Statement by Ambassador Kyaw Moe Tun, at the General Debate of the 2026 ECOSOCHigh-Level Segment/ High-Level Political Forum on Sustainable Development
- Myanmar Mission To UN
- 1 day ago
- 4 min read




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate of the 2026 ECOSOCHigh-Level Segment/ High-Level Political Forum on Sustainable Development held on 14 July 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သော အဆင့်မြင့် နိုင်ငံရေးဆိုင်ရာ ဖိုရမ် (၂၀၂၆ ခုနှစ်) ၏ ဝန်ကြီးများအဆင့် ဆွေးနွေးမှုအစီအစဉ် အထွေထွေဆွေးနွေးမှုကဏ္ဍတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းမှုနှင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ယခင်က ကျားကုတ်ကျားခဲ ကြိုးပမ်းရရှိခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများ ပျက်စီး ဆုံးရှုံးခဲ့ရ၊
စစ်အုပ်စုသည် အမည်နာမ သို့မဟုတ် ဖွဲ့စည်းပုံတို့အား မည်သို့ပင် ဟန်ပြ ပြောင်းလဲ၊ ပြင်ဆင်၊ ခေါ်ဝေါ်၊ သုံးစွဲနေစေကာမူ ၎င်းတို့သည် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှု၊ မတည်ငြိမ်မှုနှင့် တိုးတက်မှု ကျဆင်းခြင်းတို့၏ အဓိက တရားခံဖြစ်သည့်အချက်ကို အထင်အရှား ပြသနေ၊
နာကျင်စွာဖြင့် ပြောကြားရပါလျှင် မြန်မာပြည်သူများအနေဖြင့် ၎င်းတို့၏ဘဝများ သာယာဝပြောနိုင်ရေး အတွက် ဦးတည်ဆောင်ရွက်ရမည့်အစား ရှင်သန်ရပ်တည်ရေးအတွက်ကိုသာ ရုန်းကန်နေရ၊
မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့က
မဖြစ်မနေ လိုအပ်သော အုတ်မြစ်များဖြစ်၊
အဆိုပါအခြေအနေအား ပြင်ဆင်ကုစားပေးရန် ရည်ရွယ်သော မည်သည့်ဒေသတွင်းနှင့် နိုင်ငံတကာ အားထုတ် ကြိုးပမ်းမှုမျိုးမဆို ပြဿနာ၏ ဇစ်မြစ်အား ထိရောက်စွာ ဖြေရှင်းပေးနိုင်မည့် အဆင့်များ ပါဝင်ရန် လိုအပ်ကြောင်း၊ သို့မှသာ ပဋိပက္ခနှင့် ပြည်သူများ၏ ဒုက္ခတို့ ရှည်ကြာခြင်းကို ရှောင်လွှဲပေးနိုင်မည်ဖြစ်၊
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေး ပန်းတိုင်ကို ပြည့်မီစေရန် စိန်ခေါ်မှုများ အကြားကပင် အမျိုးသား ညီညွတ်ရေးအစိုးရနှင့် အဓိက တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီအောက်မှ ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိ၊
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရန် ကြိုးပမ်း အားထုတ်နေကြသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီနှင့် မြန်မာပြည်သူများကို ပံ့ပိုးကူညီထောက်ခံအားပေးရန် တိုက်တွန်း တောင်းဆိုကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်)
၁။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သော အဆင့်မြင့် နိုင်ငံရေးဆိုင်ရာ ဖိုရမ် (၂၀၂၆ ခုနှစ်) ကို ၇-၇-၂၀၂၆ ရက်မှ ၁၅-၇-၂၀၂၆ ရက်နေ့အထိ အဖွင့်၊ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် (၆)၊ (၇)၊ (၉) နှင့် (၁၁) တို့အား ဆွေးနွေးခြင်း၊ Voluntary National Review (VNR) များ တင်ဆက်ခြင်း၊ ဝန်ကြီးများအဆင့် ဆွေးနွေးမှု အစီအစဉ် အထွေထွေဆွေးနွေးမှုနှင့် ဝန်ကြီးများအဆင့် ကြေညာချက်အား အတည်ပြုခြင်း စသည့် ခေါင်းစဉ်များ ဖြင့် ကျင်းပလျက်ရှိပါသည်။
၂။ အဆိုပါ အစည်းအဝေးများနှင့် Side Event များသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးမှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိသည့်အပြင် ၁၃-၇-၂၀၂၆ ရက်မှ ၁၅-၇-၂၀၂၆ ရက်နေ့အထိ ကျင်းပသည့် ဖိုရမ်၏ဝန်ကြီးများအဆင့်ဆွေးနွေးမှုအစီအစဉ် အထွေထွေဆွေးနွေးမှုကဏ္ဍတွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများအပါအဝင် ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်၍ မိန့်ခွန်းများ ပြောကြားလျက်ရှိပါသည်။ အဆိုပါ အထွေထွေဆွေးနွေးမှု အစီအစဉ်သို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့ပြီး၊ ၁၄-၇-၂၀၂၆ ရက် (အင်္ဂါနေ့) မွန်းလွဲပိုင်းတွင် ကျင်းပသည့် အစည်းအဝေး၌ မိန့်ခွန်း ပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင် ပါသည်-
(က) စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များအနက် တိုင်းတာ၍ရသော မျှော်မှန်း ချက်များ၏ ၃၆ ရာခိုင်နှုန်းသာလျှင် အကောင်အထည်ဖော်နိုင်သည့် လမ်းကြောင်းပေါ် ရောက်ရှိနေကြောင်း သို့မဟုတ် အထိုက်အလျောက် တိုးတက်မှုများ ဖော်ဆောင်နိုင်ကြောင်း၊
(ခ) လူ (၁၀) ဦးလျှင် (၁) ဦးနှုန်းက အလွန်အမင်း ဆင်းရဲမွဲတေမှုအတွင်း ကျရောက် နေထိုင်နေရပြီး စားနပ်ရိက္ခာ မလုံလောက်မှုသည်လည်း ၂၀၁၅ ခုနှစ်မှတ်တမ်းများထက် အလွန်မြင့်တက်လျက် ရှိကြောင်း၊
(ဂ) ဆယ်စုနှစ်တာကာလအတွင်း ပဋိပက္ခများ အမြင့်မားဆုံး အခြေအနေအထိ ပွားများလာခဲ့ပြီး နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရသည့်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ပြောင်းပြန်အနေအထားသို့ သိသိသာသာ ပြောင်းလဲခဲ့ကြောင်း၊
(ဃ) ၂၀၃၀ အာဂျင်ဒါအား ဖော်ဆောင်ရန် (၄) နှစ်တာမျှသာ အချိန်ကျန်ရှိတော့သည့် အားလျော်စွာ မိမိတို့အနေဖြင့် အဆိုးရွားဆုံး နောက်ကျကျန်ရစ်နေသူများထံသို့ ဦးစွာရောက်ရှိနိုင်စေရန် အရေးတကြီးနှင့် အသွင်ပြောင်းလဲရေး အရေးယူလုပ်ဆောင်ချက်များအား အရှိန်အဟုန် မြှင့်တင် ဖော်ဆောင်ခြင်းက အလွန် အရေးကြီးကြောင်း၊
(င) ကံမကောင်းစွာပင် မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းမှုနှင့် စစ်အုပ်စု၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့် ယခင်က ကျားကုတ်ကျားခဲ ကြိုးပမ်းရရှိခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အောင်မြင်မှုများ ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း၊
(စ) စစ်အုပ်စု၏ မတရား စစ်အာဏာသိမ်းမှု စတင်ချိန်ကတည်းက မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၅၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာခဲ့ကြောင်း၊
(ဆ) တိုင်းပြည်၏ လူဦးရေ(၃)ပုံ (၁) ပုံသည်လည်း အလွန်အမင်းဆိုးရွားသော အစာရေစာ မပြည့်ဝမှုကို ရင်ဆိုင်နေရကြောင်း၊
(ဇ) ကလေးသူငယ် (၁) သန်းကျော်လည်း ၎င်းတို့အတွက် အရေးကြီးသည့် ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းစဉ်များနှင့် ကင်းကွာနေရပါကြောင်း၊
(ဈ) ၆.၃ သန်းကျော်သော ကျောင်းနေအရွယ် ကလေးသူငယ်များနှင့် လူငယ်လူရွယ်များအနေဖြင့် လည်း ကျောင်းတက်ရောက်၍ ပညာသင်ကြားနိုင်ခြင်း မရှိကြောင်း၊
(ည) ၄၀ ရာခိုင်နှုန်းကျော်သော အိမ်ထောင်စုများအနေဖြင့် သောက်သုံးရေသန့် မရရှိကြောင်း၊
(ဋ) လူငယ်လူရွယ် (၅) သိန်းခန့်အနေဖြင့်လည်း စစ်အုပ်စု၏ အဓမ္မတပ်သားစုဆောင်းမှုနှင့် မလုံခြုံမှုတို့ကြောင့် ပြည်တွင်းမှ ထွက်ပြေးစွန့်ခွာ တိမ်းရှောင်ခဲ့ကြကြောင်း၊
(ဌ) ပြည်သူ (၈,၁၀၀) ကျော်သည် စစ်အုပ်စု၏ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရပြီး၊ ၃.၇ သန်းကျော်မှာ ပြည်တွင်းနေရပ်စွန့်ခွာနေရကြောင်း၊
(ဍ) အဆိုပါ ညွှန်းကိန်းများက စစ်အုပ်စုသည် အမည်နာမ သို့မဟုတ် ဖွဲ့စည်းပုံတို့အား မည်သို့ပင် ဟန်ပြပြောင်းလဲ၊ ပြင်ဆင်၊ ခေါ်ဝေါ်၊ သုံးစွဲနေစေကာမူ ၎င်းတို့သည် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေ သည့် အကြမ်းဖက်မှု၊ မတည်ငြိမ်မှုနှင့် တိုးတက်မှုကျဆင်းခြင်းတို့၏ အဓိက တရားခံဖြစ်သည့်အချက်ကို အထင်အရှား ပြသနေကြောင်း၊
(ဎ) ထိုကဲ့သို့သော အခြေအနေများအောက်တွင် နာကျင်စွာဖြင့်ပြောကြားရပါလျှင် မြန်မာပြည်သူ များအနေဖြင့် ၎င်းတို့၏ဘဝများ သာယာဝပြောနိုင်ရေးအတွက် ဦးတည်ဆောင်ရွက်ရမည့်အစား ရှင်သန်ရပ်တည်ရေးအတွက်ကိုသာ ရုန်းကန်နေရကြောင်း၊
(ဏ) နိုင်ငံတကာအသိုက်အဝန်း၏ အချိန်နှင့်တစ်ပြေးညီ တိကျပြတ်သားသော ဆုံးဖြတ်ချက်များ မရှိ သဖြင့် မြန်မာနိုင်ငံတွင် မျိုးဆက်တစ်ခုလုံး ဆုံးရှုံးရမည့် ကြီးလေးသောအန္တရာယ်ဆိုး ဖြစ်ပေါ် လျက်ရှိကြောင်း၊
(တ) မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့က မဖြစ်မနေ လိုအပ်သော အုတ်မြစ်များဖြစ်သည်ဟု အလေးထား ပြောကြားလိုကြောင်း၊
(ထ) အဆိုပါအခြေအနေအား ပြင်ဆင်ကုစားပေးရန် ရည်ရွယ်သော မည်သည့်ဒေသတွင်းနှင့် နိုင်ငံတကာ အားထုတ်ကြိုးပမ်းမှုမျိုးမဆို ပြဿနာ၏ ဇစ်မြစ်အား ထိရောက်စွာ ဖြေရှင်းပေးနိုင်မည့်အဆင့်များ ပါဝင်ရန် လိုအပ်ကြောင်း၊ သို့မှသာ ပဋိပက္ခနှင့် ပြည်သူများ၏ဒုက္ခတို့ ရှည်ကြာခြင်းကို ရှောင်လွှဲပေးနိုင်မည်ဖြစ်ကြောင်း၊
(ဒ) မြန်မာနိုင်ငံတွင် မည်သူတစ်ဦးတစ်ယောက်မျှ ချန်လှပ်မထားဘဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးပန်းတိုင်ကို ပြည့်မီစေရန် စိန်ခေါ်မှုများအကြားကပင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် အဓိက တိုင်းရင်းသားဒီမိုကရေစီအင်အားစုများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီအောက်မှ ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊
(ဓ) သို့ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်း ရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရန် ကြိုးပမ်းအားထုတ်နေကြသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီနှင့် မြန်မာပြည်သူများကို ပံ့ပိုးကူညီထောက်ခံအားပေးရန် တိုက်တွန်း တောင်းဆိုကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
of the Republic of the Union of Myanmar to the United Nations,
at the General Debate of the 2026 ECOSOCHigh-Level Segment/
High-Level Political Forum on Sustainable Development
(New York, 14 July 2026)
Mr. President,
At the outset, I wish to thank the President of the ECOSOC for convening this high-level segment.
I also thank the Secretary-General and the PGA for their opening remarks.
Myanmar aligns itself with the statements of ASEAN, LDC Group and G77 and China.
Mr. President,
Only 36 percent of measurable SDG targets are on track or making moderate progress.
One in 10 people still live in extreme poverty, and food insecurity remains well above 2015 levels.
Violent conflict surged to its highest levels in decades, rapidly reversing years of development.
With 4 years remaining, it is imperative that we accelerate urgent and transformative actions to reach the furthest behind first in our implementation of the 2030 Agenda.
Mr. President,
In my country, Myanmar, the illegal military coup and subsequent atrocities by the military junta have unfortunately erased our previous hard-earned development gains.
Since the coup, national poverty has increased to nearly 50 percent.
A third of the population is facing acute food insecurity.
Over 1 million children lack critical vaccinations.
More than 6.3 million school-age children and young people have been out of school.
Over 40 per cent of households have no safely managed drinking water service.
About 500,000 young people have left the country to escape forced conscription and insecurity.
In addition, more than 8,100 people have been killed by the military junta. Over 3.7 million people are internally displaced.
These tragic numbers clearly demonstrate that the military junta remains the primary driver of violence, instability, and regression in the country regardless of their nominal change in status.
Under this circumstance, painfully speaking, the people are struggling for survival, instead of for prosperity.
Without timely and decisive actions, Myanmar is at serious risk of losing an entire generation.
In conclusion, Mr. President, peace and stability are prerequisites to achieving sustainable development in Myanmar.
Any regional and international effort to remedy the situation should include steps to effectively address the root cause to avoid prolonging the conflict and suffering of our people.
Despite facing challenges, the National Unity Government (NUG) and major ethnic democratic forces are coordinating through the Steering Council for Emergence of a Federal Democratic Union (SCEF) to realize our goal of ending the military dictatorship and building a federal democratic union to leave no one behind.
Therefore, I urge the international community to support the SCEF and the people of Myanmar in their efforts to realize sustainable peace, stability and development in Myanmar.
I thank you.
*****








