top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the Open Debate of the United Nations Security Council on Children and Armed Conflict

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • 6 hours ago
  • 6 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the Open Debate of the United Nations Security Council on Children and Armed Conflict: “Reasserting International Legal Protections for Children in Armed Conflict: Strengthening the Protection of Education and the Prevention of Grave Violations”, held on 25 June 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဘာသာရပ်အောက်မှ “ကလေးသူငယ်များ၏ ပညာရေးကို အကာအကွယ်ပေးမှု အားကောင်းစေရေးနှင့် ကြီးလေးသောချိုးဖောက်မှုများ ကြိုတင်ကာကွယ်တားဆီးခြင်းဖြင့်  လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအတွက် နိုင်ငံတကာဥပဒေဆိုင်ရာ အကာအကွယ်များကို ပြန်လည်အတည်ပြုခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် တံခါးဖွင့်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံသည် တရားမဝင်အာဏာသိမ်းချိန်မှစ၍ ကြီးလေးသော ရာဇဝတ်မှုများ ဖြစ်ပွားနေသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်၊

အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် အကြမ်းဖက်စစ်အာဏာရှင်အုပ်စုနှင့် ၎င်းနှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများက ကလေးသူငယ်များအပေါ် ကျူးလွန်သည့် အချိုးအစား မမျှတသည့် ကျူးလွန်မှုပေါင်းများစွာကို မီးမောင်းထိုးပြထား၊

အကြမ်းဖက်စစ်အာဏာရှင်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများသည် ကလေးသူငယ်များ အပါအဝင် အရပ်သားပြည်သူများကြုံတွေ့နေရသည့်  ပျက်စီးဆုံးရှုံးမှုနှင့် ဘေးဒုက္ခများ၏ အဓိက အကြောင်းရင်းတစ်ခုဖြစ်၊

အကြမ်းဖက်စစ်တပ်မှ စာသင်ကျောင်းများနှင့် ပညာသင်ကြားရေး နေရာများကို တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့်  ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့်

ကလေးသူငယ်များသည် ဘေးကင်းလုံခြုံစွာ သင်ယူနိုင်မည့်နေရာနှင့် ပညာသင်ကြားခွင့်ကို

အခြေခံအားဖြင့် ဆုံးရှုံးခဲ့ရ၊

အကြမ်းဖက်စစ် အာဏာရှင်အုပ်စုထံ လက်နက်ကိရိယာများ၊ လက်နက်များ၊ လေယာဉ်ဆီ၊

အရပ်ဘက်၊ စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်သော အခြားပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ

စီးဆင်းဝင်ရောက်နေမှုကို ဖြတ်တောက်ပေးရန် အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုအပ်၊

စစ်တပ်၏ အကြမ်းဖက်မှုများ ရုတ်တရက် မြင့်တက်လာခြင်းသည် အရေးယူမှုအပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေခြင်းနှင့် ထိရောက်သော တာဝန်ခံမှု ယန္တရားများ ကင်းမဲ့နေမှုတို့ကြောင့် ပိုမိုအားကောင်းလာခြင်းဖြစ်၊

အကြမ်းဖက်စစ်အာဏာရှင် အုပ်စုနှင့် မဆင်မခြင် မလိုလားအပ်သည့် ထိတွေ့ ဆက်ဆံမှုများသည် အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် အရပ်သားများအပေါ် ရက်စက် ကြမ်းကြုတ်မှုများ ထပ်မံကျူးလွန်ရန် စစ်တပ်ကို အားပေးအားမြှောက်ဖြစ်စေခဲ့သည်ဟု ပြည်သူလူထုအကြား ကျယ်ပြန့်စွာ ရှုမြင်မှုရှိ၊

အမျိုးသားညီညွတ်ရေးအစိုးရ နှင့် မဟာမိတ်ဒီမိုကရေစီအင်အားစုများသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ မှတစ်ဆင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့် လူငယ်များအတွက် ဆန်းသစ်သော အွန်လိုင်း ပညာရေးလမ်းကြောင်းများ ဖန်တီးပေးနိုင်ရန် CDM ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်၍ ရှိသည့်နည်းပညာများကို

အသုံးချ ဆောင်ရွက်ပေးလျက်ရှိ၊

မြန်မာနိုင်ငံရှိ ကလေးသူငယ်များကို  ကာကွယ်စောင့်ရှောက်ရေးထက် ကျဉ်းမြောင်းသော ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင် ဦးစားပေး ဆောင်ရွက်ခြင်း မပြုသင့်၊

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တစ်ရပ် တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော မြန်မာပြည်သူများကို ပံ့ပိုးကူညီပေးရန် နိုင်ငံတကာအသိုက်အဝန်းကို ထပ်မံတောင်းဆို၊ ထို့မှသာ ကလေးသူငယ်များ

ကာကွယ်စောင့်ရှောက်ရေးကို စစ်မှန်စွာအာမခံနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့

(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်)


၁။        ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဘာသာရပ်အောက်မှ “ကလေးသူငယ်များ၏ ပညာရေးကို အကာအကွယ်ပေးမှု အားကောင်းစေရေးနှင့် ကြီးလေးသော ချိုးဖောက်မှုများ ကြိုတင်ကာကွယ်တားဆီးခြင်းဖြင့်  လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအတွက် နိုင်ငံတကာဥပဒေဆိုင်ရာအကာအကွယ်များကို ပြန်လည်အတည်ပြုခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့်  တံခါးဖွင့် အစည်းအဝေးတစ်ရပ်ကို  နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့ တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Vanessa Frazier၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Catherine Russell၊ Plan International Haiti ၏ ဌာနေဒါရိုက်တာ Mr. Andre Prospery Raymond တို့က ရှင်းလင်းပြောကြားခဲ့ပြီး၊ အဖွဲ့ဝင်နိုင်ငံပေါင်း ၉၇ နိုင်ငံတို့မှ ကိုယ်စားလှယ်အသီးသီးတို့က မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။


၂။         ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့် အဆိုပါ အစည်းအဝေးသို့ ပါဝင်တက်ရောက်ကာ ၂၅-၆-၂၀၂၆ ရက်နေ့တွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-

(က)     အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာအရ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကျူးလွန်မှုများသည် ၂၀၂၅ ခုနှစ်တွင် မကြုံစဖူး အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့ပါကြောင်း၊ ကလေးသူငယ်များအပေါ် ကျူးလွန်သော ကြီးလေးသည့် ရာဇဝတ်မှုခြောက်ရပ်အနက်၊ ကလေးသူငယ်များ၏ပညာရေးအပေါ် တိုက်ခိုက်မှုများသည် Global Coalition to Protect Education from Attack (GCPEA) ၏ အချက်အလက်များအရ ၂၀၂၄-၂၀၂၅ ကာလအတွင်း ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါကြောင်း၊


(ခ)       ဤထိတ်လန့်ဖွယ်ရာ ကိန်းဂဏန်းများသည် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီအစဉ်အောက်တွင် ချိုးဖောက်မှုများကို တားဆီးရန် စောင့်ကြည့်လေ့လာမှုနှင့် အစီရင်ခံမှု ယန္တရားများ တစ်ခုတည်းဖြင့် မလုံလောက်ကြောင်း သက်သေပြလျက်ရှိပါကြောင်း၊  ကလေး သူငယ်များအား ကာကွယ်စောင့်ရှောက်ရေးနှင့် ကြီးလေးသောချိုးဖောက်မှုများ ကြိုတင်တားဆီး ရေးကို အာမခံနိုင်ရန်အတွက် နိုင်ငံရေးဆိုင်ရာ စိတ်ဆန္ဒ၊ နိုင်ငံတကာဥပဒေကို ပိုမိုလိုက်နာမှု၊ ချိုးဖောက်မှုများအတွက် တာဝန်ခံမှု အားကောင်းမြင့်မားရေးနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို တပြိုင်နက်တည်း ပူးတွဲဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊


(ဂ)       မြန်မာနိုင်ငံသည်လည်း ၂၀၂၁ ခုနှစ် တရားမဝင်အာဏာသိမ်းချိန်မှစ၍ ကြီးလေးသော ရာဇဝတ်မှုများ ဖြစ်ပွားနေသည့် နိုင်ငံများအနက်မှ တစ်နိုင်ငံအဖြစ် ကြုံတွေ့ခံစားနေရပါကြောင်း၊ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် အကြမ်းဖက်စစ်အာဏာရှင်အုပ်စုနှင့် ၎င်းနှင့် ဆက်နွှယ်သည့် အဖွဲ့အစည်းများက ကလေးသူငယ်များအပေါ် ကျူးလွန်သည့် အချိုးအစား မမျှတသည့် ကျူးလွန်မှုပေါင်းများစွာကို မီးမောင်းထိုးပြထားပြီး၊ အဆိုပါ ကျူးလွန်မှုများတွင် အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခြင်း၊ ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်းနှင့် ကိုယ်အင်္ဂါထိခိုက်ချို့ယွင်းစေခြင်း၊ စာသင်ကျောင်း များအပေါ် တိုက်ခိုက်ခြင်းနှင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာအကူအညီများ ဝင်ရောက်မှုကို ပိတ်ပင်တားဆီးခြင်းတို့ ပါဝင်ပါကြောင်း၊ ဤသို့သော စိုးရိမ်ဖွယ်ရာ အခြေအနေအောက်တွင်၊ မြန်မာနိုင်ငံ၌ ပညာရေးကို အကာအကွယ်ပေးမှု အားကောင်းစေရေးနှင့် ကြီးလေးသောချိုးဖောက်မှုများ ကြိုတင်ကာကွယ်တားဆီးရေးအတွက် အောက်ပါ ခိုင်မာသော အစီအမံများကို အလေးအနက်ထား ဖော်ပြလိုပါကြောင်း၊


(ဃ)     ပထမအချက်အနေဖြင့်၊ အကြမ်းဖက်စစ်အာဏာရှင်အုပ်စုထံ လေယာဉ်ဆီ စီးဆင်းဝင်ရောက်မှုကို တားဆီးပိတ်ပင်ရန် ဖြစ်ပါကြောင်း၊ မကြာသေးမီက ထွက်ရှိခဲ့သည့် OHCHR ၏ အစီရင်ခံစာ တွင် အကြမ်းဖက်စစ်အာဏာရှင်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများသည် ကလေးသူငယ်များ အပါအဝင် အရပ်သားပြည်သူများကြုံတွေ့နေရသည့်  ပျက်စီးဆုံးရှုံးမှုနှင့် ဘေးဒုက္ခများ၏ အဓိက အကြောင်းရင်းတစ်ခုတည်းဖြစ်ပါကြောင်း၊ အကြမ်းဖက်စစ်တပ်မှ စာသင်ကျောင်းများ နှင့် ပညာသင်ကြားရေးနေရာများကို တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့်  ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးသူငယ်များသည် ဘေးကင်းလုံခြုံစွာ သင်ယူနိုင်မည့်နေရာနှင့် ပညာသင်ကြားခွင့်ကို အခြေခံအားဖြင့် ဆုံးရှုံးခဲ့ရပါကြောင်း၊


(င)       ၎င်း၏အကျိုးဆက်အဖြစ် မြန်မာနိုင်ငံရှိ ကလေးသူငယ်အချို့သည် ကတုတ်ကျင်းများ သို့မဟုတ် ယာယီစခန်းများတွင် ပညာသင်ကြားနေကြရပါကြောင်း၊ ကောင်းကင်ယံတွင် တိုက်လေယာဉ်တစ်စင်း၏ အသံကို ကြားရသည်နှင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနည်းများကို ကျင့်သုံး ဆောင်ရွက်နေကြရသည့် မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ဗီဒီယိုမှတ်တမ်းများပင် သက်သေအဖြစ် ရှိနေပါကြောင်း၊ ထို့ကြောင့်စာသင်ကျောင်းများများနှင့် ကလေးသူငယ်များကို ကာကွယ်ရန်အတွက် အကြမ်းဖက်စစ် အာဏာရှင်အုပ်စုထံ လက်နက်ကိရိယာများ၊ လက်နက်များ၊ လေယာဉ်ဆီ၊ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးအသုံးပြုနိုင်သော အခြားပစ္စည်းများနှင့် ဆက်စပ်နည်း ပညာများ စီးဆင်းဝင်ရောက်နေမှုကို ဖြတ်တောက်ပေးရန် အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုအပ် ပါကြောင်း၊


(စ)       ဒုတိယအချက် အနေဖြင့်၊  စစ်တပ်ကကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အစီအမံများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ OHCHR ၏ အစီရင်ခံစာအရ အတုအယောင် ရွေးကောက်ပွဲကာလအတွင်း တစ်ခုတည်း၌ပင် ကလေး သူငယ် ၁၅၃ ဦး အပါအဝင် အရပ်သား ၇၀၂ ဦးကို အကြမ်းဖက်စစ်အာဏာရှင်အုပ်စုက သတ်ဖြတ်ခဲ့ပါကြောင်း၊ စစ်တပ်၏ အကြမ်းဖက်မှုများ ရုတ်တရက် မြင့်တက်လာခြင်းသည် အရေးယူမှု အပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေခြင်းနှင့် ထိရောက်သော တာဝန်ခံမှုယန္တရားများ ကင်းမဲ့နေမှုတို့ကြောင့် ပိုမိုအားကောင်းလာခြင်း ဖြစ်ပါကြောင်း၊


(ဆ)     အကြမ်းဖက်စစ်အာဏာရှင် အုပ်စုနှင့် မဆင်မခြင် မလိုလားအပ်သည့် ထိတွေ့ ဆက်ဆံမှုများ သည် အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် အရပ်သားများအပေါ် ရက်စက် ကြမ်းကြုတ်မှုများ ထပ်မံကျူးလွန်ရန် စစ်တပ်ကို အားပေးအားမြှောက် ဖြစ်စေခဲ့သည်ဟု ပြည်သူ လူထုအကြား ကျယ်ပြန့်စွာ ရှုမြင်မှုရှိနေပါကြောင်း၊ ထို့ကြောင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) ၏ နောက်ဆက်တွဲ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခြင်းနှင့် မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) သို့ လွှဲပြောင်းပေးပို့ခြင်းတို့ အပါအဝင် အကြမ်းဖက်စစ်အာဏာရှင်အုပ်စုအပေါ် တာဝန်ခံမှုဆိုင်ရာအစီအမံများ အကောင်အထည်ဖော်ဆောင်ရွက်ရန် လုံခြုံရေးကောင်စီအား တိုက်တွန်းအပ်ပါကြောင်း၊ ထို့အပြင်၊ အတွင်းရေး မှူးချုပ်၏ တိုက်တွန်းချက်ဖြစ်သော မြန်မာနိုင်ငံဆိုင်ရာ ယခုအစီရင်ခံစာအပေါ် ဆုံးဖြတ်ချက်များ ချမှတ်ပေးရန်ကို ထပ်ဆင့် တောင်းဆိုပါကြောင်း၊ ဤသို့ ဆုံးဖြတ်ချက်များ ချမှတ်ပေးခြင်းဖြင့် ကလေးသူငယ်များကို ကာကွယ်ပေးရေးနှင့် ၎င်းတို့၏ အသက်များကို ကယ်တင်ရေးတို့အတွက်အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊


(ဇ)       တတိယအချက် အနေဖြင့်၊ ထိခိုက်ခံစားနေရသော လူမှုအသိုက်အဝန်းများအတွက် လက်တွေ့ ကျသော ပံ့ပိုးကူညီမှုများ ပေးအပ်ရန် ဖြစ်ပါကြောင်း၊ တရားမဝင်အာဏာသိမ်းချိန်မှစ၍ ကျောင်းနေအရွယ် ကလေးသူငယ်နှင့် လူငယ် ၆ ဒသမ၃ သန်းကျော်သည် ကျောင်းပညာရေးနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ရပြီး၊ အခြေခံပညာသင်ကြားခွင့်ကို ဆုံးရှုံးခဲ့ရပါကြောင်း၊ ပဋိပက္ခ ထိခိုက်ခံစားနေရသော ဒေသများတွင် ကြိုတင်သတိပေးစနစ်၊ ဒစ်ဂျစ်တယ် အခြေခံအဆောက် အအုံ၊ အင်တာနက် ချိတ်ဆက်နိုင်မှု၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး လေ့ကျင့်သင်ကြားမှုနှင့် အဝေးမှ သင်ယူနိုင်မည့် အခွင့်အလမ်းများ တွင် ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် ကြိုတင်ခန့်မှန်းနိုင်ပြီး စဉ်ဆက်မပြတ်သော ရန်ပုံငွေ ထောက်ပံ့မှုကို အရေးတကြီး လိုအပ်လျက်ရှိပါကြောင်း၊


(ဈ)      စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်ဒီမိုကရေစီအင်အားစုများသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) မှတစ်ဆင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့် လူငယ်များအတွက် ဆန်းသစ်သော အွန်လိုင်းပညာရေးလမ်းကြောင်းများ ဖန်တီးပေးနိုင်ရန် CDM ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်၍ ရှိသည့်နည်းပညာများကို အသုံးချ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင်၊ အတွင်းရေးမှူးချုပ်က ၎င်း၏အစီရင်ခံစာတွင် ကြိုဆိုဖော်ပြခဲ့သည့်အတိုင်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အစီအမံများ ချမှတ်နိုင်ရန် NUG အနေဖြင့် ကုလသမဂ္ဂနှင့် အလျဉ်းသင့်သည့်အတိုင်း ထိတွေ့ဆက်ဆံ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊


(ည)     နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံအနေဖြင့် မည်သည့်အခြေအနေတွင်မဆို ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်ကို ကာကွယ်စောင့်ရှောက်ရေးနှင့် ၎င်းတို့အပေါ် ကျူးလွန်သည့် ကြီးလေးသော ချိုးဖောက်မှုများအား ကြိုတင်တားဆီးကာကွယ်ရေးတို့သည် အလွန်အရေးကြီးသည်ဟု အလေးအနက်ထပ်လောင်းအတည်ပြုပါကြောင်း၊


(ဋ)       ပညာသင်ကြားခွင့် ဆုံးရှုံးခြင်းသည် မြန်မာ့ ကလေးသူငယ်မျိုးဆက်တစ်ခုလုံး၏ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ခြိမ်းခြောက်လျက် ရှိနေပါကြောင်း၊ မြန်မာနိုင်ငံရှိ ကလေးသူငယ်များကို  ကာကွယ် စောင့်ရှောက်ရေးထက် ကျဉ်းမြောင်းသော ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ဦးစားပေး ဆောင်ရွက်ခြင်း မပြုသင့်ပါကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏အသက်နှင့် အနာဂတ်ကို ကာကွယ်ရန်နှင့် ၎င်းတို့အပေါ် ချိုးဖောက်ကျူးလွန်သူများကို တာဝန်ခံမှုဆိုင်ရာ အစီအမံများဖြင့် ထိရောက်စွာ အရေးယူရန် တာဝန်ရှိပါကြောင်း၊


(ဌ)       အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခြင်းသည် ရွေးချယ်မှုတစ်ရပ်ပင်ဖြစ်ပြီး၊ ထိုရွေးချယ်မှု၏ ဆုံးရှုံးနစ်နာမှုသည် မျိုးဆက်တစ်ခုလုံးအပေါ် သက်ရောက်မှုဖြစ်စေပါကြောင်း၊


(ဍ)       စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တစ်ရပ် တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော မြန်မာပြည်သူများကို ပံ့ပိုးကူညီပေးရန် နိုင်ငံတကာအသိုက်အဝန်းကို ထပ်မံတောင်းဆိုလိုပါကြောင်း၊ ထို့မှသာ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးကို စစ်မှန်စွာ အာမခံနိုင်မည်ဖြစ်ပါကြောင်း။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative

of the Republic of the Union of Myanmar to the United Nations

at the Open Debate of the United Nations Security Council

on Children and Armed Conflict:

Reasserting International Legal Protections for Children in Armed Conflict: Strengthening the Protection of Education and the Prevention of Grave Violations”


(New York, 25 June 2026)


Madam President,

At the outset, I wish to thank you for convening this meeting. I also thank the SRSG-CAAC, the UNICEF Executive Director, and the Country Director of the Plan International Haiti for their insightful remarks.


Madam President,

According to the Secretary-General’s report, violations against children in armed conflict reached unprecedented levels in 2025, and the highest number of children were affected by grave violations since the beginning of the mandate.

Among the six grave violations against children, attacks on education were increased by 40 percent in the 2024-2025 period according to the Global Coalition to Protect Education from Attack (GCPEA).

These shocking numbers demonstrate that monitoring and reporting mechanisms alone are not sufficient to prevent violations under the CAAC agenda. Political will, increased compliance with international law, strengthened accountability for violations and preventative tools must be accompanied in tandem to ensure the protection of children and the prevention of grave violations.


Madam President,

My country, Myanmar, is witnessing one of the highest numbers of grave violations since the 2021 illegal coup.

The SG report highlighted a disproportionate number of violations against children committed by the military junta and its affiliated forces, including forced conscription, abduction, killing and maiming, attacks against schools and denial of humanitarian access.

Against this alarming backdrop, I wish to emphasize the following concrete measures to strengthen the protection of education and the prevention of grave violations in Myanmar.


First, prevent the flow of jet fuel to the military junta:the recent OHCHR report stressed that airstrikes by the military junta remain the single largest cause of destruction and suffering on civilians, including children.

Deliberate and targeted aerial attacks on schools and learning centers by the military have essentially deprived children of their safe space to learn and their rights to education. As a result, some children in Myanmar are learning in bunkers or make-shift camps.

There are videos of our children executing evacuation procedures upon hearing a fighter jet in the sky.

Therefore, I appeal to Member States to cut the flow of arms, weapons, jet fuel, other dual-use items and related technologies to the military junta to protect our schools and children.


Second, enforce accountability measures for violations: OHCHR reported that 702 civilians, including 153 children, were killed by the military junta in the sham-election period alone.

Spikes of violence by the military are reinforced by pervasive impunity and lack of effective accountability mechanisms.

There is a widespread public perception that the unwarranted engagements with the junta have emboldened the military to commit further atrocities against civilians, including women and children.

As such, I urge the Council to enforce accountability measures against the military junta, including a follow-up resolution to the SCR 2669 (2022) and referring the situation in Myanmar to the ICC.

At the same time, I wish to echo the Secretary-General’s call for the Working Group on CAAC to adopt conclusions on the present report on Myanmar so that it could help protect children and save their life.


Third, provide tangible support to affected-communities: more than 6.3 million school-age children and young people have been left out of school, losing their right to a basic education since the coup (ISP Myanmar).

Predictable and sustained financing is urgently needed to invest in early warning system, digital infrastructure, internet connectivity, capacity-training in ICTs, and remote learning opportunities in conflict-affected areas.

Despite facing challenges, the National Unity Government (NUG) and allied democratic forces are coordinating, through the Steering Council for the Emergence of a Federal Democratic Union (SCEF), to utilize available technologies and collaborate with CDM educators to provide innovative online education pathways for our children and youth.

In addition, the NUG has engaged with the UN accordingly to adopt child protection measures as welcomed by the SG in his report.


In conclusion, Madam President, Myanmar reaffirms the utmost importance of safeguarding the right to education for children and preventing their grave violations in all circumstances.

The loss of education opportunities threatens an entire generation of Myanmar children and their future.

Narrow self-interest cannot take precedence over the protection of our children. The international community, particularly the Security Council, has a collective responsibility to protect the lives and future of our children and enforce accountability measures against their violators.

Failure to act is a choice, and its cost is generational.


Finally, I reiterate my urgent call to the international community to support the people of Myanmar in their efforts to eradicate the military dictatorship and build a federal democratic union that can genuinely guarantee the protection of children.


I thank you.

*****




Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page