Statement by Ambassador Kyaw Moe Tun, at the General Debate on Agenda Item 72: “ Report of the International Court of Justice”in the Plenary Meeting of the 81st Session of the UN General Assembly





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate on Agenda Item 72: “ Report of the International Court of Justice” in the Plenary Meeting of the Eighty-first Session of the UN General Assembly, held on 5 November 2026
[Below Myanmar Tex]
သတင်းအဖြစ်ထုတ်ပြန်ချက်
(၃၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီတွင် အပြည်ပြည်ဆိုင်ရာတရားရုံး၏ အစီရင်ခံစာအား ဆွေးနွေးသည့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်ရေးကွန်ဗင်းရှင်းအောက်မှ တရားစွဲဆိုထားသောအမှုတွင်
မိမိတို့က သက်ဆိုင်သည့်နိုင်ငံ ဖြစ်သည့်အားလျော်စွာ တရားရုံးမှ ၁၉-၁၁-၂၀၂၆ ရက်နေ့တွင် စီရင်ချက် ချမှတ်ပေးရန် လျာထားသည့်အပေါ် မိမိတို့စိတ်အားထက်သန်စွာ စောင့်ဆိုင်းလျက်ရှိ၊
မိမိပြောကြားလိုသည်မှာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စု၏ အပြည်ပြည်ဆိုင်ရာဥပဒေအား ပေါ်ပေါ်ထင်ထင် ချိုးဖောက်စော်ကားမှုအား လျှော့မတွက်ရန် ဖြစ်၊
စစ်အုပ်စု၏ လောဘဇောကပ် အကျင့်ပျက်ချစားမှုများကြောင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ခြိမ်းခြောက်မှုပြုနေသည့် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုများကိုလည်း ထင်ထင်ရှားရှား တွေ့မြင်နေရ၊ အထူးသဖြင့် မြန်မာနိုင်ငံသည် အဆိုပါရာဇဝတ်ကွန်ယက်များ၏ ဗဟိုချက်ဖြစ်လျက်ရှိ၊
ထိုသို့ ဖြစ်ပျက်နေရခြင်းမှာ စစ်အုပ်စုမှ တရားမဝင် စစ်အာဏာသိမ်းခဲ့ချိန်မှစ၍
စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်သော
ရက်စက်ကြမ်းကြုတ်မှုများကြောင့်ပင်ဖြစ်၊
စစ်အုပ်စုအနေဖြင့် ထိခိုက်လွယ်သော အုပ်စုများထံသို့ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပို့ဆောင်ခြင်းအား ရည်ရွယ်ချက်ရှိရှိ ဟန့်တားနှောင့်ယှက်ခြင်းအားဖြင့် အသက်ကယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလည်း ပိတ်ဆို့တားဆီးလျက်ရှိ၊
မြန်မာနိုင်ငံအမှုကိစ္စတွင် တရားစီရင်ချက်တစ်ခုတည်းဖြင့် ရက်စက်ကြမ်းကြုတ်မှုများကို
ရပ်တန့်နိုင်မည်မဟုတ်၊ နိုင်ငံတကာအသိုက်အဝန်းမှ အဆိုပါစီရင်ချက်အား
အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်လိုသည့် သန္နိဋ္ဌာန်ကို လိုအပ်၊
အပြည်ပြည်ဆိုင်ရာတရားရုံး၏ စီရင်ချက်ကို တိကျစွာ အကောင်အထည်ဖော်ခြင်းသည် ထိခိုက်နစ်နာသူအားလုံးအတွက် တရားမျှတမှု ဖော်ဆောင်ပေးရန်နှင့် ယင်းကဲ့သို့သော
နိုင်ငံတကာရာဇဝတ်မှုများ နောက်ထပ် ထပ်မံမဖြစ်ပွားစေရန် တားဆီးရာတွင်
အဓိကသော့ချက်ဖြစ်မည်ဖြစ်၊
စစ်အုပ်စုမှ နိုင်ငံတကာ ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေခြင်းအား
အပြီးတိုင် ရပ်တန့်နိုင်ရန်နှင့် တရားမျှတမှုအပေါ် ထားအပ်သော ကတိကဝတ်များအား
ထိရောက်သော လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲနိုင်ရန်အတွက် စစ်အုပ်စုထံသို့
လက်နက်၊ ခဲယမ်း၊ တိုက်လေယာဉ်ဆီ၊ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းနှင့် ငွေကြေး ထောက်ပံ့နေမှုတို့အား ဖြတ်တောက်ရန်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့်လည်း
မြန်မာ့အရေးတစ်စုံလုံးအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းတင်သွင်းပေးရန်
အထူးအလေးထား တောင်းဆို၊
ပြစ်မှုကျူးလွန်သူများအနေဖြင့် အကြွင်းမဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆယ်စုနှစ်များစွာ
အသုံးချခွင့် ရရှိကာ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်နေချိန်တွင် အခြေခံလိုအပ်သည့် ဝန်ဆောင်မှုများနှင့် အသက်ကယ်အကူညီများ ကင်းမဲ့နေသည့် ရိုဟင်ဂျာဒုက္ခသည်များ အပါအဝင် အပြစ်မဲ့မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ၎င်းတို့အတွက် လိုအပ်ချက်ဖြစ်သည့်အကူအညီများကို ဆက်လက်ကင်းမဲ့နေသောကြောင့် မိမိတို့အနေဖြင့် အထက်ပါတောင်းဆိုမှုများကို ကြိမ်ဖန်များစွာနှင့်ထပ်ဖန်တလဲလဲ တောင်းဆိုခဲ့ပြီးဖြစ်၊
ပြစ်ဒဏ်ကင်းလွတ်ခွင့်သံသရာ အပြီးတိုင်ချုပ်ငြိမ်းရန် လိုအပ်ကြောင်းပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ၅ရက်)
၁။ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ)၏ အစီရင်ခံစာအား အထွေထွေဆွေးနွေးသည့်အစည်းအဝေးကို ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီ၌ ၂၉-၁၀-၂၀၂၆ ရက်၊ ၃၀-၁၀-၂၀၂၆ ရက်နှင့် ၅-၁၁-၂၀၂၆ ရက်နေ့တို့တွင် ကျင်းပခဲ့ပါသည်။
၂။ အဆိုပါအစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာတရားရုံး ဥက္ကဋ္ဌဖြစ်သူ တရားသူကြီး Yuji Iwasawaက အပြည်ပြည်ဆိုင်ရာတရားရုံး၏အစီရင်ခံစာ A/81/4 အား အကျဉ်းချုံး ပြောကြားခဲ့ပါသည်။ ထိုသို့ ပြောကြားရာတွင် တရားရုံး၏တရားစီရင်မှုဆိုင်ရာလုပ်ဆောင်ချက်များအား ဆွေးနွေးရာ၌ ၁-၈-၂၀၂၅ ရက်နေ့မှစတင်၍ အမှု (၅)ခုအတွက် ကြားနာမှုများလုပ်ဆောင်ခဲ့ကြောင်း၊ ယခုအခါ အမှု (၂) ခု၏ အကြောင်းအရာ အချက်အလက် အမှန်များအပေါ် အခြေခံ၍ စဉ်းစားသုံးသပ်မှုများ ပြုလုပ်လျက်ရှိရာ Application of the Convention on the Preventionလand Punishment of the Crime of Genocide (The Gambia v. Myanmar: 11 States intervening) လည်း ပါဝင်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၈၀) ကျော်က မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။
၃။ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့် ၅-၁၁-၂၀၂၆ ရက်နေ့တွင် ကျင်းပသည့်အစည်းအဝေး၌ မိန့်ခွန်းတက်ရောက်ပြောကြားခဲ့ပြီး ၎င်းပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-
(က) မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး၏အစီရင်ခံစာနှင့် တရားရုံးမှ အငြင်းပွားမှု များအား ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် မမှိတ်မသုန် စွမ်းဆောင်ပေးလျက်ရှိသည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာတရားရုံးသဘာပတိမှလည်း တရားရုံး၏အစီရင်ခံစာအား ဆွေးနွေးပေးခြင်းနှင့် ၎င်း၏ဦးဆောင်မှုတို့အတွက် အသိအမှတ်ပြု ကျေးဇူးတင်လိုပါကြောင်း၊
(ခ) နိုင်ငံများအကြားတွင် နယ်စပ်ဒေသနှင့် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုများ၊ စာချုပ် ချိုးဖောက်မှုများနှင့် နိုင်ငံများ၏ တာဝန်များစသည်တို့နှင့် ဆက်စပ်နေသည့်စိန်ခေါ်မှု မြောက်များစွာ ဖြစ်ပေါ်လျက်ရှိသည့်အလျောက် အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် တရားရုံးထံသို့ လွှဲပြောင်းတင်သွင်းလာသော ဥပဒေရေးရာမေးခွန်းများအပေါ် အကြံဉာဏ်နှင့် သဘောထားမှတ်ချက်ပေးခြင်းအပါအဝင် တရားဥပဒေစိုးမိုးရေးနှင့် လူသားဂုဏ်သိက္ခာထိန်းသိမ်းရေးတို့အတွက် အမြင့်ဆုံး အကာအကွယ်ပေးသည့် အဖွဲ့အစည်းအဖြစ် ဖြစ်တည်လျက်ရှိကြောင်း၊
(ဂ) ယနေ့ မြန်မာနိုင်ငံအတွက်ဆိုလျှင် တရားရုံး၏ လုပ်ပိုင်ခွင့်အာဏာသည် အလွန်အရေးကြီး ကြောင်း၊
(ဃ) လက်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်း သတ်ဖြတ်မှု ကာကွယ်ရေးကွန်ဗင်းရှင်းအောက်မှ တရားစွဲဆိုထားသောအမှုတွင် မိမိတို့က သက်ဆိုင်သည့်နိုင်ငံဖြစ်သည့်အားလျော်စွာ တရားရုံးမှ ၁၉-၁၁-၂၀၂၆ ရက်နေ့တွင် စီရင်ချက် ချမှတ်ပေးရန် လျာထားသည့်အပေါ် မိမိတို့ စိတ်အားထက်သန်စွာ စောင့်ဆိုင်းလျက်ရှိကြောင်း၊
(င) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတကာတရားမျှတရေးအတွက် မယိမ်းယိုင်သည့် ကတိကဝတ်ထားရှိမှုကို အစဉ်တစိုက် ထုတ်ဖော်ပြသခဲ့ကြောင်း၊ မိမိတို့အနေဖြင့် တရားရုံး၏ စီရင်ချက်အား လက်ခံကာ ပဏာမကန့်ကွက်ချက်များအားလုံးကို ရုပ်သိမ်းခဲ့ပြီး တရားရုံး၏ အမိန့်များအား လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရန် အသင့်ပြင်ဆင်ထားကြောင်း၊
(စ) ဤတွင် မိမိပြောကြားလိုသည်မှာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စု၏ အပြည်ပြည် ဆိုင်ရာဥပဒေအား ပေါ်ပေါ်ထင်ထင် ချိုးဖောက်စော်ကားမှုအား လျှော့မတွက်ရန် ဖြစ်ကြောင်း၊
(ဆ) လက်ရှိတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်သူ ၁၆.၂ သန်းကျော်ရှိပြီး လူ(၄) သန်းကျော်မှာ ပြည်တွင်း၌ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထို့ပြင် အတည်ပြု ပြီးသည့် အချက်အလက်များအရ စစ်အုပ်စု၏ သတ်ဖြတ်ခြင်းကို ခံထားရသည့် ပြည်သူ (၈,၆၀၀) ကျော် ရှိပြီဖြစ်ကြောင်း၊
(ဇ) ရိုဟင်ဂျာဒုက္ခသည် အမြောက်အများမှာလည်း ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် အခြားနေရာများတွင် ခိုလှုံလျက်ရှိကြောင်း၊
(ဈ) တစ်ဖက်တွင်လည်း စစ်အုပ်စု၏ လောဘဇောကပ် အကျင့်ပျက်ချစားမှုများကြောင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုခင်းများ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ခြိမ်းခြောက်မှုပြုနေသည့် ကမ္ဘာလုံးဆိုင်ရာသက်ရောက်မှုများကိုလည်း ထင်ထင်ရှားရှား တွေ့မြင်နေရကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံသည် အဆိုပါရာဇဝတ်ကွန်ယက်များ၏ ဗဟိုချက်ဖြစ်လျက်ရှိကြောင်း၊
(ည) ထိုသို့ဖြစ်ပျက်နေရခြင်းမှာ စစ်အုပ်စုမှ တရားမဝင် စစ်အာဏာသိမ်းခဲ့ချိန်မှစ၍ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်သော ရက်စက်ကြမ်းကြုတ်မှုများ ကြောင့်ပင် ဖြစ်ကြောင်း၊
(ဋ) လွန်ခဲ့သည့် (၅) နှစ်တာ ကာလအတွင်း၌လည်း စစ်အုပ်စုအနေဖြင့် လူနေအိမ်များ၊ စာသင် ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စစ်ဘေးရှောင်စခန်းများနှင့် ဘာသာရေးအဆောက်အအုံများ အပါအဝင် အရပ်ဘက် အခြေခံအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ မဆင်မခြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခိုက်တိုက်ခိုက်ခြင်းများကို ထိန်းချုပ်ကန့်သတ်ခြင်းမရှိဘဲ တိုးမြှင့်လုပ်ဆောင်ခဲ့သည်ကို မိမိတို့ တွေ့မြင်ခဲ့ရကြောင်း၊
(ဌ) စစ်အုပ်စုအနေဖြင့် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းနှင့် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းတို့ကိုလည်း စနစ်တကျ ကျူးလွန်ခဲ့ကြောင်း၊
(ဍ) ထို့နည်းတူ စစ်အုပ်စုအနေဖြင့် ပြည်သူများအပေါ်တွင် အကြောက်တရား စိုးမိုးစေရန်နှင့် ပြည်သူများအား ဖိနှိပ်ရန် တရားလက်လွတ်ဖမ်းဆီးချုပ်နှောင်ခြင်း၊ စစ်ကြောရေးစခန်းများတွင် ဆိုးရွား စွာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဥပဒေမဲ့စီရင်ကွပ်မျက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာနှင့် ကျားမ အခြေပြု အကြမ်းဖက်မှုများကို ရည်ရွယ်ချက်ရှိသော နည်းဗျူဟာများအဖြစ် တစိုက်မတ်မတ်အသုံးချခဲ့ ကြောင်း၊
(ဎ) စစ်အုပ်စု၏ အဓမ္မတပ်သားစုဆောင်းမှုကြောင့် လူငယ်လူရွယ်များမှာ လူသားဒိုင်းအဖြစ် အသုံးချခံရခြင်းနှင့် ငွေညှစ်ခြင်းတို့ဖြင့် ခြိမ်းခြောက်ခံနေရကြောင်း၊
(ဏ) ထို့ပြင် စစ်အုပ်စုအနေဖြင့် ထိခိုက်လွယ်သော အုပ်စုများထံသို့ စားနပ်ရိက္ခာနှင့် ဆေးဝါးများပို့ ဆောင်ခြင်းအား ရည်ရွယ်ချက်ရှိရှိ ဟန့်တားနှောင့်ယှက်ခြင်းအားဖြင့် အသက်ကယ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလည်း ပိတ်ဆို့တားဆီးလျက်ရှိကြောင်း၊
(တ) မိမိတို့အနေဖြင့် စစ်အုပ်စုကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို သက်သေ အထောက် အထားများ ရရှိပြီးဖြစ်သောကြောင့် တာဝန်ခံမှုရှိရေးကို အထူးအလေးထားပါကြောင်း၊ ထို့နည်းတူစွာပင် ဂမ်ဘီယာနှင့် မြန်မာအမှုကိစ္စအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးမှ စီရင်ဆုံးဖြတ်သည့် အခါတွင်လည်း ရိုဟင်ဂျာများနှင့် မြန်မာပြည်သူတစ်ရပ်လုံးအတွက် တရားမျှတမှု ဆောင်ကြဉ်းပေးနိုင်ရန် လေးလေးနက်နက် မျှော်လင့်ထားကြောင်း၊ သို့မှသာလျှင် ရိုဟင်ဂျာများ နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်၊ သိက္ခာရှိရှိ နေရပ်သို့ ပြန်လည်သွားရောက်နိုင်မည်ဖြစ်ကြောင်း၊
(ထ) သို့ရာတွင် နိုင်ငံတကာ၏ အကောင်အထည်ဖော်အရေးယူမှုများ၌ ပင်ကိုယ် ကန့်သတ်ချက်များရှိသည့်အပေါ် မိမိတို့နားလည်ကြောင်း၊ ထိရောက်သော အကောင်အထည်ဖော် ဆောင်ရွက်မှုများ အတွက် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံဆန္ဒရှိမှုအပေါ် အဓိက မှီတည်မည်ဖြစ်ကြောင်း၊
(ဒ) မြန်မာနိုင်ငံအမှုကိစ္စတွင် တရားစီရင်ချက်တစ်ခုတည်းဖြင့် ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်နိုင်မည်မဟုတ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းမှ အဆိုပါစီရင်ချက်အား အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်လိုသည့် သန္နိဋ္ဌာန်ကို လိုအပ်ကြောင်း၊
(ဓ) ဤနေရာတွင် နှောင့်နှေးနေသော တရားမျှတမှုသည် တရားမျှတမှုအား ငြင်းပယ်ခြင်းနှင့် ထပ်တူကျသည်ဟု မိမိ အလေးထား ပြောကြားလိုကြောင်း၊
(န) ထို့ကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံး၏ စီရင်ချက်ကို တိကျစွာ အကောင်အထည်ဖော်ခြင်း သည် ထိခိုက်နစ်နာသူအားလုံးအတွက် တရားမျှတမှုဖော်ဆောင်ပေးရန်နှင့် ယင်းကဲ့သို့သော နိုင်ငံတကာရာဇဝတ်မှုများ နောက်ထပ် ထပ်မံမဖြစ်ပွားစေရန် တားဆီးရာတွင် အဓိက သော့ချက် ဖြစ်မည် ဖြစ်ကြောင်း၊
(ပ) အပြည်ပြည်ဆိုင်ရာဥပဒေအား အကောင်အထည်ဖော် အရေးယူရန် ပျက်ကွက်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များကို မြန်မာနိုင်ငံတစ်ဝန်းတွင် အချိန်နှင့်အမျှ လက်တွေ့ မြင်တွေ့ ခံစားနေရကြောင်း၊
(ဖ) အနာဂတ် အပြည်ပြည်ဆိုင်ရာတရားရုံးနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံးတို့၏ စီရင်ချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုနိုင်ရန် လွတ်လပ်သော သက်သေ အထောက်အထား ထိန်းသိမ်းစောင့်ရှောက်မှုသည် အထူးအရေးပါကြောင်း၊
(ဗ) သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားမှ ဆက်လက် လုပ်ဆောင်နေသည့် တန်ဖိုးရှိသော လုပ်ငန်းများအတွက် မိမိတို့အနေဖြင့် အလေးအနက် ချီးကျူး ဂုဏ်ပြုကြောင်း၊ IIMMတွင် သက်သေ (၇၅၀) ကျော်၏ ထွက်ဆိုချက်များဖြင့် ခိုင်မာအောင် အတည်ပြုထားသည့် အရင်းအမြစ် (၁,၆၀၀) ကျော်ထံမှ သက်သေအထောက်အထားများကို ကြိုးပမ်းစုဆောင်းထားပြီး ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းသည် တာဝန်အပ်နှင်းခံထား ရသည့်အဖွဲ့အစည်းအတွက်သာမက မိမိတို့၏ အတွေ့အကြုံများကို ထွက်ဆိုပေးခဲ့ကြသည့် သက်သေများအတွက်ပါ ခက်ခဲသော တာဝန်တစ်ခုဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိကြောင်း၊
(ဘ) တစ်ချိန်တည်းမှာပင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး၏ လုပ်ပိုင်ခွင့်အာဏာကို စစ်မှန်စွာလေးစားခြင်းနှင့် ပြစ်မှုကျူးလွန်သူများကို တာဝန်ယူမှု၊ တာဝန်ခံ မှုရှိစေရေးအတွက် ပြတ်သား၍ ပေါင်းစပ်ညှိနှိုင်းထားသည့် အရေးယူဆောင်ရွက်ချက်များ ပြုလုပ်ခြင်းက အလွန်အရေးကြီးကြောင်း၊
(မ) ထို့ကြောင့် စစ်အုပ်စုမှ နိုင်ငံတကာ ရာဇဝတ်မှုများ ဆက်လက် ကျူးလွန်နေခြင်းအား အပြီးတိုင် ရပ်တန့်နိုင်ရန်နှင့် တရားမျှတမှုအပေါ်ထားအပ်သော ကတိကဝတ်များအား ထိရောက်သော လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲနိုင်ရန်အတွက် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ တိုက်လေယာဉ်ဆီ၊ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းနှင့် ငွေကြေး ထောက်ပံ့နေမှုတို့အား ဖြတ်တောက်ရန် တောင်းဆိုကြောင်း၊
(ယ) ထို့နည်းတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့်လည်း မြန်မာ့အရေးတစ်စုံလုံးအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းတင်သွင်းပေးရန် အထူးအလေးထား တောင်းဆိုကြောင်း၊
(ရ) ယခု မိမိတို့မှ နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ရာဇဝတ်သားများထံ ထောက်ပံ့နေသည့် နိုင်ငံများအား တောင်းဆိုသော တောင်းဆိုမှုများသည် ပထမအကြိမ် မဟုတ်တော့ကြောင်း၊
(လ) ပြစ်မှုကျူးလွန်သူများအနေဖြင့် အကြွင်းမဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆယ်စုနှစ်များစွာ အသုံးချခွင့်ရရှိကာ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်နေချိန်တွင် အခြေခံလိုအပ်သည့် ဝန်ဆောင်မှုများနှင့် အသက်ကယ်အကူညီများ ကင်းမဲ့နေသည့် ရိုဟင်ဂျာဒုက္ခသည်များ အပါအဝင် အပြစ်မဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ၎င်းတို့အတွက် လိုအပ်ချက်ဖြစ်သည့် အကူအညီများကို ဆက်လက်ကင်းမဲ့နေသောကြောင့် မိမိတို့အနေဖြင့် အထက်ပါတောင်းဆိုမှုများကို ကြိမ်ဖန်များစွာနှင့် ထပ်ဖန်တလဲလဲ တောင်းဆိုခဲ့ပြီးဖြစ်ကြောင်း၊
(ဝ) ပြစ်ဒဏ်ကင်းလွတ်ခွင့်သံသရာ အပြီးတိုင် ချုပ်ငြိမ်းရန် လိုအပ်ကြောင်း၊
(သ) တရားမျှတမှုနှင့် တာဝန်ခံမှုတို့ မဖြစ်မနေ ထွန်းကားရမည် ဖြစ်ကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against the delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate on Agenda Item 72: “ Report of the International Court of Justice”
in the Plenary Meeting of the Eighty-first Session of the UN General Assembly
(New York, 5 November 2026)
Mr. President,
Myanmar aligns itself with the statement delivered on behalf of the Non-Aligned Movement.
Myanmar extends its profound appreciation to the International Court of Justice for its comprehensive annual report and its steadfast dedication to the peaceful settlement of disputes.
I also thank Judge Yuji Iwasawa, President of the ICJ for the presentation of the report and his able leadership.
Amidst numerous challenges involving border and territorial disputes, treaty violations, and State responsibilities, the Court serves as the ultimate safeguard for the rule of law and the preservation of human dignity, including by providing advisory opinions on legal questions referred to it.
For Myanmar today, the mandate of the Court holds unprecedented significance.
As the State Party concerned in the ongoing proceedings initiated by The Gambia under the Genocide Convention, we eagerly anticipate the Court's forthcoming judgment on the merits, scheduled to be delivered on 19 November 2026.
The National Unity Government has consistently demonstrated its unwavering commitment to international justice.
We formally accepted the Court's jurisdiction, withdrew all preliminary objections, and stand ready to implement the Court’s orders.
Mr. President,
It is of great importance that the international community do not downplay the military junta’s flagrant flout of international law.
Today, over 16.2 million people require immediate humanitarian assistance, and over 4 million are internally displaced. According to the verified sources, over 8600 people were killed by the military junta.
Many Rohingya are still taking refuge in Bangladesh, Malaysia, Indonesia and elsewhere.
There is also a visible global impact of transnational crimes threatening international peace and security, with Myanmar being the central hub of these criminal networks.
Contributing to these distressing figures and crises are the military junta’s atrocities, amounting to war crimes and crimes against humanity since the illegal military coup.
Mr. President,
Over the past five years, we have witnessed the increasing use of indiscriminate airstrikes and heavy artillery bombardments deliberately targeting civilian infrastructure, including homes, schools, hospitals, displacement camps, and places of worship.
The junta has systematically burned down villages and conducted mass killings.
Arbitrary arrests, severe torture in military-run detention facilities, extrajudicial killings, and sexual and gender-based violence have been their deliberate tactic to instill fear and repress people.
Youths are under serious threat of forced conscription to be used as human shields and for extortion.
Life-saving humanitarian aid has been intentionally obstructed by impeding the delivery of food and medicine to vulnerable populations.
As we document these atrocities by the military junta, we count on concrete accountability, and we strongly hope that the long-awaited verdict of the ICJ on this case will bring justice to the Rohingya and the people of Myanmar as a whole, and to pave a way for voluntary, safe and dignified returns of all refugees.
However, we are acutely aware of the inherent limits of international enforcement. Such enforcement will rely heavily upon the political will of Member States.
For Myanmar’s case, a verdict alone cannot stop atrocities; we need the international community’s resolve to enforce it.
Here, I wish to stress that justice delayed is justice denied.
Therefore, the strict implementation of the ICJ verdict will be a key to bring justice to all victims and prevent any recurrence of such international crimes.
Mr. President,
The consequences of failing to enforce international law are unfolding in real-time across Myanmar.
To support the enforcement of future ICJ and ICC rulings, independent evidence preservation is critical.
We strongly commend the IIMM for its continued valuable work. It has diligently compiled evidence from over 1,600 sources, corroborated by more than 750 witness testimonies. It is undoubtedly a difficult task both for the mandated body and the many witnesses providing testimonies of their experiences.
At the same time, it is pertinent that the international community genuinely respects the authority of the International Court of Justice, and takes decisive, coordinated action to hold the perpetrators accountable.
At the same time, in order to stop the military junta’s continued international crimes and translate commitment to justice into meaningful action, we urge you to cut the junta's access to arms, weapons, jet fuel, dual-use items, and financial assistance, and we call upon the UN Security Council to refer the comprehensive situation in Myanmar to the International Criminal Court.
Mr. President,
This is not our first time appealing to the international community and especially to those countries providing supplies to these criminals.
We have repeatedly done so because while these heinous perpetrators enjoy blanket impunity for decades, possessing unfettered access to weapons used to kill innocent people, the people of Myanmar, including Rohingya refugees in need of essential services and life-saving assistance, are persistently deprived of them.
The cycle of impunity needs to end. Justice and accountability must be ensured.
I thank you.
*****














