top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun under Agenda Item 17:Financing for Development at 2C(77th UNGA)




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations under Agenda Item 17: Follow-up to and Implementation of the Outcomes of the International Conferences on Financing for Development at the Second Committee of the 77th session of the United Nations General Assembly, held on 6 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ၏ ဘာသာရပ်အစီအစဉ် (၁၇) အောက်ရှိ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေဆိုင်ရာ ညီလာခံများ၏ ရလဒ်များ အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်သည့် အစည်းအဝေး၌ လက်ရှိဖြစ်ပေါ်နေသော မြန်မာ့စီးပွားရေးအခြေအနေများနှင့် အာဏာသိမ်းမှုနောက်ဆက်တွဲ ဘက်ပေါင်းစုံပျက်စီးမှုများသည် အာဏာသိမ်းစစ်တပ်မှ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းလုံးဝမရှိခြင်းကို မီးမောင်းထိုးပြနေကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်)


၁။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး) ၏ ဘာသာရပ်အစီအစဉ် (၁၇)အောက်ရှိ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေဆိုင်ရာ ညီလာခံများ၏ ရလဒ်များ အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်သည့် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


၂။ အဆိုပါအစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) COVID-19 ကပ်ရောဂါ၏ အကျိုးဆက်များ၊ ရာသီဥတုပြောင်းလဲမှု၊ ငတ်မွတ်မှုနှင့် အာဟာရ ချို့တဲ့မှု၊ စစ်ပွဲနှင့် ပဋိပက္ခများ၊ စီးပွားရေးအကျပ်အတည်းများသည် လူသားအားလုံး၏ ဂုဏ်သိက္ခာ၊ ကျန်းမာရေးနှင့် ရှင်သန်မှုတို့ကို အတူတကွ ခြိမ်းခြောက်နေကြောင်း၊ ယခုကဲ့သို့ ကြီးမားသော စိန်ခေါ်မှုများ ကြောင့် နိုင်ငံများစွာ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သက္ကရာဇ် ၂၀၃၀ တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ အောင်မြင်မှုရရှိရန် မျှော်မှန်းချက်သည် တုံ့ဆိုင်းသွားခဲ့ရကြောင်း၊


(ခ) သာလွန်သော ဘဝနေထိုင်မှုများနှင့် အားလုံးအတွက် တန်းတူညီမျှအခွင့်အရေးများရှိသော ပိုမို ကောင်းမွန်သောကမ္ဘာကို မိမိတို့ မျှော်မှန်းထားပြီး ဤမျှော်မှန်းချက်ကို လက်တွေ့အကောင်အထည် ဖော်နိုင်ရေး အဓိကသော့ချက်မှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် ဖြစ်ပါကြောင်း၊


(ဂ) ဖွံ့ဖြိုးရေးဘဏ္ဍာငွေသည် ငွေကြေးအရင်းအနှီး မလုံလောက်မှုကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု များနှင့် နေ့စဉ်နှင့်အမျှဆုံးရှုံးနစ်နာမှုများ ခံစားနေကြရသော မရေမတွက်နိုင်သော သန်းပေါင်းများစွာသော ဘဝများကို ကယ်တင်ပေးသည်ဟု ရှုမြင်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေဆိုင်ရာ နိုင်ငံတကာ ညီလာခံများသည် ၂၀၃၀ အာဂျင်ဒါ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုအနေဖြင့် ရေရှည်တည်တံ့သော ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာလုံးဆိုင်ရာမူဘောင်တစ်ခုဖြစ်စေရေး ပံ့ပိုးကူညီရန် Addis Ababa Action Agenda ကို ပေါ်ပေါက်စေခဲ့ပါကြောင်း၊


(ဃ) ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအနေဖြင့် COVID - 19 ကပ်ရောဂါနှင့် ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးကျပ်တည်းမှုများမှ ကြံ့ကြံ့ခံပြီး ရေရှည်ပြန်လည်ထူထောင်နိုင်ရေးအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်များ၏ မူဝါဒများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်မှာ လုံလောက်သောငွေဖြစ်လွယ်မှု၊ ကြွေးမြီသက်သာမှု၊ တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) ကတိကဝတ် များနှင့် ဘဏ္ဍာရေးနေရာရရှိမှုတို့အပြင် မျှတသောဘဏ္ဍာရေးစနစ်နှင့် သာတူညီမျှသော နိုင်ငံစုံကုန်သွယ်မှု စနစ်တို့ လိုအပ်ပါကြောင်း၊


(င) ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲမှုမှတဆင့် အများပြည်သူအားလုံး ကောင်းကျိုးချမ်းသာရရှိနိုင်ရန် ပြည်သူ့အကျိုးစီးပွားနှင့် ပြည်သူ့ဆန္ဒကို အဓိကထားရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှု အားကောင်းလာသည်နှင့်အမျှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရန် အခွင့်အလမ်း များ ပိုမိုရရှိလာမည်ဟု ယုံကြည်ပါကြောင်း၊


(စ) မြန်မာနိုင်ငံတွင် ရွေးကောက်ခံအရပ်သားအစိုးရသည် ၂၀၁၆ ခုနှစ်တွင် အစိုးရတာဝန်စတင်ယူပြီး နောက် ပြည်တွင်းပဋိပက္ခများဖြေရှင်းမှုများနှင့်အတူ စီးပွားရေးကဏ္ဍအတွက် ခိုင်မာသောအခြေခံ အုတ်မြစ်ကို ပံ့ပိုးပေးခဲ့ကြောင်း၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေးကဏ္ဍများ ထွန်းကားစပြုလာခြင်း၊ ကုန်သွယ်မှုလိုငွေ ကွာဟချက် လျော့ကျခြင်း၊ တည်ငြိမ်သော နိုင်ငံခြားငွေလဲလှယ်နှုန်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများအတွက် ပွင့်လင်းမြင်သာသော စီးပွားရေးမူဝါဒများသည် အရပ်သားအစိုးရလက်ထက် သိသာထင်ရှားသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းများ ဖြစ်ပါကြောင်း၊


(ဆ) အရပ်သားအစိုးရသည် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးရေး စီမံကိန်းများ အပါအဝင် ပြည်သူများ၏ လူမှုစီးပွားဘဝ သာယာဝပြောရေးကို ရှေးရှုသော ကြီးမားသည့်စက်မှုဇုန် စီမံကိန်းများကိုလည်း စတင်ဆောင်ရွက်နိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်တွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဆင့်သို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ (ECOSOC) ၏ ၂၀၁၈ ခုနှစ် ထုတ်ပြန်ချက်အရ ယင်းအဆင့်မှ လွတ်မြောက်နိုင်သည့် အရည်အချင်း သတ်မှတ်ချက်သုံးခုစလုံးနှင့် ပထမဆုံးအကြိမ် ပြည့်မီခဲ့ကြောင်း၊


(ဇ) အရပ်သားအစိုးရသည် COVID-19 ကပ်ရောဂါကာလဖြစ်နေသော်လည်း နိုင်ငံတကာလုပ်ငန်းရှင် များနှင့် ထိတွေ့ဆက်ဆံ၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လွယ်ကူချောမွေ့စေရန် ဦးစားပေးဆောင်ရွက်ခဲ့ခြင်း ကြောင့် ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP)နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တည်ငြိမ်စေကာ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျာထားချက်၏ ၉၈ % သို့ ရောက်ရှိစေခဲ့ပြီး စီးပွားရေးအရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊


(ဈ) ရွေးကောက်ခံအရပ်သားအစိုးရလက်ထက် အောင်မြင်မှုများအားလုံးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တရားမ၀င်စစ်အာဏာသိမ်းမှုက ပျက်ပြားသွားစေခဲ့ပြီး ထိုအချိန်မှစ၍ မြန်မာပြည်သူများသည် မကြုံဖူးသော အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေရကြောင်း၊


(ည) ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာ့စီးပွားရေးတိုးတက်မှုသည် ၂၀၂၁ ခုနှစ်တွင် ၁၈% ကျဆင်း သွားခဲ့ကြောင်း၊ မြန်မာငွေကြေးသည် သိသိသာသာတန်ဖိုး လျော့ကျသွားခဲ့ပြီး ကုန်ဈေးနှုန်းများ တဟုန်ထိုး တက်လာကြောင်း၊ ယင်းအချက်များက အထူးသဖြင့် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုနှင့်အတူ လူမှု-စီးပွားကပ်ဆိုက်မှုများဆီသို့ ဦးတည်စေခဲ့ကြောင်း၊ လက်ရှိတွင် နိုင်ငံတွင်းရှိ စုစုပေါင်း လူဦးရေ၏ ၄၀ ရာခိုင်နှုန်း ကျော်သည် ဆင်းရဲမွဲတေမှုမျဉ်းအောက်၌ ကျရောက်လျက်ရှိကြောင်း၊


(ဋ) လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးအခြေအနေများနှင့် အာဏာသိမ်းမှုနောက်ဆက်တွဲ ဘက်ပေါင်းစုံ ပျက်စီးမှုများသည် အာဏာသိမ်းစစ်တပ်မှ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းလုံးဝမရှိခြင်းကို မီးမောင်းထိုးပြ နေကြောင်း၊ စစ်တပ်သည် ကိုယ်ကျိုးအတွက် အာဏာသိမ်းရန်နှင့် အာဏာရယူလိုစိတ်အတွက် နောင်တ မရှိဘဲ မိမိပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်ရန်သာ ဆန္ဒရှိကြောင်း၊


(ဌ) ပြည်သူများမလိုလားသော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားရုံမှတပါး မိမိတို့နိုင်ငံ၏ အကျပ် အတည်းကို ဖြေရှင်းရန် အခြားနည်းလမ်းမရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် လုံးဝ ပပျောက်ပြီး ဒီမိုကရေစီပြန်လည်ထူထောင်နိုင်မှသာလျှင် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်စေရေး အတွက် ပြည်သူ့အကျိုးစီးပွားကို ရှေးရှုသော စီးပွားရေးနှင့် ဘဏ္ဍာရေးမူဝါဒများကို နိုင်ငံတကာမှ ဘဏ္ဍာငွေထောက်ပံ့မှုနှင့် ချေးငွေအကူအညီဖြင့် အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ပြည့်စုံစေရန် ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊


(ဍ) မြန်မာပြည်သူပြည်သားများသည် မည်မျှပင်ပေးဆပ်ရသည်ဖြစ်စေ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရန်နှင့် ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရန်အတွက် ပြတ်ပြတ်သားသား ဖြစ်နေကြကြောင်း၊


(ဎ) မြန်မာပြည်သူပြည်သားများ၏ တရားဝင်မှုရှိပြီး သင့်လျော်သည့်ဆန္ဒကို အချိန်နှင့်တပြေးညီ အောင်မြင်စွာအကောင်အထည်ဖော်ရန် နိုင်ငံတကာအသိုက်အဝန်းသည် အရေးပါပြီး ထိရောက်သော အခန်းကဏ္ဍမှ ပါဝင်နိုင်ပြီး ပါဝင်မှဖြစ်မည်ဆိုသည်ကို လေးလေးနက်နက် ပြောကြားလိုကြောင်းနှင့် မြန်မာပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့ကျသော ပံ့ပိုးကူညီမှုများပေးရန် နိုင်ငံတကာ အသိုက်အဝန်းအား တိုက်တွန်းအပ်ပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ တင်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Statement by Ambassador Kyaw Moe Tun, Permanent Representative of the

Republic of the Union of Myanmar to the United Nations

under Agenda Item 17: Follow-up to and Implementation of the Outcomes of the International Conferences on Financing for Development at the Second Committee of the77thsession of the United Nations General Assembly

(New York, 6 October 2022)


Madam Chair,


Myanmar aligns itself with the statements delivered on behalf of the ASEASN, the LDCs, and the Group of 77 and China, respectively.


We thank the Secretary General for his comprehensive report under this Agenda item.


Madam Chair,


The repercussions of the COVID-19 pandemic, climate change, hunger and malnutrition, war and conflicts, and economic crises are together a threat the dignity, health and survival of all. Due to these immense challenges before us, the achievement of the Sustainable Development Goals by year 2030 has stagnated in many countries, most especially developing countries.


We envision a better world with higher quality lives and equal opportunities for all. A better world is a developed place where inequalities and the violations of human rights are eliminated, where children can grow without fear of the devastating consequences of war.


The key to making this vision a reality is the successful implementation of the Sustainable Development Goals.


Madam Chair,


We are of the view that financing for development saves countless millions of lives from suffering daily deprivations and human rights violations due to insufficient financial resources. International conferences on financing for development have produced the Addis Ababa Action Agenda of Third International Conference on Financing for Development, among othres, to support a global framework for sustainable financial development as an important part of the 2030 Agenda.


In order to successfully implement policies of sustainable development for a resilient and sustainable recovery from the economic shocks caused by the COVID - 19 pandemic and conflicts, the least developed countries require a fair financial system and an equitable multilateral trading system in addition to ensuring adequate liquidity, debt relief, official development assistance (ODA) commitments and availability of fiscal space. People's welfare and the people’s will must be prioritized to achieve prosperity for all through the reform of global financial governance. We sincerely believe that as the reform becomes stronger, the LDCs will have more opportunities to achieve the Sustainable Development Goals better.


Madam Chair,


In Myanmar, the elected civilian government provided a solid foundation for the economic sector along with internal conflict resolutions in the country after taking office in 2016. A flourishing banking and financial sector, a decreasing trade deficit gap, a stable foreign exchange rate, and transparent economic policies for both domestic and foreign investment were prominent indicators of economic development under this elected government.


The civilian government also initiated vast industrial zone projects ordered towards the public’s well-being including solar power projects.


Furthermore, according to the March 2018 report by the Committee on Development Policy (CDP) of the United Nations Economic and Social Council (ECOSOC), Myanmar met all three criteria to be graduated from LDCs status for the first time since it was included in LDC group in 1987. Despite the COVID-19 pandemic, Myanmar reached 98 percent of its foreign investment target for the 2019-20 fiscal year because this civilian, responsible government prioritized engaging with international entrepreneurs and facilitating investment operations, which stabilized the country’s GDP, foreign investments and maintained the economic momentum.


All these achievements made by our elected civilian government were overturned by the illegal military coup in Myanmar on 1 February 2021. Our people have had to face new and different hardships since then. According to the World Bank, the economy of Myanmar has contracted by a staggering 18% contraction in 2021. The currency has lost significant value. Food prices have skyrocketed. These have led to wide socio-economic distress, along with a scarcity of job opportunities for our people, especially for young people. Now over 40 percent of the population are living below the national poverty line. Current detrimental economic conditions and the multidimensional ruins of the coup highlight the absolute inability of the military to govern the country. They desire only to seize power for its own sake, and to kill their own people brutally and without remorse in the desire for power.


There is no other way to solve our country's crisis except by ending this unwanted military dictatorship. Only if the military dictatorship is completely eliminated and democracy is restored in the land of Myanmar can economic and financial policies ordered towards the public interest be established and implemented with international financing for development and loan assistance for the improvement of people's socio-economic life. Only then will my country be able to continue towards the fulfillment of the Sustainable Development Goals.


To conclude, Madam Chair, the people of Myanmar are resolute, whatever cost there will be, to end the military dictatorship and restore democracy in Myanmar. I wish to stress that the international community can and must play an important and effective role to realize this legitimate and proper desire of the Myanmar people in a successful and timely manner. Accordingly I strongly urge the international community to provide comprehensive and practical support to the Myanmar people.


I thank you.



*****










bottom of page