top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun on Agenda Item 86 at the Sixth Committee of the 76th UNGA



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations on Agenda item 86: the Scope and Application of the Principle of Universal Jurisdiction, at the Six Committee of the Seventy-Sixth session of UN General Assembly on 22 October 2021


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဆဋ္ဌမကော်မတီ၏ မျက်နှာစုံညီအစည်းအဝေး၌ မြန်မာနိုင်ငံတွင် တွေ့ကြုံနေရသည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် တစ်ခြားသော အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများအတွက် တပ်မတော် အဆင့်မြင့်အရာရှိများနှင့် ၎င်းတို့၏ လက်အောက်ခံ အရာရှိ အကြပ် အဆင့်ဆင့် တာဝန်ရှိသူများကို တာဝန်ခံမှုရှိစေရေး ၊ ဒဏ်ခတ်အရေးယူနိုင်ဖို့အတွက် ဆောင်ရွက်ရန် ပြောကြား


(နယူးယောက်မြို့၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်)


၁။ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဆဋ္ဌမကော်မတီ၏ မျက်နှာစုံညီအစည်းအဝေး များကို အောက်တိုဘာလ ၅ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့၌ ပြုလုပ် သော အစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ တက်ရောက်၍ “ကမ္ဘာလုံးဆိုင်ရာ တရားစီရင်နိုင်ရေးရဲ့ အတိုင်းအတာနှင့် ကျင့်သုံးမှု ဘာသာရပ်အစီ အစဉ်” အောက်တွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ ထိုသို့ပြောကြားရာတွင် အမြဲတမ်းကိုယ်စားလှယ်က အောက်ဖော်ပြပါ အဓိကအချက်များကို ထည့်သွင်းပြောကြားခဲ့ပါသည်-


(က) ကမ္ဘာလုံးဆိုင်ရာ တရားစီရင်နိုင်ရေးရဲ့ အတိုင်းအတာနှင့်ကျင့်သုံးမှု ခေါင်းစဉ်အတွက် နိုင်ငံအသီးသီး မှ ကိုယ်စားလှယ်များကနေ မတူညီသော အမြင်များရှိကြောင်း၊


(ခ) တစ်ချို့သော နိုင်ငံများသည် အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများကို ၎င်းတို့ နိုင်ငံရဲ့ တရားစီရင် ရေးစနစ်တွင် ထည့်သွင်းထားပြီး ထိုပြစ်မှုများအတွက် မည်သည့်နိုင်ငံက နိုင်ငံသားမဆို တရားစီရင်နိုင်ခွင့် ရရှိကြောင်း၊


(ဂ) တစ်ချို့သော နိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်နိုင်ရေးရဲ့ အတိုင်းအတာနှင့် ကျင့်သုံးမှုသည် အဆိုပါနိုင်ငံများ၏ ကိုယ်ပိုင်အချုပ်အခြာအာဏာကို ကျူးကျော်ကြောင်းနှင့် ဒီတရားစီရင်နိုင်ရေးကို အသုံးချ ပြီး ပြည်တွင်းရေးကို ဝင်ရောက်စွပ်ဖက်လာမည်ကို စိုးရိမ်မှုရှိကြကြောင်း၊


(ဃ) မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်သော တရားခံအားလုံးသည် ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုအတွက် တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ တရားခုံရုံးများ အနေဖြင့် ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ထိုက်တန်သော အပြစ်ဒဏ်များ ပေးနိုင်ရမည် ဖြစ်ကြောင်း၊ သို့မှသာ ဘေးဒုက္ခခံရသူများနှင့် လူ့အသိုက်အဝန်း အတွက် တရားမျှတမှုရရှိမည်ဖြစ်ကြောင်း၊


(င) မြန်မာနိုင်ငံတွင် တပ်မတော်က ရွေးကောက်ပွဲ မသမာမှုရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ၁-၂-၂၀၂၁ ရက်နေ့တွင် တရားမဝင်အာဏာသိမ်းမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး လက်ရှိ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် အခြားလူပုဂ္ဂိုလ်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊


(စ) ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူများအား တပ်မတော်မှ ကျည်ဆန်အစစ်များသုံးပြီး လွန်စွာ အင်အား သုံးပစ်ခတ်ခြင်း၊ တရားမဝင် ဖမ်းဆီးထိန်းသိမ်းခြင်း၊ နှိပ်စက်ခြင်း၊ ဥပ‌ဒေနှင့်အညီ အယူခံလျှောက်ထားခွင့် ကို ပိတ်ပင်ထားခြင်း၊ စွပ်စွဲခံထားရသူများအနေဖြင့် ဥပဒေကြောင်းအရ ကိုယ်စားပြုမှုမရရှိခြင်း စသည် တို့ကို ချိုးဖောက်နေကြောင်း၊


(ဆ) မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားရဲ့ ကနဦးရရှိသော သက်သေခံအချက် များအပေါ် ရှေ့ပြေးကောက်ချက်ချမှုအရ တပ်မတော်ကျူးလွန်ခဲ့သော ပြစ်မှုများသည် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြှောက်ကြောင်းနှင့် တိုင်းရင်းသားများအပေါ် ဖိစီးနှိပ်စက်မှု၊ အမျိုးသမီး များအပေါ် လိင်အကြမ်းဖမ်းမှု၊ လူမဆန်စွာနှိပ်စက်မှုတို့ကို ကျူးလွန်ကြသည်ကို တွေ့ကြရကြောင်း၊


(ဇ) အဆိုပါပြစ်မှုအများအပေါ် တရားစီရင်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အသင့်ရှိကြကြောင်း၊ ၂၀၀၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံ အတွင်း၌ ကျူးလွန်ခဲ့သော နိုင်ငံတကာပြစ်မှုများကို ICC (International Criminal Court) ၏ တရားစီရင်ထုံးနှင့်အညီ စီရင်ရန် လက်ခံထားကြောင်း၊


(စျ) မြန်မာနိုင်ငံအနေနှင့် တပ်မတော် အဆင့်မြင့်အရာရှိများနှင့် ၎င်းတို့၏ လက်အောက်ခံအဆင့်ဆင့် တပည့်များကို တာဝန်ခံမှုရှိစေရေး၊ ဒဏ်ခတ်အရေးယူနိုင်ရေးနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများကို လေးစား လိုက်နာမှုရှိစေရန် အာဆီယံ၊ ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအတွက် တရာစီးရင်ရေးခုံရုံး၊ ဒေသတွင်းနှင့် ဒေသအပြင်ရှိ နိုင်ငံများအပါအဝင် နိုင်ငံတကာသိုက်အဝန်းနှင့် နီးကပ်စွာဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊


(ည) လုပ်ငန်းအဖွဲ့၏ လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် လိုက်လျောညီထွေရှိရှိ၊ ထိရောက်မှုရှိရှိ ပူးပေါင်းဆောင်ရွက်သွားကြစေလိုပါကြောင်း။


၃။ အမြဲတမ်းကိုယ်စားလှယ်မှ ပြောကြားခဲ့သည့် မိန့်ခွန်း (အင်္ဂလိပ်ဘာသာဖြင့်) အပြည့်အစုံအား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်၊

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations

Agenda item 86: the Scope and Application of the Principle of Universal Jurisdiction, at the Six Committee of the Seventy-Sixth session of UN General Assembly


(New York, 22 October 2021)


Madam Chair,


At the outset, I would like to express our sincere appreciation to the working group for their thorough discussion of the scope and application of the principle of universal jurisdiction. We also thank the Secretary- General for his report A/76/203. Though there is open and honest debate among delegations during its working group session, it is still far from reaching a consensus over the definition, condition, scope, application, and procedure of the universal jurisdiction.


Madam Chair,


We note that different delegations have divergent opinions on this issue. Some member states incorporate international humanitarian law, crime against humanity, war crimes, genocide, grave human rights violations, anti-terrorism in their domestic code of laws. For those crimes, the domestic courts of such member states were given jurisdiction over anyone regardless of their nationality.


However, other member states believe that invoking universal jurisdiction over not only ordinary citizens but also those of high-ranking officials who enjoy immunity under international law also violates the sovereignty of states. They are concerned over the application of universal jurisdiction can be politically motivated and future potential abuse of the principle can occur such as interference in the internal affairs of States.


Other member states expressed that it would be worthwhile to refer this topic to the International Law Commission as it is a body of experts, which can dedicate more time to take up this topic and produce a study to guide the working group of the Sixth Committee.


Madam Chair,


Myanmar delegation is of the view that the principle of universal jurisdiction is the most important means of ending impunity for those individuals who commit serious violations of international humanitarian law, and other crimes of international nature such as crime against humanity and genocide. Moreover, those perpetrators of such heinous crimes should not go unpunished, and they must be held responsible. Delivering penalties to those individuals is the most effective way to bring justice to victims.


Madame Chair,


In Myanmar, the military staged an illegal coup in February 2021 under the pretext of election fraud allegations, detaining sitting President U Win Myint, State Counsellor Daw Aung San Suu Kyi, senior government members, activists and many others. When people of Myanmar have come out to the streets, and express their desire for democracy, freedom, and justice in line with their rights to freedom of speech and assembly, the military responded with use of live ammunitions against peaceful protestors in a disproportionate manner, arbitrary detention of protestors without due process of law, torture, and enforced disappearance. Since the coup, almost 1,200 civilians were murdered, 7355 people arrested, and 355 people were sentenced without the fair trial, without representation by the defense lawyers, and no right of appeal.


I appreciate the work of the Independent Investigative Mechanism for Myanmar. I also thank the Secretary-General for including the work of the Independent Investigative Mechanism for Myanmar in his report. The preliminary view, based on the analysis of collected information, by the UN Independent Investigative Mechanism for Myanmar, indicates that since seizing power on 1 February 2021, the Myanmar military have committed crime against humanity, including persecution, imprisonment, sexual violence, enforced disappearance and torture.


Consequently, the National Unity Government lodged a declaration with the registrar of the ICC, accepting the Court’s jurisdiction with respect to international crimes committed in the territory of Myanmar since 1 July 2002. The people of Myanmar are helpless to seek accountability for perpetrators and deliver justice to victims and communities. National legal system and courts of Myanmar are now incapable of administering justice against the Myanmar military.


Madame Chair,


The root cause of such violations and lack of respect for international laws and conventions lies in the decades-long impunity enjoyed by the Myanmar military. Ending impunity and bringing accountability to those perpetrators of such heinous crimes require the cooperation of the international community in the conduct of criminal matters. There should be no safe haven for those perpetrators. Myanmar will continue to work closely with the international community, including ASEAN, United Nations, International Criminal Court, countries within the region and beyond, in order to bring those perpetrators of such crimes held accountable, bring justice to victims, and strengthen respect for peremptory norms of general international law.


Therefore, further strengthening work of the working group on the scope and application of the principle of universal jurisdiction will be so pertinent for ending impunity of the perpetrators of such crimes. Let’s work together in a flexible and constructive manner to have fruitful outcome of the working group.


I thank you.


*****








bottom of page