top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at the General Exchange of Views of the 2024 Substantive Session of the United Nations Disarmament Commission




Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the General Exchange of Views of the 2024 Substantive Session of the United Nations Disarmament Commission, held on 2 April 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


၂၀၂၄ ခုနှစ် ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်၏ အထွေထွေရေးရာဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း က မြန်မာနိုင်ငံ၏ ကြေကွဲဖွယ်အခြေအနေမှာ စကားလုံးဖြင့်ဖော်ပြရန် လုံလောက်မှုမရှိကြောင်း၊ ပြည်သူများသည် ယင်းသို့ ဆိုးရွားသောဒုက္ခအတိကို ခံစားနေရကြောင်း၊  စစ်တပ်၏ မြန်မာပြည်သူများအပေါ် ဆိုးရွားသော ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်ရန် တစ်ခုတည်းသောနည်းလမ်းမှာ စစ်တပ်သို့ လက်နက်တင်ပို့ရောင်းချမှု အလုံးစုံတားဆီး ပိတ်ပင်ရေးဖြစ်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂ ရက်)


၁။       နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေး ကော်မရှင်မှ ၂၀၂၄ ခုနှစ် အစည်းအဝေးကို ဧပြီလ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်လျက် ရှိပါသည်။ အဆိုပါဆွေးနွေးပွဲ၏ အထွေထွေရေးရာ ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။       မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ မိန်းခွန်းပြောကြားရာတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က)    စိန်ခေါ်မှုများစွာကို ရင်ဆိုနေရချိန်တွင် ပထဝီဝင်နိုင်ငံရေးအားပြိုင်မှုများနှင့် ဆိုဒ်ဘာ လုံခြုံရေးခြိမ်းခြောက်မှုများနှင့်အတူ လက်နက်အခြေပြုခြိမ်းခြောက်မှုများ မြင့်တက် လာကြောင်း၊ ယင်းသို့သောလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် ကမ္ဘာကြီးတည်ဆောက်ရေးရည်မှန်းချက် အကောင်အထည် ဖော်ရေးအတွက် မိမိတို့အားလုံးမှ ပိုမိုအားထုတ် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယခုအခါ ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေး ကော်မရှင်၏ အခန်းကဏ္ဍသည် ပိုမို အရေးပါလာကြောင်း၊


(ခ)     အဖွဲ့ဝင်နိုင်ငံများ၏ လိုက်လျောညီထွေရှိမှု၊ ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု၊ ဇွဲလုံလရှိမှုများမှ တစ်ဆင့် ယခုနှစ် လက်နက်ဖျက်သိမ်းရေးကော်မရှင်၏ လုပ်ငန်း အဖွဲ့ (၂) ဖွဲ့ မှ ကော်မရှင်၏ လုပ်ငန်းများတွင် တိုးတက်မှုများဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊


(ဂ)     နျူကလီးယားလက်နက်ခြိမ်းခြောက်မှုအန္တရာယ်သည် ကြီးမားသော လုံခြုံရေးအရ စိုးရိမ်မှုဖြစ်စေကြောင်း၊ နျူကလီးယားလက်နက် တည်ရှိမှုသာမက၊ နျူကလီးယား လက်နက်အသုံးပြုမှု၊ အသုံးပြုရန် ခြိမ်းခြောက်မှုတို့က လုံခြုံရေးအရ စိုးရိမ်မှု ကြီးမားစွာ ဖြစ်စေကြောင်း၊ ယင်းသို့ စိုးရိမ်ရမှုများတွင် လူသားမျိုးနွယ်များ တည်ရှိမှု အပေါ် ခြိမ်းခြောက်လာခြင်း သာမက၊ သဘာဝပတ်ဝန်းကျင်ဘေးအန္တရာယ်၊ စီးပွားရေးအကြပ်အတည်း၊ ကျန်းမာရေးပြဿာနာရပ်များနှင့် လူသားချင်းစာနာမှု အကူအညီဆိုင်ရာ ဘေးဒုက္ခများကို ရင်ဆိုင်ရလာနိုင်သည့် ကြီးမားသော အန္တရာယ် တစ်ခုဖြစ်ကြောင်း၊


(ဃ)    နျူကလီးယားလက်နက်ခြိမ်းခြောက်မှုအန္တရာယ်မှ လွတ်မြောက်စေမည့် တစ်ခု တည်းသော နည်းလမ်းမှာ နျူကလီးယားလက်နက်များ အလုံးစုံ ဖျက်သိမ်ရေးသာ ဖြစ်ကြောင်း၊ ယခုအချိန်သည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် နျူကလီးယားလက်နက် မပြန့်ပွားရေး၊ အလုံးစုံဖျက်သိမ်းရေးနှင့် နျူကလီးယား စွမ်းအင် ငြိမ်းချမ်းစွာအသုံးပြုရေးတို့အတွက် နိုင်ငံတကာကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်ဆောင်ရွက်ရေး ကတိကဝတ်များအား ထပ်လောင်းအတည်ပြုရမည့်အချိန် ဖြစ်ကြောင်း၊


(င)     မိမိတို့အားလုံးအနေဖြင့် (၉) ကြိမ်နှင့် (၁၀) ကြိမ်မြောက် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ရေးဆိုင်ရာညီလာခံ များမှ မည်သည့်ရလဒ်မျှ ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ခြင်းအပေါ် စိတ်ပျက်ခဲ့ကြောင်း၊ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်သည် နျူးကလီးယား မပြန့်ပွားရေး၊ ဖျက်သိမ်းရေးနှင့် နျူကလီယားစွမ်းအင် ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက် အဓိက ယန္တယားဖြစ်ကြောင်း၊ ယင်းစာချုပ်အားလိုက်နာ၍ ကတိကဝတ်နှင့် တာဝန်ဝတ္တရား များ အကောင်အထည်ဖော်ရန်အတွက် မိမိတို့၏ ခိုင်မာသော ကြိုးပမ်းအားထုတ် မှုများ လိုအပ်လျက်ရှိနေကြောင်း၊ သို့ဖြစ်ရာ နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံများမှ စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည်များကို အပြည့်အဝလိုက်နာ ဆောင်ရွက်ရန် တောင်းဆိုကြောင်း၊


(စ)     တစ်ချိန်တည်းတွင် နျူကလီးယားစမ်းသပ်မှု အလုံးစုံတားမြစ်ရေးစာချုပ် (Comprehensive Nuclear Test Ban Treaty) အသက်ဝင်ရန် ယင်းစာချုပ်၏ နောက်ဆက်တွဲ (၂) ပါ နိုင်ငံများအနေဖြင့် စာချုပ်အား ဆောလျင်စွာ ပါဝင်လက်မှတ် ရေးထိုးကြရန် တိုက်တွန်းကြောင်း၊


(ဆ)    နျူကလီးယားလက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (Treaty on the Prohibition of Nuclear Weapons- TPNW) သည် နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် ခိုင်မာသည့်စံနှုန်းများ ထောက်ပံ့ပေးနိုင်မည်ဟု မိမိတို့ အနေဖြင့် ယုံကြည်ကြောင်း၊


(ဇ)     အရှေ့တောင်အာရှနျူကလီးယားလက်နက်ကင်းစင်ဇုန် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားကင်းစင်ဇုန်များ ပေါ်ပေါက်ရေးအပေါ် မြန်မာနိုင်ငံမှ အပြည့်အဝသဘောတူကြောင်း၊ ယင်းမှာ နျူးကလီးယားလက်နက် ဖျက်သိမ်းရေး အစီအစဉ်အတွက် မိမိတို့ ဘုံရည်မှန်းချက်ဖြစ်သည့် နျူကလီးယား လက်နက်ဖျက်သိမ်းခြင်းအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊


(ဈ)     မြန်မာစစ်တပ်၏ ပြည်သူများအပေါ် လူမဆန်သောကျူးလွန်မှုများစွာကို ခံစားနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် လက်နက်ပြန့်ပွားခြင်း ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ အပါအဝင် ပြည်သူများအပေါ် ထိခိုက်ခံစားရမှုများကို  ကောင်းစွာနားလည်ကြောင်း၊  မြန်မာစစ်တပ်သည် အချို့သောနိုင်ငံများမှ တင်သွင်းသည့် တိုက်လေယာဉ်၊ လက်နက်ခဲယမ်းများ၊ အမြောက်၊ လက်နက်ကြီးများနှင့် ဆက်စပ်နည်းပညာများကို အသုံးပြု၍ အပြစ်မဲ့အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း၊


(ည)    မြန်မာနိုင်ငံ၏ ကြေကွဲဖွယ်အခြေအနေမှာ စကားလုံးဖြင့်ဖော်ပြရန် လုံလောက်မှုမရှိ ကြောင်း၊ ပြည်သူများသည် ယင်းသို့ ဆိုးရွားသောဒုက္ခအတိကို ခံစားနေရကြောင်း၊  စစ်တပ်၏ မြန်မာပြည်သူများအပေါ် ဆိုးရွားသောရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်ရန် တစ်ခုတည်းသောနည်းလမ်းမှာ စစ်တပ်သို့ လက်နက်တင်ပို့ရောင်းချမှု အလုံးစုံ တားဆီးပိတ်ပင်ရေးဖြစ်ကြောင်း။

 

၃။       မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။

 

၂၀၂၄ ခုနှစ်၊ ဧပြီလ  ၂  ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations

at the General Exchange of Views of the 2024 Substantive Session of the

United Nations Disarmament Commission


(New York, 2 April 2024)


Mr. Chair,


At the outset, I wish to congratulate you and other members of the bureau on your election for this session of the UN Disarmament Commission. I wish to assure you of our delegation’s full support and cooperation for a successful outcome of this session.


Myanmar associates itself with the statements delivered on behalf of NAM and ASEAN, respectively.


Mr. Chair,


We are living in a challenging time. The resurgence of weapon-based threats is on the rise together with the geopolitical tensions and cyber security threats. Clearly at this juncture we all have to double our efforts towards achieving our goal of creating a safer world free from all forms of security threats. Now the role of the UN Disarmament Commission has never been more critical.


We are confident that the two working groups of this Session will bring progress on the work of the UN DC through flexibility, constructive cooperation and perseverance of all Member States.


Mr. Chair,

         

The nuclear threat poses the utmost security risks. It is not solely the existence of nuclear weapons, but also the use or the threat of use of those weapons, that gives rise to the biggest security concerns.


This places the nuclear threats at the fore front of the most significant risks to the existence of human kind, potentially surpassing to other concerns, including environmental disaster, humanitarian disaster, economic crisis, and health problems.


That is why the only way to safeguard us from the use or threat of use of nuclear weapons is their total elimination. For the sake of international peace and security, now is the time for all of us to reaffirm our commitment to intensify our multilateral endeavors on nuclear disarmament, total elimination of nuclear weapons and non-proliferation, as well as the peaceful use of nuclear energy.


Having said that, we all are frustrated and disappointed with the failure to the adoption of the final documents of the Ninth and Tenth Review Conference of the Nuclear Non-Proliferation Treaty (NPT). Myanmar firmly believes that NPT is the indispensable mechanism for nuclear disarmament, non-proliferation and peaceful use of nuclear energy. To move forward, we need stronger multilateral efforts and must express more flexibility, in order to fulfill our commitments and obligation under the NPT. Taking this opportunity, we would like to ask all nuclear-weapon states to fully implement their obligations under the NPT.


In the same vein, we call upon all states that have not ratified the CTBT, especially the remaining Annex II states to ratify the CTBT without delay for its entry-into-force.


Myanmar believes that the Treaty on the Prohibition of Nuclear Weapons (TPNW) is contributing to strengthening norms against nuclear weapons.


As a state party to Southeast Asia Nuclear-Weapons-Free Zone, Myanmar fully agrees that the establishment of nuclear-weapon-free zones contributes towards disarming nuclear weapons, which is our collective goal in nuclear disarmament agenda.


Mr. Chair,

         

As a nation enduring the various kinds of atrocities committed by its military against the people, Myanmar is fully aware of consequences including humanitarian consequences of the proliferation of weapons. Using the fighter jets, munitions, weapons, heavy artillery and associated technologies, assisted by and imported from certain countries, the military junta has been committing crimes against humanity and war crimes against the people of Myanmar.


The situation in Myanmar is totally heart-breaking. No word can adequately convey the suffering undergone by the people. It is indeed the unspeakable tragedy the people are experiencing.


Here, I wish to stress again that the comprehensive arms embargo against the military junta is the only way to stop its brutalities against the people.

 

I thank you.

 

 

*****
















bottom of page