Statement by Ambassador Kyaw Moe Tun, under Agenda Item 27: Report of the Security Council at the Plenary Meeting of the United Nations General Assembly
- Myanmar Mission To UN

- 1 day ago
- 5 min read




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations under Agenda Item 27: Report of the Security Council at the Plenary Meeting of the United Nations General Assembly, held on 5 June 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ အထွေထွေညီလာခံ၊ မျက်နှာစုံညီအစည်းအဝေး၌ လုံခြုံရေးကောင်စီ၏
အစီအရင်ခံစာအပေါ် ဆွေးနွေးမှုတွင်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က
အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့်သက်ဆိုင်သည့်အပိုင်းသည် ကောင်စီအနေဖြင့် ၎င်း၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရာတွင်ကြုံတွေ့ခဲ့ရသည့် ကန့်သတ်ချက်များနှင့် ပျက်ကွက်မှုများ၏ ဝမ်းနည်းဖွယ်ကောင်းသည့် ထင်ဟပ်မှုတစ်ရပ် ဖြစ်၊
သို့ဖြစ်ရာ၊ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ကောင်စီ၏ လုပ်ငန်းဆောင်တာများကို
ပိုမိုကောင်းမွန်စေရန် ပွင့်လင်းမြင်သာမှု ရှိရေး၊ ထိရောက်မှု ရှိရေး၊ ယုံကြည်ကိုးစားမှု ရှိရေးတို့ကို ထောက်ပြလို၊
တံခါးပိတ်ပုံစံဖြင့် ကျင်းပခြင်းကြောင့် အများပြည်သူနှင့် အခြားအဖွဲ့ဝင်နိုင်ငံများသည် ကောင်စီ၏ အနှစ်သာရ ရှိသောဆွေးနွေးချက်များ၊ သဘောထားကိုက်ညီမှုနှင့် ကွဲလွဲမှုရှိသည့် နယ်ပယ်များ နှင့် ကောင်စီအဖွဲ့ဝင်များ၏ သဘောထားနှင့် ဆောင်ရွက်ပုံများကို အလွယ်တကူ
သိရှိနိုင်ခြင်းမရှိဘဲ ကန့်သတ်ခံနေရ၊
လုံခြုံရေးကောင်စီ၏ ၅ နှစ်ကျော်ကြာ အရပ်သားများကို ကာကွယ်ရာတွင်
ကြာရှည်ကျယ်ပြန့်လာသည့် ကွာဟချက်သည် ကောင်စီ၏ လုပ်ငန်းဆောင်တာ
ချို့ယွင်းနေမှုကို သာမက မြေပြင်အခြေအနေနှင့် ဆက်စပ်မှု ကင်းမဲ့လာသည်ကိုပါ
ထင်ရှားစွာ သက်သေပြနေ၊
ဗီတိုခြိမ်းခြောက်မှုများသည် မြန်မာနိုင်ငံအရေးနှင့်စပ်လျဉ်း၍ လုံခြုံရေးကောင်စီ၏ လုပ်ငန်းဆောင်တာများကို ဆိုင်းငံ့ပိတ်ဆို့နေပြီး၊
ကောင်စီကို ထိရောက်မှုကင်းမဲ့သည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ဖြစ်စေ၊
မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများကို ကာကွယ်ရာ၌ လုံခြုံရေးကောင်စီ၏ ဖန်တစ်ရာတေအောင် ပျက်ကွက်ခဲ့မှုများသည် မြန်မာပြည်သူများ၏ လုံခြုံရေးကောင်စီအပေါ်
ယုံကြည်ကိုးစားမှုကို သိသိသာသာ ထိခိုက်စေ၊
အကြမ်းဖက် စစ်အာဏာရှင်အုပ်စုသည် အလိမ်အညာ ရွေးကောက်ပွဲနှင့် ထိုမှ ဆက်လက် ပေါ်ထွန်းလာသည့် အလိမ်အညာအုပ်ချုပ်ရေးစနစ်ကို စတင်ကြေညာချိန်မှစ၍ အရပ်သားများကို ပိုမိုပစ်မှတ်ထားသည့် ခွဲခြားမှုမရှိ လေကြောင်းတိုက်ခိုက်မှုများကို စနစ်တကျ ပိုမို ကျယ်ကျယ် ပြန့်ပြန့် ကျူးလွန်လာလျက်ရှိ၊
ဆိုးရွားလာနေသည့် ဤအကြမ်းဖက် ရက်စက်မှုများသည် အကြောင်းအရင်းမဲ့ ပေါ်ပေါက်လာခဲ့ခြင်း မဟုတ်ဘဲ ၎င်းတို့သည် လုံခြုံရေးကောင်စီအနေဖြင့် အဆိုပါ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို မျက်ကွယ်ပြုခဲ့မှု၏ တိုက်ရိုက်ကျိုးဆက်များ ဖြစ်၊
ထို့အပြင် ကောင်စီအဖွဲ့ဝင်နိုင်ငံအချို့နှင့် ဒေသဆိုင်ရာနိုင်ငံများသည် ၎င်းတို့၏ မဆင်မခြင်
ထိတွေ့ ဆက်ဆံမှုများမှတစ်ဆင့် စစ်အာဏာရှင်အုပ်စုကို အားပေးအားမြှောက်ပြုရာရောက်ခဲ့မှု၏ နောက်ဆက်တွဲ ရလဒ်လည်း ဖြစ်၊
လုံခြုံရေးကောင်စီသည် မြန်မာပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ပြန်လည်တည်ဆောက်နိုင်ရန်မှာ ထိရောက်သောအကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ အစီအမံများပါဝင်သည့်
နောက်ဆက်တွဲဆုံးဖြတ်ချက်တစ်ရပ် အပါအဝင်
အချိန်မီ၊ ထိရောက်သော ဆုံးဖြတ်၊ ဆောင်ရွက်မှုများ ချက်ခြင်း ပြုလုပ်ရန်
မဖြစ်မနေ လိုအပ်နေသည်မှာ အထင်အရှား ဖြစ်ပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်)
၁။ ၅-၆-၂၀၂၆ ရက်နေ့၌ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ မျက်နှာစုံညီ အစည်းအဝေး တွင်အထွေထွေညီလာခံသို့ တင်သွင်းသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အစီအရင်ခံစာအပေါ် ဆွေးနွေးရာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၉) နိုင်ငံမှ ကိုယ်စားလှယ်များက မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့် အဆိုပါ အစည်းအဝေးသို့ ပါဝင်တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်း တွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-
(က) ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်း စောင့်ရှောက်ရန် အဓိကတာဝန်ကို လုံခြုံရေးကောင်စီအား အပ်နှင်းထားခြင်းဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပသည့်ဆွေးနွေးပွဲသည် အဖွဲ့ဝင်နိုင်ငံအားလုံးအတွက် လုံခြုံရေးကောင်စီ၏ အောင်မြင်မှုများ၊ အားနည်းချက်များ၊ ကွဲလွဲမှုများနှင့် တိုးတက်ရန် လိုအပ်သည့် နယ်ပယ်များ အပါအဝင် ၎င်း၏ လုပ်ငန်းဆောင်တာများကို တာဝန်ခံမှုရှိစေရေး ပွင့်ပွင့်လင်းလင်း သုံးသပ် ဆွေးနွေးနိုင်မည့် အဖိုးတန် အခွင့်အရေးတစ်ရပ် ဖြစ်ပါကြောင်း၊
(ခ) မြန်မာနိုင်ငံအနေဖြင့် ကောင်စီ၏ နှစ်ပတ်လည်အစီရင်ခံစာကို ပိုမိုကောင်းမွန်စေရန်နှင့် ၎င်း၏ တာဝန်များကို ထိရောက်စွာ ထမ်းဆောင်နိုင်ရေးကို မြှင့်တင်နိုင်ရန်အလို့ငှာ ကောင်စီ၏ လုပ်ငန်းဆောင်တာများနှင့် စပ်လျဉ်း၍ ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်များကို ထည့်သွင်းဖော်ပြရန် အရေးပါမှုကို အလေးအနက်အားပေးထောက်ခံပါကြောင်း၊ အချက်အလက်များကို သာမန်စာရင်းပြုစုဖော်ပြရုံမျှဖြင့် ကောင်စီ၏လုပ်ပိုင်ခွင့်နယ်ပယ်၊ တာဝန်နှင့် ၎င်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း ဆောင်တာများကို မျှတစွာထင်ဟပ်ဖော်ညွှန်းနိုင်ခြင်းမရှိဘဲ ကောင်စီ၏တာဝန်ကို ထိခိုက်စေပါကြောင်း၊
(ဂ) အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့်အပိုင်းသည် ကောင်စီအနေဖြင့် ၎င်း၏ တာဝန် ကို ကျေပွန်စွာ ထမ်းဆောင်ရာတွင် ကြုံတွေ့ခဲ့ရသည့် ကန့်သတ်ချက်များနှင့် ပျက်ကွက်မှုများ၏ ဝမ်းနည်းဖွယ်ကောင်းသည့် ထင်ဟပ်မှုတစ်ရပ် ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ၊ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကောင်စီ၏လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေရန် အောက်ပါနယ်ပယ် များကို အလေးအနက်ထား တင်ပြလိုပါကြောင်း၊
(ဃ) ပထမအချက်မှာ ပွင့်လင်းမြင်သာမှု ဖြစ်ပါကြောင်း၊ လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ သီးသန့်အစည်းအဝေးများ ကျင်းပသည့် အလေ့အထကို ဆက်လက်ကျင့်သုံးလျက် ၂၀၂၅ ခုနှစ်တွင် တံခါးပိတ်အစည်းအဝေး နှစ်ကြိမ်၊ တစ်ခါပိတ် ဆွေးနွေးပွဲတစ်ကြိမ်နှင့် အခြား သော အကြောင်းအရာခေါင်းစဉ်အောက် (AOB) အောက်မှ တစ်ကြိမ် ကျင်းပခဲ့ပါကြောင်း၊
(င) ထိုသို့ တံခါးပိတ်ပုံစံဖြင့် ကျင်းပခြင်းကြောင့် အများပြည်သူနှင့် အခြားအဖွဲ့ဝင်နိုင်ငံများသည် ကောင်စီ၏ အနှစ်သာရရှိသောဆွေးနွေးချက်များ၊ သဘောထားကိုက်ညီမှုနှင့် ကွဲလွဲမှုရှိသည့် နယ်ပယ်များနှင့် မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်သည့် ကောင်စီအဖွဲ့ဝင်များ၏ သဘောထားနှင့် ဆောင်ရွက်ပုံများကို အလွယ်တကူ သိရှိနိုင်ခြင်းမရှိဘဲ ကန့်သတ်ခံနေရပါကြောင်း၊ ကောင်စီ၏ လုပ်ငန်းဆောင်တာများတွင် ပွင့်လင်းမြင်သာမှုနှင့် ပါဝင်နိုင်မှုသည် စိတ်ကြိုက် လိုသလို ရွေးချယ်ကျင့်သုံးသည့် သဘောမဖြစ်သင့်ဘဲ နိုင်ငံအားလုံးအတွက် တစ်ပြေးညီ ကျင့်သုံးသင့် သည့် မူဝါဒတစ်ရပ်သာ ဖြစ်သင့်ပါကြောင်း၊
(စ) ဒုတိယအချက်မှာ ထိရောက်မှုရှိမှု ဖြစ်ပါကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် ၂၈-၃-၂၀၂၅ ရက်နေ့မြန်မာနိုင်ငံတွင် တွေ့ကြုံခံစားခဲ့ရသည့် ငလျင်ဘေးအပြီး၌ သတင်းထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါသတင်းထုတ်ပြန်ချက်သည် ၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ကို အတည်ပြုချမှတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ထွက်ပေါ်လာသည့် ပထမဆုံးသောရလဒ်ဖြစ်ပါကြောင်း၊ သို့ရာတွင် ထုတ်ပြန်နိုင်ရန် ကြိုးပမ်းခဲ့သည့် လုံခြုံရေးကောင်စီ သဘာပတိ ကြေညာချက် တစ်ရပ်နှင့် အခြားသော သတင်း ထုတ်ပြန်ချက် တစ်ရပ်မှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံ၏ ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားရဆဲ ဖြစ်ပါကြောင်း၊ ဗီတိုခြိမ်းခြောက်မှုများသည် မြန်မာနိုင်ငံအရေးနှင့်စပ်လျဉ်း၍ လုံခြုံရေးကောင်စီ၏ လုပ်ငန်း ဆောင်တာများကို ဆိုင်းငံ့ပိတ်ဆို့နေပြီး၊ ကောင်စီကို ထိရောက်မှုကင်းမဲ့သည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ဖြစ်စေပါကြောင်း၊
(ဆ) လုံခြုံရေးကောင်စီအနေဖြင့် ထိရောက်သောဆောင်ရွက်မှုများ လုပ်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် အုပ်စုကြောင့် ဆိုးရွားလာနေသည့် အခြေအနေနှင့် မြန်မာပြည်သူများ ခံစားနေရ သည့် လူသားချင်းစာနာမှုဆိုင်ရာ ဒုက္ခများကို ဖြေရှင်းပေးနိုင်ရေး လိုက်လျောညီထွေစွာ ဆောင်ရွက်သင့်ပါကြောင်း၊ တရားမဝင်စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်စစ်အုပ်စု၏ လက်ချက်ဖြင့် လူပေါင်း ၈,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီးဖြစ်ကာ လူပေါင်း ၃.၆ သန်းအနေဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး၊ ပြည်သူ ၂၂ သန်းနီးပါးသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အရေးတကြီး လိုအပ်နေပါကြောင်း၊ လုံခြုံရေးကောင်စီ၏ ၅ နှစ်ကျော်ကြာ အရပ်သားများကို ကာကွယ်ရာတွင် ကြာရှည်ကျယ်ပြန့်လာသည့် ကွာဟချက်သည် ကောင်စီ၏ လုပ်ငန်းဆောင်တာ ချို့ယွင်းနေမှုကိုသာမက မြေပြင်အခြေအနေနှင့် ဆက်စပ်မှု ကင်းမဲ့လာသည်ကိုပါ ထင်ရှားစွာ သက်သေပြနေကြောင်း၊
(ဇ) တတိယအချက်မှာ ယုံကြည်ကိုးစားမှု ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများကို ကာကွယ်ရာ၌ လုံခြုံရေးကောင်စီ၏ ဖန်တစ်ရာတေအောင် ပျက်ကွက်ခဲ့မှုများသည် မြန်မာ ပြည်သူများ၏ လုံခြုံရေးကောင်စီအပေါ် ယုံကြည်ကိုးစားမှုကို သိသိသာသာ ထိခိုက်စေကြောင်း၊ အကြမ်းဖက် စစ်အာဏာရှင်အုပ်စုသည် အလိမ်အညာ ရွေးကောက်ပွဲနှင့် ထိုမှဆက်လက်ပေါ်ထွန်းလာ သည့် အလိမ်အညာအုပ်ချုပ်ရေးစနစ်ကို စတင်ကြေညာချိန်မှစ၍ အရပ်သားများကို ပိုမိုပစ်မှတ်ထားသည့် ခွဲခြားမှုမရှိ လေကြောင်းတိုက်ခိုက်မှုများကို စနစ်တကျ ပိုမို ကျယ်ကျယ် ပြန့်ပြန့် ကျူးလွန်လာလျက်ရှိပါကြောင်း၊
(ဈ) ဧပြီလတစ်လတည်း၌ပင် အကြမ်းဖက်စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၇၈ ကြိမ် အထိ စစ်အုပ်စုက ကျူးလွန်ခဲ့ပါကြောင်း၊ ယမန်နေ့ကပင် ကရင်နီပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ခိုလှုံနေသည့် စခန်းတစ်ခု၊ စာသင်ကျောင်းတစ်ကျောင်းနှင့် ဘုရားကျောင်း တစ်ကျောင်းတို့ကို လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း၊
(ည) ဆိုးရွားလာနေသည့် ဤအကြမ်းဖက်ရက်စက်မှုများသည် အကြောင်းအရင်းမဲ့ ပေါ်ပေါက်လာ ခဲ့ခြင်း မဟုတ်ဘဲ ၎င်းတို့သည် လုံခြုံရေးကောင်စီအနေဖြင့် အဆိုပါ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို မျက်ကွယ်ပြုခဲ့မှု၏ တိုက်ရိုက်ကျိုးဆက်များ ဖြစ်ပါကြောင်း၊ ထို့အပြင် ကောင်စီ အဖွဲ့ဝင်နိုင်ငံအချို့နှင့် ဒေသဆိုင်ရာနိုင်ငံများသည် ၎င်းတို့၏မဆင်မခြင်ထိတွေ့ ဆက်ဆံမှုများမှ တစ်ဆင့် စစ်အာဏာရှင်အုပ်စုကို အားပေးအားမြှောက်ပြုရာရောက်ခဲ့မှု၏ နောက်ဆက်တွဲရလဒ်လည်း ဖြစ်ပါကြောင်း၊
(ဋ) လုံခြုံရေးကောင်စီသည် မြန်မာပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ပြန်လည်တည်ဆောက်နိုင်ရန်မှာ ထိရောက်သော အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ အစီအမံများပါဝင်သည့် နောက်ဆက်တွဲ ဆုံးဖြတ်ချက်တစ်ရပ် အပါအဝင် အချိန်မီ၊ ထိရောက်သော ဆုံးဖြတ်၊ ဆောင်ရွက်မှုများ ချက်ခြင်းပြုလုပ်ရန် မဖြစ်မနေ လိုအပ်နေသည်မှာ အထင်အရှား ဖြစ်ပါကြောင်း၊
(ဌ) နိဂုံးချုပ်အားဖြင့် လုံခြုံရေးကောင်စီ၏ အစီရင်ခံစာအနေဖြင့် ကျယ်ပြန့်ပြီး လေ့လာဆန်းစစ်ချက်များ ပါဝင်မှသာ အထွေထွေညီလာခံ၏ အဖွဲ့ဝင်နိုင်ငံများအတွက် အမှန်တကယ် အသုံးဝင်ပြီး အဓိပ္ပာယ်ပြည့်ဝသည့် အစီအရင်ခံစာတစ်ရပ် ဖြစ်လာနိုင်မည် ဖြစ်ကြောင်း၊
(ဍ) ကမ္ဘာပြည်သူများနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အဓိက အခြေခံအချက် တစ်ခုအဖြစ် ကုလသမဂ္ဂအဖွဲ့အစည်းကြီးကို တည်ထောင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ သဘောတရားနှင့်အညီ လုံခြုံရေးကောင်စီသည် မြန်မာပြည်သူများ၏ ဆန္ဒ၊ မျှော်မှန်းချက်များနှင့် ကိုက်ညီပြီး မြန်မာပြည်သူများအတွက် ပြည်သူများကိုယ်တိုင် ဦးဆောင်သည့် လုပ်ငန်းစဉ် တစ်ရပ်ကို အားပေးဖော်ဆောင်သင့်ပါကြောင်း၊
(ဎ) ထို့ကြောင့် မြန်မာပြည်သူများက စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေးတို့အတွက် ကြိုးပမ်းနေသည့် ၎င်းတို့၏ ရပ်တည်ချက်ကို ခိုင်မာစွာ ထောက်ခံပံ့ပိုးပေးကြပါရန် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်း နှိုးဆော်ပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
of the Republic of the Union of Myanmar to the United Nations
under Agenda Item 27: Report of the Security Council
at the Plenary Meeting of the United Nations General Assembly
(New York, 5 June 2026)
Madam President,
I wish to begin by thanking you for convening this meeting.
I also thank the delegation of Pakistan for preparing the introduction of the report.
Madam President,
We, as Member States of the UN, entrust the Security Council with its primary responsibility for the maintenance of international peace and security.
As such, the open debate provides an opportunity for all Member States to hold the Council accountable by deliberating its work, including its achievements, shortcomings, divisions and potentials for improvement.
Madam President,
Myanmar underscores the importance of incorporating analytical assessment on the work of the Council to improve its annual report, therby advancing the effective discharging of its mandates. A factual listing alone does a disservice to the mandate, scope and work of the Council in many of the files under its agenda.
The section on Myanmar in the report is an unfortunate encapsulation of limitations and failures by the Council to fulfill its mandate.
In this regard, allow me to emphasize the following areas to improve the work of the Council on Myanmar.
First, transparency: the Council continued its trend of holding exclusive meetings on Myanmar, with two private meetings, one closed consultation and another one under AOB in 2025.
The closed format has restricted the public and other Member States from readily accessing substantive discussion, areas of convergence and divergence, and the dynamics of Council Members on the situation.
Transparency on the work of the Council and its inclusivity should be universal, not selectively applied.
Second, effectiveness: the Council issued a press statement after the 28 March earthquake, the first ever product on Myanmar since its adoption of the resolution 2669 (2022). A presidential statement and another press statement were put on hold owing to the opposition from two Permanent Members.
De facto vetoes have been paralyzing the work of the Council on Myanmar, making it largely ineffective.
Effective actions by the Council should be commensurate with the deteriorating situation and human suffering inflicted by the military junta.
Since the illegal coup, over 8,000 people have been killed by the military. 3.6 million have been displaced and almost 22 million are in need of humanitarian assistance.
The widening gap in protection of civilians by the Council for more than 5 years is a clear demonstration of its non-functionality as well as its irrelevance on the ground, which brings me to my final point.
Third, credibility: repeated failures by the Council to protect civilians in Myanmar have undermined its credibility among our people.
It is reported that since its inception of sham elections and the subsequent sham administration, the military junta has intensified its system-wide campaign of indiscriminate aerial attacks against civilians.
In April alone, 178 airstrikes against civilians were committed by the military. Even yesterday, the military junta conducted airstrikes on an IDP camp, a school and a church in Karenni State. Such escalating violence by the military did not occur in a vacuum.
It is the direct consequence of the Council turning a blind eye to their atrocities.
It is the subsequent result of some Council Members and regional players emboldening the military junta, specifically via their unwarranted engagements.
It is crystal clear that restoring its credibility requires the Council to take timely, effective and decisive actions, including a follow-up resolution on Myanmar with enforcement measures.
In conclusion, Madam President, a comprehensive and analytical report of the Security Council will serve as a constructive, informative and meaningful tool for the wider Members of the General Assembly.
The UN at its core was established to serve the peoples and their interests. In the same vein, the Security Council should undertake a Myanmar-owned and Myanmar-led process that is in line with the aspirations of the people.
Taking this opportunity, I urge the international community to support the people of Myanmar and their efforts to eradicate the military dictatorship and build a federal democratic union.
I thank you.
*****











