top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the 31st Plenary Meeting of the Eighty-first session of the UN General Assembly, under agenda item 65: Report of the Human Rights Council

Writer: Myanmar Mission To UN
Myanmar Mission To UN
3 hours ago
6 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, at the 31st Plenary Meeting of the Eighty-first session of the UN General Assembly, under agenda item 65: Report of the Human Rights Council, held on 30 October 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ အထွေထွေညီလာခံ၏ (၃၁) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင်

လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာအား ဆွေးနွေးခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ

မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ခဲ့ပြီး (၅) နှစ်ကျော်လာခဲ့သည့် တရားမဝင် စစ်အာဏာသိမ်းမှုကာလအတွင်း မြန်မာနိုင်ငံ၏အခြေအနေသည် ဆက်လက် ဆိုးရွားနေဆဲဖြစ်ကာ ပြည်တွင်းနှင့် ပြည်ပနှစ်ရပ်လုံးတွင်ရှိသော မြန်မာပြည်သူများ၏ ဒုက္ခသည်ရှည်ကြာနေလျက်ရှိ၊

စစ်အုပ်စုအနေဖြင့် ပြည်သူများအပေါ်တွင် စစ်မက်များကို ဆတိုး ကျူးလွန်လာပြီး ၎င်းတို့ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများသည် အတိုင်းအဆမရှိ ကြီးမားလာခဲ့၊

စစ်အုပ်စုအနေဖြင့် တရားဥပဒေစိုးမိုးရေးကို လုံးဝ ပျက်သုဉ်းစေခဲ့ပြီဖြစ်သောကြောင့်

မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော်မှုခင်းများ ပျော်စံရာ ဗဟိုချက်ဖြစ်လာကာ လူကုန်ကူးခြင်း၊ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် ပမာဏကြီးမားသော အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများဖြင့် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများပါ

ပြန့်ပွားလျက်ရှိသည်ကို မှတ်တမ်းများနှင့်တကွ တွေ့ရှိနေရ၊

ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တိကျပြတ်သား၍

ထိရောက်သော လုပ်ဆောင်ချက်များကို ချမှတ်အကောင်အထည်ဖော်ရမည်ဖြစ်၊

ဘက်စုံပြည့်ဝသည့် ပိတ်ဆို့မှုများ ချမှတ်ရမည်ဖြစ်၊ ယခုအချိန်သည် နိုင်ငံတကာအသိုက်အဝန်းမှ စစ်အုပ်စုထံသို့ တိုက်လေယာဉ်ဆီနှင့် ငွေကြေးအထောက်အပံ့များ ဖြတ်တောက်၍ တိကျပြတ်သားသော၊ ပေါင်းစပ်ညှိနှိုင်းမှုရှိသော လက်နက်ပိတ်ဆို့မှုများချမှတ်ရမည့် အချိန်အခါကောင်းပင်ဖြစ်၊

အပြည်ပြည်ဆိုင်ရာတရားရုံးမှ ဂမ်ဘီယာနှင့် မြန်မာအမှုကိစ္စအတွက် ချမှတ်မည့် စီရင်ချက်သည်

စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်နေမှုကို အပြီးတိုင်အဆုံးသတ်နိုင်မည့် ခြေလှမ်းအဖြစ်

မျှော်လင့်လျက်ရှိ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုရှိရေးတို့အပေါ် ရပ်တည်ပေးကြရန် မေတ္တာရပ်ခံ၊

စစ်အုပ်စုနှင့် ပြုလုပ်သော မည်သည့်အချိန်မတိုင်သော နိုင်ငံတကာ ထိတွေ့မှု၊

ပုံမှန်ကဲ့သို့ ဆက်ဆံခြင်း သို့မဟုတ် ရွေးချယ်ပြုလုပ်သည့် သံတမန်ထိတွေ့မှုမဆို စစ်အုပ်စုအား

၎င်းတို့ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို ပိုမိုရဲတင်းစွာ ကျူးလွန်စေမည်သာဖြစ်၊

စစ်အုပ်စုတွင် ငြိမ်းချမ်းရေးနှင့် ပြည်သူများအပေါ်၌ စစ်မှန်ရိုးသားသော သန္နိဋ္ဌာန်မရှိသဖြင့်

၎င်းတို့သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အနာဂတ်အတွက် မည်သို့မျှ မိတ်ဖက်မဖြစ်နိုင်၊

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးတို့အတွက် စစ်မှန်သောမိတ်ဖက်များဖြစ်ကြသည့် ပြည်သူများ၊

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး

ဦးဆောင်ကောင်စီတို့နှင့် အဓိပ္ပါယ်ပြည့်ဝစွာ ထိတွေ့ဆက်ဆံ၍ ပံ့ပိုးကူညီပေးပါရန်

တိုက်တွန်းကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်)


၁။        ၃၀-၁၀-၂၀၂၆ ရက်နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၊ (၃၁) ကြိမ်မြောက်မျက်နှာ စုံညီအစည်းအဝေးတွင် လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး လူ့အခွင့်အရေးကောင်စီဥက္ကဋ H.E. Mr. Sidharto Reza Suryodipuro က လူ့အခွင့်အရေးကောင်စီ၏ လုပ်ငန်းဆောင်တာများ၊ တိုးတက်မှုများ၊ ဖြစ်စဉ်များနှင့် လူ့အခွင့်အရေးကောင်စီ၏အစီရင်ခံစာ A/81/53 နှင့် A/81/53/ Add.1 တို့ပါ အကြံပြုချက်များအား အကျဉ်းချုံးပြောကြား၍ အထွေထွေညီလာခံထံ တင်ပြ၊ ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၄၉) နိုင်ငံမှ မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။

၂။         ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား ခဲ့သည့်မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-

(က)     မြန်မာနိုင်ငံအတွက် ခက်ခဲကြမ်းတမ်းသည့်ကာလတွင် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက် ၆၁/၃၀ နှင့် ၆၂/၃ တို့သည်မြန်မာပြည်သူများအတွက် အလွန်အရေးပါသော အသက်ရှူပေါက်များ ဖြစ်သည့်အတွက် အဆိုပါဆုံးဖြတ်ချက်များကို ကြိုဆိုပါကြောင်း၊

(ခ)       လက်ရှိ နိုင်ငံတကာ၌ ဖြစ်ပွားနေသည့် အခြေအနေများကိုကြည့်လျှင် အာဏာရှင်များက ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများ၊ သတင်းအမှားများအား လက်နက်သဖွယ် အသုံးချခြင်းနှင့် အတုအယောင်ရွေးကောက်ပွဲများ ကျင်းပခြင်း စသည်အားဖြင့် အရပ်ဘက်လူမှုနယ်ပယ်ကို ဖျက်ဆီးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏အခြေအနေသည့် ထိုသို့ ပျက်စီးယို့ယွင်းမှုအတွက် အဆိုးရွားဆုံးနှင့် အပြင်းထန်ဆုံး သာဓကတစ်ခု ဖြစ်ကြောင်း၊

(ဂ)       ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ခဲ့ပြီး (၅) နှစ်ကျော်လာခဲ့သည့် တရားမဝင် စစ်အာဏာ သိမ်းမှုကာလအတွင်း မြန်မာနိုင်ငံ၏ အခြေအနေသည် ဆက်လက်ဆိုးရွားနေဆဲဖြစ်ကာ ပြည်တွင်းနှင့် ပြည်ပနှစ်ရပ်လုံးတွင်ရှိသော မြန်မာပြည်သူများ၏ဒုက္ခသည် ရှည်ကြာနေလျက်ရှိကြောင်း၊

(ဃ)     စစ်အုပ်စုအနေဖြင့် ပြည်သူများအပေါ်တွင် စစ်မက်များကို ဆတိုးကျူးလွန်လာပြီး ၎င်းတို့ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများသည် အတိုင်းအဆမရှိ ကြီးမားလာခဲ့ကြောင်း၊

(င)       စစ်အုပ်စု၏ အကြမ်းဖက်မှုများသည် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် အရပ်ဘက် အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားသည့် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ အသွင်ဖြင့် သိသိသာသာ မြင့်တက်လာသည်ကို မိမိတို့ တွေ့မြင်နေရကြောင်း၊ ထို့အတူ ၎င်းတို့ အနေဖြင့် ပြည်သူများအပေါ်တွင် အကြောက်တရား ထည့်သွင်းရန်အတွက် တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် စနစ်တကျ လိင်ပိုင်းဆိုင်ရာနှင့် ကျားမ အခြေပြု အကြမ်းဖက်ခြင်းတို့ကို ဆက်လက် ကျူးလွန်လျက်ရှိကြောင်း၊

(စ)       ထို့ပြင် စစ်အုပ်စု၏ အဓမ္မတပ်သားစုဆောင်းမှုသည်လည်း ဥပဒေမဲ့ ဖမ်းခေါ်ယူမှုဖြစ်စဉ် မြောက်များစွာကို ဖြစ်ပေါ်စေလျက်ရှိသောကြောင့် အရပ်သားပြည်သူများ၏လုံခြုံရေးကို အထူး ထိတ်လန့်ခြောက်ခြားစေလျက်ရှိကြောင်း၊ အထူးသဖြင့် လူငယ်လူရွယ်များမှာ အဆိုပါအဓမ္မ တပ်သား စုဆောင်းမှုအန္တရာယ်မှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊

(ဆ)     တစ်ဖက်တွင်လည်း လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းမှာ လူအလုံးအရင်းဖြင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ခြင်းနှင့် ဒေသတွင်း၌ ဒုက္ခသည်များ တိုးပွားခြင်း စသည်အားဖြင့် အရေးပေါ်အခြေအနေသို့ ဆိုက်ရောက်နေကြောင်း၊ ဤတွင် ဒုက္ခသည်များအနေဖြင့် ၎င်းတို့ ခိုလှုံမှုရှာဖွေသည့် နေရာဒေသများ၌ပါ စိန်ခေါ်မှုများနှင့် အခက်အခဲများကို ရင်ဆိုင်နေရ ကြောင်း၊

(ဇ)       အခြားတစ်ဖက်တွင်လည်း စစ်အုပ်စုအနေဖြင့် တရားဥပဒေစိုးမိုးရေးကို လုံးဝ ပျက်သုဉ်းစေခဲ့ပြီဖြစ်သောကြောင့် မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော်မှုခင်းများ ပျော်စံရာ ဗဟိုချက်ဖြစ်လာကာ လူကုန်ကူးခြင်း၊ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ပမာဏကြီးမားသော အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများဖြင့် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများပါ ပြန့်ပွားလျက်ရှိသည်ကို မှတ်တမ်းများနှင့်တကွ တွေ့ရှိနေရကြောင်း၊

(ဈ)      ထို့ပြင် ရိုဟင်ဂျာအရေးကိစ္စသည်လည်း ပိုမို ခက်ခဲနက်နဲလာလျက်ရှိကြောင်း၊ စစ်အုပ်စုမှ နိုင်ငံတစ်ဝန်းတွင် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ရိုဟင်ဂျာဒုက္ခသည်များ နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်နှင့် သိက္ခာရှိရှိ ပြန်လည်သွားရောက်နိုင်သည့် အခွင့်အလမ်း ဖျက်ဆီးခံထားရကြောင်း၊ ဒုက္ခသည်များအား လက်ခံထားပေးသည့်နိုင်ငံများတွင် အဘက်ဘက်၌ ဝန်တာပိနေသည့်အပေါ် မိမိတို့ အားနာရကြောင်း၊

(ည)     ဤတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားနှင့် ကုလသမဂ္ဂ အထူး အစီရင်ခံစာ တင်သွင်းသူများအနေဖြင့် စိတ်ချယုံကြည်ရသော သက်သေအထောက်များအပေါ် အခြေခံကာ စစ်အုပ်စုမှ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်သည်ဟု မှတ်ချက်ပြုထားကြကြောင်း၊

(ဋ)       သို့ရာတွင် ထိုသို့ကြီးလေးသော ရာဇဝတ်မှုများအား ကျူးလွန်ထားသည့် တရားခံများက အပြည်ပြည်ဆိုင်ရာဥပဒေကို ဆက်လက်ချိုးဖောက်လျက်ရှိသည့်အပြင် ၎င်းတို့အနေဖြင့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်နှင့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ တို့အား အတိအလင်း လျစ်လျူရှုခြင်းအားဖြင့် နိုင်ငံတကာအသိုက်အဝန်းအား မည်သို့မျှအလေးမထားကြောင်းကို ပြသလျက်ရှိကြောင်း၊

(ဌ)       ယင်းမှာ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အသုံးချနေသည့် စစ်အာဏာရှင်များ၏ စရိုက်လက္ခဏာကို အထင်အရှားပြသခြင်းပင် ဖြစ်ကြောင်း၊

(ဍ) ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တိကျပြတ်သား၍ ထိရောက်သော လုပ်ဆောင်ချက်များကို ချမှတ်အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ ဆန့်ကျင်ဘက်ဖြစ်သော လုပ်ဆောင်ချက်များကိုမူ လုပ်ဆောင်ရန် မသင့်ကြောင်း၊

(ဎ)       ပထမဦးစွာ ကုလသမဂ္ဂ၏ ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်မှုကို မြှင့်တင်၍ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ထိရောက်သော အစီအမံများဖြင့် ဖော်ဆောင်ကာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအား ကျူးလွန်သည့်တရားခံများကို တာဝန်ခံမှု ရှိစေရန်၊

(ဏ)     ဒုတိယအနေဖြင့် IIMM နှင့် အခြားသော ကုလသမဂ္ဂမှ အထူးလုပ်ပိုင်ခွင့်အပ်နှင်းထားသည့် တာဝန်ရှိသူများမှ ၎င်းတို့၏ လုပ်ငန်းတာဝန်များအား အပြည့်အဝ ဖော်ဆောင်နိုင်ရန်နှင့် နိုင်ငံတကာတရားစွဲဆိုမှုများအတွက် လိုအပ်သည့်အစပျိုးလုပ်ဆောင်ချက်များကို ဖော်ဆောင်နိုင်ရန် ၎င်းတို့အပေါ် ပံ့ပိုးကူညီမှုအပြည့်အဝပေးကာ တာဝန်ခံမှုရှိရေးအတွက် လုပ်ဆောင်နေသည့် ယန္တရားများကို အားဖြည့်ပေးရန်၊

(တ)     တတိယအနေဖြင့် ဘက်စုံပြည့်ဝသည့် ပိတ်ဆို့မှုများ ချမှတ်ရမည် ဖြစ်ကြောင်း၊ ယခုအချိန်သည် နိုင်ငံတကာအသိုက်အဝန်းမှ စစ်အုပ်စုထံသို့ တိုက်လေယာဉ်ဆီနှင့် ငွေကြေးအထောက်အပံ့များ ဖြတ်တောက်၍ တိကျပြတ်သားသော၊ ပေါင်းစပ်ညှိနှိုင်းမှုရှိသောလက်နက်ပိတ်ဆို့မှုများ ချမှတ်ရမည့် အချိန်အခါကောင်းပင် ဖြစ်ကြောင်း၊

(ထ)     စတုတ္ထအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတားအဆီး မရှိစေရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ စိန်ခေါ်မှုများ ကြီးထွားလာနေသည့်အခြေအနေများတွင် နေထိုင် နေရသည့်ပြည်သူများ တိုးပွားလာနေသည့်အလျောက် ထိခိုက်လွယ်သော ပြည်သူများထံသို့ အသက်ကယ်အကူအညီများနှင့် လုံလောက်သည့်ရန်ပုံငွေများ ပေးအပ်ရေးကို အာမခံချက်ပေး ရန် လိုအပ်ကြောင်း၊

(ဒ)       မိမိတို့အနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးမှ ဂမ်ဘီယာနှင့် မြန်မာအမှုကိစ္စအတွက် ချမှတ်မည့်စီရင်ချက်သည် စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်နေမှုကို အပြီးတိုင် အဆုံးသတ်နိုင်မည့် ခြေလှမ်း အဖြစ် မျှော်လင့်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုရှိရေးတို့အပေါ် ရပ်တည်ပေးကြရန် မေတ္တာရပ်ခံကြောင်း၊

(ဓ)       သို့မဟုတ်ပါဘဲ စစ်အုပ်စုနှင့် ပြုလုပ်သော မည်သည့် အချိန်မတိုင်သောနိုင်ငံတကာထိတွေ့မှု၊ ပုံမှန်ကဲ့သို့ ဆက်ဆံခြင်း သို့မဟုတ် ရွေးချယ်ပြုလုပ်သည့် သံတမန် ထိတွေ့မှုမဆို စစ်အုပ်စုအား ၎င်းတို့ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို ပိုမိုရဲတင်းစွာ ကျူးလွန်စေမည်သာ ဖြစ်ကြောင်း၊

(န)       သို့ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စု၏ အပေါ်ယံ လိမ်လည်မှုများအောက် လှည့်စားမခံရန် တိုက်တွန်းလိုကြောင်း၊ မြန်မာနိုင်ငံအကျပ်အတည်း၏ ရှင်းလင်းသော အဓိက ဇစ်မြစ်မှာ ဒီစစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ဆိုးသာ ဖြစ်ကြောင်း၊

(ပ)       စစ်အုပ်စု၏ ခေါင်းဆောင်နှင့် ၎င်း၏ အပေါင်းအပါ၊ လက်ပါးစေများသည် လူ့အခွင့်အရေး ချိုးဖောက်သူများသာ ဖြစ်ကြောင်း၊

(ဖ)       ၎င်းတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်သည့် တရားခံများဖြစ်ကြ၍ မြန်မာပြည်သူများ ခံစားနေရသည့် ဒုက္ခများနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများတွင် နစ်နာခဲ့ကြသည့် နိုင်ငံတကာသားကောင်များအတွက် တာဝန်ရှိသော တရားခံများ ဖြစ်ကြောင်း၊

(ဗ)       စစ်အုပ်စုတွင် ငြိမ်းချမ်းရေးနှင့် ပြည်သူများအပေါ်၌ စစ်မှန် ရိုးသားသောသန္နိဋ္ဌာန် မရှိသဖြင့် ၎င်းတို့သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်အနာဂတ်အတွက် မည်သို့မျှ မိတ်ဖက်မဖြစ်နိုင် ကြောင်း၊

(ဘ)     မိမိတို့ ဒီမိုကရေစီအင်အားစုများအနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါ ကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးတို့အတွက် စစ်မှန်သောမိတ်ဖက်များဖြစ်ကြသည့် ပြည်သူများ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ တို့နှင့် အဓိပ္ပါယ်ပြည့်ဝစွာ ထိတွေ့ဆက်ဆံ၍ ပံ့ပိုးကူညီပေးပါရန် တိုက်တွန်းကြောင်း၊

(မ)       ကုလသမဂ္ဂအနေဖြင့် မိမိတို့မြန်မာပြည်သူများအပေါ် ကြိမ်ဖန်များစွာ ပျက်ကွက်ခဲ့ပြီး ဖြစ် ကြောင်း၊ ထပ်မံ မပျက်ကွက်ရန် တောင်းဆိုလိုကြောင်း။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, at the 31st Plenary Meeting of the Eighty-first session of the UN General Assembly,

under agenda item 65: Report of the Human Rights Council

(New York, 30 October 2026)

Mr. President,

My delegation thanks Ambassador Sidharto Reza Suryodipuro of Indonesia, President of the Human Rights Council for submitting this critical report to the General Assembly, outlining the 60th Anniversary of the International Covenants on Human Rights and the imperative to uphold universal, equitable protection globally, alongside the thematic resolutions.

In this regard, we commend the Council for its steadfast commitment to addressing global human rights emergencies.

We particularly welcome the adoption of Resolutions 61/30 and 62/3, which remain essential lifelines for the people of Myanmar during this harrowing period.

Mr. President,

As the Council’s sobering report details, we are witnessing a global retreat from fundamental human rights norms. Authoritarian regimes are increasingly exploiting digital repression, weaponizing misinformation, and utilizing "sham elections" to systematically dismantle civic space.

The crisis in Myanmar stands as one of the most profound and devastating examples of this democratic erosion.

 

More than five years after the illegal military coup of February 2021, the situation in Myanmar continues to be devastating, prolonging the suffering of the people of Myanmar both within and outside the country.

The military junta has intensified its campaign of terror against the people, and its atrocities have reached catastrophic new heights.

We are currently facing a sharp escalation in deliberate, indiscriminate airstrikes and bombings targeting schools, hospitals, and civilian infrastructure. Arbitrary detentions, widespread torture, and systemic sexual and gender-based violence are continuously deployed to inflict terror upon the civilian population.

The junta’s forced conscription has drastically exacerbated civilian insecurity, resulting in reported abductions, driving thousands of youths to flee, and worsening a profound humanitarian emergency marked by mass internal displacement and regional refugee flows. Meanwhile, challenges and hardships extend into the places where they seek refuge.

Moreover, the military's dismantling of the rule of law has enabled Myanmar to become a global epicenter for transnational crimes, with the report explicitly noting the severe human rights impacts of human trafficking, illicit drug production, and massive online scam operations.

At the same time, the Rohingya crisis continues to deepen. The junta’s ongoing atrocities across the country have thoroughly destroyed any immediate prospect for the safe, voluntary, and dignified repatriation of refugees. We regret that host countries are overburdened in many respects.

To this end, the IIMM and UN Special Rapporteurs have concluded that the atrocities committed by the military unequivocally amount to war crimes and crimes against humanity, backed by credible documentation and evidence.

But the perpetrators of these grave crimes continue to violate international law. They have shown flagrant disregard for the international community by ignoring both the ASEAN Five-Point Consensus and UN Security Council Resolution 2669.

This underscores the undeniable intent of the military dictators, who continue to operate under a blanket of impunity.

The international community therefore need to take precise and effective action. Not in reverse.

We demand the Member States to first enhance UN synergy to ensure that the recommendations within Human Rights Council resolutions translate into meaningful, enforceable measures that hold perpetrators of crimes against humanity accountable.

Second, empower accountability mechanisms by providing full support and collaboration to the IIMM and all other special mandate holders, so that they can fully discharge their duties and finalize the groundwork for international prosecution.

Third, impose comprehensive embargoes. It is high time for the international community to implement decisive, coordinated arms embargoes and cut off the supply of jet fuel and financial resources to the military junta.

Fourth, ensure unimpeded humanitarian access. With the increasing number of people in need in challenging settings, the delivery of life-saving assistance and adequate funding to all vulnerable populations must be guaranteed.

As we anticipate the ICJ verdict on the case between the Gambia vs. Myanmar as a vital step toward dismantling the military's entrenched impunity, we urge Member States to stand on the side of justice and accountability.

Any premature international engagement, normalization, or selective diplomatic outreach that grants unearned breathing room to the junta only emboldens its atrocities.

We urge the international community not to be deceived by the superficial acts of the military junta. The clear root cause of this crisis is the military junta and the military dictatorship.

The leader of the military junta and his affiliates are human rights violators.

They are perpetrators of crimes against humanity and war crimes, responsible for the suffering of the people of Myanmar, as well as the international victims of the junta’s transnational organized crimes.

Because they have no genuine commitment to peace and the people, they cannot be partners for peace and future Myanmar.

The window to cooperate with our democratic forces is wide open. We urge the international community to meaningfully engage with and support the people, the National Unity Government (NUG) and the Steering Council for Emergence of a Federal Democratic Union (SCEF), who are the only true partners for building a peaceful, federal democratic union.

The UN has failed the people of Myanmar too many times. We implore you not to repeat such failure.

I thank you.

*****


Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page