top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, EoV Before the Vote on the Draft Resolution entitled "Situation of human rights of Rohingya Muslims and other minorities in Myanmar" at the 3C of 81st UNGA

Writer: Myanmar Mission To UN
Myanmar Mission To UN
2 minutes ago
6 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, Explanation of Vote Before the Vote on the Draft Resolution A/C.3/81/L.42/Rev.1 entitled “Situation of human rights of Rohingya Muslims and other minorities in Myanmar”, at the Third Committee at the Eighty-first Session of the UN General Assembly, held on 18 November 2026


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင်

“မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ”ဆုံးဖြတ်ချက် အဆိုမူကြမ်းအား အတည်ပြုမှုမတိုင်မီ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် နိုင်ငံတနံတလျား ကျယ်ပြန့်စွာ ဖြစ်ပွားနေသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပိုမို ပြင်းထန် ဆိုးရွားလာနေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကြေကွဲဖွယ်ရာအခြေအနေများကို နောက်ခံထားလျက် မိမိတို့အနေဖြင့် ယနေ့ အဆိုမူကြမ်းအား အတည်ပြုဆောင်ရွက်ကြခြင်းဖြစ်၊

ယခုနှစ် ဆုံးဖြတ်ချက် အဆိုမူကြမ်းတွင် ထိုသို့ ဆိုးရွားလှသည့် ပကတိအခြေအနေများကို ထင်ဟပ်စေသော အရေးကြီးသည့်အချက်များအား ထည့်သွင်းဖော်ပြထားသည့်အပေါ် ကြိုဆို၊ အထူးသဖြင့် စစ်အုပ်စုက အရပ်သားများအပေါ် တိုက်လေယာဉ်များ၊ ဒရုန်းများ၊ ပါရာမော်တာများနှင့် ဂျိုင်ရိုကော်ပတာများ အသုံးပြု၍ မဆင်မခြင် ကျူးလွန်သည့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် အခြားသော ရက်စက်ကြမ်းကြုတ်မှုများ၊ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု

တိုးပွားလာခြင်းနှင့် ကိုယ်လက်အင်္ဂါချို့ယွင်းသူများအပေါ် ရာဇဝတ်သားသဖွယ် သတ်မှတ်အရေးယူခြင်း၊ အဓမ္မ တပ်သားစုဆောင်းခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပိတ်ဆို့တားဆီးခြင်းတို့အပေါ် ပြင်းထန်စွာ ရှုတ်ချထားခြင်းကို မိမိတို့ ကျေးဇူးတင်ရှိ၊

အလားတူပင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် စစ်အုပ်စု

ပြုလုပ်ခဲ့သည့် အတုအယောင်ရွေးကောက်ပွဲများကို ပယ်ချခြင်း၊ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ ကွာဟချက်များ ကြီးမားနေသည့်ကြားမှ အိမ်ရှင်နိုင်ငံများ ထမ်းဆောင်နေရသည့် ကြီးလေးသောဝန်တာများကို အသိအမှတ်ပြုခြင်းနှင့် ရိုဟင်ဂျာများ နိုင်ငံသားဖြစ်ခွင့်နှင့်

တန်းတူညီမျှရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏အပြုသဘောဆောင်သော

ပူးပေါင်းဆောင်ရွက်မှုနှင့် မူဝါဒပိုင်းဆိုင်ရာ ကတိကဝတ်များကို

အသိအမှတ်ပြုဖော်ပြထားခြင်းတို့ကိုလည်းကြိုဆို၊

သို့ရာတွင် ဆုံးဖြတ်ချက် အဆိုမူကြမ်း၌ အရေးကြီးသောအချက်အချို့ ကျန်ရှိနေသေးသည့်အပေါ် စိတ်မကောင်းဖြစ်မိ၊ မြန်မာနိုင်ငံတစ်ဝန်း ချက်ချင်း အပစ်အခတ်ရပ်စဲရေး၊

လေကြောင်းတိုက်ခိုက်မှု အားလုံးကို ချက်ချင်း ရပ်တန့်ရေးနှင့် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကို တိုက်ရိုက်အထောက်အပံ့ပေးနေသည့် လက်နက်၊ ခဲယမ်းမီးကျောက်နှင့် လေယာဉ်ဆီ

လွှဲပြောင်းရောင်းချမှုများ ရပ်ဆဲရေးတို့အတွက် တိုက်ရိုက်တောင်းဆိုမှု အားနည်း၊

ကုလသမဂ္ဂက ချမှတ်သည့်ဆုံးဖြတ်ချက်များတွင် မြေပြင်၌ ဖြစ်ပွားနေသော

ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်စေနိုင်မည့် ပြတ်သားထိရောက်သော အစီအမံများ

ပါဝင်မှသာလျှင် မြန်မာနိုင်ငံနှင့် အခြားနေရာဒေသများရှိ အပြစ်မဲ့အရပ်သားပြည်သူများကို

အမှန်တကယ် အကာအကွယ်ပေးနိုင်မည်ဟု အခိုင်အမာ ယုံကြည်၊

မနက်ဖြန်တွင် အပြည်ပြည်ဆိုင်ရာတရားရုံးက ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့အကြား

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးစာချုပ် လိုက်နာကျင့်သုံးမှုဆိုင်ရာအမှုနှင့် စပ်လျဉ်း၍ စီရင်ချက် ချမှတ်မည်ဖြစ်ကြောင်း၊ နစ်နာသူများအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်သည့်

ယင်းစီရင်ချက်ကို အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ထိရောက်စွာ

အကောင်အထည်ဖော်ဆောင်ရွက်ခြင်းက အလွန်အရေးကြီး၊

ရိုဟင်ဂျာများနှင့် မြန်မာပြည်သူအားလုံးအတွက် စစ်မှန်သော တရားမျှတမှု ရရှိရေးနှင့်

နောင်တွင် အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရေးတို့ကို အာမခံနိုင်ရန်

ကုလသမဂ္ဂ အထွေထွေညီလာခံအနေဖြင့် လိုအပ်သော နောက်ဆက်တွဲ လုပ်ငန်းစဉ်များကို

ကြိုတင်ပြင်ဆင်ထားသင့်၊

မည်သို့ပင်ဆိုစေကာမူ ယခု ဆုံးဖြတ်ချက်အဆိုမူကြမ်းသည် လက်ရှိ မြန်မာနိုင်ငံ၏

ဆိုးရွားလှသော ပကတိအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် နိုင်ငံတကာအသိုက်အဝန်းအား ဆက်လက် စည်းရုံးလှုံ့ဆော်ထားနိုင်ရန် အထောက်အကူပြုသည်ဟု ရှုမြင်၊

မြန်မာနိုင်ငံအနေဖြင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် တရားမျှတ၍ အားလုံးပါဝင်သော

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မြန်မာပြည်သူများနှင့်အတူ တစ်သားတည်းဆက်လက်ရပ်တည်လျက် ဤဆုံးဖြတ်ချက် အဆိုမူကြမ်းကို ထောက်ခံကြောင်း

ပြောကြားခဲ့

(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်)

၁။        ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ ဆုံးဖြတ်ချက် အဆိုမူကြမ်း A/C.3/81/L.42/Rev.1 အား အတည်ပြုဆုံးဖြတ်သည့် အစည်းအဝေးကို ၁၈-၁၁-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။


၂။         အစည်းအဝေးတွင် အဆိုမူကြမ်းအား ပူးတွဲတင်သွင်းသည့် ဥရောပသမဂ္ဂနှင့် အစ္စလာမ်မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့တို့၏ကိုယ်စား ဆော်ဒီအာရေဗျကိုယ်စားလှယ်က မိတ်ဆက်တင်သွင်းခဲ့ပါသည်။ ထို့နောက် အဆိုမူကြမ်းအား အတည်ပြုမဆုံးဖြတ်မီ နိုင်ငံများမှ အထွေထွေမိန့်ခွန်း သို့မဟုတ် ရပ်တည်ချက်အား ရှင်းလင်း ပြောကြားခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ၏ ရပ်တည်ချက်အား ရှင်းလင်းပြောကြားသည့် မိန့်ခွန်းတစ်ရပ်​ (Explanation of Vote Before the Vote) ကို ပြောကြားခဲ့ပါသည်။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့်မိန့်ခွန်းတွင် အောက်ပါအချက်များအဓိကပါဝင်ပါသည်-

(က)     ဆုံးဖြတ်ချက်အဆိုမူကြမ်း A/C.3/81/L.42/Rev.1 အား တင်သွင်းပေးခဲ့သည့် ဥရောပ သမဂ္ဂ(EU) နှင့် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင်နိုင်ငံများအား ကျေးဇူး တင်ရှိပါကြောင်း၊ ဤဆုံးဖြတ်ချက်သည် နှစ်ပေါင်းများစွာတိုင်အောင် ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ ကြုံတွေ့နေရသည့် ဒုက္ခဆင်းရဲများအပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး ကြိုးပမ်းမှုများအပေါ် နိုင်ငံတကာ၏ အာရုံစိုက်မှု ဆက်လက် တည်ရှိနေစေရန်အတွက် အရေးပါသော ယန္တရားတစ်ခုဖြစ်ကြောင်း၊  

(ခ)       မြန်မာနိုင်ငံတွင် နိုင်ငံတနံတလျား ကျယ်ပြန့်စွာဖြစ်ပွားနေသည့် ရက်စက်ကြမ်းကြုတ်မှုများ

နှင့် ပိုမိုပြင်းထန်ဆိုးရွားလာနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြေကွဲဖွယ်ရာ အခြေအနေများကို နောက်ခံထားလျက် မိမိတို့အနေဖြင့် ယနေ့အဆိုမူကြမ်းအား အတည်ပြု ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း၊

(ဂ)       စစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် အကြမ်းဖက် နှိပ်စက်သတ်ဖြတ်မှုများကို အရှိန်အဟုန် တိုးမြှင့်လုပ်ဆောင်လျက်ရှိသောကြောင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူ သန်းပေါင်းများစွာမှာ ပြည်တွင်းမှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး အသက်ကယ်ဆယ်ရေး အကူအညီများလည်း ဖြတ်တောက်ခံထားရကာ တိုင်းပြည်စီးပွားရေး ပြိုလဲနေသည့် အခြေအနေများအတွင်း ပိတ်မိနေကြကြောင်း၊  

(ဃ)     တစ်ချိန်တည်းမှာပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဒေသတွင်းရှိ ရိုဟင်ဂျာဒုက္ခသည် အများအပြားသည် လုံခြုံရေးအခြေအနေ ပိုမို ဆိုးရွားလာခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေများ လျော့နည်းလာခြင်းနှင့် မျှော်လင့်ချက်မဲ့သည့်အခြေအနေများကြောင့် အသက်အန္တရာယ်များလှ သော ပင်လယ်ရေကြောင်းခရီးများဖြင့် စွန့်စားထွက်ခွာနေကြရပြီး ရာနှင့်ချီသော အသက်ပေါင်းများစွာ ပင်လယ်ပြင်၌ ဆုံးရှုံးနေရကြောင်း၊

(င)       ထို့ပြင် အိမ်ရှင်နိုင်ငံများ၊ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုများ လျော့နည်းလာသည့်ကြားမှ ကြီးမားလှသော လူမှုစီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ဆက်လက် ထမ်းပိုးနေရကြောင်း၊  

(စ)       သို့ဖြစ်ရာ မိမိတို့အနေဖြင့် ယခုနှစ် ဆုံးဖြတ်ချက် အဆိုမူကြမ်းတွင် ထိုသို့ဆိုးရွားလှသည့် ပကတိအခြေအနေများကို ထင်ဟပ်စေသော အရေးကြီးသည့်အချက်များအား ထည့်သွင်းဖော်ပြထားသည့်အပေါ် ကြိုဆိုကြောင်း၊

(ဆ)     အထူးသဖြင့် စစ်အုပ်စုက အရပ်သားများအပေါ် တိုက်လေယာဉ်များ၊ ဒရုန်းများ၊ ပါရာမော်တာများနှင့် ဂျိုင်ရိုကော်ပတာများအသုံးပြု၍ မဆင်မခြင် ကျူးလွန်သည့် လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် အခြားသော ရက်စက်ကြမ်းကြုတ်မှုများ၊ မြေမြှုပ်မိုင်းကြောင့် ထိခိုက် သေဆုံးမှု တိုးပွားလာခြင်းနှင့် ကိုယ်လက်အင်္ဂါချို့ယွင်းသူများအပေါ် ရာဇဝတ်သားသဖွယ် သတ်မှတ်အရေးယူခြင်း၊ အဓမ္မတပ်သားစုဆောင်းခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပိတ်ဆို့တားဆီးခြင်းတို့အပေါ် ပြင်းထန်စွာ ရှုတ်ချထားခြင်းကို မိမိတို့ ကျေးဇူးတင်ရှိကြောင်း၊  

(ဇ)       အလားတူပင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် စစ်အုပ်စု ပြုလုပ်ခဲ့သည့် အတုအယောင်ရွေးကောက်ပွဲများကို ပယ်ချခြင်း၊ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ ကွာဟချက်များ ကြီးမားနေသည့်ကြားမှ အိမ်ရှင်နိုင်ငံများ ထမ်းဆောင်နေရသည့် ကြီးလေး သော ဝန်တာများကို အသိအမှတ်ပြုခြင်းနှင့် ရိုဟင်ဂျာများ နိုင်ငံသားဖြစ်ခွင့်နှင့် တန်းတူညီမျှရေးတို့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုနှင့် မူဝါဒပိုင်းဆိုင်ရာ ကတိကဝတ်များကို အသိအမှတ်ပြုဖော်ပြထားခြင်းတို့ကိုလည်း ကြိုဆိုကြောင်း၊

(ဈ)      သို့ရာတွင် ဆုံးဖြတ်ချက် အဆိုမူကြမ်း၌ အရေးကြီးသောအချက်အချို့ ကျန်ရှိနေသေးသည့်အပေါ်  စိတ်မကောင်းဖြစ်မိကြောင်း၊

(ည)     စာသား၏ နိဒါန်းအပိုင်းတွင် စစ်အုပ်စု၏ လက်နက်ရရှိမှုကို အသိအမှတ်ပြု ဖော်ပြထားသော် လည်း လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် 61/30 နှင့် 62/3 တို့တွင် တူညီဆန္ဒဖြင့် အတည်ပြု ပြီးဖြစ်သော လက်တွေ့အကောင်အထည်ဖော်နိုင်မည့် အရေးယူဆောင်ရွက်ချက်ဆိုင်ရာ စာသားများကိုမူ ချန်လှပ်ထားကြောင်း၊

(ဋ)       အထူးသဖြင့် မြန်မာနိုင်ငံတစ်ဝန်း ချက်ချင်း အပစ်အခတ်ရပ်စဲရေး၊ လေကြောင်းတိုက်ခိုက်မှု အားလုံးကို ချက်ချင်းရပ်တန့်ရေးနှင့် စစ်တပ်၏အကြမ်းဖက်လုပ်ရပ်များကို တိုက်ရိုက်အထောက် အပံ့ပေးနေသည့် လက်နက်၊ ခဲယမ်းမီးကျောက်နှင့် လေယာဉ်ဆီ လွှဲပြောင်းရောင်းချမှုများ ရပ်ဆဲရေးတို့အတွက် တိုက်ရိုက် တောင်းဆိုမှု အားနည်းကြောင်း၊  

(ဌ)       မိမိတို့အနေဖြင့် ယင်းကဲ့သို့ တူညီဆန္ဒဖြင့် ချမှတ်ပြီးဖြစ်သော စာသားများအပြင် တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းရေးနှင့် တာဝန်ခံမှုရှိစေရေးဆိုင်ရာ ပိုမိုခိုင်မာသော အစီအမံများ ထည့်သွင်းပေးရန် ကော်မတီသို့ အစဉ်တစိုက် တောင်းဆိုခဲ့ကြောင်း၊

(ဍ)       ကုလသမဂ္ဂက ချမှတ်သည့် ဆုံးဖြတ်ချက်များတွင် မြေပြင်၌ ဖြစ်ပွားနေသော ရက်စက် ကြမ်းကြုတ်မှုများကို ရပ်တန့်စေနိုင်မည့် ပြတ်သားထိရောက်သော အစီအမံများ ပါဝင်မှသာလျှင် မြန်မာနိုင်ငံနှင့် အခြားနေရာဒေသများရှိ အပြစ်မဲ့အရပ်သားပြည်သူများကို အမှန်တကယ် အကာအကွယ်ပေးနိုင်မည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်း၊

(ဎ)       ယနေ့ အဆိုမူကြမ်းတွင် ယင်းအချက်များ မပါဝင်သည့်အပေါ် စိတ်ပျက်မိသော်လည်း လာမည့် အစည်းအဝေးများတွင် ထိုသို့ ခိုင်မာအားကောင်းသောအစီအမံများ ထည့်သွင်းအကောင်အထည် ဖော်ရန် အဖွဲ့ဝင်နိုင်ငံများနှင့် အဆိုမူကြမ်းတင်သွင်းသူများကို အလေးအနက် တိုက်တွန်းကြောင်း၊  

(ဏ)     မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရေးသည် အခြေခံအုတ်မြစ် ဖြစ်ကြောင်း၊

(တ)     မနက်ဖြန် (နိုဝင်ဘာလ ၁၉ ရက်) တွင် အပြည်ပြည်ဆိုင်ရာတရားရုံးက ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့အကြား လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးစာချုပ် လိုက်နာကျင့်သုံးမှုဆိုင်ရာအမှုနှင့် စပ်လျဉ်း ၍ စီရင်ချက်ချမှတ်မည် ဖြစ်ကြောင်း၊ နစ်နာသူများအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခု ဖြစ်သည့် ယင်းစီရင်ချက်ကို အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက် ခြင်းက အလွန်အရေးကြီးကြောင်း၊  

(ထ)     ထို့အပြင် ရိုဟင်ဂျာများနှင့် မြန်မာပြည်သူအားလုံးအတွက် စစ်မှန်သော တရားမျှတမှု ရရှိရေးနှင့် နောင်တွင် အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရေးတို့ကို အာမခံနိုင်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံအနေဖြင့် လိုအပ်သော နောက်ဆက်တွဲ လုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း၊

(ဒ)       ထို့အတူ တရားရုံး၏ ဆုံးဖြတ်ချက်များကို မြေပြင်၌ လက်တွေ့ကျသော အကာအကွယ်ပေးမှုနှင့် တာဝန်ခံမှုများအဖြစ် ပြောင်းလဲဖော်ဆောင်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့် အထွေထွေညီလာခံ၏ လုပ်ငန်းစဉ်များကို ထိရောက်စွာ ပံ့ပိုးပေးကြရန်လည်း အလေးအနက်ထား တိုက်တွန်းလိုကြောင်း၊  

(ဓ)       မည်သို့ပင်ဆိုစေကာမူ ယခု ဆုံးဖြတ်ချက် အဆိုမူကြမ်းသည် လက်ရှိ မြန်မာနိုင်ငံ၏ ဆိုးရွား လှသော ပကတိအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် နိုင်ငံတကာအသိုက်အဝန်းအား ဆက်လက် စည်းရုံးလှုံ့ဆော်ထားနိုင်ရန် အထောက်အကူပြုသည်ဟု ရှုမြင်ကြောင်း၊

(န)       သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေဖြင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် တရားမျှတ၍ အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မြန်မာပြည်သူများနှင့်အတူ တစ်သားတည်း ဆက်လက် ရပ်တည်လျက် ဤဆုံးဖြတ်ချက် အဆိုမူကြမ်းကို ထောက်ခံကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့်လည်း ထောက်ခံမဲပေး၍ ထပ်တူထောက်ခံအတည်ပြု ပေးကြရန် တိုက်တွန်း နှိုးဆော်အပ်ကြောင်း။


၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၅။        (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီသို့ တင်သွင်းလာသည့် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ဖြင့် အဆို မူကြမ်း A/C.3/81/L.42/Rev.1 တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၊ မတရား စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်၏ အရပ်သားပြည်သူများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ ချိုးဖောက်မှုများ၊ အထူးသဖြင့် တိုက်လေယာဉ်များ၊ ဒရုန်းများ၊ ပါရာမော်တာများနှင့် ဂျိုင်ရိုကော်ပတာများ အသုံးပြု၍ မဆင်မခြင် လေကြောင်းတိုက်ခိုက်ခြင်း၊ မြေမြှုပ်မိုင်းများ အသုံးပြုခြင်းနှင့် ကိုယ်အင်္ဂါချို့ယွင်းသူများအပေါ် ရာဇဝတ်သားသဖွယ် အရေးယူခြင်း၊ အဓမ္မတပ်သားစုဆောင်းခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအား ပိတ်ဆို့တားဆီးခြင်းတို့ကို ပြင်းထန်စွာ ရှုတ်ချထားပြီး နိုင်ငံတစ်ဝန်း၌ အကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများ အားလုံးကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားပါသည်။

၆။        ထို့အပြင် အားလုံးပါဝင်မှု မရှိဘဲ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် တစ်ဖက်သတ် ကျင်းပခဲ့သည့် လွတ်လပ်မှုနှင့် တရားမျှတမှု မရှိသော ရွေးကောက်ပွဲများမှတစ်ဆင့် စစ်အာဏာ သိမ်းမှုကို တရားဝင်မှုရှိစေရန် ကြိုးပမ်းမှုများကို ကန့်ကွက် ရှုတ်ချထားသကဲ့သို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) တို့ အပါအဝင် တရားစီရင်ရေးယန္တရားများမှတစ်ဆင့် ကျူးလွန်သူများအား တာဝန်ခံစေရေးနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသား ညီညွတ်ရေးအစိုးရ၏ မူဝါဒရပ်တည်ချက်ကို အသိအမှတ်ပြုခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် အိမ်ရှင်နိုင်ငံများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်တာများကို မျှဝေထမ်းဆောင်ရေးနှင့် ရိုဟင်ဂျာဒုက္ခသည်များ နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ သိက္ခာရှိစွာဖြင့် မိမိဆန္ဒအလျောက် ပြန်လည်နိုင်ရေးအတွက် သင့်လျော်သော ပတ်ဝန်းကျင်ဖန်တီးပေးရန် တိုက်တွန်းချက်များကိုလည်း ထည့်သွင်း ဖော်ပြထားပါသည်

၇။        အဆိုမူကြမ်းအား အတည်ပြုဆုံးဖြတ်ရာတွင် မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ (၁၂၈) မဲ၊ ကန့်ကွက်မဲ (၆) မဲနှင့် ကြားနေမဲ (၃၃) မဲတို့ဖြင့် အတည်ပြုခဲ့ပါသည်။


၈။        အတည်ပြုဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်အဆိုအား ပူးတွဲဖော်ပြအပ်ပါသည်။


၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, Explanation of Vote Before the Vote on the Draft Resolution A/C.3/81/L.42/Rev.1 entitled “Situation of human rights of Rohingya Muslims and other minorities in Myanmar”,

at the Third Committee at the Eighty-first Session of the UN General Assembly

(New York, 18 November 2026)

Mr. Chair,

My delegation extends its sincere appreciation to the members of the European Union and the Organization of Islamic Cooperation for tabling draft resolution A/C.3/81/L.42/Rev.1 before us.

For many years, this resolution has served as a vital mechanism to keep the international spotlight on the plight of the Rohingya Muslims and other minorities, as well as the broader struggle for democracy and human rights in Myanmar.  

Our action today takes place against the backdrop of widespread atrocities and a cute and worsening human tragedy.

Inside Myanmar, the military junta has escalated its ruthless campaign of terror against civilians.

Millions of people across the country remain internally displaced, cut off from life-saving aid, and trapped in a collapsing economy.

Meanwhile, many Rohingya refugees in Bangladesh as well as across the region face worsening insecurity, shrinking humanitarian funding, and desperate conditions that continue to drive perilous maritime journeys, tragically claiming hundreds of lives at sea.

At the same time, host countries, particularly Bangladesh, continue to shoulder an immense socioeconomic and humanitarian burden amidst declining international support.  

Against these grim realities, we welcome several important elements reflected in this year’s text.

In particular, we appreciate the strong condemnation of the military junta’s continued atrocities against civilians, including indiscriminate aerial attacks using jet fighters, drones, paramotors, and gyrocopters; the growing toll of landmines and the criminalization of amputees; forced conscription; and the obstruction of humanitarian aid.

We also welcome, among others, the rejection of the junta’s sham elections held in December 2025 and January 2026, the recognition of the heavy burden shouldered by host countries amid critical humanitarian funding gaps, and the acknowledgment of the National Unity Government’s constructive engagement and policy commitments toward citizenship and equality for the Rohingya.

However, Mr. Chair, we regret that important elements remain lacking in the draft resolution.

While the text acknowledges the military’s access to arms in its preamble, it omits concrete, actionable operative language already adopted by consensus in Human Rights Council resolutions 61/30 and 62/3.

Specifically, it falls short of a direct operative call for an immediate ceasefire throughout Myanmar, an immediate halt to all airstrikes, and the cessation of the transfer and sale of arms, munitions, and jet fuel that directly enable the military’s terror campaign.

Integrating this established consensus language, alongside stronger measures on responsible divestment and accountability, has been one of our consistent requests to the Committee.  

We firmly believe that when resolutions adopted by the United Nations contain decisive and effective measures capable of halting atrocities on the ground, they become far more impactful and truly serve to protect innocent civilians, as in the case of Myanmar and many others.

While we are disappointed by their exclusion today, we strongly encourage Member States and the sponsors of this resolution to integrate and implement such robust measures in upcoming sessions.  

Mr. Chair,

Accountability remains the cornerstone of lasting peace in Myanmar.

Tomorrow, the International Court of Justice will announce its ruling in the case between the Gambia vs. Myanmar concerning the application of the Genocide Convention.

In light of this historic milestone for the victims, it is imperative that Member States ensure effective implementation of the Court’s verdict.

Furthermore, the General Assembly must proactively prepare for the necessary follow-up to ensure true justice and non-recurrence for Rohingya and all of Myanmar. We urge all Member States to effectively support the General Assembly’s work in translating judicial findings into tangible protection and accountability on the ground.  

Mr. Chair,

Nevertheless, we are of the view that draft resolution L.42/Rev.1 is helpful in addressing the grave realities of the current situation in Myanmar and keeping the international community mobilized.  

Therefore, Myanmar supports this draft resolution and calls upon all Member States to act likewise by voting YES, as we continue to stand together with the people of Myanmar in their resolve to end military dictatorship and build a just, inclusive, Federal Democratic Union.

I thank you.

*****



Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page