Statement by Ambassador Kyaw Moe Tun, at the Annual Open Debate of the United Nations Security Council on “Protection of Civilians in Armed Conflict”
- Myanmar Mission To UN

- 3 minutes ago
- 7 min read



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Annual Open Debate of the United Nations Security Council on “Protection of Civilians in Armed Conflict”, held on 21 May 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ၏ “လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် တံခါးဖွင့်ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပဋိပက္ခအခြေအနေတစ်ခုတွင် ပြစ်ဒဏ် ကင်းလွတ်ခွင့်ရရှိနေခြင်းသည် အခြားပဋိပက္ခများတွင် ပြစ်မှုကျူးလွန်သူများကို ပိုမိုအတင့်ရဲလာစေနိုင်၊
လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းသည် နိုင်ငံတကာအာရုံစိုက်မှု အတိုင်းအတာမည်သို့ပင် ရှိစေကာမူ ပဋိပက္ခ အခြေအနေအားလုံး၌ အရပ်သားပြည်သူများအား
ကာကွယ်စောင့်ရှောက်ရေးကို ထိန်းသိမ်း မြှင့်တင်ရန် တာဝန်ရှိ၊
အတွင်းရေးမှူးချုပ် ၏အစီရင်ခံစာတွင် အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့သော စစ်ရေးပစ်မှတ်၊ အရပ်သား ခွဲခြားမှု မရှိသည့် လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာများနှင့် လယ်ယာမြေများအား မီးရှို့ဖျက်ဆီးမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အဖွဲ့အစည်းများနှင့် ဝန်ဆောင်မှုများအပေါ် တိုက်ခိုက်မှုများ၊ ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်နှောင့်ယှက်မှုများ
စသည်တို့ကိုပါ ထည့်သွင်းဖော်ပြထား၊
ဤသို့ အခြေအနေ ပိုမိုဆိုးရွားလာနေမှုကို ထောက်ရှု၍ မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများအား
ထိရောက်စွာနှင့် ရေရှည်တည်တံ့စွာ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းတို့ အနေဖြင့် စစ်အုပ်စုအပေါ် ထိရောက်သော ဖိအားပေးဆောင်ရွက်မှုများ ချမှတ်ရေး၊ ပြစ်မှုကျူးလွန်သူများအပေါ် တာဝန်ခံမှုဆိုင်ရာ ယန္တရားများ ပိုမိုခိုင်မာ အားကောင်းစေရေး၊ ပဋိပက္ခ၏ အရင်းခံအကြောင်းတရားကို ဖြေရှင်းနိုင်ရေးကို ဆောင်ရွက်နိုင်၊
စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ပြောကြားမှုများသည် အကြမ်းဖက်စစ်တပ်၏ အရပ်သား ပြည်သူများနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများအပေါ် ခွဲခြားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်ခြင်းမှ ဟန့်တားနိုင်ခဲ့ခြင်း မရှိ၊ အကြမ်းဖက်စစ်အုပ်စုနှင့် အလျင်စလို အကျိုးအကြောင်းခိုင်လုံခြင်းမရှိဘဲ ထိတွေ့ ဆက်ဆံရန် ကြိုးပမ်းမှုများသည်လည်း စစ်တပ်အား စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ထပ်မံကျူးလွန်ခြင်းမှ ရပ်တန့်စေနိုင်မည်မဟုတ်၊
အကြမ်းဖက်စစ်အုပ်စု၏ အမည်နှင့် ရာထူးအမည်များကို အမည်ခံပြောင်းလဲခြင်းသည် အဖွဲ့ အစည်းဆိုင်ရာ သို့မဟုတ် စနစ်တကျ နိုင်ငံရေးပြောင်းလဲမှုတစ်ရပ် ဖြစ်ပေါ်နေခြင်း မဟုတ်သကဲ့သို့၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် စစ်မှန်သော ကတိကဝတ်ရှိကြောင်းကိုလည်း
ညွှန်ပြနေခြင်းလည်း မဟုတ်၊
နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ အမည်ခံပြောင်းလဲမှုများအပေါ် အာရုံစိုက်နေခြင်းထက် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များနှင့် လိုလားချက်များကို ပိုမိုအလေးထား အာရုံစိုက်သင့်၊
မြန်မာနိုင်ငံအခြေအနေကို ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ရရှိစေရန် ဘက်စုံပါဝင်သည့် ချဉ်းကပ်မှုဖြင့် ကိုင်တွယ်ဖြေရှင်းသင့်၊
အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရမည့် အချက်သည် ဥပဒေအရ တာဝန်ဝတ္တရားတစ်ရပ်သာမက ကိုယ်ကျင့်တရားအရ ထမ်းဆောင်ရမည့် တာဝန်တစ်ရပ်လည်း ဖြစ်၊
အမျိုးသားညီညွတ်ရေးအစိုးရနှင့် အဓိက တိုင်းရင်းသားဒီမိုကရေစီအင်အားစုများသည် စစ်တပ်ကို အရပ်သား အုပ်ချုပ်မှုနှင့် ကြီးကြပ်မှုအောက်သို့ ထားရှိနိုင်ရေး၊ ပဋိပက္ခကာလအတွင်း မတရားမှုများကြောင့် နစ်နာခံစား ခဲ့ရသူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ဖော်ဆောင်နိုင်ရေး၊ အကူးအပြောင်းကာလ တရားမျှတမှု စနစ်တစ်ရပ် ထူထောင်နိုင်ရေးတို့အတွက်
ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီမှတစ်ဆင့်
ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိ၊
အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး မြန်မာပြည်သူများ၏ စုပေါင်းကြိုးပမ်းမှုများအပေါ် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး ဦးဆောင်ကောင်စီတို့အား ထိရောက်သော ပံ့ပိုးကူညီမှုများ ပေးအပ်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်)
၁။ ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီက “လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေး” ခေါင်းစဉ်ဖြင့် တံခါးဖွင့်ဆွေးနွေးပွဲတစ်ရပ်အား ၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်နေ့နှင့်၂၁ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း (၉၆) နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့် အဆိုပါ အစည်းအဝေးသို့ ပါဝင်တက်ရောက်ကာ ၂၁-၅-၂၀၂၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-
(က) ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သား ပြည်သူများအား ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတကာက ကတိပြုထားမှုများနှင့် မြေပြင်တွင် အရပ်သားပြည်သူများ အမှန်တကယ် ရင်ဆိုင်နေရသည့် အခြေအနေများအကြားမှ ကွာဟချက် သည် ပိုမိုကြီးထွားလာသည်ကို ဖော်ပြထားပါကြောင်း၊ ကုလသမဂ္ဂ၏ အစီရင်ခံစာများအရ ၂၀၂၅ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခရပ်၂၀ အတွင်း အရပ်သားပြည်သူ သေဆုံးမှု ၃၇,၀၀၀ ကျော် ရှိခဲ့ကြောင်း၊ ထို့အပြင် ယခုနှစ် ပထမခြောက်လအတွင်းဖြစ်ပေါ်ခဲ့သည့် နေရပ်စွန့်ခွာရွှေ့ပြောင်းမှု အသစ်များ၏ ၆၅ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၅ နိုင်ငံတွင် ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါကြောင်း၊
(ခ) လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၂၈၆ (၂၀၁၆) ကို ချမှတ်ခဲ့သည်မှာ ဆယ်နှစ် ပြည့်မြောက် လာပြီဖြစ်သော်လည်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံများအပေါ် တိုက်ခိုက်မှုများသည် ပဋိပက္ခများစွာတွင် ဆက်လက်တွေ့မြင်နေရဆဲ ဖြစ်ပါကြောင်း၊ ဤသို့သောအခြေအနေများနှင့် ရင်ဆိုင်နေရသည့်အားလျော်စွာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများ လိုက်နာကျင့်သုံးမှု ပိုမိုခိုင်မာစေရန်၊ ပြစ်မှုကျူးလွန်သူများအပေါ် တာဝန်ခံမှုနှင့် တာဝန်ယူမှုကို မြှင့်တင်နိုင်ရန်အတွက် ရဲရင့်သော ခေါင်းဆောင်မှု၊ ခိုင်မာသော နိုင်ငံရေးဆန္ဒနှင့် ထိရောက်ပြတ်သားသော လုပ်ဆောင်ချက် များကို ပြသဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ကမ္ဘာတစ်ဝန်းရှိ လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်မည်ဟူသော ကတိကဝတ်များကို အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အမှန်တကယ် အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း၊
(ဂ) ထို့ကြောင့် ယနေ့ထုတ်ပြန်ခဲ့သည့် “ပြုပြင်ပြောင်းလဲမှုများနှင့် ကန့်သတ်ချက်များရှိနေသည့် အခြေအနေများအတွင်း အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေးကို ထိန်းသိမ်းမြှင့်တင်ရန် ပူးတွဲကတိကဝတ်များ”တွင် မြန်မာနိုင်ငံက ပူးတွဲ ပါဝင်ခဲ့ပါကြောင်း၊ ဦးစီးဦးဆောင် ဆောင်ရွက်ခဲ့သည့် ဆွစ်ဇာလန်နိုင်ငံကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊
(ဃ) ပဋိပက္ခအခြေအနေတစ်ခုတွင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေခြင်းသည် အခြားပဋိပက္ခများတွင် ပြစ်မှုကျူးလွန်သူများကို ပိုမိုအတင့်ရဲလာစေနိုင်ပါကြောင်း၊ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ အသိုက်အဝန်းသည် နိုင်ငံတကာအာရုံစိုက်မှုအတိုင်းအတာ မည်သို့ပင်ရှိစေကာမူ ပဋိပက္ခအခြေ အနေ အားလုံး၌ အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေးကို ထိန်းသိမ်း မြှင့်တင်ရန် တာဝန်ရှိပါကြောင်း၊
(စ) အတွင်းရေးမှူးချုပ်၏အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ ကာလကြာရှည်ဖြစ်ပွားနေသည့် ပဋိပက္ခ အခြေအနေကို အလေးပေးဖော်ပြပေးခဲ့သည့်အတွက် ၎င်းအားကျေးဇူးတင်ရှိပါကြောင်း၊ အစီရင်ခံ စာတွင် အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့သော စစ်ရေးပစ်မှတ်၊ အရပ်သား ခွဲခြားမှုမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာများနှင့် လယ်ယာမြေများအား မီးရှို့ဖျက်ဆီးမှုများ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် အဖွဲ့အစည်းများနှင့် ဝန်ဆောင်မှုများအပေါ် တိုက်ခိုက်မှုများ၊ ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်နှောင့်ယှက်မှုများ စသည်တို့ကိုပါ ထည့်သွင်း ဖော်ပြထားပါကြောင်း၊
(ဆ) တရားမဝင် စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ချိန်မှစ၍ ပြည်သူ ၈,၀၀၀ ကျော်သည် အကြမ်းဖက် စစ်တပ်၏လက်ချက်ဖြင့် အသက်သေဆုံးခဲ့ရပါကြောင်း၊ ပြည်သူ ၃.၆ သန်းသည် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်နေရပြီး၊ ပြည်သူ ၂၂ သန်းနီးပါးသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိပါကြောင်း၊
(ဇ) ဤသို့ အခြေအနေ ပိုမိုဆိုးရွားလာနေမှုကို ထောက်ရှု၍ မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများအား ထိရောက်စွာနှင့် ရေရှည်တည်တံ့စွာ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အနေဖြင့် အောက်ပါ လက်တွေ့ကျသော ဆောင်ရွက်ချက်များကို ဆောင်ရွက်နိုင်သည်ဟု ယူဆပါကြောင်း -
- ပထမအချက်အနေဖြင့် စစ်အုပ်စုအပေါ် ထိရောက်သော ဖိအားပေးဆောင်ရွက်မှုများ ချမှတ် ရေး ဖြစ်ပါကြောင်း၊ အကြမ်းဖက်စစ်တပ်က အကြမ်းဖက်မှုအမျိုးမျိုးကို ခွဲခြားမှုမရှိ ကျူးလွန် နေခြင်းသည် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ်၂၆၆၉ (၂၀၂၂)၊ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၇၅/၂၈၇ အပါအဝင် ကုလသမဂ္ဂဆုံးဖြတ်ချက်များနှင့် အာဆီယံဘုံသဘောတူညီချက် (၅)ရပ်ကို သိသာမြင်သာစွာ ချိုးဖောက်နေခြင်း ဖြစ်ပါကြောင်း၊
- ထိုသို့ ထပ်ခါတလဲလဲ ချိုးဖောက်မှုများအပေါ် လုံခြုံရေးကောင်စီအနေဖြင့် နောက်ဆက်တွဲ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ရန် လိုအပ်ကြောင်းကိုလည်းကောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုထံသို့ လက်နက်များ၊ စစ်လက်နက်ပစ္စည်းများ၊ လေယာဉ်ဆီ၊ စစ်ဘက် နှင့် အရပ်ဘက် နှစ်မျိုးသုံးနိုင်သည့် ပစ္စည်းများနှင့် နည်းပညာများ စီးဆင်းရောက်ရှိမှုကို တားဆီးနိုင်ရေးအတွက် ပိုမိုကျယ်ပြန့်ပြီး ပြည့်စုံသောဆောင်ရွက်ချက်များ ချမှတ်ရန် လိုအပ် နေသည်ကို ရှင်းလင်းစွာ ပြသနေပါကြောင်း၊
- စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ပြောကြားမှုများသည် အကြမ်းဖက်စစ်တပ်၏ အရပ်သားပြည်သူ များနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများအပေါ် ခွဲခြားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှု များ ဆက်လက်ကျူးလွန်ခြင်းမှ ဟန့်တားနိုင်ခဲ့ခြင်း မရှိပါကြောင်း၊ တစ်ချိန်တည်းမှာပင် အကြမ်းဖက်စစ်အုပ်စုနှင့် အလျင်စလို အကျိုးအကြောင်းခိုင်လုံခြင်းမရှိဘဲ ထိတွေ့ ဆက်ဆံရန် ကြိုးပမ်းမှုများသည်လည်း စစ်တပ်အား စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန် သော ရာဇဝတ်မှုများ ထပ်မံကျူးလွန်ခြင်းမှ ရပ်တန့်စေနိုင်မည် မဟုတ်ပါကြောင်း၊
- ဒုတိယအချက်အနေဖြင့် ပြစ်မှုကျူးလွန်သူများအပေါ် တာဝန်ခံမှုဆိုင်ရာ ယန္တရားများ ပိုမို ခိုင်မာအားကောင်းစေရေး ဖြစ်ပါကြောင်း၊ နိုင်ငံတကာအဆင့် ရာဇဝတ်မှုများကို ရည်ရွယ်ချက် ရှိရှိ ကျူးလွန်နေခြင်းကြောင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့၏ ခေါင်းဆောင်များသည် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး၌ စွဲဆိုထားသည့်အမှု အပါအဝင် သက်ဆိုင်ရာနိုင်ငံတကာ၏ရာဇဝတ်မှုဆိုင်ရာတရားစွဲဆိုရေး ယန္တရားများအောက်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ထို့အပြင် အဆိုပါအခြေအနေတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ တရားလိုရှေ့နေက မင်းအောင်လှိုင်အပေါ် ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားမှုလည်း ပါဝင်ပါကြောင်း၊
- ထို့ကြောင့် လုံခြုံရေးကောင်စီအနေဖြင့် တာဝန်ခံမှုဆိုင်ရာ အဖွဲ့အစည်းယန္တရားများအကြားရှိ ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး၊ တရားမျှတမှုဖော်ဆောင်နိုင်ရန်နှင့် အကြမ်းဖက် စစ်အာဏာရှင်အဖွဲ့က ခံစားနေရသည့် အရေးယူ၊ အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်ရရှိနေသည့် ယဉ်ကျေးမှုကို အဆုံးသတ်နိုင်ရန်အတွက် မြန်မာနိုင်ငံအခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးသို့ လွှဲပြောင်းပေးနိုင်ပါကြောင်း၊ နစ်နာခံစားခဲ့ရသူများအတွက် တရားမျှတမှုမရှိဘဲ ရေရှည်တည်တံ့သော ဖြေရှင်းချက်တစ်ရပ်ကို ရှာဖွေနိုင်မည် မဟုတ်ပါကြောင်း၊ ထို့အပြင် အကူးအပြောင်းကာလ တရားမျှတမှုသည် အရပ်သားပြည်သူများအား ကာကွယ် စောင့်ရှောက်ရေးကို အာမခံပေးနိုင်မည်ဖြစ်ပြီး၊ အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများ ထပ်မံဖြစ်ပွားခြင်းကိုလည်း ဟန့်တားနိုင်မည် ဖြစ်ပါကြောင်း၊
- တတိယနှင့် နောက်ဆုံးအချက်အနေဖြင့် ပဋိပက္ခ၏ အရင်းခံအကြောင်းတရားကို ဖြေရှင်းနိုင်ရေး ဖြစ်ပါကြောင်း၊ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူများအား ထိခိုက်နစ်နာစေသည့် လုပ်ရပ်များကို ကာလကြာရှည်စွာ ကျူးလွန်နေခြင်းသည် မြန်မာနိုင်ငံရှိ အရပ်သား ပြည်သူများအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပါကြောင်း၊ မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင်အဖွဲ့သည် နိုင်ငံအတွင်း နိုင်ငံရေးအရသာမက အဖွဲ့အစည်းပိုင်းဆိုင်ရာအရပါ ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက်ရရှိနေသမျှကာလပတ်လုံး၊ ယင်းခြိမ်းခြောက်မှုသည် ပြည်သူများ၏ ရပ်တည်ရှင်သန်မှုကိုပင် ထိပါးခြိမ်းခြောက်နေမည့် အန္တရာယ်တစ်ရပ် အဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်းကို အပြည့်အဝ သဘောပေါက်နားလည်ထားကြပါကြောင်း၊
- အကြမ်းဖက်စစ်အုပ်စု၏ အမည်နှင့် ရာထူးအမည်များကို အမည်ခံပြောင်းလဲခြင်းသည် အဖွဲ့ အစည်းဆိုင်ရာ သို့မဟုတ် စနစ်တကျ နိုင်ငံရေးပြောင်းလဲမှုတစ်ရပ် ဖြစ်ပေါ်နေခြင်းမဟုတ် သကဲ့သို့၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် စစ်မှန်သောကတိကဝတ်ရှိကြောင်းကိုလည်း ညွှန်ပြနေခြင်းလည်း မဟုတ်ပါကြောင်း၊
- ထို့ကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ အမည်ခံပြောင်းလဲ မှုများအပေါ် အာရုံစိုက်နေခြင်းထက် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များနှင့် လိုလားချက် များကို ပိုမိုအလေးထား အာရုံစိုက်သင့်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအခြေအနေကို ရေရှည် တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ရရှိစေရန် ဘက်စုံပါဝင်သည့် ချဉ်းကပ်မှုဖြင့် ကိုင်တွယ်ဖြေရှင်း သင့်ပါကြောင်း၊
(ဈ) နိဂုံးချုပ်အနေဖြင့် အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရမည် ဖြစ်ပါကြောင်း၊ ယင်းအချက်သည် ဥပဒေအရ တာဝန်ဝတ္တရားတစ်ရပ်သာမက ကိုယ်ကျင့်တရားအရ ထမ်းဆောင်ရမည့် တာဝန်တစ်ရပ်လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအောက်ရှိ တာဝန်ဝတ္တရားများနှင့် အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေးအပေါ် မိမိတို့၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါကြောင်း၊
(ည) အမျိုးသားညီညွတ်ရေးအစိုးရနှင့် အဓိက တိုင်းရင်းသား ဒီမိုကရေစီအင်အားစုများသည် စစ်တပ်ကို အရပ်သားအုပ်ချုပ်မှုနှင့် ကြီးကြပ်မှုအောက်သို့ ထားရှိနိုင်ရေး၊ ပဋိပက္ခကာလအတွင်း
မတရားမှုများကြောင့် နစ်နာခံစားခဲ့ရသူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ဖော်ဆောင် နိုင်ရေး၊ အကူးအပြောင်းကာလ တရားမျှတမှုစနစ်တစ်ရပ် ထူထောင်နိုင်ရေးတို့အတွက် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီမှတစ်ဆင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊
(ဍ) ထို့ကြောင့် အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ မြန်မာပြည်သူများ၏ စုပေါင်းကြိုးပမ်းမှုများအပေါ် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာ ပြည်သူများနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး ဦးဆောင်ကောင်စီတို့အား ထိရောက်သော ပံ့ပိုးကူညီမှုများ ပေးအပ်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
of the Republic of the Union of Myanmar to the United Nations,
at the Annual Open Debate of the United Nations Security Council
on “Protection of Civilians in Armed Conflict”
(New York, 21 May 2026)
Mr. President,
At the outset, I wish to congratulate China on assuming the Presidency and extend my deep appreciation to you for convening this annual open debate.
I also thank the briefers for theirremarks.
Mr. President,
The Secretary-General’s report showed the widening gap between global commitments to protect civilians in armed conflict and the reality they faced.
The UN recorded more than 37,000 civilian deaths across twenty armed conflicts in 2025. Conflicts in just five countries, including Myanmar, accounted for 65 percent of all new displacements in the first half.
Ten years since the adoption of resolution 2286 (2016), attacks against medical personnel and facilities remain a feature of many conflicts.
Against this backdrop, we, Member States of the UN, must exercise bold leadership, renewed political will and decisive actions to reinforce compliance with international humanitarian law and enhance accountability for perpetrators so that we could live up to our promises to protect civilians in armed conflicts around the world.
Accordingly, Myanmar joined the Joint Commitments to Uphold the Protection of Civilians amid Reforms and Constraints issued today. I thank Switzerland for its leadership in this regard.
Mr. President,
Impunity in one conflict setting can embolden perpetrators in another conflict setting. The Security Council and the international community have a shared responsibility to upholdprotection of civilians in all conflict settings regardless of their degree of international attention.
In this regard, I wish to thank the Secretary-General for particularly highlighting the protracted conflict in Myanmar in his report, including indiscriminate aerial attacks, burning of villages and farmland, attacks on healthcare and connectivity disruptions committed by the military junta.
Since the illegal coup, over 8,000 people have been killed by the military.
3.6 million have been displaced and almost 22 million are in need of humanitarian assistance.
Given this deteriorating situation, the Security Council and the international community, in our view, can undertake the following concrete measures to ensure effective and sustained protection of civilians in Myanmar:
First, applying appropriate pressure on the military junta: the indiscriminate act of committing all forms of violence by the military is a clear violation of the UN resolutions including the SC resolution 2669 (2022), and the GA resolution 75/287 and ASEAN 5PC.
Such repeated violations clearly demand a follow-up resolution by the Council and further comprehensive measures by Member States to prevent the flow of arms, weapons, jet fuel, dual-use items and technologies to the military junta.
Statements expressing concerns have not deterred the military from indiscriminate airstrikes against civilians and civilian infrastructures.
At the same time, hasty and unwarranted attempts to engage bilaterally or regionally with the military junta will not stop the military from further committing more war crimes and crimes against humanity, which brings me to my next point.
Second, strengthening accountability mechanisms for perpetrators: the deliberate act of committing international crimes has brought the military junta and its leadership under relevant international accountability mechanisms, including the case of the Gambia v. Myanmar at the ICJ and an application of arrest warrant against Senior General Min Aung Hlaing by the ICC Prosecutor among others.
Accordingly, the Security Council can bridge the institutional gap in accountability and refer the situation in Myanmar to the ICC to bring justice and end the culture of impunity enjoyed by the junta.
Without justice for victims, sustainable solution cannot be found, and the transitional justice will guarantee protection of civilians and deter reoccurance of violation of international law.
Third and last, addressing the root cause of conflict: the longstanding act of committing civilian harm by the military, poses the greatest threat to civilians in Myanmar.
The people of Myanmar are fully aware that this threat will remain existential as long as the military junta enjoys political and institutional impunity in our country.
The nominal change in the military junta and their titles does not signal an institutional or systematic political change. Nor does it signal a genuine commitment to peace and stability.
Therefore, the international community should seriously pay attention to the aspirations of our people instead and take a comprehensive approach in addressing the situation in Myanmar for sustainable peace and stability.
In conclusion, Mr. President, civilians must be protected. It is not only our obligation but also our moral duty.
As such Myanmar reaffirms our commitment to existing legal obligations under international humanitarian law and protection of civilians.
The National Unity Government and major ethnic democratic forces in Myanmar are coordinating through the Steering Council for the Emergence of a Federal Democratic Union (SCEF) to bring the military under civilian oversight and institute a system of transitional justice to achieve justice and accountability for victims of injustices during the conflict period.
As such, I urge the international community to extend effective support to the people of Myanmar and the SCEF in our collective efforts to eradicate the military dictatorship and build a federal democratic union for protection of civilians.
I thank you.
*****














