top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, onAgenda Item 51: Questions relating to information at the Special Political and Decolonization Committee of the Eighty-first Session of the UNGA

Writer: Myanmar Mission To UN
Myanmar Mission To UN
1 minute ago
7 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, on Agenda Item 51: Questions relating to information at the Special Political and Decolonization Committee (Fourth Committee) of the Eighty-first Session of the United Nations General Assembly, held on 2 November 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စတုတ္ထကော်မတီ၏ သတင်းအချက်အလက်နှင့် ပြန်ကြားရေးဆိုင်ရာဆွေးနွေးမှု၊ ဘာသာရပ်အစီအစဉ် (၅၁)တွင် ကုလသမဂ္ဂဆိုင်ရာ

မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများနှင့် မှန်ကန်တိကျ၍ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို လက်လှမ်းမီနိုင်ရေးတို့သည် ဒီမိုကရေစီလူ့အဖွဲ့အစည်းများ၏ မရှိမဖြစ်အခြေခံမဏ္ဍိုင်များဖြစ်၊

တရားမဝင် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းစစ်အုပ်စုသည် သဘောထားကွဲလွဲဆန့်ကျင်မှုများကို ဖိနှိပ်ရန်နှင့် လွတ်လပ်သောသတင်းအချက်အလက်များ ကန့်သတ်ရန်တို့အတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို လက်နက်သဖွယ် အသုံးချလျက်ရှိ၊ ပဋိပက္ခဖြစ်ပွားရာနေရာဒေသများတွင် အင်တာနက်နှင့် ဆက်သွယ်ရေးကွန်ရက်များကိုဖြတ်တောက်ခဲ့၊

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် အခြားစစ်ရေးတိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည့်ဒေသများတွင် အရပ်သားပြည်သူများသည် အရေးပေါ်အကူအညီတောင်းခံရန်၊ ကျရောက်လာနိုင်သည့် အန္တရာယ်များနှင့် ပတ်သက်၍ အခြားသူများအား ကြိုတင်သတိပေးရန်နှင့် မိသားစုဝင်များနှင့် ဆက်သွယ်ရန် အခြေခံ ဆက်သွယ်ရေးလမ်းကြောင်းများကိုပင် အသုံးပြုခွင့် မရရှိကြတော့၊

စစ်အုပ်စုသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းနှင့် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိ၊

စစ်အုပ်စုသည် ၎င်း၏ ဝါဒဖြန့်ချိရေးလုပ်ငန်းများ၊ မှားယွင်းသောသတင်းအချက်အလက်နှင့် ရည်ရွယ်ချက်ရှိရှိ သတင်းမှားဖြန့်ဝေမှုများအတွက် နိုင်ငံပိုင်မီဒီယာများနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို အလွဲသုံးစားပြုလျက်ရှိ၊ စစ်အုပ်စု၏ စစ်ရေးဆောင်ရွက်မှုများကို တရားမျှတသယောင် အကြောင်းပြခြင်းနှင့် အရပ်သားပြည်သူများအပေါ် ကျရောက်နေသည့်

ဒုက္ခဆင်းရဲများကို ဖုံးကွယ်ခြင်းတို့လည်း ပါဝင်၊

စစ်အုပ်စုသည် ကန့်သတ်ချုပ်ချယ်ထားသည့် ဥပဒေများကို လက်နက်သဖွယ်အသုံးချ၍ ပြည်သူများအပေါ် ဒစ်ဂျစ်တယ် စောင့်ကြည့်ထောက်လှမ်းမှုများ ပြုလုပ်နေ၊

တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုက တရားဥပဒေစိုးမိုးရေးစနစ်ကို ဖျက်ဆီးခဲ့ခြင်း၊ အကျင့်ပျက်ခြစားမှုများ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်ပေါ်လာစေခြင်းနှင့် ရာဇဝတ်မှုများတွင် ပူးပေါင်း ပါဝင်ပတ်သက်နေခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွင်းဆိုက်ဘာနည်းပညာအခြေပြု လိမ်လည်မှုများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများပျံ့နှံ့ ကြီးထွားလာ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ၏ အဓိကဗဟိုချက်တစ်ခုဖြစ်လာခဲ့၊

အာဏာရှင်များမှ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများကို အလွဲသုံးစားပြုသည့်အခါ ယင်းနည်းပညာများသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးအတွက် အထောက်အကူပြုရမည့်အစား ဖိနှိပ်ချုပ်ချယ်မှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့အတွက်

အသုံးချသည့်လက်နက်များ ဖြစ်လာ၊

ယင်းပြဿနာများ၏ အရင်းခံအကြောင်းတရားများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် အလွန်အရေးကြီး၊ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့မှ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုတို့သည် အွန်လိုင်းလိမ်လည်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအပါအဝင် ပြည်သူလူထု ခံစားနေရသည့် ဒုက္ခဆင်းရဲအားလုံး၏အရင်းခံအကြောင်းတရားများဖြစ်၊

စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်း အချက်အလက်များ လက်လှမ်းမီရရှိခွင့်နှင့် အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝ လေးစားလိုက်နာသည့်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးတို့အတွက် SCEF နှင့် မြန်မာပြည်သူများ၏ စုပေါင်းကြိုးပမ်းဆောင်ရွက်မှုများကို နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထောက်ခံအားပေးကြရန်မေတ္တာရပ်ခံတိုက်တွန်းပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်)


၁။        (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စတုတ္တကော်မတီ၏ ဘာသာရပ်ခေါင်းစဉ် (၅၁)၊ သတင်းအချက်အလက်နှင့် ပြန်ကြားရေးဆိုင်ရာဘာသာရပ် (Questions Relating to Information) ဆွေးနွေးမှုအား၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိကျင်းပပြုလုပ်လျက်ရှိပါသည်။


၂။         အဆိုပါဆွေးနွေးပွဲသို့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ နိုဝင်ဘာလ ၂ ရက်နေ့တွင် ပါဝင်မိန့်ခွန်းပြောကြားခဲ့ပါသည်။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-

(က)     သတင်းအချက်အလက်များ၏ မှန်ကန်တိကျမှုနှင့် ယုံကြည်စိတ်ချရမှုမြှင့်တင်ရေး၊ ဘာသာ စကားပေါင်းစုံအသုံးပြုမှု မြှင့်တင်ရေးနှင့် ပြည်သူများအနေဖြင့် ယုံကြည်စိတ်ချရသော သတင်း အချက်အလက်များ လက်လှမ်းမီနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ကမ္ဘာလုံး ဆိုင်ရာဆက်သွယ်ရေးဌာန(Department of Global Communications) အား ကျေးဇူးတင်ရှိကြောင်း၊ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence – AI) အပါအဝင် ဒစ်ဂျစ်တယ် နည်းပညာများ လျင်မြန်စွာတိုးတက်လာခြင်းသည် ဆက်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ယခင်က မကြုံဖူးသောအခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိသကဲ့သို့ သတင်း အချက်အလက်မှားယွင်းမှုများ၊ ရည်ရွယ်ချက်ရှိရှိ သတင်းအမှားဖြန့်ဝေမှုများနှင့် ဒစ်ဂျစ်တယ် နည်းပညာများကို မသမာသော ရည်ရွယ်ချက်ဖြင့် အသုံးချမှုများဖြစ်ပေါ်လာခြင်းကြောင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူ့အခွင့်အရေးတို့အပေါ် ကြီးမားသောစိန်ခေါ်မှုများ ဖြစ်ပေါ်စေ လျက် ရှိကြောင်း၊

(ခ)       မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်မှန်ကန်တိကျမှုနှင့် ယုံကြည်စိတ်ချရမှုအခြေခံမူများ (United Nations Global Principles for Information Integrity) နှင့် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်သဘောတူညီချက် (Global Digital Compact) တို့ အပေါ် ထပ်လောင်းအတည်ပြုပါကြောင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများနှင့် မှန်ကန်တိကျ၍ ယုံကြည်စိတ်ချရသော သတင်းအချက်အလက် များကို လက်လှမ်းမီနိုင်ရေးတို့သည် ဒီမိုကရေစီလူ့အဖွဲ့အစည်းများ၏ မရှိမဖြစ် အခြေခံမဏ္ဍိုင် များဖြစ်သည်ကို အခိုင်အမာယုံကြည်ကြောင်း၊ ယင်းနှင့်ဆက်စပ်၍ မြန်မာနိုင်ငံ၏ အခြေအနေ နှင့် ပတ်သက်သည့် အဓိကအချက် (၃) ချက်ကိုတင်ပြလိုကြောင်း-

-          ပထမအချက်မှာ သတင်းအချက်အလက်များ လက်လှမ်းမီရရှိခွင့်အပေါ် ကန့်သတ် ပိတ်ပင်မှုများနှင့် ယင်းတို့ကြောင့်ဖြစ်ပေါ်လာသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကျိုးဆက်များ၊၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားမဝင် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းစစ်အုပ်စုသည် သဘောထားကွဲလွဲဆန့်ကျင်မှုများကို ဖိနှိပ်ရန်နှင့် လွတ်လပ်သောသတင်းအချက်အလက်များ ကန့်သတ်ရန်တို့အတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို လက်နက်သဖွယ် အသုံးချလျက်ရှိကြောင်း၊ အထူးသဖြင့် စစ်အုပ်စုသည် ပဋိပက္ခဖြစ်ပွားရာနေရာဒေသများတွင် အင်တာနက်နှင့် ဆက်သွယ်ရေးကွန်ရက်များကိုဖြတ်တောက်ခဲ့ကြောင်း၊ အဆိုပါ ပိတ်ပင်မှုများကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေးတွင် အဟန့်အတားများ ဖြစ်ပေါ်စေသကဲ့သို့ ကယ်ဆယ်ရေးအဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်မှုများကိုလည်း အနှောင့်အယှက်ဖြစ်စေပြီး ဘေးဒဏ်သင့်ပြည်သူများအနေဖြင့် အသက်ကယ်တင်ရေးအတွက် အရေးကြီးသည့် သတင်းအချက်အလက်များ ရရှိနိုင်ခွင့် ဆုံးရှုံးစေလျက်ရှိကြောင်း၊

-          လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် အခြားစစ်ရေးတိုက်ခိုက်မှုများကို ရင်ဆိုင်နေရ သည့်ဒေသများတွင် အရပ်သားပြည်သူများသည် အရေးပေါ်အကူအညီတောင်းခံရန်၊ ကျရောက်လာနိုင်သည့် အန္တရာယ်များနှင့်ပတ်သက်၍ အခြားသူများအား ကြိုတင်သတိပေးရန်နှင့် မိသားစုဝင်များနှင့် ဆက်သွယ်ရန် အခြေခံ ဆက်သွယ်ရေးလမ်းကြောင်းများကိုပင် အသုံးပြုခွင့် မရရှိကြတော့ကြောင်း၊ ယင်းပိတ်ပင်မှုများသည် ထိခိုက်လွယ်သော လူမှုအသိုက်အဝန်းများကို ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်စေပြီး အရပ်သားပြည်သူများ၏ ဒုက္ခဆင်းရဲများလျော့ပါးသက်သာစေရန် ကြိုးပမ်းဆောင်ရွက် မှုများကို ထိခိုက်စေလျက်ရှိကြောင်း၊

-          ထို့ကြောင့် ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များ လက်လှမ်းမီရရှိနိုင်မှုနှင့် ဆက်သွယ်ရေးကွန်ရက်များ ကောင်းမွန်စွာ လည်ပတ်နိုင်မှုတို့သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက်သာမက အရပ်သားပြည်သူများ၏အသက်အန္တရာယ် ကာကွယ်စောင့်ရှောက်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးတို့အတွက်လည်း မရှိမဖြစ် အရေးကြီး ပါကြောင်း၊

-          ဒုတိယအချက်မှာ သတင်းအမှားဖြန့်ဝေမှုများနှင့် လွတ်လပ်သောသတင်းမီဒီယာများ အပေါ် ကန့်သတ်ဖိနှိပ်မှုများ၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားမဝင် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုသည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights – UDHR) နှင့် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိပြီး အသက်အန္တရာယ်ဖြစ်စေသော အကြမ်းဖက်အင်အားသုံးမှုဖြင့် နှုတ်ဆိတ်စေရန် ကြိုးပမ်းလျက်ရှိကြောင်း၊ စစ်အုပ်စုသည် ၎င်း၏ ဝါဒဖြန့်ချိရေးလုပ်ငန်းများ၊ မှားယွင်းသော သတင်းအချက်အလက်နှင့် ရည်ရွယ်ချက်ရှိရှိ သတင်းမှားဖြန့်ဝေမှုများအတွက် နိုင်ငံပိုင်မီဒီယာများနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို အလွဲသုံးစားပြုလျက်ရှိကြောင်း၊ စစ်အုပ်စု၏စစ်ရေးဆောင်ရွက်မှုများကို တရားမျှတသယောင် အကြောင်းပြခြင်းနှင့် အရပ်သားပြည်သူများအပေါ် ကျရောက်နေသည့်ဒုက္ခဆင်းရဲများကို ဖုံးကွယ်ခြင်းတို့လည်း ပါဝင်ကြောင်း၊

-          ထို့အပြင် လွတ်လပ်သောသတင်းမီဒီယာဌာနများကို အတင်းအကျပ် ပိတ်သိမ်းစေခြင်း (သို့မဟုတ်) ပြည်ပသို့ ထွက်ခွာစေရန် ဖိအားပေးခြင်းများ ပြုလုပ်ခဲ့ပြီး သတင်းမီဒီယာ အဖွဲ့အစည်း (၁၈) ခု၏ ထုတ်ဝေခွင့်လိုင်စင်များကို ရုပ်သိမ်းခဲ့ကြောင်း၊ သတင်းဌာန ရုံးခန်းဒါဇင်ပေါင်းများစွာကို ဝင်ရောက်စီးနင်းရှာဖွေခြင်း၊ ဝက်ဘ်ဆိုက်များကို ပိတ်ပင်ခြင်းနှင့် နိုင်ငံတစ်ဝန်း အင်တာနက်အသုံးပြုနိုင်မှုကို ကန့်သတ်နှေးကွေးစေခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ သတင်းသမား(၂၂၀) ကျော်ကို ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သတင်းသမားများနှင့် မီဒီယာလုပ်သားအနည်းဆုံး (၇) ဦးမှ (၁၁) ဦး အထိ သတ်ဖြတ်ခံခဲ့ရကြောင်း၊

-          နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (Reporters Without Borders – RSF) ၏ ဖော်ပြချက်အရ သတင်းလွတ်လပ်ခွင့်တွင် မြန်မာနိုင်ငံသည် အောက်ဆုံး ကမ္ဘာ့အဆင့် (၁၆၆) တွင် ရပ်တည်နေကြောင်း၊ မြန်မာနိုင်ငံတွင် သတင်းမီဒီယာလုပ်ငန်း ဆောင်ရွက်ခြင်းသည် ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ အကျဉ်းချခံရခြင်း (သို့မဟုတ်) အသတ်ခံရခြင်းစသည့် ကြီးမားသောအန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်းလည်း RSF က ထောက်ပြထားပါကြောင်း၊

-          မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို သတင်းသမားများအား သတ်ဖြတ်မှုများကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း၊

-          စစ်အုပ်စုသည် ကန့်သတ်ချုပ်ချယ်ထားသည့် ဥပဒေများကို လက်နက်သဖွယ် အသုံးချ၍ ပြည်သူများအပေါ် ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းမှုများပြုလုပ်နေပြီး လူမှုကွန်ရက်စာမျက်နှာများအပါအဝင် နေရာအသီးသီးတွင် ပြည်သူများ၏ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောဆိုမှုကြောင့် လက်တုံ့ပြန်အရေးယူမှုများလည်း ပြုလုပ်လျက်ရှိကြောင်း၊

-          ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုတို့ကို မြှင့်တင် ရာတွင် လွတ်လပ်သော သတင်းမီဒီယာများနှင့် သတင်းသမားများ၏ အခန်းကဏ္ဍ အရေးပါမှုကို အသိအမှတ်ပြုကြောင်း၊ သို့ရာတွင် ပြည်သူလူထု၏ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အပြည့်အဝ ခံစားကျင့်သုံးနိုင်ရေး နှင့် မြန်မာပြည်သူများအနေဖြင့် ယုံကြည်စိတ်ချရသော ကဏ္ဍမျိုးစုံမှ သတင်းအချက်အလက်များကို လက်လှမ်းမီရရှိနိုင်ရေးတို့မှာ စစ်အုပ်စုနှင့် ၎င်း၏ စစ်အာဏာရှင်စနစ် အဆုံးသတ်မှသာ အာမခံနိုင်မည်ဖြစ်ကြောင်း၊

-          တတိယအချက်မှာ ဆိုက်ဘာနည်းပညာအခြေပြု ရာဇဝတ်မှုများ ကျူးလွန်ရန် ဒစ်ဂျစ်တယ်နည်းပညာများကို အလွဲသုံးစားပြုမှု၊ မြန်မာနိုင်ငံတွင် နောက်ထပ်စိုးရိမ်ဖွယ် ရာပြဿနာတစ်ရပ်မှာ ဒစ်ဂျစ်တယ်နည်းပညာများကိုအသုံးချ၍ အွန်လိုင်းလိမ်လည်မှုများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်မှုများ တိုးပွားလာခြင်းဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုက တရားဥပဒေစိုးမိုးရေးစနစ်ကို ဖျက်ဆီးခဲ့ခြင်း၊ အကျင့်ပျက်ခြစားမှုများ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်ပေါ်လာစေခြင်းနှင့် ရာဇဝတ်မှုများတွင် ပူးပေါင်းပါဝင်ပတ်သက်နေခြင်း တို့ကြောင့် မြန်မာနိုင်ငံအတွင်း ဆိုက်ဘာနည်းပညာအခြေပြု လိမ်လည်မှုများနှင့် နိုင်ငံ ဖြတ်ကျော် ရာဇဝတ်မှုများ ပျံ့နှံ့ကြီးထွားလာခဲ့ကြောင်း၊

-          ယင်းအခြေအနေများကြောင့် မြန်မာနိုင်ငံသည် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ၏ အဓိက ဗဟိုချက်တစ်ခုဖြစ်လာခဲ့ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများသည် အများအားဖြင့် စစ်အုပ်စုနှင့် ဆက်နွယ်နေသော နယ်ခြားစောင့်တပ်ဖွဲ့များ (Border Guard Forces – BGF) ထိန်းချုပ်ရာဒေသများတွင် ဖြစ်ပွားလျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများတွင် လူကုန်ကူးမှု၊ အဓမ္မအလုပ်ခိုင်းစေမှု၊ ငွေကြေးလိမ်လည်မှုနှင့် နိုင်ငံပေါင်းစုံမှ လူပုဂ္ဂိုလ်များအား ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့ ပါဝင်နေကြောင်း၊

-          ယင်းတို့ကြောင့် ကျူးလွန်ခံရသူများအပေါ် ဒုက္ခဆင်းရဲများ ဖြစ်ပေါ်စေသကဲ့သို့ ဒစ်ဂျစ်တယ်နည်းပညာများအပေါ် ပြည်သူလူထု၏ယုံကြည်မှုကိုလည်း ထိခိုက်ပျက်ပြားစေပြီး ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ သို့ပါ၍ အဆိုပါ ရာဇဝတ်ဂိုဏ်းကွန်ရက်များ ဖြိုခွင်းရေး၊ ဆိုက်ဘာနည်းပညာအခြေပြု ရာဇဝတ်မှုများတိုက်ဖျက်ရေး၊ ကျူးလွန်ခံရသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် ပါဝင်ပတ်သက်သူများအား တာဝန်ခံမှုရှိစေရေးတို့အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းရန် လိုအပ်ပါကြောင်း၊

(ဂ)       မြန်မာနိုင်ငံ၏ အခြေအနေသည် အာဏာရှင်များမှ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများကို အလွဲသုံးစားပြုသည့်အခါ ယင်းနည်းပညာများသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးအတွက် အထောက်အကူပြုရမည့်အစား ဖိနှိပ်ချုပ်ချယ်မှုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတို့အတွက် အသုံးချသည့်လက်နက်များ ဖြစ်လာကြောင်းကို ထင်ရှားစွာ ပြသလျက်ရှိကြောင်း၊ ယင်းပြဿနာများ၏အရင်းခံအကြောင်းတရားများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် အလွန်အရေးကြီးကြောင်း၊

(ဃ)     မြန်မာနိုင်ငံတွင် စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့မှ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုတို့ သည် အွန်လိုင်းလိမ်လည်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအပါအဝင် ပြည်သူလူထု ခံစားနေရသည့်ဒုက္ခဆင်းရဲအားလုံး၏ အရင်းခံအကြောင်းတရားများဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် သတင်းသမားများနှင့် လွတ်လပ်သော သတင်းမီဒီယာများ ကာကွယ်စောင့်ရှောက်ရေး၊ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များ အတားအဆီးမရှိ လက်လှမ်းမီရရှိနိုင်ရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာများကို စောင့်ကြည့်ထောက်လှမ်းမှု၊ ဖိနှိပ်ချုပ်ချယ်မှုနှင့် ရာဇဝတ်မှုများ အတွက် အလွဲသုံးစားပြုနေမှုများအား ကိုင်တွယ်ဖြေရှင်းရေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုကြောင်း၊

(င)       အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဆောင်ရွက်သူများနှင့် ဘေးဒဏ်သင့် အရပ်သားပြည်သူများအတွက် ယုံကြည်စိတ်ချရသည့် ဆက်သွယ်ရေးကွန်ရက် များကို အနှောင့်အယှက်မရှိ အသုံးပြုနိုင်ရေးကို အလေးထားပြောကြားလိုကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များ လက်လှမ်းမှီရေး သည် ပြည်သူများ၏ လူ့ဂုဏ်သိက္ခာနှင့် အခြေခံလူ့အခွင့်အရေးများအတွက် မရှိမဖြစ် အရေးကြီးကြောင်း၊

(စ)       အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) နှင့် မဟာမိတ် ဒီမိုကရေစီအင်အားစုများသည် ယင်းသို့သော ကြီးမားသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော် လည်း အရပ်သားပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများပေးအပ်နိုင်ရေးနှင့် မည်သူတစ်ဦးတစ်ယောက်မျှ ကျန်ရစ်ခြင်းမရှိစေရေးတို့အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union – SCEF) အောက်မှတစ်ဆင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊

(ဆ)     စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းအချက် အလက်များ လက်လှမ်းမီရရှိခွင့်နှင့် အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝ လေးစားလိုက်နာ သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးတို့အတွက် SCEF နှင့် မြန်မာပြည်သူများ ၏ စုပေါင်းကြိုးပမ်းဆောင်ရွက်မှုများကို နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထောက်ခံ အားပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းပါကြောင်း။


၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, on

Agenda Item 51: Questions relating to information

at the Special Political and Decolonization Committee (Fourth Committee)

of the Eighty-first Session of the United Nations General Assembly


(New York, 2 November 2026)

Mr. Chair,

At the outset, allow me to congratulate you and the other members of the Bureau on your election.

Myanmar aligns itself with the statements delivered by ASEAN and the Group of 77 and China, respectively.

We thank the Department of Global Communications for its continued efforts to promote information integrity, multilingualism and public access to reliable information.

The rapid advancement of digital technologies, including artificial intelligence, has created unprecedented opportunities for connectivity and development. At the same time, the proliferation of misinformation, disinformation and the malicious use of digital technologies poses serious challenges to peace, security and human rights.

Mr. Chair,

Myanmar reaffirms its support for the United Nations Global Principles for Information Integrity and the Global Digital Compact. We firmly believe that freedom of expression, independent journalism and access to accurate and reliable information are essential pillars of democratic societies.

Against this backdrop, I would like to highlight the following three key points concerning the situation in Myanmar.

First, restrictions on access to information and their humanitarian consequences; Since the illegal military coup in February 2021, the military junta has systematically weaponized information and communication technologies to suppress dissent and restrict access to independent information.

Of particular concern is the junta's continued imposition of internet and telecommunications blackouts, especially in conflict-affected areas.

These restrictions obstruct humanitarian assistance, disrupt coordination among relief organizations and deprive affected communities of lifesaving information.

In areas subjected to aerial bombardments and other military attacks, civilians are deprived of essential communication channels to seek emergency assistance, warn others of impending danger and communicate with their families.

Such restrictions further isolate vulnerable communities and undermine efforts to alleviate civilian suffering.

Access to reliable information and functioning communication networks is therefore essential not only for freedom of expression but also for protecting civilian lives and facilitating humanitarian assistance.

Second, disinformation and restrictions on independent media; Since the unlawful February 2021 coup, the junta has flagrantly violated the UDHR and the right to freedom of opinion and expression, silencing truth using lethal force.

State-controlled media and digital platforms have been exploited to disseminate propaganda, misinformation, and disinformation, while promoting the junta's own narratives, justifying military operations, and concealing the suffering inflicted upon civilians.

Moreover, independent media outlets have been forcibly closed or driven into exile, with the publishing licenses of at least 18 media agencies officially revoked, dozens of newsroom offices raided, websites blocked, and nationwide internet access routinely throttled.

Over 220 journalists have been arbitrarily arrested, and at least 7 to 11 journalists and media workers have been killed. According to Reporters Without Borders (RSF), Myanmar languishes near the bottom globally at 166th, noting that journalism in the country carries profound risks of torture, imprisonment, or murder.

Myanmar condemns in its strongest term killing of journalists at anywhere at any time.

At the same time, ordinary citizens are subjected to extensive digital surveillance and reprisals for expressing their opinions, including on social media, through the weaponization of vague and restrictive laws.

While Myanmar recognizes the indispensable role of independent media and journalists in promoting transparency, accountability, and the protection of human rights, the rebuilding of public trust, the full enjoyment of freedom of expression, and the Myanmar people's right to access credible and diverse sources of information can only be ensured by ending the military junta and its dictatorship.

Third, the misuse of digital technologies for cyber-enabled crimes; Another serious concern is the growing misuse of digital technologies for cyber-enabled scams and transnational organized criminal activities.

Since the illegal military coup in February 2021, the military junta's dismantling of the rule of law, widespread corruption and complicity in criminal activities have created conditions for the proliferation of cyber-enabled scams and transnational organized crime in Myanmar and made Myanmar become an epicentre of transnational organized crime.

The online scam operations are taking place in mostly in areas controlled bythe military junta affiliated Border Guard Forces (BGF).

These operations involve human trafficking, forced labour, financial fraud and the exploitation of individuals from numerous countries.

Such activities inflict immense suffering on victims, undermine public trust in digital technologies and pose serious threats to regional and international security.

Myanmar therefore calls for stronger international cooperation to dismantle these criminal networks, combat cyber-enabled crimes, protect victims and ensure accountability for those involved.

Mr. Chair,

The situation in Myanmar demonstrates how information and communication technologies, when misused by those exercising power, can become instruments of repression and exploitation rather than tools for development and human security.

Effectively addressing the root causes of these problems is imperative. In Myanmar, the military junta, the military dictatorship and its enjoyment of impunity are the root causes of all sufferings by the people including, online scams and human rights violation.

At the same time, we call upon the United Nations and the international community to work together for protection of journalists and independent media, ensuring unhindered access to reliable information, and addressing the misuse of digital technologies for surveillance, repression and criminal activities.

In particular, we emphasize the importance of ensuring safe, reliable and uninterrupted communication networks for humanitarian actors and affected civilian populations.

In conclusion, Mr. Chair, freedom of expression and access to reliable information is essential for safety, dignity and fundamental human rights of the people.

Despite facing immense challenges, the National Unity Government (NUG) and allied democratic forces are coordinating through the Steering Council for the Emergence of a Federal Democratic Union (SCEF) to provide essential services to civilians and ensure that no one is left behind.

In this respect, I urge the international community to support the SCEF and the people of Myanmar in their collective efforts to end military dictatorship and establish a federal democratic union where freedom of expression, access to information and fundamental human rights are fully respected.

I thank you.


*****


Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page