Statement by Ambassador Kyaw Moe Tun, at the General Debate of the Fifty-ninth Session of the Commission on Population and Development
- Myanmar Mission To UN

- 2 minutes ago
- 5 min read



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate of the Fifty-ninth Session of the Commission on Population and Development, held on 14 April 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် (၅၉) ကြိမ်မြောက် အစည်းအဝေး၏ အထွေထွေဆွေးနွေးမှုအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်
သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းမှု အပြီးတွင်
နည်းပညာကို ဖိနှိပ်ရေး၊ နိုင်ထက်စီးနင်းပြုကျင့်ရေး၊ နှိပ်စက်ညှင်းပန်းရေး၊ သတင်းမှားနှင့် ရည်ရွယ်ချက်ရှိရှိဖြင့် အလိမ်အညာ သတင်းများ ဖြန့်ဝေရေးတို့အတွက် လက်နက်တစ်ခုသဖွယ် အသုံးချလာခဲ့၊
အကြမ်းဖက် စစ်အုပ်စုသည် အမျိုးသမီးများအား ၎င်းတို့၏ မွေးရာပါ အခြေခံရပိုင်ခွင့် အခွင့်အရေးများ ကျင့်သုံးခြင်းအတွက် ခြိမ်းခြောက်နှိပ်ကွပ်ရန် ကိုယ်ထိလက်ရောက်ဖြစ်စေ၊
ဒစ်ဂျစ်တယ် နည်းပညာအခြေခံ၍ ဖြစ်စေ ကျား-မအခြေပြုအကြမ်းဖက်မှုများကို
၎င်းတို့၏ လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လက် ကျူးလွန်ခဲ့၊
အကြမ်းဖက် စစ်အာဏာရှင်အုပ်စု၏ အင်တာနက်ဖြတ်တောက်ခြင်းနှင့် ဝက်ဘ်ဆိုက်များ
ပိတ်ဆို့ခြင်း အပါအဝင် သတင်းအချက်အလက်ကန့်သတ်မှုများသည် ဒစ်ဂျစ်တယ်ခေတ်တွင်
လူငယ်များ ပုံမှန်ပညာရေးနှင့် ပုံမှန်မဟုတ်သော ပညာရေးလေ့ကျင့်သင်ကြားမှုများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခြင်းကို ပိတ်ပင်စေခဲ့၊
အကြမ်းဖက် စစ်အုပ်စုသည် လူတစ်ဦးချင်းစီအား စောင့်ကြည့်ထိန်းချုပ်ရေးစနစ်ကို အသက်သွင်း အသုံးပြုခြင်းဖြင့် လူထုအပေါ် စောင့်ကြပ်ထောက်လှမ်းမှုကို တိုးမြှင့်ဆောင်ရွက်လျက်ရှိ၊
မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းမှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ရှိသည့် လမ်းကြောင်းတစ်ခုတည်းသာဖြစ်၊ ဖျက်ဆီးရေးနှင့် အကြမ်းဖက်ရေးကို ရွေးချယ်ထားသော စစ်အာဏာရှင်အုပ်စုတွင် နိုင်ငံ၌ ရေရှည်ငြိမ်းချမ်းရေးဖော်ဆောင်ရန်
စစ်မှန်သော ဆန္ဒရော အခန်းကဏ္ဍပါ မရှိသည်ကို ထင်ရှားသိသာစွာ တွေ့မြင်နိုင်၊
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့်
အဓိက တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးအတွက် ဦးဆောင်ညှိနှိုင်းရေးကောင်စီကို မကြာသေးမီက ဖွဲ့စည်းတည်ထောင်ပြီးဖြစ်၊ မြန်မာနိုင်ငံတွင် ရေရှည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိစေရန်အတွက် နိုင်ငံတည်ဆောက်ရေး၏ လက်တွေ့အကောင်အထည်ဖော်မှုအဆင့်ကို ရှင်းလင်းစွာ သက်သေပြလျက်ရှိ၊
အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပပျောက်စေရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး မြန်မာပြည်သူများ၏ ဘုံကြိုးပမ်းမှုများအတွက်
မြန်မာပြည်သူများနှင့် SCEF အား ထိရောက်သော ပံ့ပိုးကူညီမှုများ ပေးအပ်ကြပါရန်
နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းအပ်ပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက်)
၁။ ကုလသမဂ္ဂ၊ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် (၅၉) ကြိမ်မြောက် အစည်းအဝေးကို နယူးယောက်မြို့ရှိ၊ ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ် လျက်ရှိပါသည်။ အဆိုပါအစည်းအဝေး၏ အထွေထွေဆွေးနွေးမှု အစီအစဉ်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများက ကိုယ်စားလှယ်ပေါင်း (၉၀) ကျော်တို့က တက်ရောက်ဆွေးနွေး ပြောကြား ကြလျက်ရှိပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့် အဆိုပါ အစည်းအဝေးသို့ ပါဝင်တက်ရောက်ကာ ၁၄-၄-၂၀၂၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-
(က) နည်းပညာနှင့် သုတေသန တိုးတက်မှုများသည် လူဦးရေဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အပြည်ပြည် ဆိုင်ရာညီလာခံ (International Conference on Population and Development -ICPD) လုပ်ငန်းစဉ်အကောင်အထည်ဖော်ဆောင်ရေးကို အရှိန်မြှင့်တင်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ အောင်မြင်ရေးအတွက် ပံ့ပိုးကူညီရာတွင်လည်းကောင်း အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါကြောင်း၊
(ခ) သို့ရာတွင် ဤအကျိုးကျေးဇူးများနှင့် အလားအလာကြီးမားသော်လည်း လျင်မြန်သောနည်းပညာ ပြောင်းလဲမှုများသည် လူတန်းစားမညီမျှကို ပိုမိုကြီးမားလာစေနိုင်သကဲ့သို့ ဒစ်ဂျစ်တယ် နည်းပညာ အသုံးပြုနိုင်မှုကွာဟမှု၊ အုပ်ချုပ်ရေးနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ လစ်ဟာမှုများ၊ သတင်းအချက်အလက်လုံခြုံရေးနှင့် ကိုယ်ရေးအချက်အလက်များ ကာကွယ်ရေးနှင့် စပ်လျဉ်း သည့် ဖြစ်ပေါ်လာနိုင်သောအန္တရာယ်များ၊ သတင်းမှားနှင့် ရည်ရွယ်ချက်ရှိရှိဖြင့် အလိမ်အညာ သတင်းများ ဖြန့်ဖြူးမှုများစသည့်စိန်ခေါ်မှုများ ပိုမိုကြီးမားလာစေနိုင်ကြောင်း၊
(ဂ) နည်းပညာနှင့် သတင်းအချက်အလက်များကို နိုင်ငံတကာ လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ် သဘောတူညီချက်၏ မူဝါဒများအောက်တွင် လိုက်နာဆောင်ရွက် ရန် အတွင်းရေးမှူးချုပ်၏ တောင်းဆိုချက်ကို မြန်မာနိုင်ငံအနေဖြင့် ထောက်ခံပါကြောင်း၊
(ဃ) ICPD လုပ်ငန်းစဉ်တွင် ပေါ်ထွက်လာသော နည်းပညာများအပေါ် လူ့အခွင့်အရေး အခြေခံ ချဉ်းကပ်မှုများကိုအခြေခံ၍ အလေးထားဆောင်ရွက်ခြင်းကို အတည်ပြုချမှတ်ခဲ့သည်မှာ ဆယ်စုနှစ် သုံးခုကြာပြီးနောက်တွင်ပင် ယနေ့ကာလတိုင် ကျိုးကြောင်းဆီလျော်၍ အသုံးဝင်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊
(င) မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းမှုအပြီးတွင် နည်းပညာကို ဖိနှိပ်ရေး၊ နိုင်ထက်စီးနင်း ပြုကျင့်ရေး၊ နှိပ်စက်ညှင်းပန်းရေး၊ သတင်းမှားနှင့် ရည်ရွယ်ချက်ရှိရှိဖြင့် အလိမ်အညာ သတင်းများဖြန့်ဝေရေးတို့အတွက် လက်နက်တစ်ခုသဖွယ် အသုံးချလာခဲ့ပါကြောင်း၊ အဆိုပါအခြေအနေနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ အောက်ဖော်ပြပါ လူဦးရေအုပ်စုများအပေါ် သက်ရောက်မှုရှိနေသည့် ပြင်းထန်သော ဆိုးကျိုးများကို တင်ပြလိုပါကြောင်း၊
(စ) အမျိုးသမီးများနှင့် မိန်းကလေးငယ်များနှင့်စပ်လျဉ်း၍ တင်ပြလိုပါကြောင်း၊ အကြမ်းဖက် စစ်အုပ်စုသည် အမျိုးသမီးများအား ၎င်းတို့၏ မွေးရာပါ အခြေခံရပိုင်ခွင့် အခွင့်အရေးများကျင့်သုံးခြင်း အတွက် ခြိမ်းခြောက်နှိပ်ကွပ်ရန် ကိုယ်ထိလက်ရောက်ဖြစ်စေ၊ ဒစ်ဂျစ်တယ် နည်းပညာအခြေခံ၍ဖြစ်စေ ကျား-မအခြေပြုအကြမ်းဖက်မှုများကို ၎င်းတို့၏ လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လက် ကျူးလွန်ခဲ့ပါကြောင်း၊ တရားမဝင် အာဏာသိမ်းပြီးချိန်မှစ၍ အကြမ်းဖက် စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ဝေခံဝါဒဖြန့်သမားများသည် အမျိုးသမီးသတင်းထောက်များနှင့် လူ့အခွင့်အရေးကာကွယ်သူများ၏ အသံနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းရာတွင် နှိမ့်ချသည့်အကြောင်းအရာများကို အွန်းလိုင်းမှတစ်ဆင့် ဖြန့်ချိခြင်းမှသည် ကိုယ်ရေးအချက်အလက်များဖော်ထုတ်ခြင်း(doxxing) အထိ နည်းပညာအသုံးပြု ကျား-မ အခြေပြုအကြမ်းဖက်မှုအမျိုးမျိုးကို ကျူးလွန်ခဲ့ကြပါကြောင်း၊
(ဆ) ကလေးငယ်များနှင့် လူငယ်များအပေါ် ပစ်မှတ်ထားမှုများနှင့် စပ်လျဉ်း၍ တင်ပြလိုပါကြောင်း၊ အကြမ်းဖက်စစ်အာဏာရှင်အုပ်စု၏ အင်တာနက်ဖြတ်တောက်ခြင်းနှင့် ဝက်ဘ်ဆိုက်များ ပိတ်ဆို့ ခြင်းအပါအဝင် သတင်းအချက်အလက်ကန့်သတ်မှုများသည် ဒစ်ဂျစ်တယ်ခေတ်တွင် လူငယ်များ ပုံမှန်ပညာရေးနှင့် ပုံမှန်မဟုတ်သော ပညာရေး လေ့ကျင့်သင်ကြားမှုများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခြင်းကို ပိတ်ပင်စေခဲ့ပါကြောင်း၊ OHCHR ၏ ထုတ်ပြန်ချက်အရ မြို့နယ်ပေါင်း ၃၃၀ အနက် ထက်ဝက်ကျော်သည် သတင်းအချက်အလက် ရယူပိုင်ခွင့်နှင့် ဖြန့်ဝေပိုင်ခွင့်ကို ပိတ်ပင်ခြင်းခံထားရပါကြောင်း၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ချို့တဲ့မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် တရားမဝင် အတင်းအဓမ္မ စစ်မှုထမ်းစေခြင်းတို့သည် လူငယ်များ၏ အလားအလာနှင့် အနာဂတ်ကို ဖျက်ဆီးပစ်ခဲ့ပါကြောင်း၊ UNDP ၏အစီရင်ခံစာအရ အဆိုပါစိန်ခေါ်မှုများမှ လွတ်မြောက်နိုင်ရန်အလို့ငှာ လူငယ်ပေါင်း၅၀၀,၀၀၀ ခန့်သည် နိုင်ငံတွင်းမှ ထွက်ခွာခဲ့ကြရပါကြောင်း၊
(ဇ) မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်ပတ်သက်၍ တင်ပြလိုကြောင်း၊ အကြမ်းဖက်စစ်အုပ်စုသည် လူတစ်ဦးချင်းစီအား စောင့်ကြည့်ထိန်းချုပ်ရေးစနစ် (Personal Scrutinization and Monitoring System- PSMS) ကို အသက်သွင်းအသုံးပြုခြင်းဖြင့် လူထုအပေါ် စောင့်ကြပ် ထောက်လှမ်းမှုကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အချက်အလက်များအရ အဆိုပါစနစ် သည် AI နည်းပညာ၊ မျက်နှာမှတ်သားစနစ်၊ CCTV စောင့်ကြည့်ရေးစနစ်နှင့် လက်ဗွေ၊ မျက်နှာ၊ မျက်လုံး၊ အသံစသည့် ခန္ဓာကိုယ်သွင်ပြင်များဖြင့် လူတစ်ဦးချင်းဆီကို ခွဲခြားသိရှိနိုင်သော အချက်အလက်များ အပါအဝင် နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ ၎င်းတို့ကို ဆန့်ကျင်သူများနှင့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement- CDM) တွင် ပါဝင်သူများကို ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါကြောင်း၊
(ဈ) ထို့အပြင် စစ်အာဏာရှင်အုပ်စုသည် ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများ၊ တယ်လီဂရမ်အုပ်စုများနှင့် ၎င်းတို့ထိန်းချုပ်ထားသည့် ချန်နယ်များကိုအသုံးပြု၍ ပြည်သူလူထုနှင့် နိုင်ငံတကာအသိုက် အဝန်းထံ အလိမ်အညာနှင့် သတင်းအတုအယောင်များကို ဖြန့်ချိလျက်ရှိပါကြောင်း၊ ဝမ်းနည်းဖွယ်ရာကောင်းသည်မှာ ယင်းစောင့်ကြပ်ထောက်လှမ်းရေး အခြေခံအဆောက်အအုံများ၊ ဆက်သွယ်ရေး ကွန်ရက်များ၊ ဒေတာစင်တာများနှင့် စနစ်များသည် အခြားသော အဖွဲ့ဝင်နိုင်ငံများမှ အများစု တင်သွင်းရရှိထားခြင်းဖြစ်ပါကြောင်း၊
(ည) တရားမဝင် အာဏာသိမ်းမှုကြောင့် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရသော်လည်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာများကို အသုံးချ၍ CDM ပညာရေးပံ့ပိုးသူများနှင့်ပူးပေါင်းကာ မြန်မာလူငယ်များအတွက် ဆန်းသစ်တီထွင်သော အွန်လိုင်း ပညာရေးလမ်းကြောင်းများ ဖန်တီးပေးလျက်ရှိပါကြောင်း၊
(ဋ) ICPD လုပ်ငန်းအစီအစဉ်ကို အပြည့်အဝ အကောင်အထည်ဖော်ရန် ကတိကဝတ်ကို မြန်မာနိုင်ငံ အနေဖြင့်ထပ်လောင်းအတည်ပြုလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်ရေးလမ်းကြောင်းမှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးရှိသည့် လမ်းကြောင်း တစ်ခုတည်း သာဖြစ်ပါကြောင်း၊ ဖျက်ဆီးရေးနှင့် အကြမ်းဖက်ရေးကို ရွေးချယ်ထားသော စစ်အာဏာရှင် အုပ်စုတွင် နိုင်ငံ၌ ရေရှည်ငြိမ်းချမ်းရေးဖော်ဆောင်ရန် စစ်မှန်သောဆန္ဒရော အခန်းကဏ္ဍပါ မရှိသည်ကို ထင်ရှားသိသာစွာ တွေ့မြင်နိုင်ပါကြောင်း၊
(ဌ) အခြားတစ်ဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီနှင့် အဓိက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ဦးဆောင်ညှိနှိုင်းရေးကောင်စီ (Steering Council for the Emergence of a Federal Democratic Union- SCEF) ကို မကြာသေးမီက ဖွဲ့စည်း တည်ထောင်ပြီးဖြစ်ကာ မြန်မာနိုင်ငံတွင် ရေရှည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိစေရန်အတွက် နိုင်ငံတည်ဆောက်ရေး၏ လက်တွေ့အကောင်အထည်ဖော်မှုအဆင့်ကို ရှင်းလင်းစွာ သက်သေပြလျက်ရှိပါကြောင်း၊
(ဍ) သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပပျောက်စေရေးနှင့် ဖက်ဒရယ်
ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး မြန်မာပြည်သူများ၏ ဘုံကြိုးပမ်းမှုများအတွက် မြန်မာ ပြည်သူများနှင့် SCEF အား ထိရောက်သော ပံ့ပိုးကူညီမှုများ ပေးအပ်ကြပါရန် နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းအပ်ပါကြောင်း၊
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
ofthe Republic of the Union of Myanmar to the United Nations,
at the General Debate of the Fifty-ninth Session of
theCommission on Population and Development
(New York, 14 April 2026)
Mr. Chair,
At the outset, I wish to thank you for convening the session. I also thank the speakers for their opening remarks.
Following the adoption of the Global Digital Compact, the recent launch of the Independent International Scientific Panel on Artificial Intelligence, and the roadmap towards the Global Dialogue on AI Governance, the theme of this year’s session on “Population, technology and research in the context of sustainable development” is both timely and relevant.
Mr. Chair,
Advances in technology and research have played a key role in accelerating the implementation of the ICPD Programme of Action and enhancing its contribution to the achievement of the Sustainable Development Goals.
Despite these benefits and enormous potential, rapid technological change can also exacerbate existing inequalities and challenges, including widening of digital divides, governance and regulation gaps, risks to data security and privacy as well as the spread of misinformation and disinformation.
Against this backdrop, Myanmar echoes the Secretary-General’s call to ensure that technology and data are governed in line with international human rights obligations and the principles of the Global Digital Compact. The emphasis on human-rights-based approaches to emerging technologies in the ICPD Programme of Action remains applicable after more than three decades since its adoption.
Mr. Chair,
Myanmar wishes to commend efforts of those Member States that are leveraging technology and research to implement the Programme of Action.
Unfortunately, in my country, Myanmar, technology has been weaponized as a tool of suppression, coercion, abuse, mis- and disinformation following the illegal military coup.
In this context, allow me to highlight their devastating impacts on the following demographics in Myanmar.
First, women and girls: the military junta has traditionally perpetrated gender-based violence against women in both physical and digital spheres to intimidate them for exercising their fundamental rights.
Since the coup, the junta and their paid propagandists have perpetuated a wide range of technology-facilitated GBV from spewing misogynist content online to doxxing against women journalists and human rights defenders in an attempt to contain and silence their voices andtheir freedom of expression.
Second, children and youth: the military junta’s restrictions on information, including internet blackouts and blocking websites, have prevented the youth fromaccessing formal and non-formal education, training and employment opportunities in the digital era. According to OHCHR, over half of the 330 townships have been denied the right to receive and impart information.
The lack of education and employment opportunities, human rights violations, and unlawful forced conscription have shattered the potential and the future of our youth. UNDP reported that up to 500,000 young people are estimated to have left the country to escape these challenges.
Third, the whole population: the military junta has stepped up mass surveillance by activating the Personal Scrutinization and Monitoring System (PSMS). This system reportedly uses AI, facial recognition, CCTV surveillance, and biometric data, among others, to identify and arrest dissidents and participants of the Civil Disobedience Movement (CDM).
In addition, the military junta employs their propaganda media, Telegram groups and influencer channelsto disseminate misinformation and disinformation to the public and the international community.
Regrettably, these surveillance infrastructures, telecommunication networks, data centers, and systems are mostly imported from other Member States.
Mr. Chair,
Despite facing many challenges from the coup, the Ministry of Education of the National Unity Government (NUG) is utilizing technologies and collaborating with CDM educators to provide innovative online education pathways for our youth.
In conclusion, Mr. Chair, Myanmar reaffirms our commitment to fully realizing the ICPD Programme of Action.
The only sustainable development path in Myanmar is the one with peace and stability. It is crystal clear that the destructive and violent military junta has no genuine role or desire in paving lasting peace in the country.
On the other hand, the NUG, CRPH and the major Ethnic Resistance Organizations in Myanmar have recently established the Steering Council for the Emergence of a Federal Democratic Union (SCEF) clearly demonstrating the active phase of state buildingto achieve lasting peace and stability in Myanmar.
As such, I urge the international community to extend effective support to the people of Myanmar and the SCEF in our shared efforts to eradicate the military dictatorship and build a federal democratic union.
I thank you.
*****












