top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at Open Debate on “Women, Peace and Security: Preventing conflict-related sexual violence through demilitarization and gender-responsive arms control” at UNSC




Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at Open Debate on “Women, Peace and Security: Preventing conflict-related sexual violence through demilitarization and gender-responsive arms control” at the United Nations Security Council, held on 26 April 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ကျင်းပပြုလုပ်သည့် “Preventing conflict-related sexual violence through demilitarization and gender-responsive arms control” အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က စစ်တပ်၏ ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် အခြားသော ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခြင်း ခံထားရသည့် နစ်နာသူများအတွက် တရားမျှတမှု ဖော်ဆောင်ပေးရေးက အလွန်အရေးပါကြောင်း၊ ပြစ်မှုကျူးလွန်သူများကို တရားနည်းလမ်းတကျ မဖြစ်မနေ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် လိုအပ်ပြီး ၎င်းတို့ ခံစားခွင့်ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အပြီးတိုင်ရပ်တန့်ရမည်ဖြစ်၊ ဤနည်းအားဖြင့် အလားတူရက်စက်ကြမ်းကြုတ်မှုများနှင့် ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တစ်ကျော့ပြန်ဖြစ်ပွားခြင်းကို တားဆီးကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်)


၁။       နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် လုံခြုံရေးကောင်စီ၌ ၂၀၂၄ ခုနှစ်၊​ ဧပြီလအတွက် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော မော်လ်တာနိုင်ငံမှ ကြီးမှူး၍ Preventing conflict-related sexual violence through demilitarization and gender-responsive arms control” ခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေးအား ၂၃-၄-၂၀၂၄ ရက် (အင်္ဂါနေ့) နှင့် ၂၆-၄-၂၀၂၄ ရက် (သောကြာနေ့) တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Pramila Patten၊ Darfur Women Action Group တည်ထောင်သူ ဥက္ကဋ္ဌ Ms. Niemat Ahmad နှင့် United Nations Entity for Gender Equality and the Empowerment of Women (UN-Women) ၏ Goodwill Ambassador Ms. Danai Gurira တို့က ဆွေးနွေးသူများအဖြစ်ပါဝင်ကာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ “Conflict-related sexual violence” အစီရင်ခံစာကို အခြေခံလျက် ပဋိပက္ခအတွင်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အခြေအနေများနှင့် စိန်ခေါ်မှုများကို တင်ပြခဲ့ပါသည်။


၂။       အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၇၀) ကျော်မှ ကိုယ်စားလှယ်များလည်း တက်ရောက်၍ မိန့်ခွန်းများပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ၂၆-၄-၂၀၂၄ ရက်နေ့ တွင် ပါဝင် ပြောကြားခဲ့ပါသည်။


၃။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အချက်များ အဓိက ပါဝင်ပါသည်-


(က)    စစ်မက်ကင်းမဲ့စေရေးနှင့် လိင်ဖြစ်တည်မှုအပေါ် အခြေပြုတုံ့ပြန်သည့် လက်နက် ထိန်းချုပ်ရေးတို့ကို အထူးပြုသည့်  ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုများ တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ တံခါးဖွင့်အစည်းအဝေး ကျင်းပပြုလုပ် ပေးသည့် မော်လ်တာနိုင်ငံအား ကျေးဇူးတင်ရှိပြီး ဆွေးနွေးသူများ၏ ဘက်စုံပြည့်ဝသော ဆွေးနွေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊


(ခ)     အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ပဋိပက္ခများတွင် လိင်ဖြစ်တည်မှုအပေါ် အခြေပြုသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပြုခြင်း အန္တရာယ်များကို ဆက်လက် ရင်ဆိုင်တွေ့ကြုံနေရသည့် အခြေအနေတွင် ယခုနှစ်စဉ် တံခါးဖွင့်အစည်းအဝေးအား ကျင်းပခြင်းမှာ အချိန်အခါအားဖြင့် အထူးကိုက်ညီပါကြောင်း၊


(ဂ)     ကမ္ဘာတစ်ဝန်းတွင် ပဋိပက္ခများနှင့်ဆက်စပ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (Conflict-Related Sexual Violence-CRSV) မြင့်တက်လာမှုများ ထိတ်လန့်ဖွယ် ကောင်းကြောင်း၊


(ဃ)    မိမိတို့အနေဖြင့် ဆွေးနွေးသူများ၏ အသံနှင့် တောင်းဆိုချက်များကို ရှင်းလင်း ကျယ်လောင်စွာ ကြားသိရပါကြောင်း၊


(င)     အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား ပဋိပက္ခများနှင့်ဆက်စပ်သည့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခံရခြင်းမှ အချိန်မီထိရောက်စွာ အကာအကွယ်ပေး ရန်မှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ တာဝန်ပင်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေဖြင့် ယင်းတွင်ရှိသည့် အထောက်အကူပြုလုပ်ငန်းစဉ် လုပ်ပိုင်ခွင့်များ များစွာကို အသုံးပြု၍ အဆိုပါအမျိုးသမီး မိန်းကလေးများကို ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း၊


(စ)     မြန်မာနိုင်ငံအနေဖြင့် CRSV နှင့် အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် မည်သည့် နေရာ အခင်းအကျင်း၊ မည်သည့်သို့ အခြေအနေတွင်မဆို ကျူးလွန်သည့် အကြမ်းဖက်မှု အားလုံးကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း၊


(ဆ)    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံတွင် တရားမဝင်စစ်အာဏာသိမ်းမှု ဖြစ်ပေါ် ခဲ့ချိန်မှစတင်၍ အာဏာသိမ်းစစ်တပ်အနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ ပို၍မြင်သာလာခဲ့ပြီး စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့ကြောင်း၊


(ဇ)     မတရားစစ်အာဏာသိမ်းထားသည့် ကာလတစ်လျှောက်တွင် အမျိုးသမီးများနှင့် လူငယ်များအနေဖြင့် အာဏာသိမ်းစစ်တပ်အား ခုခံတွန်းလှန်သည့် တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်လျက်ရှိသောကြောင့် စစ်တပ်၏ ပစ်မှတ်ထားခြင်းကို ခံနေရကြောင်း၊


(ဈ)     စစ်တပ်အနေဖြင့် ဆယ်စုနှစ်များစွာတိုင် အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက်တစ်ခုသဖွယ် အသုံးချလျက်ရှိကြောင်း၊ ယခုအခါ အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်သူများသည် စစ်တပ်မှ ကျူးလွန်လျက်ရှိသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အခြားသော အကြမ်းဖက်မှု ပုံစံအမျိုးမျိုးကြောင့် စိုးရိမ်ရမည့်အန္တရာယ်များကို ယခင်ကထက် ဆိုးရွားစွာ ရင်ဆိုင်နေရကြောင်း၊


(ည)    အာဏာသိမ်းစစ်တပ်အနေဖြင့် CRSV ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ရန် အတွက်မျှသာ လက်နက်များ လက်ဝယ်ပိုင်ဆိုင်ထားခြင်းဖြစ်သည်ကို မိမိတို့ မျက်မြင် ကိုယ်တွေ့ပင် ဖြစ်ပါကြောင်း၊


(ဋ)     စစ်တပ်၏ CRSV နှင့် ဆိုးရွားသော ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်မှုများအပေါ် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ကောင်းစွာ မှတ်တမ်းပြုထားကြောင်း၊ ထို့ကြောင့် မိမိထပ်မံမပြောကြားတော့ပါကြောင်း၊


(ဌ)     စစ်တပ်၏ အမျိုးအမည်စုံလင်ကွဲပြားသော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ပြည်သူ များအနေဖြင့် မြောက်များစွာသော ဒုက္ခများကို ရင်ဆိုင်နေရကြောင်း၊ ပြည်သူ ၂.၈ သန်း ကျော်မှာ ပြည်တွင်းနေရပ်စွန့်ခွာသူများဖြစ်နေရပြီး ၁၉ သန်းခန့်သော ပြည်သူများအနေ ဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို လိုအပ်နေကြောင်း၊ ၈၅,၀၀၀ ကျော်သော ပြည်သူ့အိုးအိမ်များမှာ မီးရှို့ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းခံခဲ့ရကြောင်း၊


(ဍ)     ယင်း ဒုက္ခဆင်းရဲများအပြင် စစ်တပ်၏ တရားမဝင်သော အဓမ္မစစ်သားစုဆောင်းရေး ကြောင့် ပြည်သူများ၏ ဒုက္ခမှာ အဆမတန် တိုးပွားလျက်ရှိကြောင်း၊ အဆိုပါ မတရား အဓမ္မစစ်သား စုဆောင်းမှုအား ရှောင်တိမ်းနိုင်ရန် မိန်းကလေးငယ်များ အပါအဝင် လူငယ်အများစုမှာ ပုန်းခိုနေရခြင်း၊ နိုင်ငံအတွင်းက ထွက်ပြေးနေရခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊


(ဎ)     သို့ဖြစ်ရာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပြုကျင့်မှုခံရခြင်းမှ ကာကွယ်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲကာ ပြည်သူများနှင့်အတူ အားထုတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရန် အတူတကွ လုပ်ဆောင်လျက်ရှိကြောင်း၊


(ဏ)   အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို ယခုနှစ်မတ်လအတွင်းက ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေနှင့် နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေတို့အား လေးစားလိုက်နာရန်၊ အဆိုပါဥပဒေများအား ချိုးဖောက်သူများကို တည်ဆဲဥပဒေများအရ ကြီးလေးသောပြစ်ဒဏ် ကျသင့်စေရန်နှင့် အရပ်သားပြည်သူ မည်သူတစ်ဦး တစ်ယောက်ကိုမဆို ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းအရ စော်ကားခြင်း မပြုရန် စသည့် အချက်များလည်း ပါဝင်ကြောင်း၊ ယင်းစစ်ဘက်ဆိုင်ရာ ကျင့်ဝတ်အား မြေပြင်ရှိ တပ်ဖွဲ့များထံ ဆက်သွယ်ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊


(တ)    အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စိန်ခေါ်မှုများနှင့် ကန့်သတ်ချက်များ ရှိနေသည့် အကြားမှ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့်တွဲဖက်၍ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရခြင်းမှ ကာကွယ်ပေးနိုင်ရန် အကောင်းမွန်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊


(ထ)    သို့ဖြစ်ပါ၍ ဤနေရာတွင် နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများအား အောက်ပါအချက်များကို ထပ်လောင်း တောင်းဆို လိုပါကြောင်း -


(၁)     တရားမဝင် အာဏာသိမ်းစစ်တပ်ထံသို့ ငွေကြေး၊ လက်နက်နှင့် တရားမှုများ ဖြတ်တောက်ပေးရန်၊

(၂)      လူသားချင်းစာနာထောက်ထားမှု အကူအညီများကို နယ်စပ်မှတဆင့် ထောက်ပံ့သည့် လမ်းကြောင်းအပါအဝင် အခြားသော ရရာလမ်းကြောင်းများ အသုံးပြုကာ ရေရှည်တည်တံ့၍ ကြိုတင်မှန်းဆနိုင်သည့် နည်းလမ်းများဖြင့် လိုအပ်နေသူများထံ တိုက်ရိုက်ထောက်ပံ့ပေးရန်၊

(၃)     မိမိတို့အား ထိရောက်သော နိုင်ငံရေး၊ သံတမန်ရေးနှင့် ငွေကြေးထောက်ပံ့မှုများဖြင့် ပံ့ပိုးကူညီပေးရန်၊

(၄)     စစ်အာဏာရှင်ကျဆုံးရေးအတွက် လိုအပ်သည့် စွမ်းဆောင်ရည်များ မြှင့်တင်ပေးရန်နှင့်

(၅)     မြန်မာနိုင်ငံအရေးကိစ္စအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းခြင်းဖြင့် စစ်တပ်မှ ခံစားခွင့်ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အပြီးတိုင်ချုပ်ငြိမ်း ပေးရန်၊


(ဒ)     စစ်တပ်မှ ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် အခြားသော ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခြင်း ခံထားရသည့် နစ်နာသူများအတွက် တရား မျှတမှု ဖော်ဆောင်ပေးရေးက အလွန်အရေးပါကြောင်း၊ ပြစ်မှုကျူးလွန်သူများကို တရားနည်းလမ်းတကျ မဖြစ်မနေတာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် လိုအပ်ပြီး ၎င်းတို့ ခံစားခွင့်ရရှိနေသည့် ပြစ်ဒဏ် ကင်းလွတ်ခွင့်ကို အပြီးတိုင် ရပ်တန့်ရမည်ဖြစ်ကြောင်း၊


(ဓ)     ဤနည်းအားဖြင့် အလားတူရက်စက်ကြမ်းကြုတ်မှုများနှင့် ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တစ်ကျော့ပြန်ဖြစ်ပွားခြင်းကို တားဆီးကာကွယ်နိုင်မည်ဖြစ်ကြောင်း။


၄။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၄ ခုနှစ်၊ ဧပြီလ  ၂၆  ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against the delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at

Open Debate on “Women, Peace and Security: Preventing conflict-related sexual violence through demilitarization and gender-responsive arms control” at the United Nations Security Council


(New York, 26 April 2024)


Madam President,


I thank the Presidency of Malta for organizing this annual open debate on preventing conflict related sexual violence (CRSV) with specific focus on demilitarization and gender-responsive armed control.


I also appreciate all briefers for their comprehensive insights.


Convening of this annual open debate comes at a timely moment when women and girls are continuously endangered by gender-based violence in the form of sexual violence, particularly in various conflict settings.


Increase of CRSV across the world is alarming.


We heard loud and clear of the appeal by the briefers. It is the member states’ responsibility to protect women and girls from CRSV by taking effective action in a timely manner. In this regard, the UNSC can play a pivotal role by using all available tools to protect them.


Madam President,


Myanmar unequivocally condemns CRSV and all forms of violence against women and girls at anywhere under any circumstance.


Since the illegal military coup in Myanmar in February 2021, the military junta’s atrocities and serious violation of human rights including CRSV against innocent civilians are more visible, more systematic, more coordinated and more extensive.


Women and youth have been targeted by the military junta throughout the illegal coup because of their active participation in the revolution against the military junta.


For so many decades, the Myanmar military has been known for using rape as a weapon of war. Now, women human rights defenders are facing greater risk of all forms of violence, particularly the use of sexual violence as a tactic of war by the military junta.


Before our very own eyes, Myanmar military’s possession of weaponry has only proven its ambition to commit CRSV, massacres, crimes against humanity and war crimes against the civilians.


The military junta’s atrocities and CRSV are well documented by the UN and other international organizations. So, I will not repeat here.


Due to the military junta’s various atrocities, the people have faced numerous sufferings. Over 2.8 million people became internally displaced. Almost 19 million people are in need of humanitarian assistance. Over 85,000 homes have been burnt down or destroyed.


Those sufferings were exacerbated further by the military junta’s recent unlawful forced conscription. To avoid forced conscription, many youth including girls are hiding and fleeing from the country.


Madam President,


The National Unity Government together with Ethnic Resistance Organizations and the people of Myanmar have put our utmost efforts to protect women and girls and prevent them from CRSV. We all are working together to the end military dictatorship and build a federal democratic union.


The NUG issued the Military Code of Conduct for People’s Defence Forces in March this year. It includes among others, People’s Defence Forces shall respect international humanitarian law (IHL) and international human rights law (IHRL); Violators shall be seriously charged in accordance with the existing laws; shall not physically, mentally and sexually assault any civilian. Such code of conduct is communicated to the forces on the ground.


Madam President,


In conclusion, the National Unity Government together with EROs and CSOs are trying its best to prevent women and girls from CRSV despite various challenges and limitations. But we still need effective support from the international community and the member states to protect our women and girls.


Therefore, we repeatedly appeal to the international community especially the UNSC member states as follows:


1)    To cut flows of money, weapons and legitimacy to the military junta,

2)    To provide humanitarian aid directly to those in need through all available channels, including cross-border aid in a sustainable and predictable manner,

3)    To provide us effective political, diplomatic, and financial support,

4)    To help us build our capability to end military dictatorship, and

5)    To end impunity of the military forces by referring the Myanmar situation to ICC.


It is also critically important to bring justice to the victims of the military junta’s atrocities including CRSV. We must bring these perpetrators accountable through justice. Their enjoyment of blanket impunity must end.


By doing so, it will help prevent from recurrence of such atrocities and CRSV.


I thank you.  

 


*****









bottom of page