top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun under Agenda Item 110: Report of Secretary-General on the Work of Organization at Plenary Meeting of the 78th session of UN General Assembly





Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, under Agenda Item 110: Report of the Secretary-General on the Work of the Organization at the Plenary Meeting of the 78th session of the UN General Assembly, held on 7 February 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ Work of the Organization အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးသည့် အထွေထွေညီလာခံအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံအရေးကိစ္စအတွက် လုပ်ငန်းစဉ်များ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရာတွင် မြန်မာပြည်သူများ၏ ဘဝများ အသုံးချခံ စတေးခံ မဖြစ်သင့်၊ ယင်းအစား မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန်နှင့် ပြည်သူများ ကြိုးပမ်းဆောင်ရွက်နေသည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက်ကို ဉီးတည်သည့် ပံ့ပိုးကူညီမှုမျိုးသာဖြစ်သင့်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်)


၁။       (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ (၅၄) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးကို ၇-၂-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့) တွင် ကျင်းပခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ၎င်း၏ Work of the Organization အစီရင်ခံစာနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအား ရှင်းလင်းတင်ပြခဲ့ရာ အဆိုပါအစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်၍ မိန့်ခွန်းပါဝင် ပြောကြားခဲ့ပါသည်။


၂။       အမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါ သည်-


(က)    ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အား ကုလသမဂ္ဂစနစ်အတွက် အဓိက မဏ္ဍိုင် (၃) ရပ် အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ယင်းမဏ္ဍိုင်များသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား ကုလသမဂ္ဂ အဖွဲ့အစည်းအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများအတွက် လမ်းညွှန်ပြသပေးသည့် စည်းမျဉ်းမူဝါဒအဖြစ် တည်ရှိကြောင်း၊ မိမိတို့အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဆိုပါစည်းမျဉ်း မူဝါဒများကို ကာကွယ်မြှင့်တင်ပေးရမည့် တာဝန်ရှိပါကြောင်း၊


(ခ)     မိမိတို့အကြားတွင် ကွဲပြားခြားနားမှုများနှင့် စိန်ခေါ်မှုများ မည်မျှပင် ရှိနေစေကာမူ ပြီးခဲ့သည့် နှစ်များအတွင်းက ရလဒ်ကောင်းအချို့ ရရှိခဲ့ကြောင်း၊


(ဂ)     ယင်းသို့ ရလဒ်ကောင်းများရရှိခြင်းမှာ ကုလသမဂ္ဂစနစ်တွင် ပြည်သူကို ဦးတည်၍ ပြည်သူကို ဗဟိုပြုသည့် ချဉ်းကပ်မှုများကို စုဖွဲ့ဖော်ဆောင်ခြင်းကြောင့်ဖြစ်ကြောင်း၊ အဆိုပါ မဏ္ဍိုင် (၃) ရပ်တွင် ဗဟိုပြုလုပ်ဆောင်ခြင်းဖြင့်  ထူးခြားသော အခြေအနေ များတွင် ကျရောက်နေသည့် နိုင်ငံများနှင့် ပဋိပက္ခဒဏ်ခံနေရသည့် နိုင်ငံများတွင် အပြုသဘောဆောင်သော တိုးတက်မှုများကို ဖော်ဆောင်နိုင်စေမည့် အခြေအနေများအား ဖန်တီးနိုင်မည် ဖြစ်ကြောင်း၊


(ဃ)    မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြောကြားလိုသည်မှာ မိမိတို့မြန်မာနိုင်ငံ၌ မအောင်မြင်သော စစ်အာဏာသိမ်းမှုသည် (၄) နှစ်တာကာလသို့ပင် ချဉ်းနင်းဝင်ရောက်လာခဲ့ပြီ ဖြစ်ကြောင်း၊ ပြီးခဲ့သော (၃) နှစ် အတွင်း၌ မိမိတို့ အကြီးမားဆုံး ဆုံးရှုံးခဲ့သည်မှာ ပြည်သူများ၏ အသက်များပင်ဖြစ်ကြောင်း၊


(င)     အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် အပြစ်မဲ့ပြည်သူပေါင်း (၄,၄၀၀) ကျော်အား ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး လူပေါင်း (၂၅,၀၀၀) ကျော်ကို မတရားဖမ်းဆီးချုပ် နှောင်ခဲ့ကြောင်း၊  ထို့အတူ နိုင်ငံတွင်းရှိ ပြည်သူပေါင်း ၂.၆ သန်းခန့်သည် အကြမ်း ဖက်စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ၍ တိမ်းရှောင်ထွက်ပြေးနေရလျက် ရှိကြောင်း၊ အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်များသည် ဘာသာ‌ရေး အဆောက်အဉီးများ အပါအဝင် အရပ်သားအဆောက်အဉီး ပေါင်း (၈၆,၀၀၀) ကျော်ကို ဖျက်ဆီးခြင်း သို့မဟုတ် မီးရှို့ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ လူပေါင်း (၁၉) သန်းနီးပါးမှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို အရေးတကြီးလိုအပ်လျက်ရှိပြီး လူဉီးရေ၏ တစ်ဝက်မှာ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရပြီဖြစ်ပါ‌ကြောင်း၊ 


(စ)     တစ်ဖက်တွင်လည်း မြေပြင်၌ ဒီမိုကရေစီအင်အားစုများသည် အနိုင်ရရှိနေပြီး စစ်တပ် သည် နေ့စဉ်နှင့်အမျှ အတုံးအရုံးဖြင့် ရှုံးနိမ့်နေပါကြောင်း၊


(ဆ)    သို့သော် ၎င်းတို့သည် တိုက်လေယာဉ်များနှင့် စစ်ရဟတ်ယာဉ်များကို အသုံးပြ၍ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အဦများ အပါအဝင် အရပ်သားပြည်သူများနေထိုင်ရာဒေသများကို  ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် တနင်္လာနေ့ကပင် ကရင်နီ (ကယား) ပြည်နယ်၊ ဒီမောဆို့မြို့နယ်ရှိ ကျောင်း တစ်ကျောင်းကို စစ်တပ်က လေကြာင်းမှတဆင့် တိုက်ခိုက်ခဲ့ရာ ကလေးငယ်အချို့ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါကြောင်း၊


(ဇ)     အခြားတစ်ဖက်တွင်လည်း စစ်တပ်သည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပျက်သုဉ်းစေခဲ့ကြောင်း၊ တရားမဝင်စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအဖြစ် အွန်လိုင်းအခြေပြု ငွေကြေးလိမ်လည်ခြင်း၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများစသည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများသည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတလျှောက်တွင် ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့ပြီး ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လျက်ရှိပါကြောင်း၊


(ဈ)     မြန်မာနိုင်ငံကိစ္စသည် နိုင်ငံရေးပြဿနာဖြစ်ကြောင်း၊ ရင်းမြစ်ပြဿနာကို မဖြေရှင်းဘဲ လူသားချင်းစာနာထောက်ထားမှု သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များ အားကိုသာ ဦးတည်ဖြေရှင်းပေးရုံမျှဖြင့် လုံလောက်မှု မရှိသကဲ့သို့ ရေရှည်တည်တံ့ နိုင်မည်လည်း မဟုတ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ပြဿနာကို ကိုင်တွယ်ဖြေရှင်း ရန် ဘက်ပေါင်းစုံမှ ချဉ်းကပ်မှုမျိုးကို လိုအပ်ပါ‌ကြောင်း၊


(ည)    ထို့အတူ မည်သည့်အခြေအနေမျိုးတွင်မဆို လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးကိစ္စအား နိုင်ငံရေးအဖြစ် အသုံးမချသင့်ကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စအတွက် လုပ်ငန်းစဉ်များ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရာတွင် မြန်မာပြည်သူများ၏ ဘဝများ အသုံးချခံ စတေးခံ မဖြစ်သင့်ပါကြောင်း၊ ယင်းအစား မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန်နှင့် ပြည်သူများကြိုးပမ်းဆောင်ရွက်နေသည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက်ကို ဉီးတည်သည့် ပံ့ပိုးကူညီမှုမျိုးသာဖြစ်သင့်ကြောင်း၊


(ဋ)     စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသည့် အခိုက်အတန့်၊ အထူးသဖြင့် ကမ္ဘာတစ်လွှား ဖြစ်ပျက်နေသော ပဋိပက္ခ များ အားလုံးအပေါ်၌ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြည့်ဝညီမျှသော အာရုံစူးစိုက်မှု ရှိသင့်သည်ဟု ရှုမြင်ပါကြောင်း၊


(ဌ)     မြန်မာနိုင်ငံအရေးကိစ္စသည်လည်း ချွင်းချက် မဖြစ်သင့်ကြောင်း၊


(ဍ)     ကုလသမဂ္ဂ၊ နိုင်ငံအတွင်းရှိ ကုလသမဂ္ဂ အဖွဲ့များ/အေဂျင်စီများ၊ အထူးသဖြင့် ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် လုပ်ကိုင်ဆောင်ရွက်နေကြသည့် အေဂျင်စီများအနေဖြင့် ယခု အာဂျင်ဒါ အောက်မှတင်သွင်း လာမည့်အစီရင်ခံစာတွင် မြန်မာ့အရေးအား ပိုမိုမျှတစွာ ထည့်သွင်း ဖော်ပြပေးနိုင်ရန် မျှော်လင့် ပါကြောင်း၊


(ဎ)     ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်နှင့်  မြန်မာနိုင်ငံတွင် အရပ်သား အုပ်ချုပ်ရေးသို့ ပြန်လည်ရောက်ရှိရေးအတွက် နိုင်ငံတကာနှင့် ဒေသတွင်း စဉ်ဆက်မပြတ် အာရုံစိုက်လုပ်ဆောင်ရန် တောင်းဆိုပေးပါသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အား ကျေးဇူးတင်ရှိပါကြောင်း၊ 


(ဏ)   မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများအတွက် ကုလသမဂ္ဂအနေဖြင့် ပိုမို တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ခြင်းက အလွန်အရေးပါကြောင်း၊ ဤနေရာတွင်  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား အလျင်အမြန်ခန့်အပ်နိုင်ရေးကိုလည်း တောင်းဆိုလိုပါကြောင်း၊


(တ)    ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ အခက်အခဲကို အလေးအနက်ထား၍ စစ်အာဏာရှင်စနစ် ပပျောက်ရေးနှင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးသင့်ပါကြောင်း။


၃။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the

Republic of the Union of Myanmar to the United Nations

under Agenda Item 110: Report of the Secretary-General on the Work of the Organization at the Plenary Meeting of the 78th session of the UN General Assembly


(New York, 7 February 2024)


Mr. President,


I thank the Secretary General for his report on the work of the organization and his comprehensive briefing this morning. Myanmar commends the efforts and work of the UN Secretariat over the past years.


Mr. President,


The United Nations Charter established the three founding pillars of the UN system - peace and security, human rights and development in 1945. These pillars have been the guiding principles of what we do at this organization. We, Member States, have a responsibility to promote and protect their integrity.


Mr. President,


The SG report on the work of the organization showed that we are still able to achieve major outcomes in many areas despite our major differences and challenges. The agreement on a loss and damage fund at COP27, the Black Sea Grain Initiative, the launch of a SDG stimulus, the Kunming-Montreal Global Biodiversity Framework, the BBNJ treaty and the Transforming Education Summit are some of the milestone achievements.


These achievements came from our collective pursuit of a people-oriented and people-centered approach across the UN system. Centering our work on the three pillars will create conditions conducive to yielding positive developments, especially in countries in special situations and countries affected by conflicts.


In my country, Myanmar, the failed illegal coup is in four years now.


Last three years, the biggest loss that the people have is human life. Over 4400 people have been brutally killed by the junta. Over 25,000 people were arbitrarily arrested. More than 2.6 million people have been internally displaced. Over 86,000 civilian properties including religious buildings have been destroyed or burnt by the junta forces. Almost 19 million people are in need of humanitarian assistance. Half of the population has been thrown into poverty.


Democratic forces are gaining ground. The military junta is losing every day.


But the military junta continues using fighter jets and helicopters to conduct aerial attacks on civilian areas including schools, hospitals and religious buildings. Even last Monday, the military junta conducted air attacks on a school in Demoso, Karenni (Kayah) State, killing a number of children and injuring many.


The military has fractured the national reconciliation and peace process. Following the illegal coup, transnational organized crimes such online scam, human and drug trafficking have exponentially increased across the border areas, threatening regional peace and security.


The situation in Myanmar is political in nature, and addressing the humanitarian or developmental needs without addressing the root cause is neither sufficient nor sustainable. A holistic approach is needed to address the issue of Myanmar. Humanitarian issue shall never be politicized under any circumstances. Any action, any initiative with regard to Myanmar should not be an expense of the people of Myanmar, instead to save lives of the people and help the people’s efforts for ending the military dictatorship and building a federal democratic union.


Mr. President,


We are of the view that full and equal attention must be paid to all conflicts around the world, where war crimes and crimes against humanity are being committed on a daily basis. The situation in Myanmar is no exception. We hope that the contributions from the UN, UNCT and its agencies across Myanmar, particularly in conflict-affected areas, can be more equitably reflected in the next report under this agenda item.


I thank the Secretary-General for his call for the sustained international and regional attention to help urgently forge a path towards a democratic transition and return to civilian rule in Mynmar.


It is imperative that the UN plays a more active role in keeping the situation in Myanmar on its agenda. To this end, we call for the urgent and swift appointment of the UN Secretary-General’s Special Envoy on Myanmar.


In conclusion, Mr. President, the United Nations should continue to center its work on people and its three pillars to leave no one behind. Member states and the international community must continue to pay serious attention to the plight of the people of Myanmar, take effective and coordinated actions to eradicate the military dictatorship and to build a federal democratic union in Myanmar.


The UN must not fail the people of Myanmar.


I thank you.

 

*****









bottom of page