top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, under agenda item 66: Report of the Human Rights Council at the 27th Plenary Meeting of the Eightieth Session of the UN General Assembly

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • 5 days ago
  • 7 min read
ree
ree
ree
ree

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, under agenda item 66: Report of the Human Rights Council at the 27th Plenary Meeting of the Eightieth Session of the UN General Assembly, held on 31 October 2025


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ အထွေထွေညီလာခံ၏ (၂၇) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင် လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာအား ဆွေးနွေးခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို တူညီဆန္ဒဖြင့် အတည်ပြုချမှတ်ခဲ့သည့်အပေါ်

မြန်မာနိုင်ငံအနေဖြင့် ကြိုဆို၊

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သော မတရား စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင် စနစ် တို့သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့သည့် ဒီမိုကရေစီနှင့် လူမှုစီးပွားတိုးတက်မှုများကို နောက်ပြန်လှည့်စေပြီး နောက်ဆက်တွဲ ပဋိပက္ခများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာအကျပ်အတည်းများကိုဖြစ်ပေါ်စေသည့်အဓိကအကြောင်းရင်းခံများဖြစ်၊

တရားဥပဒေစိုးမိုးမှုပြိုလဲခြင်း၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုခံစားနေခြင်းနှင့် စစ်အုပ်စုနှင့် ၎င်း၏ နယ်ခြားစောင့် တပ်များက ရာဇဝတ်ဂိုဏ်းများအတွက် လုံခြုံသည့်ရပ်ဝန်းများကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးပေးထားသဖြင့် မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်တစ်ခုဖြစ်လာစေခဲ့၊ ကမ္ဘာတစ်ဝှမ်းမှ သန်းနှင့်ချီသော သားကောင်းများအနေဖြင့် ဒစ်ဂျစ်တယ် ကျွန်ပြုမှု၊ အွန်လိုင်း လိမ်လည်လှည့်ဖြားခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အချို့သောအခြေအနေများတွင် အသက်သေစေသည်အထိ ခံရလေ့ရှိ၊

လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်များတွင် အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီ တို့မှ ပိုမို ထိရောက်သည့် လုပ်ဆောင်ချက်များ ချမှတ်နိုင်စေမည့် အခြေခံ လမ်းကြောင်းများ ပါရှိထားပြီးဖြစ်၊ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန်၊ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်များကို ကာကွယ်စောင့်ရှောက်၊ ကယ်တင်ပေးရန် ကုလသမဂ္ဂအနေဖြင့် ပူးပေါင်း ညှိနှိုင်းမှုရှိသည့် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရမည်ဖြစ်၊

မိမိတို့အနေဖြင့် ငြိမ်းချမ်းသော၊ လူ့အခွင့်အရေး လေးစားလိုက်နာသော၊ တရားမျှတမှုရှိသော၊ စစ်မှန်သည့် ဒီမိုကရေစီအပေါ် အခြေခံသည့် မြန်မာနိုင်ငံတော်သစ်တစ်ရပ် ပေါ်ထွန်းလာစေရေး အတွက် တိုက်ပွဲဝင်နေရခြင်းဖြစ်၊ အားလုံးအနေဖြင့် စာနာမှုဖြင့်သာမက လုပ်ဆောင်ချက်များဖြင့်ပါ

မိမိတို့နှင့်အတူ ရပ်တည်ပေးရန် တိုက်တွန်းတောင်းဆိုလိုပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၃၁ရက်)


၁။ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ (၂၆)နှင့် (၂၇)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးများတွင် လူ့အခွင့်အရေးကောင်စီ၏အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးသည့်ဆွေးနွေးမှုကို ၃၁-၁၀-၂၀၂၅ ရက် (သောကြာနေ့) တွင် ကျင်းပခဲ့ပါသည်။

၂။ အဆိုပါ အစည်းအဝေးတွင် လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌ Ambassador Jürg Lauber က လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာ A/80/53 နှင့် A/80/53/Add.1 ပါ ဆုံးဖြတ်ချက်များအားအကျဉ်းချုံး ပြောကြား၍ အထွေထွေညီလာခံထံသို့ တင်ပြဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၅၀) ခန့်က မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။

၃။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-

(က) လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံ၌ဖြစ်ပွားနေသည့် လူ့အခွင့်အရေးအခြေအနေများ ခေါင်းစဉ်ဖြင့် ဆုံးဖြတ်ချက် ၅၈/၂၀အား ၃-၄-၂၀၂၅ ရက်နေ့နှင့် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားသော လူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေခေါင်းစဉ်ဖြင့် ဆုံးဖြတ်ချက် ၅၉/၂ အား ၄-၇-၂၀၂၅ ရက်နေ့တို့တွင် တူညီဆန္ဒဖြင့် အတည်ပြုချမှတ်ခဲ့သည့်အပေါ်  မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုပါကြောင်း၊

(ခ) ကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများအား သမာသမတ်ကျစွာ ဖြေရှင်းပေးခြင်းက မြန်မာပြည်သူများအတွက် အခက်ခဲဆုံးနှင့် စိန်ခေါ်မှုများအမြင့်မားဆုံးဖြစ်ပေါ်နေချိန်တွင် အသက်တမျှ အရေးကြီးပါကြောင်း၊

(ဂ) မျက်မှောက်ကမ္ဘာ့ လူ့အခွင့်အရေးအခြေအနေများသည် အမှန်တကယ်ပင် ဆုတ်ယုတ်နေပြီးအန္တရာယ်များ တိုးပွားလာနေသည်မှာ ငြင်းမရသော အခြေအနေဖြစ်ကြောင်း၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ၏ အခြေခံမူဘောင်မှာ မပျက်မယွင်း တည်ရှိနေသော်လည်း ယင်းအား ထိန်းသိမ်းစောင့်ရှောက်လိုသည့်စိတ်ဆန္ဒမှာ ပျက်စီးနေခြင်းက ဝမ်းနည်းဖွယ်ကောင်းလှကြောင်း၊

(ဃ) ထို့အပြင် တစ်ခုနှင့်တစ်ခုချိတ်ဆက်နေသည့် ပဋိပက္ခများ၊ ရာသီဥတုပြောင်းလဲခြင်းနှင့် စီးပွားရေးမတည်ငြိမ်မှုများကြောင့်လည်း ထိရှလွယ်ဆုံးအုပ်စုများအား အချိုးမညီမျှစွာ ထိခိုက်လျက် ရှိသည့်အပေါ်  စိုးရိမ်ပူပန်ရကြောင်း၊

(င) သို့ရာတွင်အာဏာရှင်များသည်ကြောက်ရွံ့မှု၊ ဒစ်ဂျစ်တယ်ဖိ နှိပ်မှုနှင့် အတုအယောင် ရွေးကောက်ပွဲများကို အသုံးချကာ ၎င်းတို့အပေါ် ဆန့်ကျင်ကန့်ကွက်မှုများ၊ အရပ်ဘက်လူမှု နယ်ပယ်အား ဖိနှိပ်ရန်နှင့် သတင်းအမှားများနှင့် အမုန်းစကားတို့အား လက်နက်သဖွယ် အသုံးချ၍ ဒီမိုကရေစီ၏ အဓိကလုပ်ငန်းများကို ခြိမ်းခြောက်လျက်ရှိကြောင်း၊

(စ) ထို့ကြောင့် မြန်မာနိုင်ငံ၏ အခြေအနေသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းတို့၏

အမြဲတစေအလေးထားစဉ်းစားမှုနှင့် အချိန်မီထိရောက်သော အရေးယူဆောင်ရွက်မှုများ လိုအပ်ပါကြောင်း၊

(ဆ) ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သော မတရား စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင် စနစ်တို့သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့သည့် ဒီမိုကရေစီနှင့် လူမှုစီးပွားတိုးတက်မှုများကို နောက်ပြန်လှည့်စေပြီး နောက်ဆက်တွဲပဋိပက္ခများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းများကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းခံများဖြစ်ကြောင်း၊

(ဇ) အချိန်ကာလ (၄) နှစ်ကျော်တလျောက် စစ်အုပ်စုသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမြောက်သော ကြောက်မက်ဖွယ်ရာ ရက်စက် ကြမ်းကြုတ်မှု များကို ဆက်လက်ကျူးလွန်လျက်ရှိကြောင်း၊ ယင်းအချက်မှာ အပြောသက်သက်မျှသာ မဟုတ်ဘဲ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားမှ စုဆောင်းထားသည့် ယုံကြည်စိတ်ချရသော သက်သေအထောက်အထားများနှင့်တကွ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် ကုလသမဂ္ဂ၏ အခြားသော တာဝန်ရှိသူများမှ ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များဖြင့်ပါ ခိုင်လုံစွာ အတည်ပြုထား ခြင်းရှိကြောင်း၊

(ဈ) စစ်အာဏာရှင်က အရပ်သားပြည်သူများအပေါ်တွင် အကြောက်တရား စိုးမိုးစေရန် ရည်ရွယ် လျက် ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ၊ မဆင်မခြင်တိုက်ခိုက်မှုများကို အားကိုးအားထားပြုနေခြင်း၊ ပြည်သူများ၏ နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေး အဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်နေခြင်းအပြင် တရားလက်လွတ်သတ်ဖြတ်မှုများ၊ စနစ်တကျလိင်ပိုင်းဆိုင်ရာနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများ အပါအဝင် အခြားကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများ သိသိသာသာ မြင့်တက်လာနေခြင်းကို မိမိတို့ ယနေ့အထိ မြင်တွေ့နေရကြောင်း၊

(ည) ရွေးကောက်ခံခေါင်းဆောင်များ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် အရပ်သား ပြည်သူများအနေဖြင့် တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် မျှတသော တရားခွင် မရှိခြင်းတို့ကို ဆက်လက် ခါးစည်းခံနေရပြီး လူငယ်အမြောက်အများမှာ စစ်အုပ်စု၏ အဓမ္မတပ်သားစုဆောင်းမှု အစီအစဉ်နှင့် စနစ်တကျ ဖိနှိပ်ချုပ်ချယ်ခြင်းတို့ကြောင့် လွတ်မြောက်ရာနေရာများနှင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ၃.၆ သန်းသော ပြည်သူများမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး ၂၂ သန်းခန့်သော ပြည်သူများမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီများကို အရေးပေါ်လိုအပ်လျက်ရှိကြောင်း၊ ကလေးသူငယ်များနှင့် အမျိုးသမီးများ၊ မိန်းကလေးငယ်များမှာ အကျပ်အတည်းဒဏ်ကို အလွန်အမင်း ခါးစည်းခံနေရကြောင်း၊

(ဋ) တရားဥပဒေစိုးမိုးမှုပြိုလဲခြင်း၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုခံစားနေခြင်းနှင့် စစ်အုပ်စုနှင့် ၎င်း၏ နယ်ခြားစောင့်တပ်များက ရာဇဝတ်ဂိုဏ်းများအတွက် လုံခြုံသည့်ရပ်ဝန်းများကို ရည်ရွယ်ချက် ရှိရှိ ဖန်တီးပေးထားခြင်းကြောင့် မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် ကမ္ဘာလုံး ဆိုင်ရာ ဗဟိုချက်တစ်ခုဖြစ်လာစေခဲ့ပြီး ကြီးမားသောအွန်လိုင်းလိမ်လည်မှုစခန်းများနှင့် ရာဇဝတ်မှုများ အဓမ္မကျူးလွန်စေရေးအတွက် လူကုန်ကူးမှုတို့ကိုပါ လုပ်ဆောင်လျက်ရှိကြောင်း၊

(ဌ) ကမ္ဘာတစ်ဝှမ်းမှ သန်းနှင့်ချီသော သားကောင်းများအနေဖြင့် ဒစ်ဂျစ်တယ်ကျွန်ပြုမှု၊ အွန်လိုင်း လိမ်လည်လှည့်ဖြားခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အချို့သောအခြေအနေများတွင် အသက် သေစေ သည်အထိ ခံရလေ့ရှိကြောင်း၊

(ဍ) ရခိုင်ဒေသရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ အခြေအနေသည်လည်း ပိုမို ဆိုးရွားလာလျက်ရှိကြောင်း၊ ပဋိပက္ခများမှာ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားသော လူနည်းစုများအား စနစ်တကျအလွဲသုံးစားပြုသည့်ပုံစံသို့ အရှိန်မြင့်တက်လာခဲ့ပြီး အကြမ်းဖက်မှုသဏ္ဍာန် အသစ်များပင် ပေါ်ပေါက်လာလျက်ရှိကြောင်း၊ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားသော ထိရှ လွယ်သည့် အသိုက်အဝန်းများမှာ အတန်အသင့်ထိခိုက်လွယ်နေပြီး စစ်အုပ်စု၏ အတင်းအကျပ် အဓမ္မတပ်သားပြုခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့် ဖမ်းဆီးခြင်းတို့ကိုပါ ခံနေရကြောင်း၊

(ဎ) စစ်အုပ်စုအနေဖြင့် ရခိုင်ဒေသ အပါအဝင် အရပ်သားပြည်သူလူထုနေထိုင်ရာ နေရာဒေသများသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက် ကျူးလွန်မြဲဖြစ်ကြောင်း၊

(ဏ) ရခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေက ဒုက္ခသည်များ အား နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ သိက္ခာရှိစွာနှင့် ဆန္ဒအလျောက် ရေရှည် ပြန်လည်သွားရောက် နိုင်သည့် သင့်လျော်သော အခြေအနေကောင်းတစ်ရပ် မဟုတ်ကြောင်း၊

(တ) မြန်မာနိုင်ငံ၏ အခြေအနေသည် ဒေသတွင်းနှင့် နိုင်ငံတကာ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအပေါ်၌ အမှန်ပင် ရိုက်ခတ်မှုရှိပါကြောင်း၊

(ထ) သို့ဖြစ်ရာ လူသားစာနာမှုအကျပ်အတည်းများ ဖြစ်ပေါ်လာစေသည့် စစ်အုပ်စု ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများအား လူ့အခွင့်အရေးကောင်စီမှ ကန့်ကွက်ရှုတ်ချထားသည့်အပေါ် မြန်မာ နိုင်ငံအနေဖြင့် ကြိုဆိုပါကြောင်း၊

(ဒ) မိမိတို့အနေဖြင့် အာဆီယံမှ ဘုံသဘောတူညီချက် (၅) ရပ်ဖြင့် လုပ်ဆောင်ပေးနေသည့် ကြိုးပမ်း မှုများအား ကျေးဇူးတင်ရှိပါကြောင်း၊ ဒေသတွင်း စည်းလုံးညီညွတ်မှု ရှိခြင်းက အင်မတန် အရေး ပါပါကြောင်း၊ သို့ရာတွင် စစ်အုပ်စုကမူ အဆိုပါ ယန္တရားများအား ပြောင်ပြောင်တင်းတင်းပင် မျက်ကွယ်ပြုထားကြောင်း၊ အထူးသဖြင့် ကြားဝင်စွက်ဖက်ခြင်းမပြုရေးမူကို အလွဲသုံးစား အသုံးချလျက် မြန်မာပြည်သူများအပေါ်တွင် စစ်မက် ဆက်လက်ပြုနေကြောင်း၊

(ဓ) ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းတစ်ရပ်လုံး၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် မိမိ တို့ ပြည်သူများ ခံစားနေရသည့် ဒုက္ခဆင်းရဲကို အလေးထားစောင့်ကြည့်ကာ အဆိုပါဒုက္ခများ ချုပ်ငြိမ်းစေရေးအတွက် ထိရောက်သည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးရန် တာဝန်ရှိနေပြီ ဖြစ်ကြောင်း၊

(န) လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက် ၂၆၆၉ အား နောက်ဆက်တွဲအဓိပ္ပါယ်ပြည့်ဝသော၊ စည်းနှောင်းမှုရှိသော လုပ်ဆောင်ချက်များဖြင့် ထပ်တိုး အားဖြည့်သင့်ကြောင်း၊

(ပ) တည်ဆဲ​နိုင်ငံတကာယန္တရားများကို ထိရောက်စွာ အသုံးချ၍လည်းကောင်း၊ ၎င်းတို့နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်လည်းကောင်း တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပြစ်ဒဏ် ကင်းလွတ်ခွင့် ချုပ်ငြိမ်းရေးတို့ကို အရေးတကြီး လုပ်ဆောင်ရန် လိုအပ်နေကြောင်း၊ ကုလသမဂ္ဂ အထွေထွေညီလာခံအနေဖြင့် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်သင့်ကြောင်း၊

(ဖ) လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်များတွင် အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့မှ ပိုမိုထိရောက်သည့် လုပ်ဆောင်ချက်များ ချမှတ်နိုင်စေမည့် အခြေခံ လမ်းကြောင်းများ ပါရှိထားပြီးဖြစ်ကြောင်း၊

(ဗ) စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန်၊ အရပ်သားပြည်သူများ၏ အသက် အိုးအိမ်များကို ကာကွယ်စောင့်ရှောက်၊ ကယ်တင်ပေးရန် ကုလသမဂ္ဂအနေဖြင့် ပူးပေါင်း ညှိနှိုင်းမှုရှိသည့် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေးကောင်စီ၊ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့အကြားတွင် ခိုင်မာသော ပေါင်းစပ်မှုနှင့် ညီညွတ်မှုတို့ကို တိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊

(ဘ) မိမိတို့အနေဖြင့် စကားလုံးများနှင့် မိန့်ခွန်းများမှ ကျော်လွန်၍ ခိုင်မာသည့် လုပ်ဆောင်ချက်များကို အလျင်အမြန် အကောင်အထည်ဖော်သင့်ပြီဟု ရှုမြင်ပါကြောင်း၊

(မ) ပထမဦးစွာ လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့် အကူအညီများ ရရှိရေးတို့ကို အဟန့်အတားမရှိ ရရှိစေပြီး လိုအပ်သည့် ရန်ပုံငွေများကိုလည်း လုံလောက်စွာ ဖြည့်တင်းပေးရမည်ဖြစ်ကြောင်း၊

(ယ) ဒုတိယအချက်အနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ စစ်ဘက် အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းများ၊ ငွေကြေးနှင့် ဆက်စပ်နည်းပညာတို့ စီးဆင်းနေမှုအား ဖြတ်တောက် ရမည် ဖြစ်ကြောင်း၊

(ရ) တတိယအချက်အနေဖြင့် မိမိတို့၏ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖော်ဆောင်ရေးအား ကူညီပေးရမည်ဖြစ်ကြောင်း၊

(လ) ထို့အပြင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုအား အတုအယောင်နှင့် အလိမ်အညာ ရွေးကောက်ပွဲ ကျင်းပခွင့် မပေးသင့်ကြောင်း၊ ယင်းမှာ လှည့်ဖြားသည့် လုပ်ငန်းစဉ်တစ်ရပ်နှင့် ထောင်ချောက်တစ်ခုသာဖြစ်ကြောင်း၊ စစ်အုပ်စု၏ အဆိုပါအတုအယောင်နှင့် အလိမ်အညာ ရွေးကောက်ပွဲသည် မည်သို့မျှလွတ်လပ်၍ တရားမျှတကာ အားလုံးပါဝင်မှုရှိမည် မဟုတ်ကြောင်း၊ ယင်းအစား မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ပိုမိုတိုးပွားစေ၍ မြန်မာပြည်သူများ၏ ဒုက္ခကို နက်နဲစေမည်သာဖြစ်ကြောင်း၊

(ဝ) နိုင်ငံတကာအနေဖြင့် စစ်အုပ်စု၏ အတုအယောင်နှင့် အလိမ်အညာရွေးကောက်ပွဲအား ပြင်းပြင်း ထန်ထန် ကန့်ကွက်ရမည်ဖြစ်ကြောင်း၊

(သ) မိမိတို့အနေဖြင့် ငြိမ်းချမ်းသော၊ လူ့အခွင့်အရေး လေးစားလိုက်နာသော၊ တရားမျှတမှုရှိသော၊ စစ်မှန်သည့် ဒီမိုကရေစီအပေါ် အခြေခံသည့် မြန်မာနိုင်ငံတော်သစ်တစ်ရပ် ပေါ်ထွန်းလာစေရေး အတွက် တိုက်ပွဲဝင်နေရခြင်းဖြစ်ကြောင်း၊

(ဟ) အားလုံးအနေဖြင့် စာနာမှုဖြင့်သာမက လုပ်ဆောင်ချက်များဖြင့်ပါ မိမိတို့နှင့်အတူ ရပ်တည်ပေးရန် တိုက်တွန်းတောင်းဆိုလိုပါကြောင်း၊

(ဠ) သို့မှသာ အဆုံးတွင် မျှော်လင့်ချက်က ကြောက်ရွံ့ခြင်းကို လွှမ်းမိုး အောင်နိုင်မည်ဖြစ်ကြောင်း။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations,

under agenda item 66: Report of the Human Rights Council at the 27th Plenary Meeting of the Eightieth Session of the UN General Assembly


(New York, 31 October 2025)

Madam President,

At the outset, I would like to express my appreciation to President of the Human Rights Council Ambassador Jürg Lauber of Switzerland for submitting the Human Rights Council report to the General Assembly for its consideration.

My delegation commends the Council for its stewardship and discharging duties to promote and protect human rights globally, address human rights violations and emergencies and making necessary recommendations.

With great honour, Myanmar welcomes the Council’s recent consensus adoption of the two critical resolutions: Resolution 58/20 “Situation of human rights in Myanmar” on 3 April 2025, and Resolution 59/2 “Situation of human rights of Rohingya Muslims and other minorities in Myanmar” on 4 July 2025.

The Council’s impartiality in addressing the human rights situation in Myanmar truly serves as a lifeline for the people of Myanmar during our most difficult and challenging time.

Madam President,

The global setting for human rights is undeniably one of retreat and rising peril.

The foundational framework of international human rights law remains intact but the will to uphold it is tragically eroding.

We also note with concern that the intertwined crises of conflicts, climate change, and economic volatility are disproportionately affecting the most vulnerable ones.

However, authoritarian forces are leveraging fear, digital repression, and "sham elections" to stifle legitimate dissent, dismantle civic space, and weaponize misinformation and hate speech, thereby threatening the core function of democracy.

In this regard, the situation in Myanmar remains in need of constant serious attention and timely effective actions by the UN and the international community.

Madam President,

The illegal military coup of February 2021 and the military dictatorship are the root causes of the ensuing conflict, humanitarian and human rights crisis, reversing years of democratic and socio-economic progress in Myanmar.

For over four years, the military junta continues to perpetrate egregious atrocities that are amounting to war crimes and crimes against humanity. This is not a rhetoric statement but backed by credible evidence collected by the Independent Investigative Mechanism for Myanmar, as well as statements by the UNSG Special Envoy on Myanmar, the OHCHR, the Special Rapporteur on the Human Rights situations in Myanmar and other relevant mandate holders of the UN.

To this date, we are witnessing the junta’s strong reliance on targeted, deliberate, and indiscriminate attacks on civilian populations, bombing homes, schools, hospitals, and religious buildings, and sharp rise in other serious human rights violations, including extrajudicial killings, systematic sexual and gender-based violence and torture to instill terror on the civilian population.

Elected leaders, human rights defenders, and civilians continue to endure arbitrary detention, torture, and denial of due process.

Thousands of young people, compelled by the Junta’s forced conscription and systemic oppression, flee to liberated areas and neighboring countries.

3.6 million people are being displaced. Almost 22 million people are in need of humanitarian assistance.

Children and women and girls are overwhelmingly bearing the brunt of the crisis.

Madam President,

The collapse of rule of law, enjoyment of impunity and intentionally facilitation of safe havens for criminal syndicates by the military junta and its border guard forces have transformed Myanmar into a global epicenter for transnational organized crime, with massive online scam compounds and human trafficking for forced criminality.

Hundreds of thousands of victims from across the world are drawn in and subjected to digital slavery, online fraud, torture, forced labor, and even death.

Madam President,

The situation of the Rohingya and other ethnic minorities has worsened in the Rakhine State. The conflict has intensified systematic abuses against the Rohingya and other ethnic groups, with new patterns of violence emerging lately. Many Rohingya Muslims and other vulnerable communities are quite vulnerable, subjected to forced recruitment, discrimination, and persecution by the junta.

The military junta continues aerial bombardments on civilian areas including in Rakhine State.

The prevailing situation in Myanmar including Rakhine State is not an environment conducive for safe, dignified, voluntary and sustainable repatriation.

Madam President,

The situation of Myanmar has indeed impact on the regional and international peace and security.

Myanmar welcomes the Council’s condemnation over the military junta’s actions resulting in the humanitarian crisis.

We appreciate the efforts undertaken by ASEAN through its Five-Point Consensus. Regional cohesion is vital, but the military junta has shown flagrant disregard for these mechanisms, exploiting non-interference principles to continue its campaign of terror against the people of Myanmar.

It is now incumbent upon the wider international community, particularly the UN Security Council, to pay serious attention to our people’s suffering and take effective action to end this suffering.

The Security Council's Resolution 2669must be followed by meaningful, enforceable measures.

There is an urgency to address accountability and ending of impunity by fully cooperating with and effectively utilizing the existing international mechanisms.

The General Assembly must also play an effective role in this regard.

The resolutions of the Human Rights Council on Myanmar have basic and useful grounds for further actions at the General Assembly and the UN Security Council.

To stop the junta’s atrocities, to save lives and to protect civilians, a coordinated effective action must be taken by the UN. Accordingly, strong synergy and coherence between the Human Rights Council, the General Assembly and the Security Council must be improved sincerely.

Madam President,

In conclusion, we are of the view that we must move beyond words and statements to steadfastly acting with concrete measures.

First, humanitarian assistance and humanitarian access must be unimpeded, and funding must be adequately allocated.

Second, cutting off arms, weapons, jet fuel, other dual-use items, financial and related technologies to the military junta to ensure protection of civilians.

Third, help us in our effort to establish a federal democratic union.

Moreover, the international community must not give any space to the military junta to organize sham and scam elections, which is a deceitful process and a trap.

It will not be free, fair or inclusive. It will create more violence in Myanmar and deeper suffering of the people of Myanmar.

It must be categorically rejected.

We are fighting for a future Myanmar, one built on peace, respect for human rights, justice and genuine democracy.

We urge you all to stand with us, not just in solidarity, but in action, so that hope can finally prevail over fear.

I thank you.

*****


ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree

Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page