top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun under Agenda Item 28: Report of the Security Council at the Plenary Meeting of the United Nations General Assembly

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Jun 11
  • 8 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, under Agenda Item 28: Report of the Security Council at the Plenary Meeting of the United Nations General Assembly, held on 11 June 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အစီအရင်ခံစာကို ဆွေးနွေးသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏  မျက်နှာစုံညီ အစည်းအဝေး တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က

ကောင်စီ၏ စည်းလုံးညီညွတ်မှုကင်းမဲ့ခြင်းကို ယခုနှစ်အတွင်း တံခါးဖွင့်အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များ အပေါ် ဗီတိုအာဏာ သုံးစွဲမှုများနှင့် တံခါးပိတ် အစည်းအဝေးများ၌ ဆုံးဖြတ်ချက် မူကြမ်းများအပေါ် ဗီတိုအသုံးပြုရန် ခြိမ်းခြောက်မှုများမှ တစ်ဆင့် ထင်ဟပ်နေ၊

မြန်မာနိုင်ငံ၏ အခြေအနေအား နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ကောင်စီမှ လက်ခံစဉ်းစားရန် လိုအပ်၊ မြန်မာ့အရေးအတွက် လုံခြုံရေးကောင်စီက ကုလသမဂ္ဂပဋိညာဉ် စာတမ်း၏ အပိုဒ် ၃၁ နှင့် စပ်လျဉ်း၍ အလိုရှိသည့်အခါမှသာ အသုံးချလျက်ရှိခြင်းသည် စိတ်မကောင်းဖွယ်ရာ ဖြစ်၊

မြန်မာနိုင်ငံအခြေအနေကို အရေးယူဆောင်ရွက်ရန် ကို လုံခြုံရေးကောင်စီ မှ ဆွေးနွေးမှု အကြိမ်အရေအတွက် ကိန်းဂဏန်းများကို လိုသလို အသုံးပြု၍ ရှောင်လွဲနေကြ၊

မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် တံခါးပိတ်အစည်းအဝေးများ၏ အရေအတွက်သည် အရေးကြီးခြင်းမဟုတ်ဘဲ၊ မိမိတို့ မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်နိုင်ရန် လုံခြုံရေးကောင်စီ၏ မြန်ဆန်၊ ထိရောက်ပြီး ပြတ်သားမှု ရှိသော အရေးယူ ဆောင်ရွက်ချက် ကသာ အရေးကြီး၊

လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနှင့် အခြား ကုလသမဂ္ဂအေဂျင်စီများအကြား ဟန်ချက်ညီညီ၊ ညှိနှိုင်းမှု ရှိရှိ အရေးယူ ဆောင်ရွက်မှု ရှိရန် လို၊ မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို ဗဟိုမပြုသော မည်သည့်ဖြေရှင်းနည်းလမ်းမဆို အကောင်းဆုံး သော အခြေအနေတွင်ပင် ခဏတာကုစားမှုကိုသာ ရရှိနိုင်ပြီး၊ အဆိုးဆုံး အခြေအနေတွင် ရေရှည်ကျရှုံးမှုကို ဉီးတည် သွားနိုင်၊

အားလုံးပါဝင်မှု၊ ယုံကြည်မှု၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနှင့် အရပ်သားကြီးကြပ်မှုအောက်ရှိ စနစ်ကျသည့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း စသည် တို့သည် မြန်မာတို့ ပိုင်ဆိုင်ပြီး ဉီးဆောင် ဉီးရွက်ပြု သော လုပ်ငန်းစဉ်အတွက် အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်၊ အားလုံးပါဝင်သော ဆွေးနွေးပွဲသည် ပြည်သူများ၏ ဆန္ဒ၊ အကျိုးစီးပွား နှင့် အညီ ဖြစ်ပေါ်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့


 (နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်)


၁။        ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏  မျက်နှာစုံညီ အစည်းအဝေး တွင် လုံခြုံရေးကောင်စီ၏ အစီအရင်ခံစာ အပေါ် ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှု၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း လည်း ပါဝင်ဝင်ရောက် ဆွေးနွေး မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။         မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အချက်များ အဓိက ပါဝင်ပါသည်-


(က)     ယနေ့ ဆွေးနွေးမှုသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လုံခြုံရေးကောင်စီ၏ ဆောင်ရွက်ပြီးစီး ခဲ့သော လုပ်ငန်းများကို အကဲဖြတ်ရန်နှင့် ကုလသမဂ္ဂ၏ အဓိက အဖွဲ့အစည်းနှစ်ခု ကြား ရှိသည့်  ဆက်ဆံရေးကို လေ့လာနိုင်ရန် နှင့် ပိုမို အားကောင်းအောင် ပြုလုပ်ရာတွင် ပံ့ပိုးကူညီရန် အခွင့်အလမ်း များကို ပေးပါကြောင်း၊


(ခ)       ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ကုလပဋိညာဉ်စာတမ်း၏ အပိုဒ် ၂၄ အရ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် လျင်မြန် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ် နိုင်စေရေး ရည်ရွယ်ချက်ဖြင့် လုံခြုံရေးကောင်စီအား အဓိကတာဝန်အဖြစ် ပေးအပ်ထား ပါကြောင်း၊ မိမိတို့ကိုယ်စား ဤတာဝန်ကို ထမ်းရွက်နေသော်လည်း၊ ကောင်စီသည် နှစ်ပေါင်း များစွာ ၎င်း၏ အစီအစဉ်တွင်ပါရှိသော ကိစ္စရပ်များစွာအတွက် သဘောထားကွဲလွဲမှုများ ကြောင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်းမရှိဘဲ အရေးယူ ဆောင်ရွက်မှု မရှိနိုင်သည့် အခြေအနေဖြစ်နေပါကြောင်း၊


(ဂ)       ကောင်စီ၏ စည်းလုံးညီညွတ်မှုကင်းမဲ့ခြင်းကို ယခုနှစ်အတွင်း တံခါးဖွင့်အစည်းအဝေးများ၌ ဆုံးဖြတ်ချက်များအပေါ် ဗီတိုအာဏာသုံးစွဲမှုများနှင့် တံခါးပိတ် အစည်းအဝေးများ၌ ဆုံးဖြတ်ချက် မူကြမ်းများအပေါ် ဗီတိုအသုံးပြုရန် ခြိမ်းခြောက်မှုများမှ တစ်ဆင့် ထင်ဟပ်နေ ပါကြောင်း၊ ထို့အပြင် အခြားအချက်တစ်ခုမှာ အဖွဲ့ဝင်နိုင်ငံများက ကောင်စီ၏ လုပ်ငန်း အပေါ် ပိုမိုလေးနက်သော ဆန်းစစ်ဝေဖန်မှုများကို ပြုလုပ်ရန် တောင်းဆိုလျက်ရှိသော်လည်း အစီရင်ခံစာ တွင် အချက်အလက် ပံ့ပိုးမှု ပုံစံဖြင့် တင်ပြမှုသာ ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ကောင်စီ၏ လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအခြေအနေ အပါအဝင် အချက်အလက် ဆိုင်ရာ အစီရင်ခံမှု ပုံစံမျိုးကိုသာ ကျယ်ပြန့်စွာတွေ့ရသည့်အတွက်၊ သက်ဆိုင်ရာ နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ ၏ ကိုယ်စားလှယ် တစ်ဦး အနေဖြင့် လက်ရှိအခြေအနေအား ဆန်းစစ် တင်ပြ လိုပါကြောင်း၊


(ဃ)     ပထမအချက်မှာ မြန်မာနိုင်ငံ၏ အခြေအနေအား နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ကောင်စီမှ လက်ခံစဉ်းစားရန် လိုအပ်ချက်နှင့် စပ်လျဉ်း၍ ပြောကြား လိုပါကြောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေသည် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို သိသာထင်ရှားစွာ ခြိမ်းခြောက်လျက်ရှိပါကြောင်း၊ Global Organized Crime Index ၏ အဆိုအရ၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးတွင် ဂိုဏ်းဂဏဖွဲ့ ရာဇဝတ် ကျူးလွန်မှု အများဆုံးနိုင်ငံ အဖြစ် ရပ်တည်လျက် ရှိပါကြောင်း၊ အွန်လိုင်းအခြေပြုမှုခင်းများ တိုးပွားလာမှုကြောင့် လူကုန်ကူးမှုပြဿနာများလည်း ပိုမိုဆိုးရွားလာခဲ့ပါကြောင်း၊


(င)       ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး၏ အချက်အလက်များအရ အွန်လိုင်း ငွေလိမ်ဂိုဏ်းများသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ချီ၍ ဝင်ငွေရရှိကြကြောင်း၊ မြန်မာနိုင်ငံအခြေအနေ၏ အရင်းခံအကြောင်းတရားများနှင့် နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့ ကျူးလွန်သည့် ရာဇဝတ်မှုများ မြင့်တက်လာခြင်းကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတကာမှ အရေးပေါ် ကြားဝင်ဆောင်ရွက်ပေးမှုများ သိသိသာသာလိုအပ်နေသည်မှာ ထင်ရှားပါကြောင်း၊ အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ အထူးအစီရင်ခံစာ တင်သွင်းသူ နှင့် အာဆီယံအဖွဲ့တို့ကလည်း ဤပဋိပက္ခ၏ ကမ္ဘာလုံးဆိုင်ရာ အကျိုး သက်ရောက်မှုများနှင့် စပ်လျဉ်း၍ အလေးအနက်ထား အတည်ပြုပြောကြားခဲ့ကြပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် လုံခြုံရေးကောင်စီသည် ဤငြင်းဆိုမရသော အထောက်အထားများကို အခြေပြု ၍ လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်ပါကြောင်း၊


(စ)       ဒုတိယအချက်မှာ မြန်မာ့အရေးအတွက် လုံခြုံရေးကောင်စီက ကုလသမဂ္ဂပဋိညာဉ် စာတမ်း၏ အပိုဒ် ၃၁ နှင့် စပ်လျဉ်း၍ အလိုရှိသည့်အခါမှသာ အသုံးချလျက်ရှိခြင်းသည် စိတ်မကောင်းဖွယ်ရာ ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအခြေအနေကို အရေးယူဆောင်ရွက်ရန် ကို လုံခြုံရေးကောင်စီ မှ ဆွေးနွေးမှု အကြိမ်အရေအတွက် ကိန်းဂဏန်းများကို လိုသလို အသုံးပြု၍ ရှောင်လွဲနေကြကြောင်း၊ မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် တံခါးပိတ်အစည်းအဝေးများ၏ အရေအတွက်သည် အရေးကြီးခြင်းမဟုတ်ဘဲ၊ မိမိတို့ မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်နိုင်ရန် လုံခြုံရေးကောင်စီ၏ မြန်ဆန်၊ ထိရောက်ပြီးပြတ်သားမှု ရှိသော အရေးယူ ဆောင်ရွက်ချက် ကသာ အရေးကြီးပါကြောင်း၊


(ဆ)     စစ်အုပ်စု သည် မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်သည့်အချိန်မှ စ၍ ယခု အချိန်အထိ လူပေါင်း ၆၈၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး၊ လူပေါင်း ၃.၅ သန်းကျော် အိုးအိမ်များကို စွန့်လွှတ် ထွက်ပြေးနေရကြောင်း၊ လူပေါင်း သန်း ၂၀ ကျော် မှာ လူသားချင်းစာနာမှု အကူအညီ လိုအပ် လျက်ရှိကြောင်း၊ ပြင်းထန်သည့် ငလျင်ဒဏ်ခံရပြီးသည့်တိုင် စစ်အုပ်စု က ပြည်သူများအပေါ် အကြမ်းဖက်မှု၊ သတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်လျက်ရှိ ကြောင်း၊ လုံခြုံရေးကောင်စီမှ အရေးတကြီး အရေးယူဆောင်ရွက်ရန် လိုအပ်နေသော်လည်း၊ အခု အထိ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ တိတ်ဆိတ်လျက်ပင် ရှိနေသေးကြောင်း၊


(ဇ)       အာဆီယံ အနေဖြင့်လည်း မြန်မာနိုင်ငံ ကိစ္စ ကို အာဆီယံ တစ်ခုတည်း က ကိုင်တွယ်ရန် မဖြစ် နိုင်ကြောင်း၊ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် ကို အကောင်အထည်ဖော်ရေးတွင် ကုလသမဂ္ဂ အနေဖြင့် အကောင်းဆုံး ကူညီပေးရန် လည်း ထုတ်ဖော်ပြောကြားထားပြီးဖြစ် ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ချမှတ်ထားသည့် ဆုံးဖြတ်ချက် ၂၆၆၉ ကို ထိရောက်စွာ အကောင်အထည်ဖော်ရေး နှင့် ပုံမှန်အစီရင်ခံမှု ယန္တယား ထားရှိရေး စသည့်အချက်များ ပါဝင်သည့် နောက်ဆက်တွဲ ဆုံးဖြတ်ချက် အဆို ကို ချမှတ်ရန် လိုကြောင်း၊


(စျ)      တတိယအချက်မှာ လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနှင့် အခြား ကုလသမဂ္ဂအေဂျင်စီများ အကြား ဟန်ချက်ညီညီ၊ ညှိနှိုင်းမှု ရှိရှိ အရေးယူ ဆောင်ရွက်မှု ရှိရန် လိုမှု နှင့်စပ်လျဉ်း၍ ပြောကြား လိုပါကြောင်း၊ လုံခြုံရေးကောင်စီတွင် လက်ရှိဖြစ်ပေါ်နေသော ရှေ့မတိုးနိုင်မှု ကို ထည့်သွင်း စဉ်းစားကာ စစ်အုပ်စုက အရပ်သားများကို ထပ်မံသတ်ဖြတ်မှုများ ရပ်တန့်စေရန် အထွေထွေ ညီလာခံ အနေဖြင့် အခြားသော သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ အေဂျင်စီ များနှင့် အတူ တစ်စိုက် မတ်မတ်ရှိပြီး၊ ပိုမို အလေးအနက် ထားကာ သင့်တင့်လျောက်ပတ်သော ဆောင်ရွက်ချက်များဖြင့် အရေးယူ ဆောင်ရွက်ပေးသင့်ပါကြောင်း၊


(ည)     လက်နက်များ၊ ဂျက်လေယာဉ်လောင်စာဆီနှင့် စစ်ဘက် အရပ်ဘက် နှစ်မျိုး အသုံးပြုနိုင်သည့် ပစ္စည်းများ လွှဲပြောင်းခြင်းနှင့် တင်ပို့ခြင်းကို ရပ်တန့်ရန် မိမိတို့၏ တောင်းဆိုချက်သည် အကြောင်းမဲ့ ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ၊ ၎င်းသည်နေ့စဉ်နှင့်အမျှ ကြိမ်ဖန်များစွာ လေကြောင်း နှင့် လက်နက်ကြီး တိုက်ခိုက်ခံရမှုများကြောင့် အသက်ဆုံးရှုံးကာ ဒုက္ခခံစားနေရသော မြန်မာ ပြည်သူများ၏ အတွေ့အကြုံများကို အခြေခံ၍ ပေါ်ပေါက်လာခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ တောင်းဆိုချက်သည် လေယာဉ်သံကြားရသည်နှင့် ဗုံးခိုကျင်းများအတွင်း ပုန်းအောင်းနေရသည့် မိမိတို့၏ အရွယ်မရောက်သေးသည့် လူမမယ်ကလေးများ၏ ကြေကွဲဆို့နင့်ဖွယ် အတွေ့အကြုံ များ မှ တစ်ဆင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါကြောင်း၊


(ဋ)       ထို့အပြင်၊ လက်နက်များစီးဆင်းမှုကို တားဆီးရန် အဖွဲ့ဝင်နိုင်ငံအားလုံးအား တောင်းဆိုထားသည့် အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် (GA/75/287)၊ ဂျက်လောင်စာဆီ၊ နည်းပညာနှင့် ဆိုင်သော စောင့်ကြည့်စစ်ဆေးရေးပစ္စည်းများ စသည်တို့ကို စစ်တပ်သို့တင်ပို့ခြင်း၊ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်းမှ မပြုလုပ်ရန် တောင်းဆိုထားသည့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက် (HRC/55/20) နှင့် အလုပ်သမားအဖွဲ့ချုပ် (ILO) ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ ၃၃ အရ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု အား စစ်ရေးပစ္စည်းများ၊ ဂျက်လောင်စာဆီနှင့် ငွေကြေး အရင်းအနှီးများ ပံ့ပိုးမှု ကို စိစစ်သုံးသပ်ရန် တောင်းဆိုထားသည့် မကြာမီက ချမှတ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ၏ ဆုံးဖြတ်ချက် တို့နှင့် ဆက်စပ်သော ကိုးကားချက် များလည်းရှိပါကြောင်း၊


(ဌ)       နောက်ဆုံးတစ်ချက်မှာ မြန်မာပြည်သူများ၏ ကိုယ်ပိုင် ဆုံးဖြတ်မှု အပေါ် အခြေပြု ဆောင်ရွက် ခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအခြေအနေအားမည်သို့၊ မည်ပုံ ဖြေရှင်း ကိုင်တွယ်မည် နှင့် စပ်လျဉ်း၍ မတူညီသောအမြင်များ ရှိနိုင်ပါကြောင်း၊ သို့ရာတွင် မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို ဗဟိုမပြုသော မည်သည့်ဖြေရှင်းနည်းလမ်းမဆို အကောင်းဆုံးသော အခြေအနေ တွင်ပင် ခဏတာကုစားမှုကိုသာရရှိနိုင်ပြီး၊ အဆိုးဆုံး အခြေအနေတွင် ရေရှည်ကျရှုံးမှုကို ဉီးတည် သွားနိုင်ပါကြောင်း၊ အားလုံးပါဝင်မှု၊ ယုံကြည်မှု၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနှင့် အရပ်သားကြီးကြပ်မှုအောက်ရှိ စနစ်ကျသည့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း စသည် တို့သည် မြန်မာတို့ ပိုင်ဆိုင်ပြီး ဉီးဆောင် ဉီးရွက်ပြု သော လုပ်ငန်းစဉ်အတွက် အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်ကြောင်း၊


(ဍ)       မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့၍ ငြိမ်းချမ်းရေးရရှိရန် ဖော်ဆောင်ပေးမည့် ယုံကြည်စိတ်ချ ရသော လုပ်ငန်းစဉ်သည် အနာဂတ်တွင် စောင့်ကြိုလျက်ရှိပါကြောင်း၊ အမျိုးသား ညီညွတ်ရေး အစိုးရနှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများသည် အနာဂတ် မြန်မာနိုင်ငံ အတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြပြီဖြစ်ပါကြောင်း၊ အားလုံးပါဝင်သော ဆွေးနွေးပွဲသည် ပြည်သူများ၏ ဆန္ဒ၊ အကျိုးစီးပွား နှင့် အညီ ဖြစ်ပေါ်ရန် လိုအပ်ပါကြောင်း၊ ပြည်သူများက ကြိမ်ဖန်များစွာ အတိအလင်းဖော်ပြကြသည်မှာ အရပ်သားများပြည်သူများအပေါ် အကြမ်းဖက် စစ်တပ်၏ အကြမ်းဖက်မှုများသည် ယခုချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်း၊ စစ်တပ်သည် အနာဂတ် မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် ပါဝင်ခွင့်မရှိဘဲ အရပ်သားကြီးကြပ်မှု အောက်တွင် ရှိရ မည်ဖြစ်ပါကြောင်း၊ အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝ လေးစားရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ချက်ခြင်းလွှတ်ပေးရမည်ဖြစ်ပါကြောင်း၊


(ဎ)       နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လာမည့်အပတ်တွင် အသက် ၈၀ နှစ် ပြည့်မြောက် တော့မည်ဖြစ်ပါကြောင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ် ထောင်တွင်းရှိနေစဉ်၌ပင် ပြည်သူပေါင်းများစွာသည် သူမ၏ ၈၀ နှစ် ပြည့်မွေးနေ့ကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပ၍ သူမ ချက်ခြင်း လွတ်မြောက်စေရေးနှင့် ကျန်းမာရေး ကောင်းမွန်စေရေး တို့အတွက် ဆုတောင်းပေးမှု များကို စီစဉ်လုပ်ဆောင်လျက်ရှိပါကြောင်း၊


(ဏ)     ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် မြန်မာပြည်သူများ၏ အသံများနှင့် ဆောင်ရွက်နိုင်စွမ်းကို အမှန်တကယ် ဗဟိုပြု၍ အကြမ်းဖက် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များကို ပံ့ပိုးပေးရန် အချိန်တန်ပြီ ဖြစ်ပါကြောင်း။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်အမှာစကား အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


 

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of

the Republic of the Union of Myanmar to the United Nations

under Agenda Item 28: Report of the Security Council

at the Plenary Meeting of the United Nations General Assembly


(New York, 11 June 2025)


Mr. President,


I wish to begin by thanking you for convening this meeting. I also thank the delegation of Russian Federation for drafting the report and the Permanent Representative of Guyana, President of the UN Security Council for presenting the report.


Today’s deliberation provides an opportunity to evaluate the overall past work of the Council by the UN membership, explore the relationship between the two principal organs of the United Nations and contribute to further strengthening of it.


Mr. President,


We, as Member States of the United Nations, confer on the Security Council primary responsibility for the maintenance of international peace and security with a view to ensure prompt and effective actions in accordance with Article 24 of the UN Charter.


Despite shouldering this responsibility on our behalf, the Council remains divided and paralyzed with inaction on many of the files under its agenda over the years.


The Council’s lack of unity is reflected in the use of vetoes on many resolutions in public meetings as well as threats of use of vetoes on draft resolutions behind closed-doors last year.


Another reflection of the Council’s divergent dynamics is the continued stylistic choice of descriptive information throughout the report despite the call from Member States for more analytical assessment.


Mr. President,


Given this pervasive style of descriptive reporting on the work of the Council, including on the situation in Myanmar, allow me to focus on the analytical assessment of the situation as a representative from Myanmar.


First, the need to duly consider the situation in Myanmar as threats to international peace and security by the Council:

The situation in Myanmar poses a clear threat to regional and international peace and security.


According to the Global Organized Crime Index, Myanmar ranks highest among all member states for organized crime. The rise of cybercrime has driven human trafficking.


According to OHCHR, these scam centers generate revenue amounting to billions of US dollars each year. It is crystal clear that urgent global interventions are seriously needed to address the root cause of the situation in Myanmar along with the surge in TOC.


The global implication of the conflict and its consequences is also echoed by the Secretary General, the UN Special Envoy and the Special Rapporteur on Myanmar and ASEAN.


Therefore, the Council must respond to the irrefutable evidence and act in accordance with, that brought me to the next point.


Second, the urgency to take effective and decisive actions by the Council:

It is regrettable that Article 31 of the UN Charter was selectively applied by the Council on Myanmar last year. In addition, the call to respond to the situation in Myanmar by the Council is constantly dismissed with an attempt to play the numbers game.


It is not the number of private meetings or consultations on Myanmar that matters. What matters is immediate, effective and decisive action by the Council to save lives of the people of Myanmar.


Since the attempted coup, nearly 6,800 have been brutally killed by the military junta. Over 3.5 million people have been displaced. Over 20 million people are in need of humanitarian assistance.


Even after the recent devastating earthquake in Myanmar, the military continues their indiscriminate violence, killings and human rights violations unabated over the entire population.Despite the urgency to act, the Council remained silent.


Myanmar takes note of the report that “Council members discussed how the United Nations could best support ASEAN in the implementation of the ASEAN five-point consensus”.


I wish to take this opportunity to highlight that members of the ASEAN have expressed that ASEAN cannot shoulder this responsibility alone to solve the situation in Myanmar.


We are of the view that a follow-up resolution to the RES/2669, including its effective implementation and a regular reporting mechanism, is long overdue.


Third, coherent and coordinated response from the Security Council, General Assembly and other UN agencies:

In light of the current deadlock in the Council, the General Assembly, along with other relevant UN agencies, should correspond to the alarming situation with sustained, increased attention and appropriate actions to stop the military from further killing more civilians.


Our call for the cessation of the transfer and export of weapons, jet fuel and dual-use items does not take place in a vacuum. It came from the direct experience of the people of Myanmar, who are losing their lives and suffering from frequent aerial and artillery attacks every day. It came from the tragic experience of our children, who have to hide in bunkers upon hearing the sound of fighter jets.


In addition, we have relevant references from the GA resolution 75/287, which calls upon all Member States to prevent the flow of arms; the HRC resolution 55/20, which calls for all states to refrain from the export, sale or transfer of jet fuel, surveillance goods and technologies to the military; and most recently, the International Labour Conference resolution invoking Article 33 of the ILO Constitution, which asks Member States to comprehensively review their support and supply of military equipment, jet fuel and the free flow of funds to the military junta.


The call to pressure the military junta is growing inside and outside of the country - both from the people on the ground and other international fora. Once again, I appeal to Member States and the international community, particularly the Security Council, to respond to this growing call individually and collectively.


And last but not the least, centering the agency of the people of Myanmar:

We may have different viewpoints on how to resolve the situation in Myanmar. However, any solution that does not center the will and interests of the people of Myanmar is designed to be a short-term respite, at best, and will become a long-term failure, at worst.


Inclusivity, trust, transitional justice and professional military institution under civilian oversight, among others, are all critical elements for the Myanmar-owned and Myanmar-led process.


A credible process to achieve sustainable peace in Myanmar lies ahead. The National Unity Government and our allied ethnic resistance organizations have been in talks for future Myanmar.


Any inclusive dialogue must occur in line with the will and interest of the people. The people clearly express time and again that the junta’s violence against civilians must come to end now; military must not be in politics of future Myanmar and must be under civilian oversight; fundamental human rights must be respected fully; and all political prisoners including State Counsellor Daw Aung San Suu Kyi and President U Win Myint must be released immediately.


For Daw Aung San Suu Kyi, she will turn 80th year-old next week. While she is in jail, many people are now organizing various activities to celebrate her 80th birthday and pray for her immediate release and good health.


Mr. President,


It’s time for Member States and the international community to genuinely center the voices and agency of the people of Myanmar and support their aspirations to end the military dictatorship and build a federal democratic union of Myanmar.


I thank you.

 

*****


Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page