12 (3) of the Rome Statute as an effort to find justice for the victims. The people of Myanmar are awaiting action from the ICC


The situation of my country is an example of why combating impunity is a necessity not only to provide justice for victims who suffered from the heinous crimes, but also to prevent such crimes anywhere else.


Clearly, the people of Myanmar urgently need the international legal protection from the military junta’s international crimes.


Mr. Chair,


In conclusion, I wish to remind that, with every moment passes by, every moment that the international community takes no action, the sufferings of the Myanmar people continue. On other word, no concrete action from the UN will indirectly encourage the inhumane military junta to commit further atrocities against innocent civilians in Myanmar.


So, I urge the UN in particular the UNSC to respect the aspiration of the people of Myanmar and make sure that the UN does not fail Myanmar and not leave the people of Myanmar alone in this world striving towards justice and protection from crimes against humanity.


I thank you.



*****















Comments


bottom of page