top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at the General Discussion of the Fifty-seventh Session of the Commission on Population and Development


Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the General Discussion of the Fifty-seventh Session of the Commission on Population and Development, held on 2 May 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာကော်မရှင်၏ (၅၇) ကြိမ်မြောက် အစည်းအဝေး၏ အထွေထွေဆွေးနွေးခြင်း အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက

စစ်တပ်မတရားအာဏာသိမ်းမှုကြောင့် လူငယ်များ၏ အနာဂတ်မျော်လင့်ချက်များ ရိုက်ချိုးခံခဲ့ရ၊ လူငယ်များအတွက် မျှော်လင့်ချက်များ ပြန်လည်ရရှိရန် မိမိတို့ အတူတကွ လက်တွဲဆောင်ရွက်သွားရမည်ဖြစ်၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက် နေသည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ခိုင်မာထိရောက်စွာ ပံ့ပိုးကူညီခြင်းဖြင့် လူငယ်များနှင့် ၎င်းတို့၏ အနာဂတ်ကို ကာကွယ်ကြပေးရန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းလိုကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်)


၁။        နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် စီးပွားရေးနှင့် လူမှုရေးကောင်စီအောက်ရှိ လူဦးရေနှင့် ဖွံ့ဖြိုးမှု ဆိုင်ရာကော်မရှင်၏ (၅၇) ကြိမ်မြောက်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၉-၄-၂၀၂၄ ရက်နေ့မှ ၃-၅-၂၀၂၄ ရက်နေ့အထိ (၅) ရက်တာ ကျင်းပပြုလုပ်လျက်ရှိပြီး “Assessing the status of implementation of the Programme of Action of the International Conference on Population and Development and its contribution to the follow-up and review of the 2030 Agenda for Sustainable Development during the decade of action and delivery for sustainable development” ခေါင်းစဉ်ဖြင့် ဆွေးနွေးလျက်ရှိပါသည်။


၂။         ယင်းအစည်းအဝေးများအနက် ၂-၅-၂၀၂၄ ရက်နေ့ တွင် ကျင်းပပြုလုပ်သည့် အထွေထွေဆွေးနွေးခြင်း အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင် တက်ရောက်၍ ဆွေးနွေးခဲ့ပါသည်။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ ဆွေးနွေးမှုတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-


(က)     လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာနိုင်ငံတကာညီလာခံ (International Conference on Population and Development –ICPD) ၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှုတွင်  ကဏ္ဍအသီးသီး၌ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံများကို ချီးကျူးဂုဏ်ပြုပါကြောင်း၊


(ခ)       အဖွဲ့ဝင်နိုင်ငံများ၏ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်မှုဆိုင်ရာ တိုးတက်မှုများအပေါ် ဝမ်းမြောက်ရမည်ဖြစ်သော်လည်း အထူးအခြေအနေများ၌ရှိသည့်နိုင်ငံများ၊ ဝင်ငွေနည်းနိုင်ငံများ နှင့် ပဋိပက္ခဖြစ်နေသည့်နိုင်ငံများ၏ မညီမျှသည့် တိုးတက်မှုအခြေအနေများကိုလည်း အသိ အမှတ်ပြုရန်လိုပြီး၊ ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းများတွင် ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊


(ဂ)       လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် တိုက်ရိုက်ဆက်စပ်နေပြီး ယင်းကဏ္ဍတို့၏ တိုးတက်မှု သည် အခြားကဏ္ဍ၏ တိုးတက်မှုများကို ထောက်ပံ့ပေါင်းကူးပေးနိုင်ကြောင်း၊


(ဃ)     မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်က မတရားအာဏာသိမ်းမှုရန် ကြိုးပမ်းပြီးသည့်နောက် ဤ ကဏ္ဍနှစ်ခုစလုံးတွင် ဆိုးရွားလာကြောင့်၊ သို့ဖြစ်၍ ICPD ၏ လုပ်ငန်းစဉ်များအနက် အောက်ပါ ကဏ္ဍများကို အလေးပေးဖော်ပြလိုကြောင်း၊


(င)       "လူဦးရေ၊ စဉ်ဆက်မပြတ်စီးပွားရေးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု" (အခန်း ၃၊ အပိုင်း (ခ)) ကဏ္ဍ နှင့်စပ်လျဉ်း၍ UNDP ၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက် နီးပါးသည် တစ်ရက်လျှင် ၁၅၉၀ ကျပ်နှုန်း သတ်မှတ်ထားသည့် နိုင်ငံဆင်းရဲမွဲတေမှုမျဉ်း အောက်တွင် ရောက်ရှိရှင်သန်နေကြရကြောင်း၊ ဤပမာဏသည် ယနေ့ဈေးကွက်အတွင်းရှိ ငွေလဲနှုန်းအရ အမေရိကန်ဒေါ်လာ ၀.၄၀ ခန့် နှင့် ညီမျှကြောင်း၊ လူဦးရေ၏ နောက်ထပ် ၂၅ ရာခိုင်နှုန်းသည် ဆင်းရဲမွဲတေမှုမျဉ်း၏ အထက် ချည်တစ်မျှင်စာသာ ခြားတော့ကြောင်း၊ ဤသည်မှာ လူလတ်တန်းစားပျောက်ကွယ်မည့်အခြေအနေကို ညွှန်းပြနေခြင်းဖြစ်ကြောင်း၊


(စ)        “ကျား၊ မ တန်းတူညီမျှမှု၊ ညီမျှမှုနှင့် အမျိုးသမီးများ၏ လုပ်ပိုင်ခွင့်ပိုမိုရရှိမှု” (အခန်း ၄) ကဏ္ဍနှင့် စပ်လျဉ်း၍ တရားမ၀င်စစ်အာဏာသိမ်းမှုသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ကျူးလွန်သည့် ကျား၊ မ ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ စစ်တပ်နှင့် ယင်းလက်အောက်ခံအဖွဲ့များသည် လူ့အခွင့်အရေး ကာကွယ်ခြင်းနှင့် လူထုလှုပ်ရှားမှုဆောင်ရွက်ခြင်းများကို ဖိနှိပ်ရန်အတွက် အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား online နှင့် offline (၂) မျိုးလုံး အသုံးပြု၍ ကျူးလွန်လျက်ရှိကြောင်း၊


(ဆ)     “မျိုးဆက်ပွားအခွင့်အရေးနှင့် မျိုးဆက်ပွားကျန်းမာရေး” (အခန်း ၇) ကဏ္ဍနှင့်စပ်လျဉ်း၍ စစ်တပ် ၏ အရပ်ဘက်ပြည်သူများအပေါ် ခွဲခြားမှုမရှိ အလွန်အကျူးအင်အားသုံး တိုက်ခိုက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများအပြင် စစ်တပ်သည် ဆေးရုံ၊ ဆေးခန်းများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ ကျန်းမာရေးစနစ်များ ပြိုလဲသွားခြင်းကြောင့် အမျိုးသမီးများနှင့် မိန်းကလေး ငယ်များအတွက် လိင်နှင့် မျိုးဆက်ပွားကျန်းမာရေး (SRH) ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် ပိုမိုခက်ခဲလာကြကြောင်း၊ အထူးသဖြင့် စစ်ဘေးရှောင်ဒုက္ခသည်စခန်းများရှိ စစ်ဘေးရှောင် အမျိုးသမီးများနှင့် ပဋိပက္ခဒေသတွင်ရှိသည့် အမျိုးသမီးများအတွက် ပိုမိုခက်ခဲလျက်ရှိကြောင်း၊ ဤသို့သော အခြေအနေမျိုးတွင်ပင် မြန်မာနိုင်ငံအမျိုးသမီးများအတွက် SRH ဝန်ဆောင်မှု ရရှိရန် ကူညီဆောင်ရွက်ပေးလျက်ရှိသော UNFPA ကို ကျေးဇူးတင်ရှိကြောင်း၊

 

(ဇ)       “အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းသွားလာခြင်း” (အခန်း ၁၀) ကဏ္ဍနှင့်စပ်လျဉ်း၍ စစ်တပ်က ပြည်သူလူထုအပေါ် ခွဲခြားမှုမရှိသည့် တိုက်ခိုက်မှုများကြောင့် အိမ်နီးချင်းနိုင်ငံများသို့ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းထွက်ပြေးကြရကြောင်း၊ ဤသို့ ထွက်ပြေးရခြင်းကြောင့် အိမ်နီးချင်း နိုင်ငံများအပေါ် ရိုက်ခတ်မှုရှိကြောင်း၊ ထို့အပြင် စစ်တပ်၏ ဥပဒေမဲ့ အဓမ္မစစ်သား စုဆောင်းမှုသည် လူငယ်များကို ခိုအောင်းရန် သို့မဟုတ် မြန်မာနိုင်ငံမှ ထွက်ပြေးရန် တွန်းပို့ လျက်ရှိကြောင်း၊ မြန်မာလူဦးရေ၏ ၃၀ ရာခိုင်နှုန်းနီးပါးသည် ကလေးသူငယ်များ ဖြစ်ကြောင်း၊ စစ်တပ်မတရားအာဏာသိမ်းမှုကြောင့် လူငယ်များ၏ အနာဂတ်မျော်လင့်ချက်များ ရိုက်ချိုးခံခဲ့ရ ကြောင်း၊ လူငယ်များအတွက် မျှော်လင့်ချက်များ ပြန်လည်ရရှိရန် မိမိတို့ အတူတကွ လက်တွဲ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊


(ဈ)      “လူဦးရေ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပညာရေး” (အခန်း ၁၁) ကဏ္ဍနှင့်စပ်လျဉ်း၍ စစ်အာဏာရှင်များ သည် ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်ကို လွန်ကဲစွာချိုးဖောက်လျက်ရှိကြောင်း၊  စစ်တပ်က စာသင်ကျောင်းများနှင့် သင်ကြားရေး စင်တာများကို လေကြောင်းမှ ပြင်းထန်စွာ တိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် မြန်မာကလေးငယ်အချို့သည် ဗုံးခို ကျင်းများနှင့် ယာယီရွက်ဖျင်တဲများတွင် ပညာသင်ကြားနေကြရကြောင်း၊ ပညာရေးသည် နိုင်ငံ တစ်နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကသော့ချက်ပင် ဖြစ်ပါကြောင်း၊


(ည)     ဤစိန်ခေါ်မှုအခြေအနေအောက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ ပြည်သူများအား အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုများကို ဝန်ဆောင်ပေးနိုင်ရန်အတွက် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ နှင့် သက်ဆိုင်သူများအားလုံး နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း၊ စိန်ခေါ်မှုများစွာ ရှိသော်လည်း NUG သည် အချို့ဧရိယာများတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ပြန်လည် ဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းများအပြင် အရေးပေါ် အသက်ကယ်မှုဆိုင်ရာသင်တန်းများနှင့် စိတ်ဒဏ်ရာပြုစုစောင့်ရှောက်မှုသင်တန်းများ ကိုပါ ပြုလုပ်ဆောင်ရွက်ပေးကြောင်း၊


(ဋ)       အလယ်တန်းကျောင်းသားလူငယ်အချို့ အပါအဝင် လူငယ်များ၏ တိုက်တွန်းချက်များနှင့် ကတိကဝတ်များ ပါဝင်သည့်  ဗီဒီယိုကလစ်များကို မိမိ မကြာမီ က လက်ခံရရှိခဲ့ကြောင်း၊ ၎င်းတို့ ပြောကြားချက်များကို တက်ရောက်လာသည့် ကိုယ်စားလှယ်များကို အသိပေးလိုကြောင်း၊​ အဋ္ဌမတန်း ကျောင်းသူလေး ၏ ပြောကြားချက်တွင် ၎င်းအနေဖြင့် စစ်တပ်၏ အဓမ္မစစ်သား စုဆောင်းမှုခံရမည်ကို စိုးရိမ်ရသည့်အတွက် လွတ်မြောက်နယ်မြေသို့ ထွက်ပြေးခဲ့ရကြောင်း၊ စစ်အာဏာရှင်ကို တော်လှန်ရာတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဟု ပြော ကြားထားကြောင်း၊


(ဌ)       ထိုမိန်းကလေးငယ်လေး စိတ်ထားကဲ့သို့ လူငယ်ပေါင်းများစွာ မြန်မာနိုင်ငံတွင် ရှိနေကြောင်း၊ အဆိုပါလူငယ်များ၏ သတ္တိနှင့် ကတိကဝတ်ကို ချီးကျူးပါကြောင်း၊ သို့သော် ၎င်းတို့သည် အလွန်ငယ်ရွယ်နုနယ်သေးကြပြီး အခြားနိုင်ငံရှိ လူငယ်များကဲ့သို့ စာသင်ခန်းထဲတွင် ရှိနေ သင့်ကြကြောင်း၊


(ဍ)       ထို့ကြောင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများကို ခိုင်မာထိရောက်စွာ ပံ့ပိုးကူညီခြင်းဖြင့် လူငယ်များနှင့် ၎င်းတို့၏ အနာဂတ်ကို ကာကွယ်ကြပေးရန် အစည်းအဝေး တက်ရောက်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းလိုကြောင်း၊​


၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ ဆွေးနွေးချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ် ပါသည်။

 

၂၀၂၄ ခုနှစ်၊ မေလ ၂  ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the

Republic of the Union of Myanmar to the United Nations at the General Discussion of the Fifty-seventh Session of the Commission on Population and Development


(New York, 2 May 2024)


Madam Chair,


I wish to begin by thanking you and the Bureau for your hard work during the negotiation and the current session of the Commission.


As we mark the thirtieth anniversary of the ICPD, Myanmar welcomes the timely priority theme to assess the status of implementation of the Programme of Action (PoA). In this regard, I wish to congratulate those Member states that have made measurable progress on certain areas of the PoA.


Taking this opportunity, I thank the Executive Director of UNFPA and her team for their hard work and necessary support to the member states.


While appreciating the progress on implementation of PoA in many member states,  we must remain cognizant of the uneven progress of countries in special situations, low-income countries and countries undergoing conflict, and take appropriate actions for the further implementation of the PoA.


Madam Chair,


The principles of the ICPD PoA reaffirm that human beings are at the center of concerns for sustainable development, and everyone has the right to life, liberty, security of person as well as the right to development. Ensuring the rights of individuals is the foundation to people-centered development, improving the quality of life for all and future generations. Against this backdrop, I echoed the DSG’s statement on upholding the dignity of all people and supporting rights-based approaches in our population and development policies.


Population and development are intrinsically linked and progress in any of the two areas can catalyze improvements in the other.


Unfortunately, in my country, Myanmar, both aspects of the ICPD PoA have been deteriorating since the attempted military coup in 2021. In the interest of time, allow me to focus on the following Chapters of the PoA.


“Population, Sustained Economic Growth and Poverty” (Chapter III, Section B): UNDP reported that in 2023, nearly half of the population was living below the national poverty line of 1590 Kyats a day. It is according to today’s market exchange rate an equivalence of US dollar 0.40. An additional 25 percent of the population were hanging by a thread, just above the poverty line, indicating a disappearing middle class.


“Gender Equality, Equity and Empowerment of Women” (Chapter IV): the illegal military coup has exacerbated gender-based discrimination, violence and human rights violations perpetrated against women and girls. The military and its affiliates  have used physical and sexual violence against women, both online and offline, to suppress those defending human rights and participating in the resistance movement.


“Reproductive Rights and Reproductive Health”(Chapter VII): in addition to its disproportionate attacks and atrocities against the civilians, the military junta’s targeted attacks on clinics, hospitals and the subsequent collapse of the health system have made it harder for women and girls to access sexual and reproductive health (SRH) services, particularly for those in IDP camps and conflict-affected areas. We thank the UNFPA for facilitating access to SRH for Myanmar women in these challenging times.


“International Migration”(Chapter X): the military’s indiscriminate attacks against the population has caused the spillover effect of mass migration to our neighboring countries. In addition, the military’s unlawful forced conscription has pushed some young people into hiding or fleeing from the country. Nearly 30 percent of our population are young people. Because of the illegal coup, many young people lost their future. We have to work together to bring hope back to our young people.


“Population, Development and Education”(Chapter XI):the military junta has essentially deprived children of their rights to education. Some children in Myanmar are learning in bunkers and make-shift camps due to the military’s escalated aerial attacks and shelling of schools and learning centers. Education is the key for the development of a nation.


Under this challenging circumstance, the National Unity Government (NUG) is taking an inclusive, collaborative approach with EROs and all relevant stakeholders to provide basic health care, education and humanitarian services to people across Myanmar. Despite many challenges, the NUG has resumed routine immunizations in some areas, provided disaster management training as well as lifesaving aids and trauma care.

 

Madam Chair,


Before concluding, I wish to inform you and distinguished delegates of appeal and commitment made by some young people from Myanmar. Recently I received recorded video of personal appeal by young people including middle shool students. In her message, the grade-8 student said that she was worried to be forcefully recruited by the military junta under the junta’s forced conscription. Then, she fled to a liberated area. She stated that she will participate whatever role that she can in the revolution against the military junta.


There are so many young people like her in our country, Myanmar.


I solute them for their courage and commitment.


However, they are very young and they should be in classes like young people in other countries.


As such, I wish to appeal to you all and the international community to protect these young people and their future by strongly and effectively supporting the National Unity Government and the Ethnic Resistance Organizations in their efforts for ending the military dictatorship and building a federal democratic union.


I thank you.


 

*****










bottom of page