top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun under Agenda Item 53 at 4C of 78th UNGA





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, under Agenda Item 53: Questions relating to information at the Special Political and Decolonization Committee (Fourth Committee) of the 78thsession of the United Nations General Assembly, held on 19 October 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စတုတ္ထကော်မတီ၏ သတင်းအချက်အလက်နှင့် ပြန်ကြားရေးဆိုင်ရာဆွေးနွေးမှု၊ ဘာသာရပ်အစီအစဉ် (၅၈)တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က သတင်းအချက်အလက်များ လွယ်ကူစွာ ရရှိရန် အရေးကြီးပါကြောင်း၊ အင်တာနက်လွယ်ကူစွာ သုံးစွဲခြင်းမှသည် သတင်းအချက်အလက်များလွယ်ကူစွာ ရရှိခြင်းဖြင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့်အခြေအနေမျိုးတွင် သာမက လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသည့် အခြေအနေမျိုးတွင် ကြိုတင်အသိပေး ပြင်ဆင်ခြင်းများ လုပ်ဆောင်နိုင်ကြောင်း ထောက်ပြခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်)


၁။ နယူးယောက်မြို့၌ ကျင်းပလျက်ရှိသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စတုတ္တ ကော်မတီ၏ ဘာသာရပ်ခေါင်းစဉ် (၅၈)၊ သတင်းအချက်အလက်နှင့် ပြန်ကြားရေးဆိုင်ရာဘာသာရပ် (Questions Relating to Information) ဆွေးနွေးမှု အား ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ တွင် ကျင်းပခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-

(က) နည်းပညာ မြန်ဆန်စွာတိုးတက်ထွန်းကားလာခြင်းသည် မိမိတို့ သတင်းအချက်အလက် ရရှိသည့် ပုံစံကိုများစွာ ပြောင်းလဲလာစေခဲ့ပြီး၊ ပြည်သူများအတွက် အကျိုးအမြတ် ကောင်းများ ရရှိသကဲ့သို့ သတင်းမှားဖြန့်ဝေခြင်း၊ ဆိုက်ဘာခြိမ်းခြောက်မှုအန္တရာယ် စသောစိန်ခေါ်မှုများကိုလည်း တစ်ပါတည်း ဖြစ်ပေါ်လာစေခဲ့ကြောင်း၊ ယင်းသို့ နည်းပညာ လွန်စွာထွန်းကားသည့် ယနေ့အချိန်အခါတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ကဏ္ဍသည် လွန်စွာအရေးကြီးသည့်အချက် ဖြစ်သည်ကို မြန်မာနိုင်ငံအနေဖြင့် အသိအမှတ်ပြုကြောင်း၊ အထူးသဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်စွာ ဆောင်ရွက်ရန် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများအတွက် အရေးပါသော အချက်တစ်ချက် ဖြစ်ကြောင်း၊


(ခ) လွတ်လပ်သည့်မီဒီယာကဏ္ဍသည် အရေးကြီးပြီး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ လွတ်လပ်သည့်မီဒီယာကဏ္ဍသည် ပြည်သူများ၏ အသံနှင့် ဆန္ဒတို့အား နိုင်ငံတကာအသိုက်အဝန်းသို့ ပို့ဆောင်ပေးသည့် အဓိကအရာဖြစ်ကြောင်း၊ ကမ္ဘာအဝှမ်းရှိ လူအများစုသည် အင်တာနက်သုံးစွဲမှုကိုနည်းမျိုးစုံဖြင့် လွယ်ကူလျင်မြန်စွာ ရရှိနေကြောင်း၊


(ဂ) ယင်းသို့သောအခြေအနေမျိုးတွင် မြန်မာနိုင်ငံသည် စစ်အာဏာရှင်များ၏ ဖိနှိပ်မှုကြောင့် လွတ်လပ်စွာထုတ်ဖော်ခွင့်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်မှ တရားမဝင် အာဏာသိမ်းပြီး နောက်ပိုင်းမှစ၍ များစွာ ထိခိုက်လာခဲ့ကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်မှာ စိုးရွားစွာပျက်ဆီး သွားခဲ့ကြောင်း၊ အင်တာနက်အသုံးပြုမှု တားဆီး ကန့်သတ်ချက်များ ထုတ်ပြန်ခြင်း၊ အင်တာနက်ဖြတ်တောက်ခြင်း၊ အသုံးပြုမှုတွင် အတားအဆီးဖြစ်စေရန် လုပ်ဆောင်ပြီး ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောကြား ခွင့်မှာ အလုံးစုံချိုးဖောက်ခံနေရကြောင်း၊ စစ်တပ်အနေဖြင့် ယင်းသို့ ကန့်သတ်ချက်များ လုပ်ဆောင်ရာတွင် အောက်ပါအချက်များလည်း ပါဝင်ကြောင်း -


  • စင်စာများချမှတ်ခြင်း နှင့် သတင်းဌာနများ ပိတ်သိမ်းခြင်း၊ တရားမဝင်အာဏာသိမ်း စစ်တပ်မှ တင်းကျပ်သည့် စည်းမျဉ်းများ ထုတ်ပြန်ပြီး အွန်လိုင်းပလက်ဖောင်းများ အပါအဝင် သတင်းမီဒီယာများ၏ မှတ်ပုံတင်များကိုရုတ်သိမ်းခြင်းများ ပြုလုပ်ကြောင်း၊ ပြီးခဲ့သည့် လပေါင်း (၃၃) လ အတွင်း သတင်းဌာန (၁၃) ခုရုတ်သိမ်းခံခဲ့ရကြောင်း၊

  • အင်တာနက်အသုံးပြုမှု ကန့်သတ်ခြင်း၊ ပြည်သူများ၏ သတင်းအချက်အလက် စီးဆင်းမှုနှင့် ဆက်သွယ်မှုများတားဆီးနိုင်ရန် ဖေစ့်ဘုတ်၊ တွတ်တာနှင့် အင်စတာဂရမ် စသော လူမှုကွန်ရက်များကို မကြာခဏတားဆီးကန့်သတ်ခြင်း၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် အင်တာနက်ဖြတ်တောက်ခြင်းတို့ကို လုပ်ဆောင် ခဲ့ခြင်း၊

  • သတင်းမီဒီယာသမားများအား ဖိနှိပ်ခြင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် မြေပြင် အခြေအနေမှန်များအား ထုတ်ဖော်သည့် သတင်းသမားများအား စစ်တပ်မှ ခြိမ်းခြောက်ဖမ်းဆီးခဲ့ကြောင်း၊ စစ်တပ်မှ ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ကျူးလွန်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းမှုတွင် လွတ်လပ်သည့် သတင်းမီဒီယာဌာနများ ပစ်မှတ်ထားခံနေရကြောင်း၊ အာဏာသိမ်းမှုဖြစ်ပွာပြီးနောက် သတင်းသမား (၁၅၆) ဦးဖမ်းဆီးခံခဲ့ရပြီး အချို့သတင်းသမားများအား သတ်ဖြတ်ခဲ့ ကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာတွင် အများဆုံးသတင်းသမားများ ဖမ်းဆီးထောင်ချ သည့် နိုင်ငံဖြစ်လာကြောင်း၊

  • ပြည်သူများအား စောင့်ကြည့် ခြိမ်းခြောက်ခြင်း၊ ပြည်သူများအပေါ် အွန်လိုင်းနှင့် တယ်လီဖုန်း သုံးစွဲမှုများကို စောင့်ကြည့်ရေး လုပ်ငန်းများ ဆောင်ရွက်၍ ဒီမိုကရေစီ လှုပ်ရှားမှု ထောက်ခံ အားပေးသည်၊ စစ်တပ်ကို ဆန့်ကျင်သည်ဟု သံသယရှိသူ များအား စောင့်ကြည့် ခြိမ်းခြောက်၍ အကြောက်တရားများဖြင့် ဖိအားပေးကြောင်း၊ လမ်းသွားလမ်းလာစဉ်ပင် အချိန်မရွေး ပြည်သူများ၏ လက်ကိုင်ဖုန်းများအား စစ်သားများက စစ်တပ်အားဆန့်ကျင်သည့် အထောက်အထားများကိုရှာဖွေ စစ်ဆေးလေ့ရှိကြောင်း၊

  • သတင်းအမှားများဖြန့်ဝေခြင်း၊ စစ်တပ်သည် ပကတိအမှန်တရားများကို ဖုံးကွယ်ပြီး ပြည်သူလူထုထံသို့ သတင်းမှားများဖြန့်ဝေရန် ဝါဒဖြန့်မှုများကို နည်းလမ်းမျိုးစုံဖြင့် ဆောင် ရွက်ကြောင်း၊ စစ်တပ်ပိုင်သတင်းဌာနများ၊ အကောင့်တုများကို အသုံးပြုဆောင်ရွက်ကြောင်း၊ ၎င်းအပြင် စစ်တပ်နှင့် ဆက်နွယ်သည့်သူများ၊ ၎င်းတို့၏ ဝန်ထမ်းများက လူမှုစာမျက်နှာများကို အသုံးချကာ သတင်းအမှားများဖြန့်ဝေ ကြောင်း၊ ဥပမာအားဖြင့် (၉-၁၀-၂၀၂၃) ရက်နေ့ ညဉ့်သန်းခေါင်းယံအချိန်တွင် ကချင်ပြည်နယ်၊ လိုင်ဇာရှိ စစ်ဘေးရှောင် စခန်းအား စစ်တပ်မှ လေကြောင်းမှတိုက်ခိုက်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်အပေါ် စစ်တပ်က နိုင်ငံတကာအသိုက်အဝန်းကို လိမ်လည်ခဲ့သေးကြောင်း၊ ဖြစ်စဉ်တွင် လေကြောင်း တိုက်ခိုက်မှု စစ်တပ်မှ လုပ်ဆောင်သည်မှာ လွန်စွာထင်ရှားကြောင်းကို လေ့လာသူများ က ထုတ်ဖော်ပြောကြားကြကြောင်း၊


(ဃ) သတင်းအချက်အလက်ကို ကောင်းစွာရရှိနေသည့် ပြည်သူများအနေဖြင့် နိုင်ငံ၏ ရေရှည် ဖွံဖြိုးတိုးတက်ရေး ရည်မှန်းချက်များပြည့်မီရန် ဆောင်ရွက်ရေးတွင် အဓိက အခန်းကဏ္ဍ မှ ပါဝင် နိုင်ကြကြောင်း၊ ထို့ကြောင့် ပဋိပက္ခဖြစ်ပွားနေသည့် နေရာတွင်ရှိသည့် ပြည်သူများ အပါအဝင် ပြည်သူများအနေဖြင့် သတင်းအချက်အလက်များ လွယ်ကူစွာ ရရှိရန် အရေးကြီးပါကြောင်း၊ အင်တာနက်လွယ်ကူစွာ သုံးစွဲခြင်းမှသည် သတင်းအချက်အလက် များ လွယ်ကူစွာရရှိခြင်းဖြင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့်အခြေအနေမျိုးတွင် သာမက လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသည့် အခြေအနေမျိုးတွင် ကြိုတင်အသိပေး ပြင်ဆင်ခြင်းများ လုပ်ဆောင်နိုင်ကြောင်း၊


(င) မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် အခြေအနေကို ဥပမာပေးရပါလျှင်၊ စစ်တပ်အနေဖြင့် တိုက် လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြု၍ ပြည်သူများအပေါ် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်သကဲ့သို့ ကျေးရွာများကို မြေပြင် စစ်ကြောင်းထိုး တိုက်ခိုက်မှုများ ပြုလုပ်ကြောင်း၊ ပြည်သူများအနေဖြင့် တယ်လီဖုန်း၊ အင်တာနက်များ အသုံးပြု၍ စစ်လေယာဉ်များ လှုပ်ရှားမှု၊ စစ်တပ်တပ်ဖွဲ့များ လှုပ်ရှားမှုကို တစ်ဉီးနှင့် တစ်ဉီး အသိပေးကြရကြောင်း၊ ယင်းသို့ ပေးခြင်းဖြင့် စစ်တပ်မလာရောက်မီ လုံခြုံသည့်နေရာ များသို့ ရှောင်တိမ်းနိုင်ရန် အချိန်လုံလောက်မှု ရရှိကြကြောင်း၊


(စ) ပဋိပက္ခဒေသတွင်ရှိသည့် ပြည်သူများအနေဖြင့် နေ့စဉ် ဤဆိုးရွားသည့် အခြေအနေများ ကို တွေ့ကြုံနေကြရကြောင်း၊ ဤ ဆိုးရွားသောအခြေအနေများမှ အပြီးတိုင်လွတ်မြောက် နိုင်ရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်း၍ ဒီမိုကရေစီ ပြန်လည် ရရှိကာ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ခြင်းပင်ဖြစ်ပါကြောင်း၊


(ဆ) ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အချိန်နှင့် တစ်ပြေးညီ ထိရောက်ပြတ်သား သည့် အရေးယူမှုများ ပြုလုပ်၍ မြန်မာပြည်သူများဘက်မှ ရပ်တည်ကာ ကူညီပံ့ပိုးမှုများ ပေးရန် တိုက်တွန်းပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations

Agenda Item 53: Questions relating to information

at the Special Political and Decolonization Committee (Fourth Committee)

of the 78thsession of the United Nations General Assembly


(New York, 19 October 2023)


Mr. Chair,


Myanmar associates itself with the statements of the ASEAN and the G-77 and China, respectively.


Myanmar welcomes the Secretary-General’s report on the activities of the Department of Global Communications and thanks Under-Secretary-General Ms. Melissa Fleming for her comprehensive statement.


I also wish to commend the USG and her team for their hard work informing the world of the work of the UN and making easy accessibility to information of the UN.


Mr. Chair,


The rapid advancement of technology and the digital age has transformed how we access and disseminate information. While these developments have undoubtedly brought benefits to all people, they have also raised challenges even risk to the international community, such as the spread of misinformation and cyber threats.


Myanmar recognizes the significant importance of information and communication in the modern world, and we firmly believe that an informed and engaged international community is essential for achieving our common goals, particularly those outlined in the Sustainable Development Goals.


We share the view that maintaining free, independent and fair media is critical importance, and it is a cornerstone of the promotion of democracy and human rights.


In the digital age, media plays a vital role in transmitting peoples’ voices and aspiration to the international community. Most people around the world have easy access to various kind of information.


However, this essential conduit for expression and communication has been largely undermined in my country Myanmar since the illegal military coup in February 2021. Now, the situation for freedom of opinion and expression in Myanmar is in a grave crisis. The military junta has established a digital dictatorship by imposing restrictions on access to information, access to internet including internet shutdowns, online censorship, surveillance, and other barriers to internet access. Their fundamental rights to freedom of expression are systematically and widely violated.


The military junta has imposed restrictions on access to information and on freedom of expression and opinion in the following manners among others:


First, Censorship and Shutdowns: The military has seized control of media outlets and imposed strict censorship rules. Over last 33 months, the military has intensified its crackdown on the media sector. About 13 media outlets were shut down.


Second, Internet Restrictions: The junta has limited internet access and introduced frequent internet blackouts, especially in the conflict-affected areas. Social media platforms like Facebook, Twitter, and Instagram are occasionally blocked to prevent the spread of information and communication among Myanmar people.


Third, Suppression of Journalists: When journalists try to expose the truth on what is really happening in Myanmar, the brutal military junta threatens and arrests them to silence the truth. The independent media in Myanmar has been targeted for trying to expose the human rights violations and atrocities committed by the military.


As a result, Myanmar became one of the world’s biggest jailers of journalists. Since the illegal coup, at least 156 journalists were arrested; and a number of journalists were killed by the junta.


Fourth, Surveillance and Intimidation: The junta has intensified surveillance measures, monitoring online activities and telecommunications. This surveillance aims to identify individuals who support the democratic movement, creating an atmosphere of fear and intimidation. Phones of individuals and their social media accounts are randomly checked by the junta troops on the streets to find out for possession of any elements against the military dictatorship on their phones.


Fifth, Dissemination of misinformation and disinformation: The military has employed the misinformation and disinformation campaign to manipulate public opinion and distort the truth. They have used their controlled media outlets and social media accounts to spread false narratives. The recent case in point is that the military junta’s aerial attack on an IDP Camp in Laiza, Kachin State took place in the midnight of 9 Oct 2023. The military junta distorted the truth and tried to deceive the international community. Then they blamed the KIO for the incident. Many analysts pointed out that the evidences are very clear and it was aerial attacks of the military junta on the IDP Camp.


Furthermore, the junta’s affiliates and staff misuse social media to mislead others and most dangerously instigate to arrest innocent civilians who they think are supporting democracy movement.


Mr. Chair,


We share the view that well-informed people can play an important role for contributing to the country’s efforts for achieving the SDGs in an effective and timely manner.


Therefore, it is imperative that all people including those in conflict affected areas must have adequate access to information. Easy flow of information including easy access to internet will help people for having early warning not only in natural disaster situation but also in armed conflict situation. I wish to share with you our own experience. In Myanmar, the military junta uses fighter jets and helicopters to conduct aerial attacks against the people as well as its troops attack villages in an indiscriminate manner. The people inform each other by using internet or telecommunication of movement of the junta’s war planes and its troops so that they could have enough time to take shelter or to move to a safe place.


The people in conflict affected areas are encountering such experience in daily basis. Their sufferings are tremendous.


In Myanmar, only way to terminating such unspeakable sufferings and making sure of adequate access to information is to end the military coup, restore democracy and build a democratic union with effective, inclusive and accountable institutions.


Therefore, I urge the UN and the member states to stand with the people of Myanmar and help us in our efforts in this regard by taking decisive timely actions against the military dictatorship.


I thank you.


*****






















bottom of page