top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun under Agenda Item 20 at 2C of 78th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, under Agenda Item 20: Groups of Countries in Special Situations, sub-item (a) Follow-up to the Fifth United Nations Conference on the Least Developed Countries at the Second Committee of the 78th Session of the United Nations General Assembly, held on 4 October 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ၏ ဘာသာရပ်အစီအစဉ် (၂၀) အောက်ရှိ အထူးအခြေအနေရှိနိုင်ငံအုပ်စုများ၊ ခေါင်းစဉ်ခွဲ (၁) - ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံ၏ ဆုံးဖြတ်ချက်များအား ဆက်လက်အရေးယူဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့် အထွေထွေမူဝါဒဆွေးနွေးပြောကြားမှု၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်အာဏာရှင်များသည် တိုင်းပြည်ကိုအုပ်ချုပ်နိုင်ခြင်း၊ စီးပွားရေးစီမံခန့်ခွဲနိုင်ခြင်း မရှိသည့်အပြင် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်ခြင်းမရှိသည်မှာ ရှင်းလင်းနေကြောင်းနှင့် စစ်အာဏာရှင်စနစ်အဆုံးသတ်ရန်၊ ဒီမိုကရေစီပြန်လည်ရရှိရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန်အတွက် မြန်မာပြည်သူပြည်သားများသည် ပြတ်သားစွာဆုံးဖြတ်ပြီးဖြစ်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်)


၁။ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး) ၏ ဘာသာရပ်အစီအစဉ် (၂၀) အောက်ရှိ အထူးအခြေအနေရှိ နိုင်ငံအုပ်စုများ၊ ခေါင်းစဉ်ခွဲ (၁) - ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံ၏ ဆုံးဖြတ်ချက်များအား ဆက်လက်အရေးယူ ဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။


၂။ အဆိုပါအစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိကပါဝင်ပါသည်-


(က) အကျပ်အတည်းများစွာသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအများအပြား အပေါ် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးစေပြီး ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ၏ ဆိုးကျိုး သက်ရောက်မှုများသည် နိုင်ငံများစွာရင်ဆိုင်နေရသော လက်ရှိအခက်အခဲများနှင့် စိန်ခေါ်မှုများ ကိုပိုမိုဆိုးရွားစေကြောင်း၊ ဤအခြေအနေတွင်ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) များသည် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ဖွယ်အခြေအနေများ နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အတားအဆီးများကို ခံစား နေကြရကြောင်း၊


(ခ) Doha Program of Action (DPoA) သည် ကပ်ရောဂါဘေးမှ လျင်မြန်စွာဖြင့် ရေရှည် တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သော ပြန်လည်ထူထောင်ရေး၊ ဆင်းရဲမွဲတေမှု လျှော့ချ ရေးနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) တွင် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အသွင်ကူးပြောင်းမှုကို ရရှိရန်အတွက် ပြည့်စုံသော ဖွံ့ဖြိုးတိုးတက်မှု မူဘောင်တစ်ခု ဖြစ်ကြောင်း၊


(ဂ) Doha Program of Action (DPoA) သည်၂၀၂၂-၂၀၃၁ ဆယ်စုနှစ်တွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ (LDCs) အတွက် ခိုင်မာအားကောင်းသော ရည်မှန်းချက်များ ချမှတ် ထားကြောင်း၊ DPoA ရည်မှန်းချက်များနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (SDGs)သည် အပြန်အလှန်ချိတ်ဆက်ပြီး အားဖြည့်နေကြသောကြောင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ (LDCs) သည် ဖွံ့ဖြိုးရေးမိတ်ဖက်များ၏ ပံ့ပိုးမှုဖြင့် DPoA ရည်မှန်းချက်များကို ပြည့်မီနိုင်မည်ဟု ယူဆကြောင်း၊


(ဃ) သို့သော်လည်း ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) ရှိ အစားအစာမလုံလောက်မှု၊ အာဟာရချို့တဲ့မှုနှင့် အစားအစာအကျပ်အတည်းပြဿနာများ၏ အကျိုးဆက်များသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDGs) ကို အောင်မြင်နိုင်စေမည့် ၎င်းတို့၏ စွမ်းဆောင်ရည်ကို သိသိသာသာခြိမ်းခြောက်နေကြောင်း၊ စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာသည် လာမည့်နှစ်များတွင် LDC နိုင်ငံများအတွက် ကြီးမားသောအန္တရာယ် ဖြစ်လာမည်ဟု ရှုမြင်မိပါကြောင်း၊


(င) ၂၀၁၁-၂၀၂၀ ဆယ်စုနှစ်အတွက် ယခင် Istanbul Program of Action (IPoA) ကာလအတွင်း ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (၁၂) နိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဆင့်မှ လွတ်မြောက်နိုင်မည့် စံသတ်မှတ်ချက်များနှင့် ပြည့်မီခဲ့ကြောင်း၊


(စ) မြန်မာနိုင်ငံတွင် ရွေးကောက်ခံအရပ်သားအစိုးရသည် IPoAs ရည်မှန်းချက်များနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDGs) ကို Myanmar Sustainable Development Plan- MSDP (2018-2030) တွင် ပေါင်းစပ်ထားကာ MSDP ၏ လမ်းညွှန်ချက်အရ နာတာရှည် စီးပွားရေးယိုယွင်းမှုများကို ပပျောက်စေရန် ပြုပြင် ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း၊ ရလဒ်အနေဖြင့် မြန်မာနိုင်ငံသည် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် GDP တိုးတက်မှုနှုန်း ၆.၅ ရာခိုင်နှုန်းဖြင့် ဒေသတွင်းတွင် အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်လာခဲ့ကြောင်း၊ ရွေးကောက်ခံအစိုးရသည် COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်၌ပင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ခိုင်မာသော လူမှုစီးပွား မူဝါဒများဖြင့် ထိန်းသိမ်းထားခဲ့ကြောင်း၊


(ဆ) သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ခဲ့သော တရားမဝင် စစ်တပ် အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုများသည် ယခင်ရွေးကောက်ခံအရပ်သားအစိုးရ လုပ်ဆောင်ခဲ့ သော တိုးတက်မှုအားလုံးကို ဖျက်ဆီးပစ်ခဲ့ကြောင်း၊


(ဇ) မြန်မာနိုင်ငံတွင် တရားမ၀င်စစ်အာဏာသိမ်းယူခဲ့သည်မှာ နှစ်နှစ်ခွဲကျော်ရှိပြီဖြစ်ပြီး စစ်အာဏာရှင် များ၏ ဆိုးရွားရက်စက်ကြမ်းကြုတ်မှုများအပြင် နိုင်ငံတဝှမ်း ဆိုးရွားစွာ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပြည်သူများသည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးနှင့် လူမှုစီးပွားစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရကြောင်း၊


(ဈ) တရားမ၀င် စစ်အာဏာသိမ်းယူခဲ့ခြင်း၏ အကျိုးဆက်များကြောင့် လူအများအပြားသည် အလုပ်အကိုင်များရှာဖွေရန်၊ အခြေခံဝန်ဆောင်မှုများရရှိရန်နှင့် စားဝတ်နေရေး အဓိက လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး အစားအစာအလုံအလောက်ရရှိရန်ကိုပင် ရုန်းကန် နေရကြောင်း၊


(ည) စစ်အာဏာရှင်များသည် တိုင်းပြည်ကိုအုပ်ချုပ်နိုင်ခြင်း၊ တိုင်းပြည်စီးပွားရေး စီမံခန့်ခွဲနိုင်ခြင်း မရှိသည့်အပြင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်ခြင်း မရှိသည်မှာ ရှင်းလင်းနေပါကြောင်း၊


(ဋ) ဤအခြေအနေတွင် မြန်မာနိုင်ငံသည် DPoA ရည်မှန်းချက်များနှင့် SDG ရည်မှန်းချက်များကို ပြည့်မီရေး ဆောင်ရွက်နိုင်မည့် အနေအထားမရှိပါကြောင်း၊


(ဌ) ထိုရည်မှန်းချက်များနှင့် ပန်းတိုင်များအောင်မြင်ရန်အတွက် ပထမဦးစွာ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အဆုံးသတ်ရန်၊ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်လိုအပ်ကြောင်း၊ ယင်းနှင့် ပတ်သက်၍ မြန်မာပြည်သူပြည်သားများသည် ပြတ်သားစွာဆုံးဖြတ်ပြီးဖြစ်ကြောင်း၊


(ဍ) မြန်မာပြည်သူများအား ခိုင်မာထိရောက်သော ပံ့ပိုးကူညီမှုများပေးရန် နိုင်ငံတကာအသိုက် အဝန်းအား ထပ်မံပန်ကြားလိုပါကြောင်း၊ ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာပြည်သူများ၏ စကားကို ဂရုတစိုက်နားထောင်ပြီး ကုလသမဂ္ဂမှ မြန်မာနိုင်ငံအပေါ် တာဝန်ပျက်ကွက်မှုမရှိစေရန်နှင့် မြန်မာပြည်သူများအတွက် တစ်ဦးတစ်ယောက်မျှ ချန်လှပ်မထားဆိုသည့်မူကို လက်တွေ့အကောင်အထည် ဖော်ရန် တိုက်တွန်းပါကြောင်း။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the

Republic of the Union of Myanmar to the United Nations

under Agenda Item 20: Groups of Countries in Special Situations, sub-item (a) Follow-up to the Fifth United Nations Conference on the Least Developed Countries at the Second Committee of the 78thSession of the United Nations General Assembly


(New York, 4 October 2023)


Mr. Chair,


Myanmar aligns itself with the statements delivered on behalf of the ASEAN, the LDCs, and the Group of 77 and China, respectively.


We thank the Secretary-General for his consolidated report under this Agenda item. It provides the comprehensive reviews of the progress and recommendations in the implementation of Sustainable Development Goals of the 2030 Agenda for LDCs.


Mr. Chair,


Multiple crises continue to hinder development in numerous nations across the globe. The detrimental impacts of climate change and natural disasters also exacerbate the existing difficulties and challenges many countries face. In this context, Least Developed Countries (LDCs) are most vulnerable to economic and environmental shocks and substantial barriers to sustainable development.


Our delegation shares the view that Doha Program of Action (DPoA) is a comprehensive development framework to achieve rapid, sustainable, and inclusive recovery from the pandemic, reduce poverty, and achieve structural transformation in LDCs.


Mr. Chair,


We note that the Doha Program of Action (DPoA) sets progressive targets for the LDCs for the decade 2022-2031.We are of the view that as DPoA targets and SDGs are interlinked and reinforcing each other, the LDCs are able to meet the DPoA's targets with the support of development partners.


However, Food insecurity, malnutrition, and the repercussions of food crises in LDCs significantly threaten their ability to achieve the Sustainable Development Goals (SDGs). We share the view that the problem of food insecurity will become a great danger for the LDCs in the coming years.


Mr. Chair,


During the period of the previous Istanbul Program of Action (IPoA) for the decade 2011-2020, in 2018, the 12 LDCs, including Myanmar, met the graduation criteria to be released from LDC status.


In Myanmar, the elected civilian government integrated the IPoAs and SDGs into its Myanmar Sustainable Development Plan- MSDP (2018-2030). Guided by MSDP, the elected government undertook a series of reforms to eliminate the long-term economic distortions. As a result, Myanmar experienced rapid growth, becoming one of the region’s fastest-growing economies, with an annual growth rate of 6.5% in 2018-2019. In the 2018 Triennial Review of the Committee on Development Policy (CDP), Myanmar met all LDC graduation criteria for the first time. The civilian government maintained Myanmar's development with strong socio-economic policies even when the COVID-19 pandemic hit.


Yet, the illegal military coup on 1 February 2021 and the military junta’s widespread atrocities destroyed all progress made earlier.


Mr. Chair,


It has been over two and half years since the illegal military takeover in Myanmar, and people face wide-ranging political and socio-economic challenges daily in addition to the military junta’s grievous atrocities and systematic gross violation of human rights all over the country.


Its consequences have led many people to struggle to find sustainable jobs, access to basic services, and even obtain enough food to meet their primary needs.


It is crystal clear that the military junta is not capable of governing the country or managing the economy and it is not capable of delivering durable peace and stability.


Under this circumstance, Myanmar cannot meet DPoA’s targets and SDG goals.


Mr. Chair,


In order to achieve those targets and goals, first and foremost we have to end the military dictatorship, restore democracy and build a federal democratic union in Myanmar. In this regard, the people of Myanmar are so resolute.


Therefore, I wish to reiterate our appeal to the international community to provide strong and effective support to the people of Myanmar.


I also urge the UN and our fellow member states to listen attentively to the people and make sure that the UN does not fail Myanmar and the no one left behind principle in practice for the people of Myanmar.


I thank you.



*****








bottom of page