top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun under Agenda Item 17 at 2C of 78th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, under Agenda Item 17: Follow-up to and Implementation of the Outcomes of the International Conferences on Financing for Development at the Second Committee of the 78th session of the United Nations General Assembly, held on 5 October 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ၏ ဘာသာရပ်အစီအစဉ် (၁၇) အောက်ရှိ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေဆိုင်ရာ ညီလာခံများ၏ ရလဒ်များ အကောင်အထည် ဖော်ခြင်းနှင့် ပတ်သက်သည့် အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ မြန်မာနိုင်ငံအပေါ် ပေးအပ်မည့် အကူအညီအားလုံးသည် လိုအပ်နေသော ပြည်သူများအားလုံးထံသို့ ရောက်ရှိရေး သေခြာမှုရှိစေရန် လက်ရှိအခြေအနေအရ အရေးကြီးသကဲ့သို့ ယင်း ပံ့ပိုးကူညီမှု မှန်သမျှသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသည့် အကူအညီများ မဖြစ်ရန် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်)


၁။ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး) ၏ ဘာသာရပ်အစီအစဉ် (၁၇)အောက်ရှိ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေဆိုင်ရာ ညီလာခံများ၏ ရလဒ်များ အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်သည့် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


၂။ အဆိုပါအစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိကပါဝင်ပါသည်-


(က) ယနေ့ခေတ်တွင် အမျိုးမျိုးသောအကျပ်အတည်းများ ပေါ်ပေါက်လာခြင်းသည် ကမ္ဘာကြီးအပေါ် သက်ရောက်မှုများစွာ ရှိကြောင်း၊ ရာသီဥတုအကျပ်အတည်း၊ COVID-19 ကပ် ရောဂါ၊ ပဋိပက္ခများကြီးထွားလာခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း၊ စားနပ်ရိက္ခာ မလုံလောက်မှုပြဿနာ၊ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်မှုတိုးလာခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ အောင်မြင်ရေးကို အဟန့်အတားဖြစ်စေပြီး အဆင်းရဲဆုံးနှင့် ထိခိုက်လွယ်သော လူအုပ်စုကို ဆိုးရွားစွာ ထိခိုက်စေခဲ့ကြောင်း၊


(ခ) ကမ္ဘာလုံးဆိုင်ရာအရေးပေါ် အခြေအနေများကြောင့် နိုင်ငံများသည် ၎င်းတို့၏ ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်များကို အာရုံစိုက်လုပ်ဆောင်နိုင်ရန် ဘဏ္ဍာရေးဆိုင်ရာ လုပ်ဆောင် နိုင်မှု အခြေအနေများ ပိုမိုလိုအပ်လာစေ‌ကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှု တည်တံ့နေခြင်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (SDGs) ဆိုင်ရာ ဘဏ္ဍာငွေထောက်ပံ့မှုအပေါ် သက်ရောက်မှုရှိပြီး ၎င်းတို့ကို အကောင်အထည် ဖော်ရာတွင် သိသာထင်ရှားသော အတားအဆီးတစ်ခု အဖြစ်သက်သေပြနေကြောင်း၊


(ဂ) စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDGs) အကောင်အထည်ဖော်မှုသည် လမ်းတစ်ဝက်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဘဏ္ဍာငွေလိုအပ်ချက်များ များပြားလာသည် နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘဏ္ဍာငွေသည် SDGs များအောင်မြင်ရန် အရေးကြီး သည့်အရာ ဖြစ်သကဲ့သို့ အားနည်းချက်များကို လျှော့ချရာတွင် အရေးပါသည့် ဖွဲ့စည်းပုံဆိုင်ရာ စီးပွားရေးအသွင်ကူးပြောင်းမှု အတွက်လည်း အသက်သွေးကြောဖြစ်ပါကြောင်း၊


(ဃ) တတိယအကြိမ် ဖွံ့ဖြိုးတိုးတက်ရေးဘဏ္ဍာငွေဆိုင်ရာ နိုင်ငံတကာညီလာခံ၏ ရလဒ် ဖြစ်သော Addis Ababa Action Agenda သည် 2030 Agenda ၏ မရှိမဖြစ် အစိတ်အပိုင်း တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်မှုကိုပံ့ပိုးပေးရန်အတွက် ခိုင်မာသော အစီအမံများကို ယူ‌ဆောင်လာကြောင်း၊


(င) COVID-19 နှင့် ပဋိပက္ခများကြောင့်ဖြစ်ပေါ်လာသော စီးပွားရေးအခက်အခဲများမှ ခံနိုင်ရည် ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲသော ပြန်လည်ထူထောင်ရေးကို ရရှိရန်အတွက် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများတွင် မျှတသောဘဏ္ဍာရေးစနစ်နှင့် မျှတသော ဘက်စုံကုန်သွယ်မှု စနစ်တို့လိုအပ်ပါကြောင်း၊ ယင်းတို့တွင် လုံလောက်သောငွေဖြစ်လွယ်မှု၊ ကြွေးမြီ သက်သာမှု၊ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ (ODA) ကတိကဝတ်များနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ဆောင်နိုင်သည့်အခြေအနေများပါဝင်ရန် အရေးကြီးကြောင်း၊


(စ) မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ရွေးကောက်ခံ အရပ်သားအစိုးရ၏ အုပ်ချုပ်မှုကာလအတွင်း တိုင်းပြည်အတွက် ခိုင်မာသော စီးပွားရေးအခြေခံ အုတ်မြစ်ကို ထူထောင်ရာတွင် သိသိသာသာ တိုးတက်အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊


(ဆ) သို့သော်လည်း တရားမဝင်စစ်အာဏာသိမ်းမှု၊ စစ်အာဏာရှင်တို့၏ ဆိုးရွားရက်စက် ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြီးခဲ့သည့် ၃၁ လ ကျော် ကာလအတွင်း တိုးတက်မှုများ လုံးဝပျက်သုဉ်းသွားခဲ့ကြောင်း၊


(ဇ) ယင်းကြောင့် လူပေါင်း ၂ သန်း နီးပါးသည် အိုးအိမ်မဲ့ဖြစ်နေကြရပြီး လူပေါင်း ၁၈ သန်း ကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ လူဦးရေ၏ ထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေမှု မျဉ်းအောက်တွင် နေထိုင်လျက်ရှိကြောင်း၊


(ဈ) ဤဆိုးရွားသည့် အခြေအနေတွင် မြန်မာနိုင်ငံသည် SDGs နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များကို အချိန်မီ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ မြန်မာပြည်သူများအနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၏ ဘဏ္ဍာရေးဆိုင်ရာ အကူအညီအပါအဝင် ခိုင်မာသောပံ့ပိုးကူညီမှုများ ရရှိရန်လိုအပ်နေကြောင်း၊


(ည) လက်ရှိအခြေအနေအရ မြန်မာနိုင်ငံအပေါ် ပေးအပ်မည့် အကူအညီအားလုံးသည် လိုအပ်နေသော ပြည်သူများအားလုံးထံသို့ ရောက်ရှိရေး သေခြာမှုရှိစေရန် အရေးကြီး ကြောင်း၊ ယင်းသို့ အကူအညီပေးရာတွင် မည်သည်တစ်ဦးတစ်ယောက်မျှ ချန်လှပ် ထားခြင်းမရှိဘဲ၊ ပွင့်လင်းမြင်သာမှု ရှိရမည်ဆိုသည့်မူနှင့် အညီဖြစ်ရန် လိုကြောင်း၊ ကုလသမဂ္ဂအပါအဝင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ မိတ်ဖက်များအားလုံးသည် မြန်မာနိုင်ငံရှိ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အဓိကသက်ဆိုင်သူများအားလုံးနှင့် လက်တွဲလုပ်ဆောင်ရန် အရေးကြီးကြောင်း၊


(ဋ) အဘယ့်ကြောင့်ဆိုသော် စစ်အာဏာရှင်များသည် တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိသလို နိုင်ငံ့စီးပွားရေးကို စီမံခန့်ခွဲနိုင်စွမ်းလည်းမရှိကြောင်း၊ ထို့ပြင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်ခြင်းမရှိသည်မှာလည်း ရှင်းနေပါကြောင်း၊


(ဌ) မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ ပံ့ပိုးကူညီမှုမှန်သမျှသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသည့် အကူအညီများ မဖြစ်ရန် အလွန်အရေးကြီးကြောင်း၊


(ဍ) စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခမျိုးစုံမှ မြန်မာပြည်သူပြည်သားများ လွတ်မြောက်စေရန်အတွက် လုပ်ဆောင်နိုင်မည့် နည်းလမ်းမှာ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်း၍ ဒီမိုကရေစီကို ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ရမည် နည်းလမ်းသာ ဖြစ်ကြောင်း၊ ဤသည်မှာ မြန်မာအမျိုးသားတစ်ရပ်လုံး၏ အနာဂတ်အတွက် မြန်မာ ပြည်သူများ ၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊


(ဎ) မြန်မာပြည်သူများ၏ ဆုံးဖြတ်ချက်များ အောင်မြင်ရန်ကြိုးပမ်းရာတွင် ပြည်သူများအပေါ် ထိရောက် ပြီး ခိုင်မာသော ပံ့ပိုးကူညီမှုများပေးရန် ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းပါကြောင်း။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့




Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the

Republic of the Union of Myanmar to the United Nations

under Agenda Item 17: Follow-up to and Implementation of the Outcomes of the International Conferences on Financing for Development at the Second Committee of the 78th session of the United Nations General Assembly


(New York, 5 October 2023)


Mr. Chair,


Myanmar aligns itself with the statements delivered on behalf of the ASEAN, the LDCs, and the Group of 77 and China, respectively.


We thank the Secretary General for his comprehensive report under this Agenda item.


Mr. Chair,


Nowadays, the occurrence of various crises and shocks has had a profound impact on the world. The convergence of climate crisis, the COVID-19 pandemic, growing conflicts, environmental degradation, higher food insecurity, worsening poverty, increased levels of hunger, and the challenging financial situation have hampered the progress toward achieving sustainable development goals and adversely affected the most deprived and vulnerable populations.


The global emergencies have resulted in countries needing more fiscal space to focus on their development agendas. The persistence of a constrained fiscal space is impacting financing of the Sustainable Development Goals (SDGs) and is proving to be a significant hindrance in achieving them.


Mr. Chair,


As sustainable development goals (SDGs) implementation reaches the halfway mark and financing needs continue to grow, financing for development is an important bloodline for achieving the SDGs as well as structural economic transformation, which is critical to reducing vulnerability.


We share the view that the Addis Ababa Action Agenda of the Third International Conference on Financing for Development provides concrete plans for supporting development as an essential part of the 2030 Agenda.


Therefore, to achieve a resilient and sustainable recovery from economic shocks caused by COVID-19 and conflicts, the least developed countries need a fair financial system and a fair multilateral trading system. It is important to ensure that they have sufficient liquidity, debt relief, official development assistance (ODA) commitments, and fiscal space.


Mr. Chair,


In my country Myanmar, during its administration from 2016- January 2021, the elected civilian government had made significant strides in establishing a solid economic foundation for the country. Accordingly substantial progress were achieved.


However, the progress have been completely overturned last over 31 months due to the illegal military coup and the military junta’s grievous atrocities and gross violation of human rights.


As a result, nearly 2 million people are internally displaced; over 18 million people are in need of humanitarian assistance; almost half of the population are living under the national poverty line.


Under this worsening situation, sadly, Myanmar will not achieve the SDGs and development targets in time. Therefore the people of Myanmar need assistance including financial assistance and strong support from the international community.


Due to prevailing circumstance, it is important to make sure that all assistance reaches to all people in need in conformity with the principle of no one left behind and transparency. In this regard, it is essential for all humanitarian and development partners including UN to work with all relevant key stakeholders including the National Unity Government in Myanmar.


Why I am saying so, because the military junta is not capable of governing the country or managing the economy and it is not capable of delivering durable peace and stability.


It is paramount important that any support from the international community to Myanmar must not prolong the military dictatorship.


To alleviate the people of Myanmar from various sufferings caused by the military junta’s atrocities, we have to end the military dictatorship, restore democracy and build a federal democratic union. These are the people’s resolution for the future of the nation.


Therefore we urge the UN and fellow member states to extend their effective and strong support to the people of Myanmar in our endeavours to achieving this resolution.


I thank you.



*****










bottom of page