Statement by Ambassador Kyaw Moe Tun, under Agenda Item 64: Use of the Veto at the Plenary Meeting of the United Nations General Assembly
- Myanmar Mission To UN

- 1 day ago
- 5 min read




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, under Agenda Item 64: Use of the Veto at the Plenary Meeting of the United Nations General Assembly, held on 16 April 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂအထွေထွေညီလာခံ၌ ဗီတိုအခွင့်အာဏာ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍
ကျင်းပပြုလုပ်သည့် မျက်နှာစုံညီအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်ခိုက်စစ်မက်ပြုခြင်းအားလုံးကို အလျင်အမြန်ရပ်ဆိုင်းရန် လိုအပ်နေမှုကို ထောက်ခံအားပေးသည့်အနေဖြင့် မြန်မာနိုင်ငံသည် ၁၁-၃-၂၀၂၆ ရက်နေ့တွင် ပင်လယ်ကွေ့နိုင်ငံများ ကိုယ်စား ဘာရိန်းနိုင်ငံမှ လုံခြုံရေးကောင်စီသို့တင်သွင်း အတည်ပြုနိုင်ခဲ့သည့် ဆုံးဖြတ်ချက်အမှတ် (၂၈၁၇) ကို ပူးတွဲအဆိုရှင်အဖြစ် ပါဝင်ခဲ့၊
အရေးပါသော ရေလမ်းကြောင်းတစ်ခု၏ လုံခြုံရေးနှင့် တည်ငြိမ်မှု ထိခိုက်ခြင်းသည့် စားနပ်ရိက္ခာနှင့် စွမ်းအင်ထောက်ပံ့ရေးကွင်းဆက်များအပေါ် ဆက်တိုက် အကျိုးသက်ရောက်မှုများဖြစ်ပေါ်စေ၊
ဤသို့သော ကာလကြာရှည်သည့် အကျပ်အတည်းများသည် ထိခိုက်လွယ်သူများ၊ အထူးသဖြင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများနှင့် ပဋိပက္ခဒဏ်ခံစားနေရသည့် လူမှုအသိုက်အဝန်းတို့အပေါ်
သာမန်ထက် ပိုမိုသော အန္တရာယ်များ သက်ရောက်စေနိုင်၊
တရားမဝင် စစ်အာဏာသိမ်းမှုပေါ်ပေါက်ခဲ့ချိန်မှစ၍ မြန်မာနိုင်ငံအတွင်း ဆိုးရွားနေပြီးဖြစ်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေ၊ အစားအသောက်နှင့် စွမ်းအင်မဖူလုံမှုတို့အပေါ် ကုန်စည်၊ ထုတ်ကုန်နှင့် လောင်စာဆီစျေးနှုန်းများ မြင့်တက်လာမှုက ထပ်လောင်း ဝန်ထုပ်ဝန်ပိုးအဖြစ် ဖြစ်စေလျက်ရှိ၊
မြန်မာပြည်သူများအနေဖြင့် လောင်စာဆီ ရှားပါးမှုကို ရင်ဆိုင်ကြရပြီး ဆီခွဲတန်းရရှိရန် တန်းစီစောင့်ဆိုင်းနေကြရချိန်တွင် အကြမ်းဖက်စစ်အုပ်စုသည် တိုင်းပြည်အနှံ့ စစ်ဘက်၊ အရပ်ဘက် ခွဲခြားမှုမရှိဘဲ လေယာဉ်သုံး လောင်စာဆီများကို အသုံးပြုကာ ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိ၊
ဗီတိုအာဏာ အသုံးပြုခဲ့မှုနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုများသည် မြန်မာနိုင်ငံအရေး အပါအဝင် လုံခြုံရေးကောင်စီ၏ အစီအစဉ်အောက်ရှိ ကိစ္စရပ်များစွာတွင် အလုပ်မဖြစ်သည့်အခြေအနေများ တိုးပွားလာနေမှုကို ထပ်မံ သတိပေးနေခြင်းပင်ဖြစ်၊
သာဓကတစ်ခုအနေဖြင့် တင်ပြရလျှင် မြန်မာနိုင်ငံ၏ အခြေအနေကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးခြင်း၊ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် အရေးတကြီး ပြတ်သားသည့် အရေးယူဆောင်ရွက်မှုများ ချမှတ်ခြင်းတို့ကို ငါးနှစ်ကျော်ကြာသည့်တိုင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် လုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်သူများအပေါ်
ဆက်လက် ပျက်ကွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်)
၁။ ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေး၏ အစီအစဉ်အမှတ် (၆၄) ဖြစ်သည့် ဗီတိုအခွင့်အာဏာ အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးတစ်ရပ်အား နယူးယောက်မြို့ရှိ၊ ကုလသမဂ္ဂဌာနချုပ်တွင် ၁၆-၄-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသည် ၇-၄-၂၀၂၆ ရက် နေ့၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဘာရိန်းမှ ဦးဆောင်တင်သွင်းသည့် ဟော်မုဇ် ရေလက်ကြား လွတ်လပ်စွာ ရေကြောင်းသွားလာမှုဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းအပေါ် လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ရုရှားဖယ်ဒရေးရှင်းနိုင်ငံတို့က ဗီတိုသုံးပယ်ချခဲ့ခြင်းကြောင့် မူကြမ်းကို အတည်ပြုနိုင်ခဲ့ခြင်း မရှိခဲ့ပါ။ ထို့ကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အဆိုအမှတ် ၇၆/၂၆၂ အရ ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် ဤကိစ္စနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးခဲ့ ကြခြင်းဖြစ်ပါသည်။
၂။ အဆိုပါဆွေးနွေးမှုတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၆၅) နိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင် ဆွေးနွေးခဲ့ကြပါသည်။
၃။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့် မြန်မာနိုင်ငံကိုယ်စား မိန့်ခွန်းပြောကြားခဲ့ရာ၊ ၎င်း၏မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည် -
(က) အရှေ့အလယ်ပိုင်းအရှေ့ဒေသတွင် မကြာသေးမီက ဖြစ်ပေါ်လာခဲ့သည့် အရေးပါသော အရပ်သား အဆောက်အအုံများနှင့် သင်္ဘောများ အပေါ် တိုက်ခိုက်မှုများ၊ ပင်လယ်ရေကြောင်း သွားလာမှု၏လုံခြုံရေးကို ပျက်ပြားစေသည့် အခြေအနေများ၊ အဆိုပါအခြေအနေများကြောင့် နိုင်ငံတကာ ကုန်သွယ်ရေး၊ စွမ်းအင်လုံခြုံရေးနှင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်လာသည့် ဆိုးကျိုးများအပေါ် မြန်မာနိုင်ငံအနေဖြင့် အလွန်စိုးရိမ်ပူပန်လျက်ရှိပါကြောင်း၊
(ခ) ယင်းသို့ စိုးရိမ်ဖွယ်ရာအခြေအနေများ ဆက်တိုက်ပေါ်ပေါက်နေချိန်တွင် ဟော်မုဇ်ရေ လက်ကြားနှင့်စပ်လျဉ်းသည့်ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို လုံခြုံရေးကောင်စီ၌ ဘာရိန်းနိုင်ငံမှ ဦးဆောင်တင်သွင်းခဲ့ရာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံ၏ကန့်ကွက်မဲများကြောင့် အတည်ပြုနိုင်ခြင်း မရှိ ခဲ့ပါကြောင်း၊ ဤအခြေအနေနှင့်စပ်လျဉ်း၍ အောက်ပါအချက်သုံးချက်ကို အလေးအနက်ထား ပြောကြားလိုပါကြောင်း၊
(ဂ) ပထမအချက်အနေဖြင့် တိုက်ခိုက်စစ်မက်ပြုခြင်းအားလုံးကို အလျင်အမြန်ရပ်ဆိုင်းရန် လိုအပ်နေမှုပင်ဖြစ်ပါကြောင်း၊ အဆိုပါရည်ရွယ်ချက်ကိုထောက်ခံအားပေးသည့်အနေဖြင့် ၁၁-၃-၂၀၂၆ ရက်နေ့တွင် ပင်လယ်ကွေ့နိုင်ငံများကိုယ်စား ဘာရိန်းနိုင်ငံမှ လုံခြုံရေးကောင်စီသို့ တင်သွင်း အတည်ပြုနိုင်ခဲ့သည့်ဆုံးဖြတ်ချက်အမှတ် (၂၈၁၇) ကို မြန်မာနိုင်ငံအနေဖြင့် ပူးတွဲအဆိုရှင်အဖြစ် ပါဝင်ခဲ့ ပါကြောင်း၊
(ဃ) နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကြေညာနိုင်ခဲ့မှုအပေါ် မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုပါကြောင်း၊ ယခုအခြေအနေ တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းနိုင်ရန်နှင့် တွေ့ဆုံ ဆွေးနွေးမှုမှတစ်ဆင့် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် အထောက်အကူပြုမည့် အခြေအနေများကို ဖန်တီးပေးရန်မှာ အရေးကြီးပါကြောင်း၊ ဤနေရာတွင် ကြားဝင်စေ့စပ် ညှိနှိုင်းပေးသူများအပါအဝင် သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် ဒေသတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရရှိစေရေးအတွက် နောက်တစ်ကြိမ်ဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်မည့်အပေါ် စောင့်မျှော် လျက် ရှိပါကြောင်း၊
(င) ဒုတိယအချက်မှာ ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ် နေမှုပင် ဖြစ်ပါကြောင်း၊ အရေးပါသော ရေလမ်းကြောင်းတစ်ခု၏ လုံခြုံရေးနှင့် တည်ငြိမ်မှု ထိခိုက်ခြင်းသည် စားနပ်ရိက္ခာနှင့် စွမ်းအင်ထောက်ပံ့ရေး ကွင်းဆက်များအပေါ် ဆက်တိုက် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေပါကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင်ဥပဒေကွန်ဗင်ရှင်းအပါအဝင် အပြည်ပြည်ဆိုင်ရာဥပဒေများနှင့် အပြည့်အဝ ကိုက်ညီစွာ နိုင်ငံတကာရေပိုင်နက်တွင် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ကို လေးစားလိုက်နာရန် လိုအပ်မှုအပေါ် မြန်မာနိုင်ငံအနေဖြင့် အလေးအနက်ပြောကြားလိုပါကြောင်း၊ ဤသို့သော ကာလကြာရှည်သည့် အကျပ်အတည်းများသည် ထိခိုက်လွယ်သူများ၊ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများနှင့် ပဋိပက္ခဒဏ်ခံစားနေရသည့် လူမှုအသိုက်အဝန်းတို့အပေါ် သာမန်ထက် ပိုမိုသော အန္တရာယ်များ သက်ရောက်စေနိုင်ပါကြောင်း၊
(စ) အဆိုပါ အခြေအနေနှင့်ဆက်စပ်၍ တရားမဝင် စစ်အာဏာသိမ်းမှုပေါ်ပေါက်ခဲ့ချိန်မှစ၍ မြန်မာ နိုင်ငံအတွင်း ဆိုးရွားနေပြီးဖြစ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေ၊ အစားအသောက်နှင့် စွမ်းအင်မဖူလုံမှုတို့အပေါ် ကုန်စည်၊ ထုတ်ကုန်နှင့် လောင်စာဆီ စျေးနှုန်းများ မြင့်တက်လာမှုက ထပ်လောင်း ဝန်ထုပ်ဝန်ပိုးအဖြစ် ဖြစ်စေလျက်ရှိပါကြောင်း၊ မြန်မာ ပြည်သူများ အနေဖြင့် လောင်စာဆီရှားပါးမှုကို ရင်ဆိုင်ကြရပြီး ဆီခွဲတန်းရရှိရန် တန်းစီ စောင့်ဆိုင်းနေကြရချိန်တွင် အကြမ်းဖက်စစ်အုပ်စုသည် တိုင်းပြည်အနှံ့ စစ်ဘက်၊ အရပ်ဘက် ခွဲခြားမှုမရှိဘဲ လေယာဉ်သုံးလောင်စာဆီများကို အသုံးပြုကာ ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိပါကြောင်း၊
(ဆ) တတိယအချက်အနေဖြင့် လုံခြုံရေးကောင်စီသည် ၎င်းအား အပ်နှင်းထားသော တာဝန် ဝတ္တရားများကို ထမ်းဆောင်ရန် တာဝန်ရှိနေမှုပင် ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် အဓိကတာဝန်ကို လုံခြုံရေးကောင်စီအား အပ်နှင်းထားခြင်းဖြစ်ပါကြောင်း၊ ဒေသတွင်း အခြေအနေများ ပိုမိုဆိုးရွားလာနေသည့်အချိန်တွင် လုံခြုံရေးကောင်စီအနေဖြင့် ညီညွတ်စွာ သဘောထားတစ်ရပ်တည်း ဖော်ထုတ်နိုင်ခြင်း မရှိသည်ကို ထပ်မံတွေ့ကြုံရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် စိတ်မကောင်းဖြစ်ရပါကြောင်း၊
(ဇ) ယခု ဗီတိုအာဏာ အသုံးပြုခဲ့မှုနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအကြား သဘောထား ကွဲလွဲမှုများသည် မြန်မာနိုင်ငံအရေးအပါအဝင် လုံခြုံရေးကောင်စီ၏ အစီအစဉ်အောက်ရှိ ကိစ္စရပ်များစွာတွင် အလုပ်မဖြစ်သည့် အခြေအနေများ တိုးပွားလာနေမှုကို ထပ်မံ သတိပေး နေခြင်းပင် ဖြစ်ပါကြောင်း၊ သာဓကတစ်ခုအနေဖြင့် တင်ပြရလျှင် မြန်မာနိုင်ငံ၏ အခြေအနေ ကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးခြင်း၊ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် အရေးတကြီး ပြတ်သားသည့် အရေးယူဆောင်ရွက်မှုများ ချမှတ်ခြင်းတို့ကို ငါးနှစ်ကျော်ကြာသည့်တိုင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် လုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်သူများအပေါ် ဆက်လက် ပျက်ကွက်လျက်ရှိပါကြောင်း၊
(ဈ) နိုင်ငံတကာရေလမ်းကြောင်းများတွင် လွတ်လပ်စွာသွားလာခွင့်နှင့် ဖြတ်သန်းသွားလာခွင့်ကို ထိန်းသိမ်းစောင့်ရှောက်ရန် အရေးကြီးမှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာအရေးပါသည့်ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် လုံခြုံရေးကောင်စီ၏တာဝန်ရှိမှုကိုပါ မြန်မာနိုင်ငံအနေဖြင့် ထပ်လောင်း အတည်ပြု ပြောကြားလိုပါကြောင်း၊
(ည) ကမ္ဘာတစ်ဝှမ်း ပဋိပက္ခဒဏ်ခံစားနေရသော နိုင်ငံများမှ ပြည်သူများသည် ၎င်းတို့၏ အသက်ကို ကယ်တင်နိုင်မည့် အရေးယူဆောင်ရွက်မှုများကို အချိန်မီဆောင်ရွက်ပေးရန် လုံခြုံရေးကောင်စီ နှင့် ကုလသမဂ္ဂအပေါ် မျှော်လင့်လျက်ရှိပါကြောင်း၊ ထို့ကြောင့် လုံခြုံရေးကောင်စီအနေဖြင့် ပြောင်းလဲလျက်ရှိသောပဋိပက္ခအခြေအနေများကို သင့်တင့်လျောက်ပတ်စွာ တုံ့ပြန်ဆောင်ရွက်ရန်၊ မြေပြင်အခြေအနေမှန်များကို ဆန်းစစ်သုံးသပ်မှုများတွင် ထင်ဟပ်စေရန်နှင့် ၎င်းအား အပ်နှင်းထားသော တာဝန်ဝတ္တရားများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တစ်ညီတစ်ညွတ်တည်း ထုတ်ဖော်ပြောကြားရန်တို့ကို လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
of the Republic of the Union of Myanmar to the United Nations,
under Agenda Item 64: Use of the Veto
at the Plenary Meeting of the United Nations General Assembly
(New York, 16 April 2026)
Madam President,
I wish to begin by thanking you for convening this meeting in accordance with the GA resolution 76/262.
Myanmar aligns itself with the statement delivered by the Philippines on behalf of ASEAN.
Madam President,
Myanmar is alarmed by the recent developments in the Middle East, including attacks against critical civilian infrastructures and vessels, disruption of maritime security, and their adverse impacts on international trade, energy security and global economy.
As the precarious situation unfolds, the Security Council was unable to adopt a draft resolution on the Strait of Hormuz owing to two negative votes of the Permanent Members of the Security Council.
Against this backdrop, I wish to underscore the following three points:
First, the urgency of ceasing all hostilities: In support of this objective, Myanmar co-sponsored the Security Council resolution 2817, submitted by Bahrain on behalf of the GCCand adopted by the Council on March 11, 2026.
Myanmar welcomes the announcement of the two-week ceasefire and emphasizes the importance of sustaining de-escalation and creating conducive conditions for dialogue and diplomatic solutions.
In this regard, we commend the efforts of all parties, including mediators, and look forward to the resumption of the next round of negotiations with a view to bring lasting peace and stability in the region.
Second, the necessity of upholding freedom of navigation: the disruption of security and stability in a critical maritime corridor has a ripple effect on food and energy supply chains.
Myanmar, therefore, stresses the need to respect the right of transit passage in international waterways in full compliance with international law, including the UNCLOS.
Such a prolonged crisis can pose a disproportionate risk to the most vulnerable, particularly those in the leastdeveloped countries and conflict-affected situations.
In this context, I am dismayed to report that the rising price of commodities, products and fuel is compounding the already-dire humanitarian situation, food and energy insecurity in Myanmar since the illegal military coup.
As the people of Myanmar face fuel scarcity and queue for rations, the military junta continues to exhaust jet fuel to conduct indiscriminate airstrikes against civilians across the country.
Third and last, the responsibility of the Council to fulfill its mandate: We, as Member States of the United Nations, confer on the Security Council, the primary responsibility for the maintenance of international peace and security.
Myanmar expresses our regret that the Council was, once again, unable to speak in one voice despite the escalating adversity in the region.
The latest use of the veto and divergent views among Council members are yet another reminder of the growing trend of paralysis on many of the files under the Council’s agenda, including the situation in Myanmar.
As a case in point, the Council continues to fail the people of Myanmar by its inability to transparently discuss, effectively address and urgently take decisive action to resolve the situation for more than 5 years.
In conclusion, Madam President, Myanmar reaffirms the importance of maintaining the freedom of navigation and the right of transit passage in international waterways as well as the responsibility of the Council to address issues of global significance.
People in conflict-affected countries around the world look up to the Council and the UN to take timely actions to save their lives.
As such, the Security Council must appropriately respond to evolving conflict dynamics, reflect realities on the ground in their assessment, and speak in unity to effectively discharge its mandate.
I thank you.
*****











