top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun on Introduction of draft resolution A/C.1/77/L.42(1C-77thUNGA)




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, on Introduction of draft resolution A/C.1/77/L.42 entitled “Nuclear Disarmament” at the First Committee of the 77th Session of the UN General Assembly, held on 28 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၌ မြန်မာနိုင်ငံမှ ဦးဆောင်တင်သွင်းသည့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းအား ဆုံးဖြတ်အတည်ပြုခဲ့ခြင်း


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်)


၁။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏ နျူကလီးယားလက်နက် ဖျက်သိမ်းရေးခေါင်းစဉ်အောက်မှတင်သွင်းသည့် အဆိုမူကြမ်းများအား ၂၈-၁၀-၂၀၂၂ ရက်နေ့တွင် ကော်မတီအစည်းအဝေးမှ အရေးယူဆုံးဖြတ်အတည်ပြုခဲ့ပါသည်။


၂။ အဆိုပါအစည်းအဝေးသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်၍ မြန်မာနိုင်ငံမှနှစ်စဉ်တင်သွင်းသည့် နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆုံးဖြတ်ချက် အဆိုမူကြမ်းကို မိတ်ဆက်ဆွေးနွေးခဲ့ပါသည်။ သံအမတ်ကြီးမှ မြန်မာနိုင်ငံမှ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအဆိုမူကြမ်းကို ၁၉၉၅ ခုနှစ်မှစတင်၍ နှစ်စဉ်တင်သွင်းခဲ့ကြောင်း၊ ယင်းအဆိုမူကြမ်းတွင် နျူကလီးယားလက်နက်ကင်းစင်သည့် ကမ္ဘာကြီးဖြစ်ပေါ်လာရန် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံများအနေဖြင့် လက်နက်ဖျက်သိမ်းမှုနှင့်ပတ်သက်၍ ထိရောက်သည့် လုပ်ဆောင်မှုများအား အတတ်နိုင်ဆုံးစောလျင်စွာ ဆောင်ရွက်ရန်၊ နျူကလီးယားလက်နက်များ အရည်အသွေးပိုင်းမြှင့်တင်ရေး ဆိုင်ရာ လုပ်ဆောင်မှုများချက်ချင်းရပ်ဆိုင်းရန်၊ နျူကလီးယားလက်နက်များလျှော့ချရေး ဆောင်ရွက်ရန်၊ နျူကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးဆိုင်ရာ ကွန်ဗင်းရှင်းတစ်ခု ပေါ်ပေါက်ရေးအတွက် လက်နက်ဖျက်သိမ်းရေး ညီလာခံတွင် ဆွေးနွေးရန်၊ ၂၀၂၂ ခုနှစ်အတွင်း Comprehensive Test Ban Treaty (CTBT) သို့ လက်မှတ်ရေးထိုးဝင်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံ (၆) နိုင်ငံအား လှိုက်လှဲစွာ ကြိုဆိုလျက် ယင်းစာချုပ်အာဏာသက်ဝင်ရေးကို ပိုမိုအလေးထားဆောင်ရွက်ရန်တို့ကို တိုက်တွန်းထား ကြောင်း၊ ယခုအကြိမ်တင်သွင်းသည့် ဆုံးဖြတ်ချက်အဆိုမူကြမ်းသည် ယခင်နှစ်က တင်သွင်းခဲ့သည့် အဆိုမူကြမ်းအပေါ် technical update နှင့် factual update သာ ပြုလုပ်ထားကြောင်းဖြင့် အဆိုမူကြမ်းအား မိတ်ဆက်ဆွေးနွေးပြောကြားခဲ့ပါသည်။


၃။ ထို့နောက် သံအမတ်ကြီးမှ မြန်မာနိုင်ငံမှတင်သွင်းသည့် ယင်းအဆိုမူကြမ်းအား သဘောထားချင်း တူညီသည့်နိုင်ငံများမှ ပူးတွဲအဆိုရှင်အဖြစ်ပါဝင်၍လည်းကောင်း၊ ထောက်ခံမဲပေး၍လည်းကောင်း နှစ်စဉ် မပြတ်ပံ့ပိုးပေးခဲ့ကြသည့်အတွက် အများစုထောက်ခံမှုဖြင့် ပထမကော်မတီနှင့် မျက်နှာစုံညီ အစည်းအဝေး များတွင် အတည်ပြုခဲ့ပါကြောင်း၊ ယင်းသို့ ကူညီထောက်ခံပေးသည့်နိုင်ငံများအား ကျေးဇူးအထူးတင် ရှိကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် နျူကလီးယားလက်နက်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိကြောင်း၊ ထို့အပြင် နျူကလီးယားလက်နက်သည် စီးပွားရေးကျဆင်းမှု၊ ရာသီဉတုဖောက်ပြန်မှု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ အကျိုးဆက်များစွာ ဖြစ်ပေါ်လာနိုင်သည့် ကြီးမားသောအန္တရာယ် တစ်ခုဖြစ်ရာ မိမိတို့အားလုံး လက်တွဲပူးပေါင်း၍ နျူကလီးယားအန္တရာယ်ကို ကာကွယ်တိုက်ဖျက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုအကြိမ်တွင်လည်း မြန်မာနိုင်ငံမှတင်သွင်းသည့် အဆိုမူကြမ်းအပေါ် ပူးတွဲအဆိုရှင်အဖြစ် ပါဝင်၍လည်းကောင်း၊ ထောက်ခံမဲပေး၍လည်းကောင်း ဆက်လက်ထောက်ခံပေးပါရန် မေတ္တာရပ်ခံ ကြောင်း ပြောကြားခဲ့ပါသည်။


၄။ မြန်မာနိုင်ငံမှ ဦးဆောင်တင်သွင်းသည့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးအဆိုမူကြမ်း (A/C.1/77/L.42) အား မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၁၁၈) မဲ၊ ကန့်ကွက်မဲ (၄၂) မဲ၊ ကြားနေမဲ (၂၀) မဲ ဖြင့် ကော်မတီမှ အတည်ပြုခဲ့ပါသည်။


၅။ အထက်ပါ အဆိုမူကြမ်းအား ကုလသမဂ္ဂအထွေထွေညီလာခံ ပထမကော်အတီ အတွင်းရေးမှူးအဖွဲ့ သို့ မတင်သွင်းမီ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ယခုအဆိုမူကြမ်းတွင် ပြောင်းလဲပြင်ဆင်မှုနှင့် မူကြမ်းတွင် ပါဝင်သည့်အချက်များအား အဖွဲ့ဝင်နိုင်ငံများအား ရှင်းလင်းဆွေးနွေးသည့် Informal Consultations တစ်ရပ်ကို မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် ဦးဆောင်၍ ကုလသမဂ္ဂဌာနချုပ်၌ (၁၁-၁၀-၂၀၂၂) ရက်နေ့ (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery

Statement by H.E. Mr. Kyaw Moe Tun, Permanent Representative of Myanmar to the United Nations

Introduction of draft resolution A/C.1/77/L.42 entitled “Nuclear Disarmament”

at the First Committee of the 77th Session of the United Nations General Assembly


(New York, 28 October 2022)


Mr. Chairperson,


- I wish to congratulate you and all members of the Bureau for your hard work and great efforts to bring successful outcome to the work of the First Committee.

- I am honoured to formally introduce the draft resolution A/C.1/77/L.42 entitled “Nuclear Disarmament,” under of Agenda item 99 (b) of Cluster I “Nuclear Weapons”. Myanmar has tabled the resolution in the First Committee of the General Assembly consecutively since 1995. Every year, it has been adopted with the overwhelming majority support of the member states.

- The draft resolution urges all nuclear-weapon States to take effective disarmament measures to eliminate all nuclear weapons at the earliest possible, and to take concrete, practical steps toward establishing a world free of nuclear weapons.

- The draft resolution underlines the importance of convening, as a priority, a United Nations high-level international conference on nuclear disarmament to review the progress made.

- We recognized the efforts of member states to achieve our goal of the world free of nuclear weapons.

- However, it was regrettable that the Tenth Review Conference of the Parties to the NPT held last August did not reach agreement on the substantive final document.

- The draft reiterates its call for an early enter into force of the Comprehensive Nuclear-Test-Ban Treaty expressing deep concern about the catastrophic humanitarian consequences of any use of nuclear weapons. We also welcome and express our sincere appreciation to the six ratified member States in 2022.

- The draft urges the Conference on Disarmament to commence as early as possible its substantive work during its 2023 session that takes into consideration all existing priorities in the field of disarmament and arms control, including the immediate commencement of negotiations on a comprehensive nuclear weapons convention.

- The draft resolution does not feature substantive amendments; it is only a revamped draft with technical updates to the last year one.


Mr. Chairperson,


- Nuclear weapons are immensely threatening to international peace and security today. Nuclear threats are the most serious security challenge, risking the existence of humankind and staying ahead of or bringing all other threats including environmental disaster, humanitarian disaster, economic crisis, and health problems. We all agree that a nuclear war cannot be won and must never be fought.

- Therefore the only way to safeguard us from the use or threat of use of nuclear weapons is their total elimination.

- Let’s work together to achieve our goal of the world free from nuclear weapons.

- For this reason, we kindly request to all member states to support the draft resolution L.42 by cosponsoring and voting in favour of the draft resolution. Please vote YES.

- Taking this opportunity, we wish to extend our sincere thanks to you all for your continued unwavering support on this resolution during the past sessions as well as this session.

- I thank you.



******







bottom of page