top of page

Statement by Ambassador Kyaw Moe Tun on Item 68: Promotion and Protection of Human Rights at 3C

Writer's picture: Myanmar Mission To UNMyanmar Mission To UN



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, Item 68: Promotion and Protection of Human Rights : Interactive Dialogue with Special Rapporteur on the promotion and protection of the right to freedom of opinion and expression at the Third Committee of the 77th session of UN General Assembly, held on 14 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့်ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့်

အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်၌ သတင်းထောက်များမှ မြန်မာနိုင်ငံတွင် ပကတိဖြစ်ပေါ်နေသည့် အဖြစ်အပျက်အခြေအနေမှန်များကို ဖော်ထုတ်ရန် ကြိုးစားသည်နှင့်အမျှ ရက်စက်ကြမ်းတမ်းသော စစ်တပ်က သတင်းသမားများအား ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးခြင်းများကို ပြုလုပ်ကာ အမှန်တရားကို ဆိတ်သုဉ်းစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပြောကြား


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ရက်)


၁။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီတွင် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးဘာသာရပ်အောက်၌ လွတ်လပ်စွာထင်မြင်ချက်ပေးခွင့်နှင့် ထုတ်ဖော်ပြောကြား ခွင့်ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်ကို ၁၄-၁၀-၂၀၂၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ဆွေးနွေးပြောကြားမှုတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-


(က) များပြားကျယ်ပြန့်စုံလင်သော သတင်းအချက်အလက်များကို အသုံးပြုခွင့်သည် အခြေခံကျသည့် လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ပဋိပက္ခဖြစ်ပွားနေသောနေရာများနှင့် အသိုက်အဝန်းများတွင် နေထိုင်သူများ အတွက် အထူးအရေးပါကြောင်း၊


(ခ) အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာတွင် မှန်ကန်စွာ ထုတ်နုတ်ဖော်ပြထားသည့်အတိုင်း မြန်မာနိုင်ငံ၌ တရားမဝင်စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သည့် အချိန်မှစတင်၍ လွတ်လပ်စွာထင်မြင်ချက် ပေးခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့် အခြေအနေများသည် အလွန်ခက်ခဲဆိုးရွားသည့်အခြေအနေသို့ ရောက်ရှိ နေကြောင်း၊


(ဂ) မြန်မာစစ်တပ်သည် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ချိန်မှစ၍ သတင်းအမှားများ၊ ဝါဒဖြန့်မှုများ၊ အကြမ်းဖက်မှုအား စစ်ပွဲအင်္ဂါရပ်အဖြစ်သို့ လှုံ့ဆော်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း၊ အထူးသဖြင့် စစ်တပ်သည် နိုင်ငံတော်ပိုင် သတင်းမီဒီယာ၊ သတင်းစာနှင့် အချို့လူမှုကွန်ယက်စာမျက်နှာတို့ကို အသုံးပြု၍ အကြမ်းဖက်မှုများနှင့် အမုန်းပွားမှုများဖြစ်ပေါ်စေရန်အတွက် မမှန်ကန်သော သတင်းအချက်အလက်များကို ဆက်လက်ဖြန့်ဝေလျက်ရှိကြောင်း၊


(ဃ) ထို့ပြင် လူမဆန်သော စစ်တပ်အနေဖြင့် သတင်းထောက်များကို ဖမ်းဆီးချုပ်နှောင်ရုံမျှမက လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကိုပါ နည်းလမ်းစုံသုံး၍ ပစ်မှတ်ထားလျက်ရှိကြောင်း၊ အစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း စစ်တပ်သည် “သတင်းအမှားများ” ထည့်သွင်းနိုင်ရန် ပြစ်မှုဆိုင်ရာ ဥပဒေကို တိုးချဲ့သတ်မှတ်ခဲ့ပြီး လွတ်လပ်သည့် မီဒီယာဏ္ဍကို တိုက်ခိုက်ရန်အတွက်လည်း အမျိုးသား လုံခြုံရေးပြဋ္ဌာန်းချက်အသစ်များကို ထုတ်ပြန်ခဲ့ကြောင်း၊ စင်စစ်အားဖြင့် တရားမဝင်စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ချိန်မှစ၍ စစ်တပ်သည် သတင်းဌာန (၁၂) ခုခန့်ကို ပိတ်သိမ်းစေခဲ့ပြီး သတင်းထောက် (၁၄၂) ဦး ခန့်ကို ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ဖမ်းဆီးခံရသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း၊ အဓိက အားဖြင့် သတင်းထောက်များမှ မြန်မာနိုင်ငံတွင် ပကတိဖြစ်ပေါ်နေသည့် အဖြစ်အပျက်အခြေအနေမှန် များကို ဖော်ထုတ်ရန် ကြိုးစားသည်နှင့်အမျှ ရက်စက်ကြမ်းတမ်းသော စစ်တပ်က သတင်းသမားများအား ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးခြင်းများကို ပြုလုပ်ကာ အမှန်တရားကို ဆိတ်သုဉ်းစေရန် ရည်ရွယ်ဆောင်ရွက် လျက်ရှိကြောင်း၊


(င) အင်တာနက်သည် လူ့အခွင့်အရေးမြှင့်တင်ရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် အရာရောက်ပြီး သတင်းအချက်အလက်များ ရှာဖွေရန်၊ လက်ခံရန်နှင့် ထုတ်ပေးရန်အတွက်လည်း အလွန်အရေးပါကြောင်း၊ သို့သော် စစ်တပ်အနေဖြင့် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ကန့်ကွက်မှုပြင်းထန်သော ဒေသအနှံ့အပြား တွင် အင်တာနက်ကို ရည်ရွယ်ချက်ရှိရှိ ပိတ်ခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာပြည်တွင်းရှိ အခြေအနေမှာ အရှိန်အဟုန်ပြင်းစွာ ဆိုးရွားလာလျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း ဒုက္ခခံစားနေရကြောင်း၊


(စ) မြန်မာနိုင်ငံတွင် စစ်တပ်က သတင်းအချက်အလက်ရယူခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့် တို့ကို အလွန်အမင်း ကန့်သတ်ထားကြောင်း၊ ယင်းစစ်တပ်အနေဖြင့် လွတ်လပ်စွာထင်မြင်ချက်ပေးခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့်တို့ကို ဘယ်သောအခါမျှ လေးစားခြင်း၊ ကာကွယ်ခြင်းနှင့် အပြည့်အဝအကောင် အထည်ဖော်ခြင်း မရှိခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် သတင်းအချက်အလက်အမှားများနှင့် ဝါဒအမှားများကိုသာ ဖြန့်ကာ ပြည်သူများကို လိမ်လည်လှည့်ဖြား၍ ဒုက္ခဖြစ်စေလျက်ရှိကြောင်း။


၃။ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသကဲ့သို့ စစ်တပ်မှသတင်းအမှားများ ဖြန့်ဖြူးနေသည့် လုပ်ဆောင်ချက်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် မည်သည့်နည်းလမ်းက အထိရောက်ဆုံးဖြစ်နိုင်မည်နည်းဟု အထူးအစီရင်ခံစာတင်သွင်းသူအား မေးမြန်းခဲ့ပါသည်။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် ဆွေးနွေးချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations,

Item 68: Promotion and Protection of Human Rights : Interactive Dialogue with Special Rapporteur on the promotion and protection of the right to freedom of opinion and expression at the Third Committee of 77th Session of UNGA


(New York, 14 October 2022)


Mr. Chair,


Myanmar thanks the Special Rapporteur for her report on this important issue. Access to diverse, verifiable sources of information is a fundamental human right. And it is more critical for people in conflict-affected areas and societies.


Just as the report rightly notes, situation on freedom of opinion and expression in Myanmar is in a grave crisis, following the illegal military coup.


Since the coup, Myanmar military spreads disinformation, propaganda, and advocacy to incite violence as a feature of war. Using state-owned media, newspaper, and social media, the military continues to spread misinformation to trigger violence and hatred.


Besides, the inhumane military has prosecuted journalists and has targeted human rights defenders in every way. Just as the report puts, the military has also expanded criminal law to include not only what they say “so-called false news” but also new national security provisions with the aim to attack independent media. Since the unlawful coup, the military has forced at least 12 media outlets to shut down and has arrested about 142 journalists, including foreigners, and 57 of whom remain detained. When journalists try to expose the truth on what is really happening in Myanmar, the brutal military threatens and arrests them intending to silence the truth.


Mr. Chair,


The internet has profound value for the promotion of human rights and it can play an important role in seeking, receiving, and imparting information. The military has intentionally imposed internet shutdowns across regions where it faces the most intense resistance against the military dictatorship. Situation on the ground in Myanmar is deteriorating at a tremendous rate and people are suffering hard.


Right to information and freedom of expression in my country are severely limited by the military. The military junta never respects, protects, and fulfills the right to freedom of opinion and expression. The military only spreads disinformation and propaganda to deceive and inflict harm on civilians.


Madam Special Rapporteur, what is the most effective response to address disinformation orchestrated by the military like the one in Myanmar?


I thank you.


*****










Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page