top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun on Combined clusters 1, 2 and 4 at First Committee of 76th UNGA



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations on Combined clusters 1, 2 and 4 at the First Committee of the 76th Session of the United Nations General Assembly on 13 October 2021


[Below Myanmar Text]


(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က “နျူကလီးယားလက်နက်များ၊ အဖျက်စွမ်းအားပြင်းလက်နက်များနှင့် သမားရိုးကျလက်နက်များ” နှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့ခြင်း


(နယူးယောက်မြို့၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်)


၁။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၊ ပထမကော်မတီ၏ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးမှုအစီအစဉ်တွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။ ယင်းသို့ ပြောကြားရာတွင် သံအမတ်ကြီးမှ အောက်ဖော်ပြပါ အဓိကအချက်များကို ထည့်သွင်းပြောကြား ခဲ့ပါသည်-


(က) နျူကလီးယားလက်နက်များ အလုံးစုံဖျက်သိမ်းရေးကို ယင်းလက်နက်များအသုံးပြုမှု သို့မဟုတ် ခြိမ်းခြောက်မှုများအတွက် တစ်ခုတည်းသော အာမခံချက်အဖြစ် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အများစုမှ ယုံကြည်ထားပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယား လက်နက်ဖျက်သိမ်းရေး ရည်မှန်းချက်အတွက် ဆောင်ရွက်မှုများအပေါ် ကြိုဆိုပါကြောင်း၊


(ခ) မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (Nuclear Non-Proliferation Treaty)၊ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီးပိတ်ပင်ရေးစာချုပ် (Comprehensive Nuclear Test Ban Treaty – CTBT) နှင့် Bangkok Treaty များနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ကို ထပ်လောင်းပြောကြားလိုပါကြောင်း၊


(ဂ) အကြမ်းဖက်စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံမှ နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (Treaty on the Prohibition of Nuclear Weapons – TPNW) သို့ ယခုနှစ်အတွင်း အတည်ပြုပါဝင်ရေးအပေါ် အဟန့်အတားဖြစ်ခဲ့ပါကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်များကို ရှေ့ဆက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊


(ဃ) ဇီဝလက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်သို့ အတည်ပြုပါဝင်ခဲ့သည့် အားလျော်စွာ မြန်မာနိုင်ငံ အနေဖြင့် စာချုပ်ပါအချက်အလက်များကို လိုက်နာဆောင်ရွက်မည့် ကတိကဝတ်အပေါ် ထပ်လောင်း အတည်ပြုလိုပါကြောင်း၊ တရားမဝင်အာဏာသိမ်းမှုဖြစ်ပေါ်ပြီးသည့် နောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ ညအချိန်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အတွင်း၌ ထူးဆန်းသည့် တိမ်ပုံစံ၊ မြူခိုးပုံစံအငွေ့များသည် စစ်လေယာဉ်များ ပျံသန်းသွားပြီးနောက် ပေါ်ပေါက်လာခဲ့ကြောင်းကို သိရှိရပါကြောင်း၊ အဆိုပါ တိမ်ပုံစံ အငွေ့များသည် သာမန်အခိုးအငွေ့များ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဒေသခံပြည်သူများအကြားတွင် စစ်တပ်မှအန္တရာယ်ရှိသည့် အဆိပ်အတောက်များ ဖြန့်ဖြူးနေခြင်းဟု ထင်မြင်ယူဆပြောကြားမှုများ ရှိခဲ့ပါကြောင်း၊ စစ်တပ်အကြီးအကဲအနေဖြင့် ၎င်းအနေဖြင့် မလုပ်ရဲတာမရှိဟု ပြောကြားခဲ့ဘူးကြောင်း၊


(င) ဓာတုလက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာအတည်ပြုပါဝင်ခဲ့သည့် အားလျော်စွာ မြန်မာနိုင်ငံအနေဖြင့် မည်သည့်အခြေအနေတွင်မဆို ဓာတုလက်နက်အသုံးပြုများကို ရှုတ်ချပါကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံတွင် ဓာတုလက်နက်ပစ္စည်းများ ထုတ်လုပ်ခဲ့မှု ရှိ-မရှိ ဆိုသည့် စွပ်စွဲ ချက်နှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်မှုမပြုရသေးသည့်အတွက် ယင်းစာချုပ်ပါအချက်အလက်များအား မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝလိုက်နာ ဆောင်ရွက်ခြင်း ရှိ-မရှိ အပေါ် အငြင်းပွားဖွယ် ဖြစ်နေပါကြောင်း၊ လုံလောက်သည့် သက်သေအထောက်အထားများအရ ၁၉၈၀ ခုနှစ်များ အတွင်း၌ မြန်မာစစ်တပ်သည် ပဲခူးတိုင်းဒေသကြီး၊ ထုံးဘိုကျေးရွာအနီးရှိ ဓာတုလက်နက် ထုတ်လုပ်သည့် စက်ရုံမှ ဆာလဖာဓာတုအဆိပ်များ(sulphur mustard) ထုတ်လုပ်ခြင်းရှိခဲ့သည်ဟု သိရှိရပါကြောင်း၊ အဆိုပါဓာတုစက်ရုံသည် စစ်တပ်ဘက်မှ ထိန်းချုပ်ထားသည့် ကိစ္စဖြစ်ပါကြောင်း၊ မြန်မာစစ်တပ်အနေဖြင့် အရပ်သားအစိုးရသို့ အစီရင်ခံတင်ပြ ခဲ့ခြင်းမရှိပါကြောင်း၊


(စ) လက်နက်ရောင်းဝယ်ရေးစာချုပ် (Arms Trade Treaty) သည် သမားရိုးကျလက်နက်များ ရောင်းချခြင်းအပေါ် တာဝန်ခံမှုရှိစေရေးအတွက် အဓိကကျပြီး၊ လက်နက်ရောင်းချခြင်းအပေါ် တင်းကြပ် ထိရောက်သည့် ထိန်းချုပ်မှုများ ပြုလုပ်ပေးပါက နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့ပြည်သူများ၏ အသက်ပေါင်းများ စွာကို ကယ်တင်နိုင်မည်ဖြစ်ပါကြောင်း၊


(ဆ) မြန်မာနိုင်ငံသည် သမားရိုးကျလက်နက်များနှင့် ပတ်သက်သည့် စာချုပ်များတွင် အတည်ပြုပါဝင် ခြင်း မပြုရသေးပါကြောင်း၊ မြန်မာစစ်တပ်သည် အဆိုပါစာချုပ်ပါ ရည်ရွယ်ချက်များ၊ အချက်အလက် များနှင့် လိုက်လျော်ညီထွေမှုမရှိနေသော်လည်း မြန်မာနိုင်ငံ၏ ရွေးကောက်ခံ အရပ်သားအစိုးရအနေဖြင့် ယင်းစာချုပ်များသို့ အတည်ပြုပါဝင်သွားရေးအပေါ် လေ့လာလျက်ရှိပါကြောင်း၊


(ဇ) မြန်မာစစ်တပ်သည် ပြည်ပမှတင်သွင်းသော သေစေနိုင်သည့် စစ်လက်နက်များကို အသုံးပြု၍ မြန်မာပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်နေပါကြောင်း၊ မြန်မာစစ်တပ်သို့ လက်နက်များ ရောင်းချနေသည့် နိုင်ငံများအနေဖြင့် ရောင်းချနေမှုများကို ချက်ချင်းရပ်တန့်ပေးပါရန် မြန်မာပြည်သူများကိုယ်စား မေတ္တာရပ်ခံပြောကြားလိုပါကြောင်း၊


(ဈ) နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်သို့ လက်နက်ရောင်းချမှု ရပ်တန့်ခြင်းသည် စစ်တပ်၏ ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်မှုများကို တားဆီးနိုင်မည်မဟုတ်သော်လည်း အပြစ်မဲ့ပြည်သူပေါင်းများစွာ၏ အသက်များကို ကယ်တင်နိုင်မည်ဖြစ်ပါကြောင်း။


၂။ အမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် အင်္ဂလိပ်ဘာသာ မိန့်ခွန်းအပြည့်အစုံကို ပူးတွဲဖော်ပြအပ် ပါသည်။


ရက်စွဲ၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်၊

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။



Please check against delivery


Statement delivered by H.E. Mr. Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations

on Combined clusters 1, 2 and 4 at the First Committee of the 76th Session of the United Nations General Assembly

(New York, 13 October 2021)


Mr. Chairperson,


Nuclear Disarmament


- Nuclear deterrence rests on the assumption that mutual assure destruction is guaranteed among users of nuclear weapons. It is this threat of use of nuclear weapons that has fuelled the proliferation of nuclear weapons since 75 years ago.

- Thus, majority of the UN member states are of the view that the only guarantee against the use or threat of use of nuclear weapons is nothing other than their total elimination. We welcome any initiatives, no matter how large or small, that aim for nuclear disarmament.


- On the Iranian nuclear issue, effective and meaningful implementation of the Joint Comprehensive Plan of Action by all sides is essential to promote peace and stability in the Middle East.


- We also join the call for a complete, verifiable and irreversible denuclearization of the Korean Peninsula.


- We reaffirm our commitment to the NPT, the CTBT and the Bangkok Treaty, and call for all relevant parties to work towards achieving the objectives of these treaties.


- For Myanmar, it is quite unfortunate that the plan to ratify the TPNW has been thwarted by the illegal military coup. But we will continue to do whatever we can to move nuclear disarmament forward.


Mr. Chairperson,


WMD


- I wish to touch briefly on WMD. Biological Weapon Convention (BWC) is the first international instrument to prohibit an entire category of WMD, and it has contributed to international peace and security. The BWC, however, in its current form has many shortcomings which make it inefficient to address the consequences of biological weapons crisis. Strengthening of this convention is the next logical step we all must undertake.


- As a ratifying party to the BWC, we reaffirm our commitment to be abided by all provisions of the BWC. Incidentally, speaking of BWC, it is reported that on the night of 17 July this year, strange clouds of smokes appeared over the downtown area of Yangon city in Myanmar after military aircrafts flew over. This may have been just smog, but there were widespread speculations among the residents of Yangon that the military was spreading harmful toxins to crackdown the protests. The military chief of Myanmar used to say that there is nothing he does not dare to do.


- We reiterate our condemnations over any use of chemical weapons anywhere, at any time, by anyone, under any circumstances.


- I cannot stress enough that our commitment to the Chemical Weapons Convention is disputable if the question of Myanmar’s past chemical weapon programme is not resolved. According to the information we have received, the chemical weapons production facility under the control of the military near the town of Tonbo in Bago Region produced sulphur mustard in the 1980s, and it has not been declared. We have assessed that this have been in full knowledge of the military but was not reported to the elected civilian government.


Mr. Chairperson,


Conventional weapons


- Please allow me to turn to the conventional weapons. We welcome the substantive outcome of the Seventh Biennial Meeting of States to Consider the Implementation of the Programme of Action to Prevent, Combat and Eradicate the Illicit Trade in Small Arms and Light Weapons in All Its Aspects and Its International Tracing Instrument (BMS7), held in July this year. We believe this can further contribute to international efforts in regulating arms flow and combating the illicit proliferation of small arms and light weapons.


- We are of the view that strong and effective controls over arms trade can help protect many innocent lives worldwide. The Arms Trade Treaty is instrumental in strengthening accountability in the conventional arms trade.


- Although we are not yet a party to any major international treaties on conventional weapons, the elected civilian government of Myanmar has been studying these instruments with a view to ratifying them at an opportune time, despite the manners and attitudes of the military that run contrary to the purposes of these treaties.


- Accession of Myanmar to the Mine Ban Convention has been long overdue. For the past years, the military asserted that it no longer employed anti-personnel landmines as a method of warfare. It is now obvious that this insistence rings as hollow as its claim to love democracy. Since the military has staged an illegal coup, there have been alarming reports of civilian casualties from landmines laid by the military.


- Weapon sales are very profitable business, but it should not come at the cost of innocent lives. Myanmar military is operating in its own twisted reality by killing innocent civilians using lethal military hardware, most of which are imported ones. On behalf of the entire people of Myanmar who have had enough of the military, I appeal to those states exporting weapons to the Myanmar military to stop selling them immediately. This cannot stop the military from committing further atrocities but can help save more innocent lives.


- Thank you, Chairperson.



******








bottom of page