top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at General Debate on Agenda Item73: “The Report of the International Criminal Court”at the 33rd Plenary Meeting of the UN General Assembly

Writer: Myanmar Mission To UN
Myanmar Mission To UN
1 hour ago
7 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at General Debate on Agenda Item73: “The Report of the International Criminal Court” at the 33rd Plenary Meeting of the UN General Assembly, held on 2 November 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ အထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးတွင် နိုင်ငံတကာရာဇဝတ်ခုံရုံး၏ အစီရင်ခံစာအား ဆွေးနွေးခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး

ဦးကျော်မိုးထွန်း က စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူများအပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျကျူးလွန်လျက်ရှိ၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများမြောက်၊

နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများ၊ စစ်ဘေးရှောင်စခန်းများနှင့် အာဟာရပစ္စည်းများ ဖြန့်ဝေသည့် စခန်းများနှင့် အရပ်သားများ အခြေချနေထိုင်ရာစခန်းများကို ပစ်မှတ်ထားကာ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းတို့ကို အထိန်းအကွပ်မဲ့စွာ ကျူးလွန်လျက်ရှိ၊

စစ်အုပ်စုအနေဖြင့် ၃၁-၁၀-၂၀၂၆ ရက်နေ့ကပင် လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း၊

ကရင်နီ (ကယား) ပြည်နယ်ရှိ ကျောင်းနေအရွယ်ကလေးငယ်များ ခိုလှုံနေသည့် စစ်ဘေးရှောင်စခန်းပေါ်သို့ အင်အားပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုကို ပစ်မှတ်ထား ကျူးလွန်ခဲ့၊

အလားတူ စစ်အုပ်စုက ရခိုင်ပြည်နယ်အတွင်း သားဖွားဆေးခန်း၊ ပညာသင်ကျောင်း၊ တံတားအပါအဝင် အရပ်သားအဆောက်အဦများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၊

ဤအကြမ်းဖက်လုပ်ရပ်များအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် ပြင်းထန်စွာ

ရှုံ့ချကြောင်း ထုတ်ဖော်ပြောကြားထား၊

ထိုကဲ့သို့သော ရင်နင့်ကြေကွဲဖွယ်ဖြစ်စဉ်သည် အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အပြီး မကြာမီအချိန်၌ ဖြစ်ပေါ်ခဲ့၊

စစ်အုပ်စု၏ ဤသို့သောလုပ်ရပ်သည် ၎င်းတို့ လက်စွဲကျင့်သုံးလာသည့် လုပ်ကွက်တစ်ခု ဖြစ်လာနေ၊

တစ်ဖက်တွင် စစ်အုပ်စုအနေဖြင့် လူသားချင်းစာနာမှုခေါင်းစဉ်အောက်က နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ လာရောက်သည့်တာဝန်ရှိသူများ၏ခရီးစဉ်များကို နိုင်ငံရေးအရ အသုံးချကာ

နိုင်ငံတကာအားလှည့်ဖြားလျက်ရှိ၊

အခြားတစ်ဖက်တွင် စစ်အုပ်စုအနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူများအပေါ်သို့ လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက်ရှိ၊

စစ်အုပ်စု၏ သဘောထားမှ ၎င်းတို့၏ထိန်းချုပ်မှုအောက်၌နေသူများအနေဖြင့် အကူအညီများ

ရရှိနိုင်မည်ဖြစ်ပြီး ၎င်းတို့အား ခုခံတော်လှန်ပါက ဗုံးနှင့် ကျည်ဆန်များသာ ရရှိမည်ဟူသော အကြမ်းဖက်သည့်သတင်းစကားကို သွယ်ဝိုက်ပေးပို့နေခြင်းဖြစ်၊

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထိုမျှအန္တရာယ်ကြီးမား၍ အသက်များ ဆုံးရှုံးစေနိုင်သည့် စစ်အုပ်စု၏ ရာဇဝတ်သားဆန်သော စိတ်ဖောက်ပြန်မှုကို နားလည်၍ တိုက်ဖျက်ရမည်ဖြစ်၊

စစ်အုပ်စု ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို အချိန်နှင့်အမျှ

ရင်ဆိုင်ကျော်ဖြတ်နေရသည့် သန်းပေါင်းများစွာသော ပြည်သူများအတွက် တရားမျှတမှု နှောင့်နှေးကြန့်ကြာနေခြင်းသည် တရားမျှတမှုအား ငြင်းဆန်ခြင်းမည်၊ အရေးယူဆောင်ရွက်မှုမရှိသည့်

နေ့ရက်တိုင်းတွင် အပြစ်မဲ့ပြည်သူများ အသက်ပေးနေရ၊

တာဝန်ခံမှုရှိစေရေးအတွက် နှောင့်နှေးကြန့်ကြာနေခြင်းသည် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား

ဆက်လက်တည်မြဲစေခြင်းပင် ဖြစ်၊

မြန်မာပြည်သူများအနေဖြင့် တရားမျှတမှုနှင့် ထိုက်တန်ပါကြောင်းနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အနေဖြင့် ထိရောက်ပြတ်သားသောလုပ်ဆောင်ချက်များကို နောင်မှမဟုတ်ဘဲ

ယခုပင်လုပ်ဆောင်ပေးပါရန် တောင်းဆိုကြောင်း ပြောကြားခဲ့

(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်)


၁။        နိုင်ငံတကာရာဇဝတ်ခုံရုံး (International Criminal Court – ICC)၏ အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးသည့်အစည်းအဝေးကို ၂-၁၁-၂၀၂၆ ရက် (တနင်္လာနေ့) တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၃၃) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၌ ကျင်းပခဲ့ပါသည်။


၂။         အဆိုပါ အစည်းအဝေးတွင် နိုင်ငံတကာရာဇဝတ်ခုံရုံး၏ သဘာပတိ Judge Tomoko Akane က ခုံရုံး၏နှစ်စဉ်အစီရင်ခံစာ A/81/329ကို အခြေခံ၍ ခုံရုံးမှလုပ်ဆောင်လျက်ရှိသော တရားစီရင်ရေးနှင့် တရားစွဲဆိုရေးဆိုင်ရာလုပ်ငန်းများနှင့် နစ်နာသူများနှင့် ပြန်လည်ကုစားရေးဆိုင်ရာ ဆောင်ရွက်ချက်များကို  pre-recorded video ဖြင့် အကျဉ်းချုံး တင်ပြဆွေးနွေးခဲ့ပါသည်။ ထိုသို့တင်ပြရာတွင် Office of the Prosecutor အနေဖြင့် အခြားဖြစ်စဉ်များနှင့်တကွ ဘင်္ဂလားဒေ့ရှ်/မြန်မာအခြေအနေအတွက်လည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။ ၎င်း၏ ဆွေးနွေးမှုအပြီးတွင် မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၄၆) နိုင်ငံက မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။


၃။        ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-

(က)     ရောမသဘောတူစာချုပ် (Rome Statute) နှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တို့သည် ခေတ်ပြိုင် နိုင်ငံတကာပြစ်မှုဆိုင်ရာတရားမျှတမှုစနစ်၏ အဓိက မဏ္ဍိုင်ကြီးများအဖြစ် ဆက်လက် တည်ရှိနေကြောင်း၊ ၎င်းတို့သည် မည်သည့်ရာထူးအဆင့်အတန်း ရှိသည်ဖြစ်စေ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် ကျူးကျော်တိုက်ခိုက်မှုဆိုင်ရာ ရာဇဝတ်မှုများကို ကျူးလွန်သူများအား တစ်ဦးချင်းစီ တာဝန်ခံမှုရှိစေရေးအတွက် နိုင်ငံများ၏ စုပေါင်းသန္နိဋ္ဌာန်ချမှတ်မှုကို ထင်ဟပ်ပြသကြောင်း၊

(ခ)       ခုံရုံးသည် ဥပဒေမူဘောင်မျှသာမကဘဲ၊ အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေး၊ အနာဂတ်တွင် ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံမဖြစ်ပွားစေရန် တားဆီးရေးနှင့် လူသား ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ပေးသည့် မရှိမဖြစ်လိုအပ်သောအရာတစ်ခုအဖြစ် တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းမြှင့်တင်ရေးတို့အတွက် ခိုင်မာသောကတိကဝတ်များကိုလည်း ကိုယ်စားပြုကြောင်း၊

(ဂ)       ခုံရုံး၏ နစ်နာသူများကို ဗဟိုပြုသည့် ချဉ်းကပ်မှုနှင့် ဖြည့်စွက်ဆောင်ရွက်ခြင်းမူဝါဒ (Principle of Complementarity) တို့သည် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုကို မြှင့်တင်ရန် နိုင်ငံတကာအသိုက်အဝန်း၏ ပူးပေါင်းတာဝန်ယူမှုကို ပိုမိုခိုင်မာ အားကောင်းစေသည့်အပြင် အဓိပ္ပာယ်ပြည့်ဝသော ပြည်တွင်းဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှု များကိုလည်း ဆက်လက် တွန်းအားပေးလျက်ရှိကြောင်း၊

(ဃ)     သို့ဖြစ်ပါ၍ ဤခေါင်းစဉ်အောက်မှ ထုတ်ပြန်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ထို့နည်းတူ ခုံရုံးသဘာပတိ၏မိန့်ခွန်းနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများရှိသည့်ကြားကပင် ကမ္ဘာ့လုံးဆိုင်ရာ တရားမျှတမှုအတွက် ဖော်ဆောင်ပေးလျက်ရှိသော ခုံရုံး၏ လုပ်ဆောင်ချက်များကိုလည်း ကျေးဇူးတင်ရှိကြောင်း၊

(င)       အစီရင်ခံစာပြုစုသည့်ကာလအတွင်း၌ ခုံရုံးအနေဖြင့် ထင်ရှားအရေးပါသော စီရင်ချက်များ၊ အရေးကြီးသည့်အခြေအနေများတွင် စွဲချက်များအား အတည်ပြုခြင်းနှင့် နစ်နာသူများအတွက် ရန်ပုံငွေအဖွဲ့မှ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများ အပါအဝင် တရားစီရင်မှုဆိုင်ရာတိုးတက်မှုများ ဖော်ဆောင်နိုင်ခဲ့သည်ကို အသိအမှတ်ပြုပါကြောင်း၊

(စ)       အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်/မြန်မာအခြေအနေအား ဖြေရှင်းရန် လုပ်ဆောင်လျက်ရှိသော ခုံရုံး၏ ဆောင်ရွက်ချက်များကို အလေးထားအသိအမှတ်ပြု၍ စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးမည့်အချိန်ကို လည်း အားထားမျှော်လင့်လျက်ရှိကြောင်း၊

(ဆ)     ဘင်္ဂလားဒေ့ရှ်အစိုးရမှ ရိုဟင်ဂျာဒုက္ခသည်များအား လက်ခံပေးထားခြင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားမှလည်း ခုံရုံးနှင့် အခိုင်အမာပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ စစ်အုပ်စုမှ ကျူးလွန်လျက်ရှိသော နိုင်ငံတကာရာဇဝတ်မှုများအား ဆက်လက်စုဆောင်း လျက်ရှိမှုတို့အပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း၊

(ဇ)       ထိုသို့သော ဖြစ်ပေါ်တိုးတက်မှုများကို ကြည့်ခြင်းအားဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားဂုဏ်သိက္ခာ၊ တာဝန်ခံမှုနှင့် အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေးတို့အတွက် ရောမ သဘောတူစာချုပ်သည် မရှိမဖြစ် လိုအပ်သော တံတိုင်းအကာအကွယ်အဖြစ် ဆက်လက် တည်ရှိနေသည့်အချက်ကို ထပ်လောင်းအတည်ပြုလျက်ရှိကြောင်း၊

(ဈ)      မြန်မာပြည်သူများအဖို့ နိုင်ငံတကာတရားမျှတမှုရရှိရေး ကြိုးပမ်းအားထုတ်မှုသည် အယူအဆ သက်သက်မျှသာဖြစ်သော ဥပဒေရေးရာ ဆွေးနွေးမှုတစ်ခု မဟုတ်သကဲ့သို့ အလှမ်းဝေးကွာသည့် မျှော်မှန်းတောင့်တချက်လည်း မဟုတ်ကြောင်း၊ မိမိတို့ ပြည်သူများအတွက် နိုင်ငံတကာ တရား မျှတမှုသည် မရှိမဖြစ်နှင့် အရေးတကြီး လိုအပ်လျက်ရှိသော လိုအပ်ချက်တစ်ခု ဖြစ်ကြောင်း၊

(ည)     တရားမဝင် စစ်အာဏာသိမ်းမှုသည် (၅) နှစ်ကာလကို ကျော်လွန်လာခဲ့ပြီဖြစ်ကြောင်း၊ ဤကာလ တစ်လျှောက်တွင် စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူများအပေါ်တွင် ရက်စက်ကြမ်းကြုတ်မှု များကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျကျူးလွန်လျက်ရှိပြီး ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှု များသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုများမြောက်ကြောင်း၊

(ဋ)       ၎င်းတို့အနေဖြင့် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အဦများ၊ စစ်ဘေးရှောင်စခန်းများနှင့် အာဟာရပစ္စည်းများ ဖြန့်ဝေသည့် စခန်းများနှင့် အရပ်သားများ အခြေချနေထိုင်ရာစခန်းများကို ပစ်မှတ်ထားကာ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းတို့ကို အထိန်းအကွပ်မဲ့စွာ ကျူးလွန်လျက်ရှိကြောင်း၊ ထိုဖြစ်စဉ်များကြောင့် သန်းပေါင်းများစွာသော ပြည်သူများမှာ နေရပ်မှ ထွက်ပြေးတိမ်းရှောင် နေထိုင်နေရကြောင်း၊

(ဌ)       ထို့ပြင် မှတ်တမ်းကောက်ယူထားရှိသည့် စစ်အုပ်စုမှ စနစ်တကျကျူးလွန်သော ညှဉ်းပန်း နှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှု၊ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း နှင့် တရားလက်လွတ် ဖမ်းဆီးထိန်းချုပ်ခြင်းတို့သည် ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် ဖိနှိပ်ချုပ်ချယ်ရန် ရည်ရွယ်သည့် စနစ်တကျ ချိတ်ဆက်ထားသော အကြမ်းဖက်မူဝါဒအဖြစ် ပေါ်လွင်ကြောင်း၊

(ဍ)       ထိုကဲ့သို့သော ထိတ်လန့်ဖွယ်ကောင်းသည့် ဖြစ်ရပ်မှန်များကို ကုလသမဂ္ဂ ယန္တရားများနှင့် လွတ်လပ်သော နိုင်ငံတကာအဖွဲ့အစည်းများက လုံလောက်စွာ ထုတ်ဖော်ထားပြီးဖြစ်ကြောင်း၊

(ဎ)   စင်စစ်တွင်လည်း စစ်အုပ်စု၏ရက်စက်ကြမ်းကြုတ်မှုများသည် အဆုံးအဆမဲ့ဆိုးရွားပါကြောင်း၊

(ဏ)     စစ်အုပ်စုအနေဖြင့် ၃၁-၁၀-၂၀၂၆ ရက်နေ့ကပင် လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း၊ ကရင်နီ (ကယား)ပြည်နယ်ရှိ ကျောင်းနေအရွယ်ကလေးငယ်များ ခိုလှုံနေသည့် စစ်ဘေးရှောင်စခန်းပေါ် သို့ အင်အားပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုကို ပစ်မှတ်ထားကျူးလွန်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုသည် ကလေးငယ်များအား အာဟာရကျွေးနေသည့်အချိန်နှင့် စာသင်ချိန်၌ ဖြစ်ပွားခဲ့ကြောင်း၊

(တ)     အပြစ်မဲ့သော အသက်(၁၀) နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် (၁၂) နှစ်အရွယ် ကလေးငယ်(၂) ဦးတို့ ဦးခေါင်းဒဏ်ရာပြင်းထန်မှုကြောင့် နေရာ၌ပင်ကွယ်လွန်ခဲ့ကြောင်း၊ အခြားကလေးငယ်(၅) ဦးနှင့် အသက်(၂၁) နှစ်အရွယ် မူလတန်းကျောင်းဆရာတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိထားကြောင်း၊ တစ်ပြိုင်တည်းမှာပင် စာသင်ကျောင်းဆောင်များနှင့် ယာယီခိုလှုံတဲများ မီးခိုးပြာအဖြစ်သာ ကျန်ခဲ့ကြောင်း၊

(ထ)     အလားတူပင် ယခုရက်ပိုင်းက စစ်အုပ်စုက ရခိုင်ပြည်နယ်အတွင်း သားဖွားဆေးခန်း၊ ပညာသင်ကျောင်း၊ တံတားအပါအဝင် အရပ်သားအဆောက်အဦများအပေါ် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး၊ အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ အသက် ဆုံးရှုံးခဲ့ကြောင်း၊

(ဒ)       ဤအကြမ်းဖက်လုပ်ရပ်များအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် ပြင်းထန်စွာ ရှုံ့ချကြောင်း ထုတ်ဖော်ပြောကြားထားကြောင်း၊

(ဓ)       ထိုကဲ့သို့သော ရင်နင့်ကြေကွဲဖွယ်ဖြစ်စဉ်သည် အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်မှ ပြန်လည်ထွက်ခွာပြီး မကြာမီအချိန်၌ ဖြစ်ပေါ်ခဲ့ကြောင်း၊

(န)       အလွန်ဝမ်းနည်းဖွယ်ကောင်းသည်မှာ စစ်အုပ်စု၏ ဤသို့သောလုပ်ရပ်သည် ၎င်းတို့လက်စွဲ ကျင့်သုံးလာသည့် လုပ်ကွက်တစ်ခု ဖြစ်လာနေကြောင်း၊

(ပ)       တစ်ဖက်တွင် စစ်အုပ်စုအနေဖြင့် လူသားချင်းစာနာမှုခေါင်းစဉ်အောက်က နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ လာရောက်သည့်တာဝန်ရှိသူများ၏ ခရီးစဉ်များကို နိုင်ငံရေးအရ အသုံးချကာ နိုင်ငံတကာအား လှည့်ဖြားလျက်ရှိကြောင်း၊

(ဖ)     အခြားတစ်ဖက်တွင် စစ်အုပ်စုအနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူများအပေါ်သို့ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက်ရှိကြောင်း၊

(ဗ)       စစ်အုပ်စု၏ သဘောထားမှ ၎င်းတို့၏ ထိန်းချုပ်မှုအောက်၌ နေသူများအနေဖြင့် အကူအညီများ ရရှိနိုင်မည်ဖြစ်ပြီး ၎င်းတို့အား ခုခံတော်လှန်ပါက ဗုံးနှင့် ကျည်ဆန်များသာ ရရှိမည်ဟူသော အကြမ်းဖက်သည့် သတင်းစကားကို သွယ်ဝိုက်ပေးပို့နေခြင်း ဖြစ်ကြောင်း၊

(ဘ)     ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထိုမျှအန္တရာယ်ကြီးမား၍ အသက်များ ဆုံးရှုံးစေနိုင်သည့် စစ်အုပ်စု၏ ရာဇဝတ်သားဆန်သော စိတ်ဖောက်ပြန်မှုကို နားလည်၍ တိုက်ဖျက်ရမည် ဖြစ်ကြောင်း၊

(မ)       မြန်မာပြည်သူများအနေဖြင့် နိုင်ငံတကာ၏ တရားမျှတမှုစနစ်အပေါ်တွင် ကြီးစွာသော မျှော်လင့်ချက်ကို ထားရှိကြောင်း၊ အထူးသဖြင့် အဆိုပါမျှော်လင့်ချက်သည် ICC တရားရုံးရှေ့နေမှ စစ်အုပ်စုခေါင်းဆောင်အား ဖမ်းဝရမ်းတင်သွင်းခဲ့ပြီးနောက် ပိုမို ကြီးထွားလာခဲ့ကြောင်း၊

(ယ)     အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း နိုင်ငံတကာရာဇဝတ်ခုံရုံး၏ တရားစီရင်ပိုင်ခွင့် အား လက်ခံသည့် ပုဒ်မ ၁၂ (၃) ကြေညာချက်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့၌ တင်သွင်းခဲ့ကြောင်း၊

(ရ)       မိမိတို့၏ရည်ရွယ်ချက်မှာ ရှင်းလင်းပါကြောင်း၊ မိမိတို့အနေဖြင့် စစ်အုပ်စုကျူးလွန်သည့်  ချိုးဖောက်မှုများမှာ အလွန်အမင်းကြီးလေးသည်ဟု မှတ်ယူပြီး မြန်မာနိုင်ငံတွင် အရပ်သားပြည်သူ များအား ကာကွယ်စောင့်ရှောက်ရန်၊ ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံ ပေါ်ပေါက်မလာစေရန်နှင့် စစ်အုပ်စု အကျိုးခံစားခွင့် ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အပြီးတိုင်ချုပ်ငြိမ်းစေရန် ကတိကဝတ်ပြုခြင်းပင် ဖြစ်ကြောင်း၊

(လ)     သို့ရာတွင် ICC တရားရုံးရှေ့နေ၏ဖမ်းဝရမ်းလျှောက်ထားမှု (၂) နှစ်ခန့်ကြာမြင့်လာသော်လည်း မြင်သာသည့် တိုးတက်မှုနှင့် ဖမ်းဝရမ်းထုတ်ပြန်မှု ကြန့်ကြာနေသည့်အပေါ် ပြတ်သားသော အရေးယူဆောင်ရွက်ချက်ဖြစ်ပေါ်လာစေရန် ပြည်သူများ စိတ်အားညှိုးငယ်စွာဖြင့် စောင့်ဆိုင်း လျက်ရှိကြောင်း၊

(ဝ)       စစ်အုပ်စု ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို အချိန်နှင့်အမျှ ရင်ဆိုင်ကျော်ဖြတ်နေရသည့် သန်းပေါင်းများစွာသော ပြည်သူများအတွက် တရားမျှတမှု နှောင့်နှေးကြန့်ကြာနေခြင်း သည် တရားမျှတမှုအား ငြင်းဆန်ခြင်းမည်ကြောင်း၊ အရေးယူဆောင်ရွက်မှုမရှိသည့်နေ့ရက်တိုင်း တွင် အပြစ်မဲ့ပြည်သူများ အသက်ပေးနေရကြောင်း၊

(သ)     သို့ဖြစ်ပါ၍ နိုင်ငံတကာရာဇဝတ်ခုံရုံးအနေဖြင့် လုပ်ငန်းစဉ်များအား လျင်မြန်စွာ လုပ်ဆောင်ပေးရန်နှင့် ထိုသို့သောရက်စက်ကြမ်းကြုတ်မှုများအား ကျူးလွန်သည့် အဓိကတရားခံများကို တာဝန်ခံမှုရှိစေရေး လုပ်ဆောင်ပေးပါရန် ထပ်လောင်း တောင်းဆိုလိုပါကြောင်း၊ သို့မှသာလျှင် ရိုဟင်ဂျာများနှင့် မြန်မာပြည်သူတစ်ရပ်လုံးအတွက် တရားမျှတမှု ဆောင်ကျဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊

(ဟ)     ထို့ပြင် စစ်အုပ်စုအပေါ်၌လည်း  ဖိအားပေးမှု လျှော့ပေးခြင်းအစား ပိုမို ပြင်းထန်သော ဖိအားများ ချမှတ်ပေးရန် တောင်းဆိုကြောင်း၊

(ဠ)       အဓိကအားဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုး သုံးပစ္စည်းများနှင့် ငွေကြေးထောက်ပံ့မှုတို့ ချက်ချင်းဖြတ်တောက်ရမည်ဖြစ်ကြောင်း၊ သို့မဟုတ် ပါက စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများအား ကျူးလွန်နေသည့်တရားခံများအား အရပ်သားပြည်သူများအပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများ ပိုမို ကျူးလွန်ခွင့်ပေးသကဲ့သို့ဖြစ်နေမည် ဖြစ်ကြောင်း၊

(အ)      နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး၊ အပြည်ပြည်ဆိုင်ရာတရားရုံး နှင့် ပြည်တွင်းတရားရုံးများတွင်  ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကျင့်သုံးရေးတို့ အပါအဝင် နိုင်ငံတကာ တာဝန်ခံမှုကို အပြည့်အဝ ထောက်ခံပံ့ပိုးပေးရန် တောင်းဆိုပါကြောင်း၊

(ကက) အကူအညီအလိုအပ်ဆုံးဖြစ်နေသူများထံသို့ ထိထိရောက်ရောက် ရောက်ရှိစေရေးအတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဒေသခံအရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ရှေ့တန်းကူညီကယ်ဆယ်ရေးကွန်ရက်များမှတဆင့် တိုက်ရိုက်ထောက်ပံ့ပေးပို့ကြရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်အလှူရှင်များအား မိမိတို့မှ တိုက်တွန်းလိုပါကြောင်း၊

(ခခ)     နိဂုံးချုပ်အားဖြင့် တာဝန်ခံမှုရှိစေရေးအတွက် နှောင့်နှေးကြန့်ကြာနေခြင်းသည် ပြစ်ဒဏ် ကင်းလွတ်ခွင့်အား ဆက်လက်တည်မြဲစေခြင်းပင် ဖြစ်ကြောင်း၊ မြန်မာပြည်သူများအနေဖြင့် တရားမျှတမှုနှင့် ထိုက်တန်ပါကြောင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အနေဖြင့် ထိရောက် ပြတ်သားသောလုပ်ဆောင်ချက်များကို နောင်မှမဟုတ်ဘဲ ယခုပင် လုပ်ဆောင်ပေးပါရန် တောင်းဆိုကြောင်း။


၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against the delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at General Debate on Agenda Item73: “The Report of the International Criminal Court” at the 33rd Plenary Meeting of the UN General Assembly


(New York, 2 November 2026)

Mr. President,

The Rome Statute and the International Criminal Court (ICC) remain central pillars of the contemporary international criminal justice architecture. They embody the collective determination of States to ensure that perpetrators of genocide, crimes against humanity, war crimes, and the crime of aggression are held individually accountable, irrespective of status or position.  

Beyond its foundational legal framework, the Court represents a principled commitment to protecting civilians, deterring future atrocities, and upholding the rule of law as an essential safeguard of human dignity. Its victim-centered approach and the principle of complementarity continue to drive meaningful domestic legal reforms while reinforcing the international community’s shared responsibility to end impunity and advance global justice.  

Therefore, Myanmar thanks the Secretary-General for his report under this agenda item.

We express our appreciation to the President of the ICC for presenting the comprehensive annual report and commend the work of the Court and its continued dedication to advancing global justice under challenging operational conditions.

We note the significant judicial milestones achieved during the reporting period, including landmark trial judgments, confirmation of charges in crucial situations, and the ongoing work of the Trust Fund for Victims.

We particularly take note of the Court’s activities addressing the situation in Bangladesh/Myanmar and look forward to the completion of the ongoing investigations.

Taking this opportunity, Myanmar expresses its gratitude to the Government of Bangladesh for hosting Rohingya refugees, and to the Independent Investigative Mechanism for Myanmar (IIMM) for its steadfast cooperation with the Court and continued collection of evidences of international crimes committed by the military junta.

These developments reaffirm that the Rome Statute serves as an indispensable safeguard for human dignity, accountability, and the protection of civilians worldwide.

Mr. President,

For the people of Myanmar, the pursuit of international justice is neither an abstract legal discussion nor a distant aspiration. It is an absolute and urgent necessity for our people.

More than five years have passed since the illegal military coup. Throughout this period, the military junta has continued to perpetrate widespread and systematic atrocities against the civilian population, amounting to war crimes and crimes against humanity.

The military junta has carried out relentless aerial bombardments and heavy artillery shelling targeting schools, hospitals, religious buildings, IDP camps, nutritional distribution sites, and civilian settlements across the country, displacing millions of people. Documented patterns of systematic torture, sexual and gender-based violence, mass killings, and arbitrary detentions demonstrate a coordinated policy of terror aimed at subjugating the population through fear.

All this horrific reality has been extensively exposed by UN mechanisms and independent international bodies.

To put it plainly, Mr. President, the brutality of the military junta knows no bounds.

Just days ago, on 31 October, the military junta launched a devastating airstrike targeting schoolchildren at an IDP camp in eastern Loikaw Township, Karenni (Kayah) State. The attack occurred precisely while the displaced students were eating lunch and attending classes.

Three innocent children; a 10-year-old and two 12-year-olds, died on the spot from fatal head injuries. Five other children and a 21-year-old teacher were severely wounded, while school buildings and temporary shelters were reduced to ashes.

Similarly, the military junta conducted recently airstrikes in Rakhine State, hitting civilian infrastructures including a maternity clinic, a school and a bridge, killing civilians including women and children.

The UN Secretary-General today strongly condemned these heinous attacks.

This heartbreaking incident took place just after the ASEAN Special Envoy concluded her visit to Myanmar.

Regrettably, this has become the military junta’s predictable playbook.

On one hand, they weaponize visits by accredited personnel under humanitarian pretexts and stage photo-op diplomacy to deceive the international community.

On the other hand, they launch deliberate airstrikes on innocent civilians.

The junta is sending a terrorizing message to our people that those who submit to their control may receive aid, while those who resist will receive bombs and bullets.

The international community must recognize and confront this military junta’s extremely dangerous and deadly criminal psyche.

Mr. President,

The people of Myanmar have placed immense hope in the international justice system, a hope that was further strengthened when the ICC Prosecutor applied for an arrest warrant against the military junta chief.

On 17 July 2021, the National Unity Government of Myanmar submitted an article 12(3) Declaration accepting the ICC’s territorial jurisdiction.

Our intention was, and remains, clear. We recognize the junta’s grave violations and are committed to protecting civilians, deterring further atrocities, and ending the Myanmar military’s decades of systemic impunity.

Yet, nearly two years have passed since the Prosecutor's application, and the people of Myanmar continue to wait anxiously for tangible progress and decisive action regarding this pending arrest warrant.

For millions enduring atrocities in real time, justice delayed is truly justice denied. Every single day of inaction costs innocent civilian lives.

We reiterate our urgent appeal to the Court to expedite its proceedings and bring the principal architect of these atrocities to account.

We all believe that such progress will bring justice to Rohingya and the people of Myanmar as a whole.

In the same vein, we call for greater pressure to be imposed on the military junta, not less.

The flow of arms, weapons, jet fuel, dual-use items, and financial assistance to the military junta must be cut off immediately. Allowing these flows to continue enables the perpetrators of war crimes and crimes against humanity to commit further atrocities against civilians.

Instead, we request to the international community to actively support international accountability, including proceedings before the ICC, the ICJ, and universal jurisdiction cases in national courts.

We also urge UN Member States and donors to channel cross-border humanitarian aid directly through local civil society organizations and frontline response networks to ensure effective delivery to those most in need.

On a concluding note, Mr. President, accountability delayed is impunity sustained.

The people of Myanmar deserve justice. We appeal to the United Nations and the broader international community for effective, decisive action now, not later.

I thank you.

*****



Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page