top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at the General Debate of the 2024 ECOSOC Financing for Development Forum





Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the General Debate of the 2024 ECOSOC Financing for Development Forum, held on 25 April 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ ၂၀၂၄ ခုနှစ်၊ ဖွံဖြိုးတိုးတက်မှုအတွက် ငွေကြေးပံ့ပိုးမှု ဆိုင်ရာဖိုရမ်၊ အထွေထွေရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက Addis Ababa Action Agenda နှင့် ၂၀၃၀ အာဂျင်ဒါတို့အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပြီး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖော်ဆောင်နိုင်မည့် တစ်ခုတည်းသော လုပ်ဆောင်ရမည့်အချက်မှာ စစ်အာဏာရှင် စနစ်အပြီးတိုင် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ခြင်းဖြစ်သည်မှာ အထူး ထင်ရှားကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅ ရက်)


၁။       နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ ၂၀၂၄ခုနှစ်၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးပံ့ပိုးမှုဆိုင်ရာဖိုရမ် ဆွေးနွေးပွဲကို ၂၂-၄-၂၀၂၄ ရက်နေ့မှ ၂၅-၄-၂၀၂၄ ရက်နေ့ အထိကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖိုရမ်၏ အထွေထွေရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း မှ ၂၅-၄-၂၀၂၄ ရက်နေ့တွင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။       မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ ဆွေးနွေးပြောကြားရာတွင် အောက်ဖော်ပြပါ အဓိက အချက်များ ပါဝင်ပါသည်-


(က)    Addis Ababa Action Agendaနှင့် ယင်း၏အရေးယူဆောင်ရွက်ရမည့် ကဏ္ဍ (၇) ခု ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်မှသာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ ပြည့်မီမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးပံ့ပိုးမှုဆိုင်ရာ အစီရင်ခံစာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘဏ္ဍရေးဆိုင်ရာ ကန့်သတ်ချက်များ၊ ကြွေးမြီပြဿနာများနှင့် ဘဏ္ဍာရေးလိုအပ်ချက်များကို မီးမောင်းထိုးပြထားကြောင်း၊ သို့ဖြစ်ရာ (၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ညီလာခံသည် ငွေကြေးပံ့ပိုးမှု ကွာဟချက်များအတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းစေရေး၊ ၂၀၃၀ အာဂျင်ဒါ အကောင်အထည်ဖော်ရေး ဆိုင်ရာ အရေးပေါ်အစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ရေးနှင့် နိုင်ငံတကာငွေကြေး ပံ့ပိုးမှု ဗိသုကာပြုပြင်ပြောင်းလဲရေးတို့ကို ဦးစားပေးဆောင်ရွက်သင့်ပါကြောင်း၊


(ခ)     Addis Ababa Action Agenda မှဖော်ညွှန်းထားသည့်အတိုင်း မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုများ ပြည့်မီရေး လမ်းကြောင်းပေါ်ရောက်ရန် အဆိုပါနိုင်ငံများတွင် အဓိကတာဝန်ရှိသည်ဖြစ်ပြီး၊ နိုင်ငံတကာ အသိုက်အဝန်းမှ လိုအပ်မှုများ ပံ့ပိုး၍ အထောက်အကူ ဖြစ်စေမည့် ပတ်ဝန်းကျင် ဖန်တီးပေးရန် ဖြစ်ကြောင်း၊


(ဂ)     မြန်မာနိုင်ငံမှာမူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်မှ တရားမဝင် အာဏာသိမ်းယူမှု ကြောင့် ကုလသမဂ္ဂရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည် ဖော်ရေး လုပ်ငန်းများ ပျက်သုဉ်းခဲ့ရပြီး လူငယ်များ၏ အနာဂတ်ပင် ဖျက်ဆီးခံခဲ့ရ ကြောင်း၊ စစ်တပ်၏ လူမဆန့်သည့် လုပ်ရပ်များကြောင့် မြန်မာပြည်သူများသည် ဆိုးရွားသော ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရကြောင်း၊ Addis Ababa Action Agenda ၏ အရေးယူဆောင်ရွက်ရမည့်  ကဏ္ဍများနှင့် ပတ်သက်၍ တင်ပြလိုပါကြောင်း၊


(ဃ)    ပြည်တွင်းပြည်သူပိုင်သယံဇာတ အရင်းအမြစ်များကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံ၏ စီးပွားရေးအခြေအနေဆိုးရွားလာခြင်း၊ ငွေကြေးဖောင်းပွခြင်းနှင့် စားသောက်စရိတ် များ မြင့်တက်လာခြင်း၊ လူသားချင်းစာနာမှု အခြေအနေဆိုးရွားလာခြင်းနှင့် များစွာသော လူများ နေရပ်စွန့်ခွာရခြင်းများကြောင့် မြန်မာပြည်သူများသည် ရင်းနှီးမြှပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများထက် အသက်ရှင်သန်ရေး လူနေမှု ဘဝရပ်တည်ရေးအတွက် ရုန်းကန်နေကြရကြောင်း၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၏ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် နိုင်ငံ၏ ဆင်းရဲမွဲတေမှု သတ်မှတ်မျဉ်းအောက်သို့ ကျရောက် နေကြောင်း၊ အလယ်အလတ်ရှိသည့် လူလတ်တန်းစားများ ပျောက်ကွယ်လာနေပြီး၊ ငွေကြေးချမ်းသာ မညီမျှမှု ကြီးထွားလာနေသည်ကို ဖော်ညွှန်းနေကြောင်း၊ ထို့ပြင် လူသားအရင်းအမြစ်အတွက် ရင်းနှီးမြှုပ်နှံမှ လျော့နည်းလာခြင်းသည် အနာဂတ်တွင် လူလတ်တန်းစားတစ်ရပ် ပြန်လည်ပေါ်ပေါက်ရေးအတွက် ခြိမ်းခြောက်လျက် ရှိကြောင်း၊


(င)     တစ်ချိန်တည်းမှာပင် တရားဥပဒေစိုးမိုးရေး အလုံးစုံ ပျက်ပြားမှုနှင့် အကျင့်ပျက်ခြ စားမှု ပိုမိုများပြားလာမှုများသည်  ကျားဖြန့်လုပ်ငန်း (Online scam) အပါအဝင် တရားမဝင်စီးပွားရေး လုပ်ငန်းများ ပိုမိုဆိုးရွားလာစေခဲ့ကြောင်း၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာအေဂျင်စီဖြစ်သည့် UNODC ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် တွင် ဘိန်းထုတ်လုပ်မှု ကမ္ဘာ့အမြင့်ဆုံးနိုင်ငံအဖြစ် ဖော်ပြခဲ့ကြောင်း၊ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ UNCTAD ၏ ထုတ်ပြန်ချက်အရ၊  မူးယစ်ဆေးဝါး ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ (၁,၃၄၇) သန်း ကျော် ပြည်တွင်းသို့ တရားမဝင် ငွေကြေးစီးဆင်းမှုကို ရှိခဲ့ကြောင်း၊


(စ)     ပြည်တွင်းပြည်ပဆိုင်ရာ ပုဂ္ဂလိလုပ်ငန်းများနှင့် ငွေကြေးကဏ္ဍ နှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ စစ်တပ်မတရားအာဏာသိမ်းယူမှု ဖြစ်ပွားပြီးနောက် ဘဏ္ဍာရေးကဏ္ဍပြောင်းလဲရေးမှာ ရပ်တန့်နေခဲ့ပြီး နောက်ပြန်လှည့်မည့် စိုးရိမ်ဖွယ် အခြေအနေ ရှိနေကြောင်း၊ ပြည်တွင်းဘဏ်လုပ်ငန်းများ အကျပ်အတည်းသည် အသေးစားငွေကြေး ပံ့ပိုးမှုအဖွဲ့အစည်းများအား ထိခိုက်စေခဲ့ကြောင်း၊ လုပ်ငန်း လုပ်ကိုင်သူ (၅) သန်း အပေါ် သက်ရောက်မှုရှိခဲ့ကြောင်း၊


(ဆ)    ၎င်းအပြင်မကြာသေးမီက စစ်တပ်မှ အတင်းအဓမ္မ စစ်သားစုဆောင်းမှုများ ပြုလုပ်ခြင်းကြောင့် ပုဂ္ဂလိကလုပ်ငန်းများတွင် လုပ်ကိုင်နေသည့်သူများ အပါအဝင် လူငယ်များစွာသည် တိုင်းပြည်မှထွက်ခွာရခြင်း၊ ပုံးခိုနေရခြင်းများ ဆောင်ရွက်နေကြရကြောင်း၊


(ဇ)     မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကျပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေ နေရပြီး၊ နိုင်ငံတကာအသိုက်အဝန်း၏ ထိရောက်သော အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ပဋိပက္ခထိခိုက်လွယ် မှုအချက်နှင့် မိမိတို့ ပြည်သူများ၏ လိုလားချက်ဆန္ဒ နှင့်‌ အညီ ဖြစ်ရန်လိုကြောင်း၊


(စျ)     Addis Ababa Action Agenda နှင့် ၂၀၃၀ အာဂျင်ဒါ တို့အား အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ပြီး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖော်ဆောင်နိုင်မည့် တစ်ခုတည်းသော လုပ်ဆောင်ရမည့်အချက်မှာ စစ်အာဏာရှင် စနစ်အပြီးတိုင် ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ခြင်း  ဖြစ်သည်မှာ အထူးထင်ရှားနေပါကြောင်း၊


၃။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the

Republic of the Union of Myanmar to the United Nations at the General Debate of the 2024 ECOSOC Financing for Development Forum


(New York, 25 April 2024)


Madam President,


Myanmar aligns itself with the statements delivered on behalf of the ASEAN, the LDCs and the G77 and China respectively.


Madam President,


Successful implementation of the Addis Ababa Action Agenda (AAAA) and its seven action areas remains key to achieving the SDGs. The 2024 Financing for Sustainable Development Report highlighted fiscal constraints, debt distress and acute financing needs of many developing countries. The 4th International Conference on FFD should, therefore, strengthen international cooperation on addressing financing gaps, accelerate urgent actions to implement the 2030 Agenda, and reform the international financial architecture.


Madam President,


As embodied by the AAAA, individual member states bear the primary responsibility of paving their own path towards realizing sustainable development while the international community provides an enabling environment and complementary support.


Unfortunately, in my country, Myanmar, the illegal military coup in February 2021 has dismantled our prospects of realizing the SDGs, even the future of our youth. The people of Myanmar are experiencing various grave sufferings due to the military junta’s atrocities.  In this regard, I wish to highlightthe following action areas of the AAAA in the country.


Domestic Public Resources: The deteriorating economic situation, inflation, rising food prices, worsening humanitarian situation and mass displacement have forced the population to focus more on survival over investment and growth. UNDP reported that almost half of the population was living below the national poverty line in 2023. The middle class is disappearing, indicating growing polarization in the society. Moreover,the crowding out of human capital investment threatens to undermine the future re-emergence of a middle class.


At the same time, the total breakdown of the rule of law and rampant corruptionhas exacerbated the illicit economy including online scam. UNODC reported that Myanmar became the world’s largest opium producer by the end of 2023. According to UNCTAD, up to $1,347 million in inward illicit financial flows have been generated from the potential exports of opiates.


Domestic and international private business and finance: The World Bank reported that financial sector reforms have also stagnated and are in danger of being reversed after the illegal military coup. Microfinance institutions were impacted by the subsequent domestic banking crisis, affecting 5 million customers including many MSMEs.


Besides, the recent unlawful forced conscription of the military junta have pushed many youth, including those are working in private sector, in hiding and fleeing the country.


In conclusion, Madam President, Myanmar is currently at the intersection of political, economic and developmental crises. Cooperation and effective assistance from the international community should be conflict-sensitive and tailored to the aspiration of our people. It is crystal clear that ending the military dictatorship and building a federal democratic union is the only wayforward to create a conducive environment tothe successful implementation of the AAAA and the 2030 Agenda, above all to the peace and stability in Myanmar.


I thank you.


 

*****







bottom of page