top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at Agenda Item 14: Culture of Peace at the Plenary Meeting of the 78th session of the UN General Assembly


Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at Agenda Item 14: Culture of Peace at the Plenary Meeting of the 78th session of the UN General Assembly, held on 2 May 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေး၏  ငြိမ်းချမ်းရေး ယဉ်ကျေးမှုခေါင်းစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲသော အနာဂတ်အတွက် အကြီးမားဆုံး၊ အနီးကပ်ဆုံးသော အတားအဆီးသည် စစ်အာဏာရှင်စနစ်ပင်ဖြစ်၊ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ယဉ်ကျေးမှုကို တည်ဆောက်ရန် ရှင်းလင်းပြတ်သားသော လမ်းကြောင်းမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုသည့် လမ်းကြောင်းသာဖြစ်ကြောင်း ပြောကြားခဲ့

 

(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်)


၁။       နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် (၇၈) ကြိမ်မြောက် အထွေထွေညီလာခံ၏ (၇၆) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် ငြိမ်းချမ်းရေးယဉ်ကျေးမှု (Culture of Peace) ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုကို ၂-၅-၂၀၂၄ ရက် (ကြာသာပတေးနေ့)၊ နံနက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်၍ မိန့်ခွန်းပြောကြား ခဲ့ပါသည်။


၂။       အဆိုပါအစည်းအဝေးတွင် Follow-up to the Declaration and Programme of Action on a Culture of Peace ခေါင်းစဉ်ဖြင့် အဆိုမူကြမ်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဦးဆောင်တင်သွင်းခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း (၃၀) နိုင်ငံမှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့ကြပါသည်။


၃။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက် များ ပါဝင်ပါသည်-


(က)    ယခုခေါင်းစဉ်နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂအတွင်းအရေးမှူးချုပ်၏ အစီအရင်ခံစာကို ကျေးဇူးတင်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးယဉ်ကျေးမှုကို ပံ့ပိုးရန် ဘာသာရေးတခုနှင့် တခုအကြား၊ ယဉ်ကျေးမှုတခုနှင့် တခုအကြား ဆွေးနွေးမှုများအပေါ် ပူးပေါင်းဆောင်ရွက် မှုများကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် UNAOC နှင့် UNESCO တို့၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဆိုမူကြမ်း A/78/L.57 ကို ပူးတွဲအဆိုရှင်အဖြစ် ပါဝင်ခဲ့ပါကြောင်း၊


(ခ)     ယခုနှစ်သည် ငြိမ်းချမ်းရေးယဉ်ကျေးမှုကြေညာစာတမ်းနှင့် လုပ်ငန်းအစီအစဉ်ကို ချမှတ်ခဲ့ သည့် (၂၅) နှစ်မြောက် အထိမ်းအမှတ်နှစ် ဖြစ်ပါကြောင်း၊ ပထဝီနိုင်ငံ‌ရေး အားပြိုင်မှုများ၊ ကာလကြာညောင်းစွာ ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ၊ အနုမြူလက်နက်စွဲကိုင် ခြိမ်းခြောက် အသာစီးရယူမှုများနှင့် စစ်အာဏာသိမ်းမှုများဖြင့် ယနေ့ခေတ် ကမ္ဘာသည် ညီညွတ်မှုမရှိ  ကွဲပြားမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဆုတ်ယုတ်နေသော ငြိမ်းချမ်းရေးနှင့် လုံခြုံရေးပတ်ဝန်းကျင်နှင့် ထိရောက်မှုရှိသော အရေးယူဆောင်ရွက်ချက်များ ကင်းမဲ့နေခြင်းတို့ကြောင့် မိမိတို့၏ နိုင်ငံပေါင်းစုံ အဖွဲ့အစည်းအပေါ် အယုံအကြည်ကင်းမဲ့မှုများ တိုးပွားလျက်ရှိကြောင်း၊


(ဂ)     မကြာမီကျင်းပမည့် Summit of the Future သည် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုနှင့် နိုင်ငံပေါင်းစုံစနစ်များအပေါ်ထားရှိသည့် အများပြည်သူ၏ ယုံကြည်မှုကို ပြန်လည် တည်ဆောက်ရန်နှင့် ငြိမ်းချမ်းရေးရရှိရန် မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများကို နှစ်ဆတိုးမြှင့် လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ကြောင်း၊


(ဃ)    သံတမန်ရေးရာ ဆောင်ရွက်ချက်များအား နိုင်ငံတကာနှင့် ဒေသတွင်းအဆင့်တို့တွင် အားဖြည့်နိုင်ရန် အမျိုးသားရေးအဆင့်တွင် ကြိုတင်ကာကွယ်ခြင်းကို လိုအပ်မည်ဖြစ် ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ငြိမ်းချမ်းရေးအစီအစဉ်အသစ် (New Agenda for Peace) အစီရင်ခံစာက  ထပ်လောင်းအတည်ပြုထားပါကြောင်း၊ တရားဥပဒေစိုးမိုး ရေး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် တရားမျှတပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် အဖွဲ့အစည်းများရှိမှသာလျှင် ကြိုတင်ကာကွယ်ခြင်းကို အလေးထား လုပ်ဆောင်နိုင်မည်ဟု ရှုမြင်ပါကြောင်း၊


(င)     မိမိတို့မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အတွင်း စစ်တပ်၏ မတရားစစ်အာဏာသိမ်းကြိုးပမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ဤကဲ့သို့သော ငြိမ်းချမ်းရေးအတွက် အခြေခံကျလှသည့် မူသဘောထားများမှာ လုံးဝဥဿုံ ဖျက်စီးခြင်းခံလိုက်ရသည်မှာ ဝမ်းနည်းစရာကောင်း ပါကြောင်း၊ လူပေါင်း ၅,၀၀၀ ခန့်အနေဖြင့် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပြီး၊ လူအယောက် ၂၆,၀၀၀ ကျော်မှာ စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံထားရကြောင်း၊  စစ်သား၊ အရပ်သား ပစ်မှတ်ခွဲခြားမှုမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ၊  လေကြောင်းမှ တိုက်ခိုက်မှုများနှင့် အရပ်သား လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများကြောင့် လူပေါင်း ၂.၈ သန်းကျော် ပြည်တွင်း၌ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်နေသည့် လူဦးရေပေါင်း ၁၈.၆ သန်းကျော် ရှိပါကြောင်း၊


(စ)     စစ်အာဏာရှင်များသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်သဖွယ်အသုံးပြုကာ ဟန့်တားနှောက်ယှက်လျက်ရှိပါကြောင်း၊ မြန်မာစစ်တပ်က မြန်မာပြည်သူလူထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများမှာ စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်များ မြောက်ပါကြောင်း၊


(ဆ)    အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအပါအဝင် တရားမဝင်စီးပွားရေး ပျံ့နှံ့လာမှုများသည် တရားဥပဒေစိုးမိုးမှုပျက်ပြားမှုနှင့် အကျင့်ပျက်ခြစားမှု ကြီးထွားလာမှု ၏ ထင်ရှားသော လက္ခဏာအချို့ ဖြစ်ပါကြောင်း၊ ပြည်သူများမှာလည်း ဆင်းရဲတွင်း နက်သည်ထက်နက်လာကြပြီး၊ နိုင်ငံ့လူဦးရေ၏ ထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေမှုဒဏ် ကို ခံစားနေရပါကြောင်း၊ စစ်တပ်၏ အတင်းအဓမ္မ စစ်သားစုဆောင်းရေးကလည်း အဆိုပါ အခြေအနေကို ပိုမိုဆိုးရွားစေပါကြောင်း၊ လူငယ်အချို့အနေဖြင့် ထိုသို့သော အတင်းအဓမ္မ စစ်မှုထမ်းစေခြင်းမှ ရှောင်ရှားနိုင်ရန် ပုန်းရှောင်မှု၊ နိုင်ငံတွင်းမှ ထွက်ပြေးနေရမှုများ ရှိနေပါကြောင်း၊


(ဇ)     ဤနေရာတွင် မိမိတို့၏လူငယ်များ၏ တောင်းဆိုမှုနှင့် ကတိစကားများကို အသိပေးလို ပါကြောင်း၊ မိမိအနေဖြင့် အလယ်တန်းကျောင်းသားကလေးငယ်များ အပါအဝင် လူငယ်များတောင်းဆိုနေကြသည့် ဗီဒီယိုဖိုင်ကို မကြာသေးမီက လက်ခံရရှိခဲ့ပါကြောင်း၊  အဋ္ဌမတန်းအရွယ် ကျောင်းသူလေး၏ ပြောကြားချက်တွင် သူမအနေဖြင့် စစ်တပ်၏ အတင်းအကျပ် စစ်သားအဖြစ် စုဆောင်းခံရမည်ကို စိုးရိမ်လျက်ရှိကြောင်း၊ ထို့နောက် သူမသည် လွတ်မြောက်နယ်မြေသို့ ထွက်ပြေးခဲ့ကြောင်း၊ စစ်အာဏာရှင်ကို တော်လှန်ရာ၌ ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါကြောင်း၊


(ဈ)     မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးယဉ်ကျေးမှုကို ထိန်းသိမ်းရာတွင် အဓိကကျသော လက်ရှိနှင့် အနာဂတ်လူငယ်များ၏ ပါဝင်ပံ့ပိုးဆောင်ရွက်မှုများကို ဝမ်းနည်းကြေကွဲစွာဖြင့် ဆုံးရှုံးနေရ ကြောင်း၊ မိမိတို့ ဖြတ်သန်းခဲ့သည့် ပြီးခဲ့သော (၃) နှစ် တာကာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များကို ကြည့်မည်ဆိုပါက အကြမ်းဖက်စစ်တပ်အား စစ်ရေးအရသော်လည်း ကောင်း၊ ငွေကြေးအရသော်လည်းကောင်း ထောက်ပံ့ပေးခြင်းသည် အပြစ်မဲ့ပြည်သူများ အား ပိုမိုသတ်ဖြတ်ရန်နှင့် လူငယ်များ၏ အနာဂတ်အား ပိုမိုဖျက်ဆီးရန် အားပေးခြင်း ဖြစ်သည်ကို ခိုင်လုံစွာ သက်သေထူနေပါကြောင်း၊ ထို့ကြောင့် စစ်အာဏာရှင်များအပေါ် ထောက်ပံ့နေမှုများကို ချက်ချင်းရပ်တန့်ရန် မိမိအနေဖြင့် နိုင်ငံများအား တိုက်တွန်းလို ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် အပြစ်မဲ့ပြည်သူများ၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မည်ဖြစ်ပါကြောင်း၊

 

(ည)    မိမိတို့၏ ယခင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှ သင်ခန်းစာများစွာ သင်ယူနိုင်ခဲ့သော် လည်း အလားအလာရှိသော အနာဂတ်နှင့်အတူ ငြိမ်းချမ်းရေးလမ်းပြမြေပုံသည်လည်း မြန်မာနိုင်ငံတွင် ဆက်လက်ရှိနေပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ တွင် မြန်မာနိုင်ငံ၏ အနာဂတ်အစီအစဉ်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီ၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခြေခံမူများကို စံထားလိုက်နာမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ် ထူထောင်နိုင်ရန် မျှော်မှန်းထားပါကြောင်း၊


(ဋ)     အရေးကြီးသောအချက်မှာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်နိုင်ခြင်း မရှိဘဲ ငြိမ်းချမ်းရေးယဉ်ကျေးမှုအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးခြင်း သို့မဟုတ် မိမိတို့နိုင်ငံ၏ အကျပ်အတည်းအတွက် ရေရှည်တည်တံ့သော အဖြေကို ရှာဖွေနိုင်ခြင်းရှိမည်ဟု မယူဆပါကြောင်း၊ ထို့အပြင် အရေးအကြီးဆုံးအချက်မှာ စစ်အာဏာရှင်များ ခံစားခွင့်ရှိနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာအား အပြီးတိုင် ချုပ်ငြိမ်းရန် လိုအပ်ပါကြောင်း၊ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအား အရေးယူခံရခြင်းမှ ကင်းလွတ်နေသည့် ယဉ်ကျေးမှုနှင့် ငြိမ်းချမ်းရေးယဉ်ကျေးမှုသည် ယဉ်တွဲ တည်ရှိနေနိုင်မည် မဟုတ်ပါကြောင်း၊ တစ်နည်းအားဖြင့် စစ်အာဏာရှင်စနစ်နှင့် ထာဝရငြိမ်းချမ်းရေးသည် မြန်မာနိုင်ငံတွင် သဟဇာတဖြစ်နိုင်မည် မဟုတ်ပါကြောင်း၊


(ဌ)     ငြိမ်းချမ်းရေးယဉ်ကျေးမှုအား ဖော်ဆောင်နိုင်ရန် ပဋိပက္ခကို ဆက်လက်ကြာရှည်စေသည့် အကြောင်းအရာများကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်မှုအပေါ် အခြေခံရမည် ဖြစ်ကြောင်း Our Common Agenda (မိမိတို့၏ ဘုံအစီအစဉ်) တွင်လည်း ဖော်ပြထားကြောင်း၊


(ဍ)     မြန်မာနိုင်ငံ၌ ဆယ်စုနှစ်များစွာအတွင်း ကြုံတွေ့ခဲ့ရသည့် စနစ်တကျ စေ့ဆော်မှုရှိသော အကြမ်းဖက်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများ၊ လူမျိုးရေးပဋိပက္ခများနှင့် လူမျိုးရေး မကျေချမ်းမှုများ၏ ပင်မအရင်းခံအကြောင်းတရားမှာ စစ်တပ်ပင်ဖြစ်သည်ကို  မြန်မာပြည်သူများက တပြေးညီ နားလည်ထားကြပါကြောင်း၊  မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲသော အနာဂတ်အတွက် အကြီးမားဆုံး၊ အနီးကပ်ဆုံးသော အတားအဆီး သည် စစ်အာဏာရှင်စနစ်ပင် ဖြစ်သည်မှာ လွန်စွာထင်ရှားပါကြောင်း၊


(ဎ)     နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ၏အသံကို အလေးအနက် အာရုံစိုက်ပြီး မြန်မာပြည်တွင်းဖြစ်၊ ပြည်သူကိုဗဟိုပြုသည့် အောက်ခြေမှအစပြုလာသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို အားပေးထောက်ခံရမည် ဖြစ်ပါကြောင်း၊  နိုင်ငံတကာ အသိုက်အဝန်း၏ ပံ့ပိုးမှုများနှင့် ကူညီအားဖြည့်မှုများသည် မြန်မာပြည်သူတို့၏ စစ်မှန်သောဆန္ဒအပေါ်တွင်သာ အခြေခံဖို့လိုပါကြောင်း၊  နိုင်ငံတကာအသိုက်အဝန်း၏ ဤသို့ထိရောက်သော ပံ့ပိုးကူညီမှုသည် လူများစွာ၏ အသက်များကို ကယ်တင်ပြီး၊ ပြောမပြနိုင်လောက်သည့်  အဖြစ်ဆိုးများနှင့် ရင်ဆိုင်နေရသည့် ပြည်သူများကို သက်သာရာရစေမည်ဖြစ်ပါကြောင်း၊


(ဏ)   ထို့ကြောင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးယဉ်ကျေးမှုကို တည်ဆောက်ရန် ကျွန်ုပ်တို့၏ ရှင်းလင်းပြတ်သားသော လမ်းကြောင်းမှာ စစ်အာဏာရှင် စနစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ဆိုသည့် လမ်းကြောင်းသာ ဖြစ်သည်ကို မိမိအနေဖြင့်  ထပ်လောင်းပြောကြားလိုပါကြောင်း။


၄။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၄ ခုနှစ်၊ မေလ၂ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the

Republic of the Union of Myanmar to the United Nations

Agenda Item 14: Culture of Peace at the Plenary Meeting of the

78th session of the UN General Assembly


(New York, 2 May 2024)


Mr. President,


I wish to express our appreciation to the Secretary-General for his comprehensive report under this agenda item. Myanmar acknowledges the efforts undertaken by the UNAOC and UNESCO in promoting interreligious and intercultural dialogue and cooperation to promote the culture of peace.


Myanmar aligns itself with the statement delivered by Brunei Darussalam on behalf of ASEAN.


Myanmar cosponsored the draft resolution A/78/L.57.


Mr. President,


This year marks the 25th anniversary of the adoption of the Declaration and Programme of Action on a Culture of Peace.


The multipolar world remains divided with geopolitical competition, protracted conflicts and violence, nuclear rhetorics, and military coups. The deteriorating peace and security environment and lack of effective action are making a growing public mistrust in our multilateral institutions.


Against this backdrop, the upcoming Summit of the Future offers a great opportunity to rebuild public trust in the global governance and the multilateral system and redouble our efforts towards achieving peace.

 

Mr. President,


The Secretary-General’s report on “New Agenda for Peace” reaffirms that in order to complement diplomatic action at the international and regional level, a focus on prevention at the national level is essential to sustaining peace.


We are of the view that a focus on prevention is only possible if the rule of law, protection of human rights, just and accountable institutions prevail.


Sadly, in my country, Myanmar, these central tenets of peace are totally dismantled following the attempted military coup in 2021. Nearly 5,000 people have been brutally killed and over 26,000 have been arbitrarily arrested by the military junta. Indiscriminate shelling, aerial attacks and burning and destroying homes by the military junta have forced over 2.8 million people internally displaced, and 18.6 million people in need of humanitarian assistance.


The military junta continues to weaponize aid and hinder humanitarian access.


Atrocities committed by the military junta against the people are amounting to war crimes and crimes against humanity.


The proliferation of illicit economy, including online scam, drug and human trafficking is some of the prominent symptoms of the breakdown of rule of law and growing corruption.


The poverty levels are also deepening with nearly half of the population living below the national poverty line. These sufferings have been further exacerbated by the military’s unlawful forced conscription. Some young people are hiding or fleeing the country to avoid the forced conscription.


Here, I wish to inform you of the appeal and commitment made by our young people. Recently I received recorded video of personal appeal of young people including middle shool students. In her statement, the grade-8 student said that she was worried to be forcefully recruited by the military junta under the junta’s forced conscription. Then, she fled to a liberated area. She stated that she will participate whatever role that she can in the revolution against the military junta.


We are sadly losing the contributions and potential of our young people, who are integral to maintaining culture of peace for the present and future generations.


Events we went through last three years proved that supporting the junta militarily or financially will enable the junta to kill more people and to destroy the young people’s future further. Therefore, I urge the countries to stop such support to the military junta now. It will save so many innocent lives.


Mr. President,


Although many lessons can be learned from our previous peace process, a clear roadmap of peace with a promising future lies ahead in Myanmar.


The National Unity Government (NUG) and key ethnic resistance organizations issued a joint statement on 31 January 2024 laying out a plan for the future of Myanmar. We envision the establishment of a federal democratic union that upholds the principles of democracy, equality and self-determination.


The important fact is that without transitional justice, we do not think that we can create an environment for culture of peace or find a sustainable solution for our crisis.


Importantly, we need to end the culture of impunity enjoyed by the military junta. The culture of impunity and the culture of peace cannot simply coexist. In other words, the military dictatorship and lasting peace are incompatible in Myanmar.


Mr. President,


In conclusion, “Our Common Agenda” outlined that a culture of peace must be based on a better understanding of the underlying drivers that sustain conflict.


The people of Myanmar have an unequivocal understanding that the military is the primary cause of systemic campaigns of violence, atrocities, intercommunal conflicts and ethnic grievances over many decades. Clearly, the biggest and immediate obstacle to the sustainable future of Myanmar is the military dictatorship.


The international community must pay close attention to the people’s voices and support the homegrown, people-centered and bottom-up process of cultivating peace in Myanmar. Support and reinforcement from the international community should be based on the genuine aspirations of our people. The international community’s effective support towards the people will definitely save many lives and alleviate the people from unspeakable tragedy.


Therefore, I wish to reiterate that the eradicating the military dictatorship and building a federal democratic union are our clear road towards building sustainable culture of peace in Myanmar.


I thank you.

 


*****









 


bottom of page