• Myanmar Mission To UN

Statement by Ambassador Kyaw Moe Tun on UN Global Plan of Action to Combat Trafficking in Persons



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at High-level meeting of the General Assembly on the Appraisal of the United Nations Global Plan of Action to Combat Trafficking in Persons on 23 November 2021


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးအစီအစဉ်နှင့်ပတ်သက်သည့် အထွေထွေညီလာခံအဆင့်မြင့်အစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်း၌​ လူကုန်ကူးမှုပြဿနာဖြေရှင်းရေး၊ ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ ပြန်လည်ရရှိရေးအတွက် နိုင်ငံတကာအသိုက်အဝန်းမှ ​မြန်မာပြည်သူများအား

ကူညီပံ့ပိုးရန် တိုက်တွန်း


(နယူးယောက်မြို့၊ နိုဝင်ဘာလ ၂၃ ရက်)


၁။ ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးအစီအစဉ်နှင့်ပတ်သက်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေးကို နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ၂၂-၁၁-၂၀၂၁ ရက်နေ့မှ စတင်၍ ကျင်းပလျက်ရှိရာ၊ ၂၃-၁၁-၂၀၂၁ ရက်နေ့တွင် ပြုလုပ်သည့် မျက်နှာစုံညီအစည်းအဝေး တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မိန့်ခွန်း ပြောကြားခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ပါအဓိကအချက်များ ပါဝင်ပါသည်-


(က) လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာအစီအစဉ် အကောင်အထည်ဖော်မှုတွင် တိုးတက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို မြန်မာနိုင်ငံမှ ကြိုဆို၍ လူကုန်ကူးမှုတိုက်ဖျက် ရေးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာအစီအစဉ် အကောင်အထည်ဖော်မှုဆိုင်ရာ ၂၀၂၁ ခုနှစ် နိုင်ငံရေးကြေညာ ချက်ကို ထောက်ခံကြောင်း၊


(ခ) လူကုန်ကူးမှုပြစ်မှုသည် ရက်စက်ကြမ်းကြုတ်၍ လူ့ဂုဏ်သိက္ခာကို ဖျက်ဆီးထိပါးသည့် ပြစ်မှုဖြစ် ကြောင်း၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး၏ ၂၀၂၀ ပြည့်နှစ် လူကုန်ကူးဆိုင်ရာအစီရင်ခံစာတွင် လူကုန်ကူးမှုအန္တရာယ်နှင့်စပ်လျဉ်း၍ ရှင်းလင်းစွာ ဖော်ပြထားပြီး အမျိုးသမီး၊ အမျိုးသမီးငယ်များနှင့် ကလေးသူငယ်များသည် လူကုန်ကူးမှုအန္တရာယ်နှင့် ရှင်ဆိုင်နေရကြောင်း၊


(ဂ) လူကုန်ကူးမှုပြစ်မှုကျူးလွန်ရသည့် အဓိကအကြောင်းရင်းသည် စီးပွားရေးအရ လိုအပ်ချက်ဖြစ်ရာ လူမှု-စီးပွားရေးနှင့်သက်ဆိုင်သည့် ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့၊ သာတူညီမျှမရှိမှုနှင့် လူသားချင်းစာနာ ထောက်ထားမှုအရေးပေါ် အခြေအနေများကို နိုင်ငံအစိုးရများမှ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ထို့အတူ လူကုန်ကူးမှုအန္တရာယ်ကျ ရောက်ခဲ့သူများကို ကာကွယ်၍ ပြစ်မှုကျူးလွန်သူများကိုလည်း တရားဥပဒေနှင့်အညီ အရေးယူရမည်ဖြစ်ကြောင်း၊


(ဃ) မြန်မာနိုင်ငံ၌ ဒီမိုကရေစီရွေးကောက်ခံအစိုးရသည် လူကုန်ကူးမှုကာကွယ်တိုက်ဖျက်ရေးကို ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်မှုနှင့် လူ့အခွင့်အရေးမြှင့်တင်ရေးတို့အပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ရွေးကောက်ခံ ပြည်သူ့အစိုးရသည် ပြစ်မှုဆိုင်ရာတရားစီရင်မှုနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၌​ ပြုပြင်ပြောင်းလဲမှုတွင် တာဝန်ခံမှုမရှိသည့် မြန်မာစစ်တပ်ကြောင့် ကန့်သတ်ချက်များ ရှိခဲ့ကြောင်း၊ သို့ရာတွင် ယင်းကန့်သတ်ချက် များကြားမှ အမျိုးသားအစီအစဉ်နှင့် လုပ်ငန်းစဉ်များချမှတ်၍ လူကုန်ကူးခံရသူများအား နေရပ်ပြန်ရေး၊ ပြန်လည်ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို အလေးထားဆောင်ရွက်ခဲ့ကြောင်း၊


(င) သို့ရာတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ တရားမဝင် စစ်တပ်အာဏာသိမ်းမှုကြောင့် ယင်းအောင်မြင် တိုးတက်မှုများသည် အချည်းနှီးဖြစ်ရကြောင်း၊ အာဏာသိမ်းသည့်အချိန်မှ စတင်၍ မြန်မာစစ်တပ်၏ ပြည်သူများအပေါ် စနစ်တကျ ရည်ရွယ်ချက်ရှိရှိ နှိမ်နင်းတိုက်ခိုက်မှုကြောင့် တစ်နိုင်ငံလုံး၌​ ပြည်သူ (၁,၃၀၀) နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး၊ ယင်းအသက်ဆုံးရှုံးမှုတွင် အနည်းဆုံး ကလေး (၉၀) ဦး ပါဝင်ကြောင်း၊ ထို့ပြင် (၂၃၄,၆၀၀) ဦး ကျော်သည် နေရပ်စွန့်ခွာနေရပြီး၊ အများစုသည် နိုင်ငံတွင်းနှင့် ဒေသတွင်း၌ လူကုန်ကူးမှု အန္တရာယ်ရှိနေကြောင်း၊ ထို့ပြင် လာမည့် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် (၂၀) ရာခိုင်နှုန်း ကျဆင်း၍ ဆင်းရဲနွမ်းပါးမှုနှုန်းသည် လူဦးရေ၏ ထက်ဝက်နီးပါးရှိမည်ဟု ခန့်မှန်းထားပြီး၊ လက်ရှိတွင် လူဦးရေ (၃) သန်း သည် လူသားချင်းစာနာထောက်ထားမှုအကူအညီ အရေးပေါ်လိုအပ် နေကြောင်း၊


(စ) နိုင်ငံတိုင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကာကွယ်ရေးနှင့် အရေးယူဆောင်ရွက်ရေးတွင် တရားဥပဒေစိုးမိုးရေးကဏ္ဍသည် အရေးပါကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ၌တရားမဝင် အာဏာသိမ်း စစ်တပ်သည် ပြည်သူများအား ကာကွယ်ပေးရမည့်အစား ပြည်သူများအား သတ်ဖြတ်တိုက်ခိုက်နေပြီး၊ အာဏာသိမ်းစစ်တပ်လက်အောက်ရှိ တရားဥပဒေစိုးမိုးရေး အေဂျင်စီများသည် မြန်မာပြည်သူများအတွက် တရားမျှတမှုကင်းမဲ့သည့် အဖွဲ့အစည်းများ ဖြစ်လာကြောင်း၊


(ဆ) စီးပွားရေးအခြေအနေဆိုးဝါးမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေ၊ ဥပဒေစိုးမိုးရေးပျက်ပြားမှု၊ လက်ရှိတရားစီရင်ရေးအပေါ် ပြည်သူများ၏ ယုံကြည်မှုကင်းမဲ့မှုနှင့် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ဆိုးဝါးရက်စက်သည့် လုပ်ရပ်များသည် လူကုန်ကူးသူများအတွက် အခွင့်ကောင်းဖြစ်ကြောင်း၊ ဒုက္ခသည်စခန်းများရှိ အမျိုးသမီး၊ အမျိုးသမီးငယ်များနှင့် ကလေးငယ်များနှင့် ရွှေ့ပြောင်းလုပ်သမားများအတွက် လူကုန်ကူးမှုအန္တရာယ်သည် ယခင်ကနှင့်မတူ ပိုမိုကျရောက်ရန် အခွင့်အရေးများနေကြောင်း၊


(ဇ) မြန်မာနိုင်ငံပြဿနာဖြေရှင်းမှုတွင် ပေါင်းစည်း၍ ဘက်ပေါင်းစုံပါဝင်သည့်ချဉ်းကပ်မှု နည်းလမ်း လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ရှိစေရန် အတွက်မှာ တရားမဝင်အာဏာသိမ်းစစ်တပ်၏ အုပ်ချုပ်မှုကို အဆုံးသတ်စေရေး စတင်ဆောင်ရွက်ရမည်ဖြစ်ကာ၊ ကျူးလွန်သည့်ပြစ်မှုများအတွက် တာဝန်ခံမှုရှိစေရေး၊ တရားဥပဒေစိုးမိုးရေး ပြန်လည်ရရှိရေး၊ ပြည်သူများမှ ရွေးချယ်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်မှု၏ ဖွဲ့စည်းပုံအခြေခံဥပဒေရှိလာစေရေးတို့သည် အရေးကြီးကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်စေရေး နိုင်ငံတကာအသိုက်အဝန်းအနေနှင့် မြန်မာပြည်သူများ အားကူညီရန် တောင်းဆိုကြောင်း၊


၃။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ် ပါသည်။


၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်၊

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at High-level meeting of the General Assembly on the Appraisal of the United Nations Global Plan of Action to Combat Trafficking in Persons


(New York, 23 November 2021)


Mr. President,


It is an honour for me to address today’s high-level meeting on the appraisal of the United Nations Global Plan of Action to Combat Trafficking in Persons. Myanmar welcomes the progress made and supports the way forward on the implementation of the Global Plan of Action to Combat Trafficking in Persons. We also wish to reaffirm our commitments to the 2030 Agenda for Sustainable Development and the Agenda itself includes commitments related to combating all forms of trafficking in persons. Myanmar supports the adoption of 2021 Political Declaration on the Implementation of the United Nations Global Plan of Action to Combat Trafficking in Persons. We commend the facilitators for their hard work.


Mr. President,


Trafficking in persons is a heinous crime that violates human dignity. Since the entry into force of UN Convention against Transnational Organized Crime and the Protocol to Prevent, Suppress and Punish Trafficking in Persons, Especially Women and Children, significant progress has been made including the development of national anti-trafficking legislation, strengthening of national capacities and international cooperation. With the launch of the Global Plan of Action, member states reaffirmed their commitments to eradicate the heinous crime of trafficking in persons by preventing trafficking in persons, protecting its victims and prosecuting perpetrators. A decade later, we still have much further to do. The COVID-19 related multi-faceted crisis has undoubtedly exacerbated our challenges further in fighting to end this crime around the world.


2020 Global Report on Trafficking in Person by UNODC clearly gives us the picture of precarious conditions especially faced by women, girls and children who are disproportionately affected by trafficking in persons. The report alarmingly informs us that 7 out of every 10 victims are women and girls, and children account for one third of the detected victims globally. 50 percent of all victims were trafficked for sexual exploitation while 38 percent for forced labour.


Mr. President,


One of the key contributing factors that serve perpetrators of trafficking in persons is economic need. Fostering economic development and addressing the socio-economic factors such as poverty, unemployment, inequality and humanitarian emergencies is one of the essential anti-trafficking efforts that national governments must do. While we address these root causes, victims of trafficking in persons must be protected and traffickers must be brought to justice. These inter-related jobs require comprehensive, coherent and multi-sector responses from all anti-trafficking actors including governments, the United Nations and civil society organizations.


Mr. President,


In Myanmar, the democratically elected government led by President U Win Myint and State Counsellor Daw Aung San SuuKyi made concerted efforts to strengthen the rule of law, promote justice and human rights, and foster economic development, which are foundations for addressing vulnerabilities to trafficking in persons. Unlike any other country, the elected government’s ability to reform criminal justice and security sectors were largely constrained by the unaccountable military. Despite such limitations, the government improved protection services to victims of trafficking including by adopting national standard operating procedures (SOPs) for the return, reintegration, and rehabilitation of trafficking victims, and investigated and prosecuted human traffickers. To better protect children rights, the Parliament enacted the Child Rights Law, which criminalized all forms of child sex trafficking. Efforts were being made to replace the 2005 anti-trafficking law in order to criminalize all forms of trafficking in line with international standards.


Mr. President,


But all those succeeding developments are in vain because of the illegal military coup on February 1. Since then, the military and security forces have been committing widespread and systematic atrocities against the civilian population across the country. They have murdered almost 1,300 people including at least 90 children. 10,380 people have been arbitrarily arrested. More than 234,600 people are internally displaced. Many of them are at high risk of human trafficking in the country and elsewhere in the region as a result of their forced displacement. Our economy is forecast to fall by nearly 20 % while nearly half of the population will fall under poverty line next year. Currently 3 million people are in humanitarian needs.


Law enforcement actors play an essential role in prevention, protection and prosecution in anti-trafficking efforts in every country. However, in Myanmar, the illegal military junta is killing and harming the people instead of protecting them. Law enforcement agencies under the military junta have essentially become a source of injustice to the people of Myanmar.


The deteriorating economic situation, humanitarian emergencies, the destruction of the rule of law, people’s lack of trust in law enforcement and total disregard for human life and ongoing atrocities by the illegal military junta in Myanmar is a perfect storm that human traffickers will take advantage of. Our women, girls and children in IDP camps and our migrant workers are now more vulnerable to trafficking in persons than ever before.


In conclusion, Mr. President, addressing Myanmar crisis needs to have a collective and holistic approach. Bringing peace, stability and development back to Myanmar is imperative to start with the end of illegal military junta, accountability for atrocity crimes, re-establishment of the rule of law and the constitution of federal democratic governance chosen by the people of Myanmar. In this regard, I appeal the international community to extend their helping hands to the people of Myanmar.


I thank you.



*****