top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun on Consideration of Resolution A/C.3/77/L.33 Rev1-3C(77th UNGA)




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, during the consideration of the resolution A/C.3/77/L.33 Rev 1 “Situation of human rights of Rohingya Muslims and other minorities in Myanmar” at the Third Committee of the 77th Session of the UN General Assembly, held on 16 November 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးတွင်

“မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဆိုင်ရာ ဆုံးဖြတ်ချက်အဆိူမူကြမ်းအား အတည်ပြုဆုံးဖြတ်ချက်မချမီ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရိုဟင်ဂျာအရေးကိစ္စမှာ တစ်ခုတည်းသီးသန့်ဖြေရှင်း၍ မရနိုင်ဘဲ ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် လိုအပ်သည်ကို မိမိတို့ရင်ဆိုင်ကြုံတွေ့ဖြတ်သန်းခဲ့ရသော အခြေအနေများက အတည်ပြုပေးလျက်ရှိကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်)


၁။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီတွင် ၁၆-၁၁-၂၀၂၂ ရက်နေ့၊ နံနက်ပိုင်း၌ “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေး အခြေ အနေ” ဆိုင်ရာ အဆိူမူကြမ်းအား အတည်ပြုဆုံးဖြတ်ချက်မချမီ သက်ဆိုင်ရာနိုင်ငံအဖြစ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) အဆိုမူကြမ်း A/C.3/77/L.33 Rev 1 အား ပြုစုတင်သွင်းပေးသည့် ဥရောပသမဂ္ဂနှင့် OIC တို့၏ အဖွဲ့ဝင်နိုင်ငံများအား ကျေးဇူးတင်ရှိကြောင်း၊ ယင်းအဆိုမူကြမ်းအားရေးဆွဲသည့် လုပ်ငန်းစဉ်တွင် ဥရောပ သမဂ္ဂကိုယ်စားလှယ်အဖွဲ့မှ မိမိတို့ကိုယ်စားလှယ်အဖွဲ့နှင့် အပြုသဘောဆောင်စွာ ပူးပေါင်းဆောင်ရွက်ပေးမှု အပေါ် ကျေးဇူးတင်ရှိကြောင်း၊


(ခ) အဆိုမူကြမ်းတွင် ရိုဟင်ဂျာများအပေါ် အလေးထားသည့် စာသားများနှင့် ၎င်းတို့အပေါ် မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အစဉ်တစိုက် ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည့် စာသားများကို ဆက်လက်ထည့်သွင်းထားခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း၊


(ဂ) အဆိုမူကြမ်း၏ အကြံပြုချက်များတွင် ရိုဟင်ဂျာများ ၎င်းတို့၏ ဆန္ဒအလျောက်‌ ဘေးကင်းလုံခြုံစွာ နှင့် သိက္ခာရှိစွာ နေရပ်ပြန်လည်သွားရောက်နိုင်ရေး၊ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားနေရပ်စွန့်ခွာသူ များကို ပြန်လည်ပေါင်းစည်းရေး၊ ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများအနေဖြင့် သာတူညီမျှမှုရှိစွာနှင့် ခွဲခြားမှုမရှိသော ဝန်ဆောင်မှုများ လက်ခံရရှိရေး၊ ၎င်းတို့၏ အခြေခံအခွင့်အရေးနှင့်အညီ ကိုယ်စားပြုခွင့် အခွင့်အရေးများရရှိရေး၊ ထို့ပြင် အပြည်ပြည်ဆိုင်ရာတရားရုံးမှ ချမှတ်ထားသည့် အမိန့်များနှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှ ဆောင်ရွက်ဆဲ စုံစမ်းစစ်ဆေးမှုများနှင့်ပတ်သက်၍လည်း ပါရှိပါကြောင်း၊ ယင်းသို့ ထည့်သွင်းထားခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊


(ဃ) သို့ရာတွင် ယင်းအဆိုမူကြမ်း၌ ၁-၂-၂၀၂၁ ရက်နေ့တွင် စစ်တပ်မှ တရားမဝင်စစ်အာဏာသိမ်းမှု ပြုလုပ်ပြီးနောက် ဖြစ်ပေါ်ခဲ့သော ရင်နင့်ဖွယ်ကောင်း၍ ဆုတ်ယုတ်လျက်ရှိသော လူ့အခွင့်အရေးအခြေ အနေများကို သာလွန်ကောင်းမွန်စွာ ထင်ဟပ်စေသည့် စာသားများ ပါဝင်သင့်ပါကြောင်း၊ ၁-၂-၂၀၂၁ ရက်နေ့ဖြစ်စဉ်မှာ စစ်အာဏာရှင်မှ အတိအလင်း ပုံဖော်ခဲ့သည့် တရားမဝင် စစ်အာဏာသိမ်းမှုပင် ဖြစ်ကြောင်း၊


(င) အဆိုမူကြမ်းတွင် စစ်တပ်မှ မြန်မာအရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက် ကြမ်းကြုတ်မှုများ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား ထိပါးစော်ကားမှု၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပေါ်စေမှုနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးတို့အား ခြိမ်းခြောက်မှုတို့ အတွက် စစ်တပ်အား တာဝန်ခံမှုရှိစေရန် တောင်းဆိုသင့်ကြောင်း၊


(စ) ထို့ပြင် စာသင်ကျောင်းများနှင့် အများပြည်သူစုဝေးရာ နေရာဒေသများကို ဗုံးကျဲတိုက်ခိုက်မှုများ၊ ကျေးရွာများကို ရွာလုံးကျွတ် မီးရှို့ခြင်းများ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် နယ်စပ်ဖြတ် ကျော်မှုများကို ဆက်လက်မြင်တွေ့စေသည့် အရှိန်အဟုန်မြင့်မားလာသော စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကို ပစ်မှတ်ထား ဖြေရှင်းပေးနိုင်မည့် စစ်တပ်သို့ လက်နက်တင်ပို့ရောင်းချမှုအား ဖျက်သိမ်း သည့် အစီအစဉ်ကိုလည်း အဆိုမူကြမ်းတွင် တောင်းဆိုရန် ပျက်ကွက်ခဲ့ကြောင်း၊


(ဆ) မြန်မာပြည်သူများအနေဖြင့် (၂၂) လ ခန့် ကြာမြင့်လာသည့်အချိန်ကာလအတွင်း၌ စစ်တပ်၏ အကြမ်းဖက်မှုများနှင့် လူမဆန်သည့်လုပ်ရပ်များကြောင့် ထိခိုက်ခံစားနေရကြောင်း၊ ကုလသမဂ္ဂအေဂျင်စီ များနှင့် ယန္တရားများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းတစ်ရပ်လုံး၏ ထုတ်ပြန်ချက်များနှင့် အစီရင်ခံစာ များက စစ်တပ်၏ မရေတွက်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များနှင့် အပြစ်မဲ့ပြည်သူများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို သိသာထင်ရှားစွာ မီးမောင်းထိုးပြထားကြောင်း၊


(ဇ) သို့သော် စစ်တပ်အနေဖြင့် ထုထည်အားဖြင့် သာလွန်ကြီးမားသော၊ မသင့်လျော်သော၊ ချင့်ချိန်နှိုင်းဆမှုမရှိသော လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများ အသုံးပြုမှုနှင့် မြေပြင်မှ တိုက်ခိုက်မှုများကို မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ ပြည်သူများအပေါ် ကျူးလွန်လျက်ရှိကြောင်း၊


(ဈ) ရိုဟင်ဂျာအရေးကိစ္စမှာ တစ်ခုတည်းသီးသန့်ဖြေရှင်း၍ မရနိုင်ဘဲ ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန် လိုအပ်သည်ကို မိမိတို့ ရင်ဆိုင်ကြုံတွေ့ဖြတ်သန်းခဲ့ရသော အခြေအနေများက အတည်ပြုပေးလျက်ရှိပါကြောင်း၊


(ည) ထို့ကြောင့် စစ်တပ်မှ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေခြင်းအား ချက်ချင်းတားမြစ်နိုင်ရန်နှင့် စစ်တပ်၏ ဒဏ်ခတ်ခြင်းမခံရသည့် အစဉ်အလာကို အပြီးတိုင်ချုပ်ငြိမ်းစေရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ခိုင်မာပြတ်သားသည့် အရေးယူဆောင်ရွက်ချက်ကို အလျင်အမြန် ချမှတ်ရန်လိုအပ်ကြောင်း၊ ဤနေရာတွင် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် တတိယကော်မတီတို့၏ အဆိုမူကြမ်းများသည် အလွန်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ သို့သော် မိမိတို့အနေဖြင့် အဆိုပါအခွင့်အရေးတစ်ရပ်ကို ထပ်မံလက်လွှတ်ဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း၊


(ဋ) မြန်မာနိုင်ငံအနေဖြင့်မူ ရိုဟင်ဂျာများနှင့် မြန်မာနိုင်ငံတွင်းနေထိုင်သည့် ပြည်သူတစ်ရပ်လုံး၏ အခွင့်အရေးကို အခိုင်အမာဆက်လက်ထောက်ခံသည့်အလျောက် ယခုအဆိုမူကြမ်းအား ထောက်ခံမည် ဖြစ်ပြီး အဆိုမူကြမ်းအား တူညီဆန္ဒဖြင့် အတည်ပြုနိုင်ရေးအတွက် အခြားကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များအနေဖြင့်လည်း အလားတူရပ်တည်ကြရန် တိုက်တွန်းပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations

during the consideration of the resolution A/C.3/77/L.33 Rev 1

“Situation of human rights of Rohingya Muslims and other minorities in Myanmar”

at the Third Committee of the 77th Session of the UN General Assembly

(New York, 16 November 2022)


(General Statement before the vote)


Mr. Chair,

Myanmar thanks the member states of the EU and the OIC for tabling of draft resolution L.33 Rev 1.


We appreciate the EU Delegation for their cooperation and consultations with our delegation during the process of negotiations on the draft resolution.


We are grateful that this draft resolution maintains a much needed focus on the Rohingya and condemns in the strongest terms the grave violations, past and continuing, perpetrated against them by the security and armed forces of Myanmar – now at the direction of the illegal military junta. The recommendations of the draft resolution contain among others the concrete actions to support the voluntary, safe, and dignified return and reintegration of Rohingya Muslims and other displaced persons, ensuring that Rohingya and other minorities have equal and inclusive access to services and opportunities for representation, consistent with their fundamental rights, accountability, including in relation to International Court of Justice orders and the International Criminal Court’s current investigation. We thank the main sponsors in this regard.


However, we are of the view that the resolution could have reflected more and better on the heartbreaking and deteriorating human rights situation of all people in Myanmar following the illegal military coup on 1 February 2021. What happened on 1 February 2021 was clearly an illegal coup orchestrated by the military dictatorship.


It should better demand that the military junta be held accountable for its atrocities against people of Myanmar, for its assault on democracy and human rights, for triggering a humanitarian crisis, and for threatening regional peace and security. It also fails to demand an arms embargo targeting the junta’s escalating aerial and artillery attacks, which continue to see schools and public gatherings bombed, villages razed, massacres committed and cross-border incursions.


Mr. Chair,


For nearly 22 months, all people in Myanmar have been suffering from inhumane and terrorists acts of the junta. The statements and reports of the international community including UN agencies and mechanisms have greatly pointed out the military’s countless atrocities and human rights violations against the innocent civilians. Particularly, the military has increasingly launched the massive, unproportionate, and indiscriminate air strikes, heavy weaponry as well as on ground attacks onto the civilian areas all over Myanmar.


All circumstances we went through have ratified that the issue of Rohingya cannot be addressed in isolation, instead must be in a holistic manner. Therefore, an urgent and decisive action by the international community is immediately required to stop the military’s further atrocities and to end the military impunity. Resolutions of UN General Assembly including the Third Committee can play a vital role in this regard. We all missed this great opportunity again.


Mr. Chair,


Reiterating our continued strong support for the rights of Rohingya as well as all people in Myanmar, my delegation will support the resolution and urge all other member states to do the same in order to adopt the resolution by consensus.


I thank you.



*****













bottom of page