Statement by Ambassador Kyaw Moe Tun, at the 1st Session of the Preparatory Committee for the UN Conference of Plenipotentiaries on Prevention and Punishment of Crimes against Humanity
- Myanmar Mission To UN

- 4 minutes ago
- 5 min read


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate at the First Session of the Preparatory Committee for the United Nations Conference of Plenipotentiaries on Prevention and Punishment of Crimes against Humanity, held on 20 January 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကာကွယ်ရေးနှင့် အပြစ်ပေးရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ပေါ်ပေါက်လာရေးအတွက် အကြိုပြင်ဆင်ရေးကော်မတီ၏ ပထအကြိမ် ညီလာခံ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က
ကြီးလေးသော အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုများအတွက် လူတစ်ဦးချင်းစီက တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဆိုသည့် နူရင်ဘတ်အခြေခံမူသဘောတရားများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဆိုင်ရာ အပြည်ပြည်ဆိုင်ရာဥပဒေကို ပိုမိုခိုင်မာစေရေး ကြိုးပမ်းမှုများတွင် ယနေ့တိုင် အထောက်အကူဖြစ်စေလျက်ရှိ၊
လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကာကွယ်ရေးနှင့် အပြစ်ပေးရေးဆိုင်ရာ သဘောတူ စာချုပ်တစ်ရပ်ရေးဆွဲရေးသည် အပြည်ပြည်ဆိုင်ရာ ဥပဒေမူဘောင်ကို ပိုမိုခိုင်မာ အားကောင်းစေရန် မရှိမဖြစ် လိုအပ်သော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု မြန်မာနိုင်ငံက ရှုမြင်၊
ဂမ်ဘီယာနှင့် မြန်မာနိုင်ငံအကြား အပြည်ပြည်ဆိုင်ရာ တရားရုံးရှေ့မှောက်၌ ရင်ဆိုင်လျက်ရှိသည့် အမှုသည် အဆိုပါအခြေအနေကို လှစ်ဟပြသနေသည့် သာဓကကောင်းတစ်ခုဖြစ်၊ ထိုကဲ့သို့သော အပြည်ပြည်ဆိုင်ရာ စာချုပ်တစ်ရပ် မရှိခြင်းကို အခွင့်ကောင်းယူ၍ အကြမ်းဖက်စစ်အုပ်စုသည် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများမှ အရေးယူမခံရရေးအတွက် လွတ်မြောက်ခွင့်ရရန် ကြိုးပမ်းနေ၊
ယခုမိမိပြောကြားနေစဉ်ပင် စစ်အုပ်စုသည် ရိုဟင်ဂျာများအပေါ်တွင်သာမက မြန်မာပြည်သူ ပြည်သားများ အားလုံးအပေါ် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိ၊
လက်ရှိဥပဒေကြမ်းတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို ကျူးလွန်သည်ဟု သံသယရှိသူများ အဖွဲ့ဝင်နိုင်ငံများ၏ နယ်နိမိတ်အတွင်းသို့ ရောက်ရှိလာသည့် အခြေအနေ၌ အရေးယူဆောင်ရွက်နိုင်သည့် အစီအမံများ ထည့်သွင်းထားခြင်းအပေါ် ကြိုဆို၊
ဥပဒေပြင်ဆင်ရေးကော်မတီ၏ ဆောင်ရွက်ချက်များအနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကြောင့် ထိခိုက်ခံစားရသူများအတွက် လက်တွေအသုံးတည့်လာနိုင်မည့် အခြေအနေများအပေါ် မြန်မာနိုင်ငံအနေဖြင့် မှတ်သားကျေးဇူးတင်ရှိ၊
လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို တရားဝင်မှုမရှိသည့် လွတ်လပ်မှုနှင့် တရားမျှတမှု ကင်းမဲ့သောရွေးကောက်ပွဲအတုများဖြင့် ဖုံးကွယ်၍မရနိုင်၊ စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲဖြင့် ၎င်းတို့ ၏ ရာဇဝတ်မှုများကို ဖုံးဖိရန် မည်သို့ပင်ကြိုးပမ်းစေကာမူ အပြည်ပြည်ဆိုင်ရာဥပဒေအရ ၎င်းတို့အပြစ်များကို ရှောင်လွှဲ၍ရနိုင်မည် မဟုတ်ပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်)
၁။ ကုလသမဂ္ဂ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကာကွယ်ရေးနှင့် အပြစ်ပေးရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ပေါ်ပေါက်လာရေးအတွက် အကြိုပြင်ဆင်ရေးကော်မတီ၏ ပထမ အကြိမ်ညီလာခံအား ၁၉-၁-၂၀၂၆ ရက်နေ့မှ ၃၀-၁-၂၀၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း (၈၀) ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်း (၃၈) ခုတို့၏ သက်ဆိုင်ရာ ကိုယ်စားလှယ် အသီးသီးက မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ၂၀-၁၂-၂၀၂၅ ရက်နေ့ (အင်္ဂါနေ့)၊ မနက်ပိုင်းတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားသည့် မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-
(က) လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကာကွယ်ရေးနှင့် အပြစ်ပေးရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ရေးဆွဲရေးတွင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာဥပဒေကော်မရှင် နှင့် အထူးအစီရင်ခံစာ တင်သွင်းသူ ပါမောက္ခ Sean Murphy တို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါကြောင်း၊
(ခ) ယခုအစည်းအဝေးအား နူရင်ဘတ်ခုံရုံး တည်ထောင်ခြင်း နှစ် (၈၀) ပြည့် အချိန်အခါသမယတွင် တိုက်တိုက်ဆိုင်ဆိုင်ကျင်းပနိုင်ခြင်းဖြစ်သည့်အတွက် အဓိပ္ပာယ်ရှိပါကြောင်း၊ ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု များအတွက် လူတစ်ဦးချင်းစီက တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဆိုသည့် နူရင်ဘတ်အခြေခံမူသဘောတရားများ သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဆိုင်ရာ အပြည်ပြည်ဆိုင်ရာဥပဒေကို ပိုမိုခိုင်မာစေရေး ကြိုးပမ်းမှုများတွင် ယနေ့ တိုင် အထောက်အကူဖြစ်စေလျက်ရှိပါကြောင်း၊
(ဂ) မြန်မာနိုင်ငံအနေဖြင့် ယခုဆွေးနွေးမှုများအတွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပါဝင်ခြင်းကို ကြိုဆိုပါကြောင်း၊ အဆိုပါအဖွဲ့များသည် ပြစ်မှု ကျူးလွန်ခံရသူများနှင့် ထိခိုက်ခံရသည့် လူ့အဖွဲ့အစည်းများအတွက် အနီးကပ်ကြိုးပမ်း ဆောင်ရွက်ပေးနေကြသူများဖြစ်ပြီး၊ တရားမျှတမှု လက်လှမ်းမမီသည့်နေရာများ၊ အခြေအနေများတွင် အဆိုပါကြိုးပမ်းမှုများက အထူးအရေးပါလှပါကြောင်း၊ သို့ပါသောကြောင့် အဆိုပါ အဖွဲ့များ၏ ပါဝင်ဆွေးနွေးမှုများသည် အဖိုးတန်သော အမြင်များကို အားဖြည့်ပေးနိုင်မည်ဟု ရှုမြင်ပါကြောင်း၊
(ဃ) လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကာကွယ်ရေးနှင့် အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ရေးဆွဲရေးသည် အပြည်ပြည်ဆိုင်ရာဥပဒေမူဘောင်ကို ပိုမိုခိုင်မာအား ကောင်းစေရန် မရှိမဖြစ်လိုအပ်သော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု မြန်မာနိုင်ငံက ရှုမြင်ပါ ကြောင်း၊
(င) ဂမ်ဘီယာနှင့် မြန်မာနိုင်ငံအကြား အပြည်ပြည်ဆိုင်ရာတရားရုံးရှေ့မှောက်၌ ရင်ဆိုင်လျက်ရှိသည့် အမှုသည် အဆိုပါအခြေအနေကို လှစ်ဟပြသနေသည့် သာဓကကောင်းတစ်ခု ဖြစ်ပါ ကြောင်း၊ ထိုကဲ့သို့သော အပြည်ပြည်ဆိုင်ရာစာချုပ်တစ်ရပ် မရှိခြင်းကို အခွင့်ကောင်းယူ၍ အကြမ်းဖက်စစ်အုပ်စုသည် ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သော အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုများမှ အရေးယူမခံရရေးအတွက် လွတ်မြောက်ခွင့်ရရန် ကြိုးပမ်းနေကြောင်း၊
(စ) ယခုမိမိပြောကြားနေစဉ်ပင် စစ်အုပ်စုသည် ရိုဟင်ဂျာများအပေါ်တွင်သာမက မြန်မာပြည်သူ ပြည်သားများအားလုံးအပေါ် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လျက် ရှိကြောင်း၊
(ဆ) လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေက တားမြစ်ထားပြီးဖြစ်သော်လည်း ထိရောက်စွာ ကာကွယ်နိုင်ရေး၊ တာဝန်ယူမှု၊ တာဝန် ခံမှုနှင့် နိုင်ငံတကာအဆင့်တွင် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် အာမခံမည့် သီးခြားစာချုပ်တစ်ရပ် မရှိသေးသည့်အတွက် ဥပဒေဟာကွက်အဖြစ် ကျန်ရှိနေဆဲဖြစ်ပါကြောင်း၊
(ဇ) လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများသည် အပြည်ပြည်ဆိုင်ရာဥပဒေအရ အားလုံးအပေါ် (erga omnes) တာဝန်ဝတ္တရားများကို ချိုးဖောက်ရာ ရောက်ပါကြောင်း၊ အဆိုပါ ချိုးဖောက်မှုများ၏ ဥပဒေဆိုင်ရာ အကျိုးဆက်များသည် တစ်ကမ္ဘာလုံးဆိုင်ရာ အပြည်ပြည် ဆိုင်ရာ အသိုက်အဝန်းတစ်ခုလုံးအထိ သက်ရောက်မှုရှိပါကြောင်း၊ လက်ရှိမူကြမ်းပါ ပြဋ္ဌာန်းချက် များသည် နိုင်ငံများ၏ တာဝန်ဝတ္တရားများကို ရှင်းလင်းပြဋ္ဌာန်းခြင်းဖြင့် လည်းကောင်း၊ ပြည်တွင်း တရားစီရင်ပိုင်ခွင့်နှင့် နိုင်ငံအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် လည်းကောင်း လိုအပ်နေသည့်ဥပဒေဟာကွက်များကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ပါကြောင်း၊
(ဈ) လက်ရှိဥပဒေကြမ်းတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို ကျူးလွန်သည်ဟု သံသယရှိသူများ အဖွဲ့ဝင်နိုင်ငံများ၏ နယ်နိမိတ်အတွင်းသို့ ရောက်ရှိလာသည့် အခြေအနေ၌ အရေးယူဆောင်ရွက်နိုင်သည့် အစီအမံများ ထည့်သွင်းထားခြင်းအပေါ် ကြိုဆိုပါကြောင်း၊ အဆိုပါအချက်သည် တရားစီရင်ပိုင်ခွင့်အာဏာကျင့်သုံးမှု ထိရောက်စေရေးနှင့် တာဝန်ခံယူမှု ယန္တရားများ စာရွက်ပေါ်တွင်သာ ရှိနေခြင်းမျိုး မဖြစ်စေရေးအတွက်ဤ ပြဋ္ဌာန်းချက်များသည် အရေးကြီးပါကြောင်း၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုကို သေချာစွာ စဉ်းစား ဆောင်ရွက်ကြရန်တိုက်တွန်းပါကြောင်း၊
(ည) ထို့ပြင် လူတစ်ယောက်ယောက်အား ပြန်လည်ပို့ဆောင်ခြင်းခံရပါက လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်ခံရနိုင်သည့် အခြေအနေများတွင် အန္တရာယ်ရှိသည့် မူရင်းဒေသသို့ ပြန်လည် မပို့ဆောင်ရေး တာဝန်ဝတ္တရား၏အရေးပါမှုကို သတိချပ်မိပါကြောင်း၊ လက်ရှိအချိန်အခါတွင် မြန်မာနိုင်ငံသားများ ကြုံတွေ့နေရသည့်အခြေအနေများကြောင့် ဤအကာအကွယ်သည် စာချုပ်မူကြမ်း၏ ကြိုတင်ကာကွယ်ရေး ရည်မှန်းချက်နှင့်လည်း တိုက်ရိုက် ဆက်စပ်နေပါကြောင်း၊
(ဋ) ဥပဒေပြင်ဆင်ရေးကော်မတီ၏ ဆောင်ရွက်ချက်များအနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကြောင့် ထိခိုက်ခံစားရသူများအတွက် လက်တွေအသုံးတည့် လာနိုင်မည့် အခြေအနေများအပေါ် မြန်မာနိုင်ငံအနေဖြင့် မှတ်သားကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါလူသား မျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများကြောင့် လက်တွေ့မြေပြင်တွင် အမှန်တကယ် ထိခိုက်ခံစားရသူများနှင့်စပ်လျဉ်း၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ တရားမဝင် အာဏာ သိမ်းရန်ကြိုးပမ်းမှုအပြီး မြန်မာနိုင်ငံ၏ အခြေအနေကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည် ဖြစ်ပါ ကြောင်း၊ အဆိုပါ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှုပြီးချိန်မှစ၍ မြန်မာပြည်သူများသည် အကြမ်းဖက်စစ်အုပ်စု၏ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျက်ရှိသော အကြမ်းဖက်မှု များကို ခံစားနေကြရပါကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းများအရ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများနှင့် အရပ်သားပြည်သူများ အပါအဝင် လူပေါင်း ၇,၆၉၅ ဦးသည် အကြမ်းဖက် စစ်တပ်၏လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါ ကြောင်း၊
(ဌ) ထို့ပြင် အကြမ်းဖက်စစ်တပ်သည် လူ့အခွင့်အရေးချိုးဖောက်မှု ၂၃,၂၇၂ မှုကို ကျူးလွန်ခဲ့ပြီး၊ ၎င်းတို့၏ လေကြောင်းတိုက်ခိုက်မှု ၉,၀၀၀ ကျော်ကြောင့် လူ ၄,၆၈၃ ဦး အသက်ဆုံးရှုံးခဲ့ရ ကြောင်း၊ ဤကိန်းဂဏန်းများက လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုများ ဆက်လက် ကျူးလွန်နေမှုကို သိသိသာသာထင်ဟပ်ပြသလျက်ရှိပြီး ထိရောက်သော ကြိုတင်ကာကွယ်ရေးနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး၏ အရေးကြီးပုံကို သက်သေပြနေပါကြောင်း၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို တရားဝင်မှုမရှိသည့် လွတ်လပ်မှုနှင့် တရားမျှတမှု ကင်းမဲ့သောရွေးကောက်ပွဲအတုများဖြင့် ဖုံးကွယ်၍မရနိုင်ပါကြောင်း၊ စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲဖြင့် ၎င်းတို့၏ရာဇဝတ်မှုများကိုဖုံးဖိရန် မည်သို့ပင်ကြိုးပမ်းစေကာမူ အပြည်ပြည်ဆိုင်ရာဥပဒေအရ ၎င်းတို့အပြစ်များကို ရှောင်လွှဲ၍ရနိုင်မည် မဟုတ်ပါကြောင်း၊
(ဍ) တာဝန်ယူမှု၊ တာဝန်ခံမှုသည် မဖြစ်မနေလိုအပ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေကိုယ်တိုင်က လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်သူများအား တာဝန်ခံယူမှုမှ ကာကွယ်ပေးသည့် အကာအကွယ်အဖြစ် အလွဲသုံးစားပြုခံရခြင်း မရှိစေရန် နိုင်ငံတကာက ဝိုင်းဝန်းကျပ်မတ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းရန်အတွက် ပြစ်ဒဏ်မှကင်းလွတ်နေမှုများကို တားဆီးကာကွယ်၍ ထိခိုက်ခံစားခဲ့ရသူများအတွက် တရား မျှတမှုကို အချိန်မီ ဖော်ဆောင်ပေးရမည် ဖြစ်ပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against the delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,
at the General Debate at the First Session of the Preparatory Committee for the United Nations Conference of Plenipotentiaries on Prevention and Punishment of Crimes against Humanity
(New York, 20 January 2026)
Mr. Chair,
I wish to congratulate you on your election and assure you of our full support for your leadership.
I also wish to express our appreciation to the International Law Commission, in particular to the Special Rapporteur, Professor Sean Murphy, for his work on the draft articles on the prevention and punishment of crimes against humanity.
This session takes place at an important moment, marking the eightieth anniversary of the Nuremberg Tribunal. The principles affirmed at Nuremberg, including individual accountability for serious international crimes, continue to guide efforts to strengthen international law on crimes against humanity.
Myanmar welcomes the participation of non-governmental organizations and civil society organizations in this process. Based on our experience, their work with victims and affected communities is of particular importance, especially where access to justice is limited. Their engagement contributes valuable perspectives to the discussions.
Mr. Chair,
Myanmar considers the elaboration of a convention on the prevention and punishment of crimes against humanity to be a necessary step toward strengthening the international legal framework in this area.
The ongoing case between the Gambia vs. Myanmar at the International Court of Justice is the best example. The military junta is trying to escape from its international crimes against Rohingya in an absence of such convention on the prevention and punishment of crimes against humanity.
As I speak, the military junta continues perpetrating the international crimes against not only Rohingya but also all people in Myanmar.
While the prohibition of crimes against humanity is well established under international law, gaps remain in the absence of a dedicated convention to ensure effective prevention, accountability, and cooperation at the national level.
Crimes against humanity constitute breaches of obligations erga omnes under international law. The legal consequences of such breaches extend to the international community as a whole. The draft articles seek to address these gaps by clarifying State obligations and reinforcing domestic jurisdiction and inter State cooperation.
In this regard, Myanmar supports the inclusion of provisions concerning preliminary measures when an alleged offender is present, as reflected in the draft articles. These provisions are important to ensure that the exercise of jurisdiction is effective and that accountability mechanisms are not rendered purely theoretical. Myanmar encourages States to give careful consideration to their implementation in practice.
Myanmar further recalls the relevance of the non-refoulement obligation in situations where individuals face a real risk of crimes against humanity upon return. Given the circumstances affecting Myanmar nationals, this safeguard remains closely linked to the preventive objective of the draft articles.
Mr. Chair,
Against this background, Myanmar notes with appreciation the practical relevance of the work of this Preparatory Committee for individuals affected by crimes against humanity. In this regard, it is important to recall the situation in Myanmar following the illegal coup of 1 February 2021, during which civilians have been subjected to widespread and systematic violence by the military junta. According to the Assistance Association for Political Prisoners, a total of 7,695 people, including pro-democracy activists and civilians, have been killed by the junta.
As of 31 December 2025, a total of 23,272 human rights violations have been documented in Myanmar. In addition, more than 9,000 aerial attacks have been recorded, resulting in the deaths of 4,683 people. These figures illustrate the continued impact of crimes against humanity and underscore the importance of effective prevention and accountability.
Crimes against humanity cannot be displaced by sham electoral processes that lack legitimacy and are not free and fair. Attempts by the military junta to mask such crimes through a sham election do not affect their criminal liabilities arising under international law.
Mr. Chair,
Accountability remains essential.
Myanmar underscores that international law itself must not be instrumentalised or misused as a shield to protect perpetrators of crimes against humanity from accountability. Upholding the rule of law requires the rejection of impunity and the timely pursuit of justice for victims.
I thank you.
*****












