top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun on Agenda Item 83 at the Sixth Committee of 76th UNGA



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations on Agenda Item 83: Crimes Against Humanity, at the Sixth Committee of the Seventy-Sixth session of UN General Assembly on 15 October 2021


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဆဋ္ဌမကော်မတီ၏ မျက်နှာစုံညီအစည်းအဝေး၌ မြန်မာနိုင်ငံတွင် တွေ့ကြုံနေရသည့် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ရပ်များကို ကြည့်ခြင်းဖြင့် လူသားမျိုးနွယ်မှုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတစ်ရပ် အရေးတကြီး ပေါ်ပေါက်ရန် လိုအပ်လျက်ရှိသည်ကို ထင်ရှားစွာ ပြသလျက်ရှိ


(နယူးယောက်မြို့၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်)


၁။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့၌ ကျင်းပပြုလုပ်သော (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၊ ဆဋ္ဌမကော်မတီ၏ မျက်နှာစုံညီအစည်းအဝေးအောက်မှ “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု များ” ဘာသာရပ်ဆိုင်ရာ ဆွေးနွေးမှုတွင် ယင်းရာဇဝတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း တစ်ရပ်ပေါ်ပေါက်ရေးနှင့် စပ်လျဉ်းသည့် မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် အမြဲတမ်း ကိုယ်စားလှယ်က အောက်ဖော်ပြပါ အဓိကအချက်များကို ထည့်သွင်းပြောကြားခဲ့ပါသည်-


(က) လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများသည် နိုင်ငံတကာအသိုက်အဝန်း တစ်ခုလုံး အတွက် အလွန်စိုးရိမ်ရသည့် ကြီးလေးသောပြစ်မှုများအနက် တစ်ခုအပါအဝင် ဖြစ်ကြောင်း၊


(ခ) အဆိုပါ ရာဇဝတ်မှုများသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကို မဖြစ်မနေ အပြစ်ပေး အရေးယူသင့်ကြောင်း၊


(ဂ) နိုင်ငံတိုင်းတွင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် ပြစ်မှုဆိုင်ရာ တရား စီရင်ရေးကို ကျင့်သုံးရန် တာဝန်ရှိကြောင်း၊


(ဃ) ယင်းရာဇဝတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းတစ်ရပ် ရှိခြင်းအားဖြင့် ပြစ်မှုကျူးလွန် သူများကို ဒဏ်မခတ်သည့် အစဉ်အလာကို အပြီးတိုင် ရပ်တန့်နိုင်မည်ဖြစ်ကြောင်း၊


(င) နိုင်ငံတကာအတွက် အဆိုပါကွန်ဗင်းရှင်းကို အထူးလိုအပ်ကြောင်း၊ အထူးသဖြင့် ပြစ်မှုကျူးလွန် သူများကို ဒဏ်မခတ်သည့် အစဉ်အလာဖြင့် ကြီးစိုးလျက် ပြည်သူများအပေါ် လူသားမဆန်သော လုပ်ရပ် များကို ကျူးလွန်နေသည့် စစ်တပ်လွှမ်းမိုးမှုကြီးသော နိုင်ငံအတွက် ယင်းကွန်ဗင်းရှင်းကို အထူးတလည် လိုအပ်ကြောင်း၊


(စ) မြန်မာနိုင်ငံတွင် ၁-၂-၂၀၂၁ ရက်နေ့၌ စစ်တပ်မှ အာဏာသိမ်းခဲ့သည့်အချိန်မှစတင်၍ မြန်မာနိုင်ငံ၏ စစ်တပ်သည် အရပ်သား ပြည်သူလူထုအပေါ်တွင် တိုက်ခိုက်မှုများကို စနစ်ကျစွာနှင့် ရည်ရွယ်ချက်ရှိစွာ ပြုလုပ်လျက်ရှိကြောင်း၊


(ဆ) မြန်မာ့စစ်တပ်မှ ကျူးလွန်လျက်ရှိသော ရာဇဝတ်မှုများအား ခံစားနေရသည့် သားကောင်များတွင် စစ်တပ်အား ဆန့်ကျင်သည့် ဆန္ဒပြပြည်သူများ သာမက အမျိုးသမီးများနှင့် ကလေးငယ်များ၊ ဘေးမှ ရပ်ကြည့်နေသော အပြစ်မဲ့ပြည်သူများနှင့် နေအိမ်ထဲတွင် ငြိမ်းချမ်းစွာနေထိုင်နေသည့် ပြည်သူများလည်း ပါဝင်ကြောင်း၊


(ဇ) စစ်တပ်မှ ကျူးလွန်ခဲ့သော ကြီးလေးသည့် ပြစ်မှုများတွင် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု များလည်း ပါဝင်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်မှာ ထင်ရှား ကြောင်း၊ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် စစ်တပ်အင်အား ဖြည့်တင်းမှုများအပေါ် စစ်တပ်မှ ထိုးစစ်များ အပြင်းအထန် ပြုလုပ်နိုင်မှု၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများဖြစ်သည်အထိ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်လာနိုင်သည်ကို ဒေသခံများက စိုးရိမ်လျက် ရှိကြောင်း၊


(ဈ) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာစစ်တပ်မှ ယခင်နှင့် ယခု ကျူးလွန်ဆဲပြစ်မှုများ အတွက် တာဝန်ခံရန်နှင့် တရားမျှတမှုရရှိနိုင်ရန် တက်ကြွစွာ ကြိုးပမ်းလျက်ရှိပြီး လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာဥပဒေအား အလွန်အမင်း ချိုးဖောက်ထားသည့် စစ်တပ်မှ အဆင့်မြင့်အရာရှိများနှင့် ၎င်းတို့၏ လက်အောက်ခံတပည့်များကို တာဝန်ခံမှုရှိစေရေးနှင့် ဒဏ်ခတ်အရေးယူနိုင်ရေးအတွက် ဆောင်ရွက်ရန် ကတိကဝတ်ပြုထားကြောင်း၊


(ည) အဆိုပါကတိကဝတ်နှင့်အညီ ၂၀၀၂ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအတွင်း၌ ကျူးလွန်ခဲ့သော နိုင်ငံတကာပြစ်မှုများကို ICC ၏ တရားစီရင်ထုံးနှင့်အညီ စီရင်ရန် လက်ခံကြောင်း ICC သို့ ၁၇-၇-၂၀၂၁ ရက်နေ့က တရားဝင် အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း၊


(ဋ) မိမိအနေဖြင့်လည်း မြန်မာစစ်တပ်မှ ပြည်သူများအပေါ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ် မှုများကို ရပ်တန့်နိုင်ရန် ၎င်းတို့ထံ လက်နက်ရောင်းချနေမှုအား ပိတ်ဆို့ပေးရေးအပါအဝင် တိကျပြတ်သား သည့်အချိန်နှင့် တစ်ပြေးညီ အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ကြိမ်ဖန် များစွာ တောင်းဆိုခဲ့ပါကြောင်း၊


(ဌ) မြန်မာနိုင်ငံတွင် တွေ့ကြုံနေရသည့် ဖြစ်ရပ်များကို ကြည့်ခြင်းဖြင့် လူသားမျိုးနွယ်အပေါ်ကျူးလွန် သည့် ရာဇဝတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတစ်ရပ် အရေးတကြီးပေါ်ပေါက်ရန် လိုအပ်လျက်ရှိသည်ကို ထင်ရှားစွာ ပြသလျက်ရှိကြောင်း၊


(ဍ) လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း တစ်ရပ် အမြန်ဆုံးပေါ်ထွက်လာနိုင်မှသာလျှင် အပြစ်မဲ့ပြည်သူများအပေါ် ထိုကဲ့သို့သော ပြစ်မှုများ ဆက်လက်ကျူးလွန်နေခြင်းကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ILC မှ အကြံပြုထားသော ပြဋ္ဌာန်းချက်မူကြမ်းများကို အခြေခံ၍ ကွန်ဗင်းရှင်းတစ်ရပ်ထွက်ပေါ်လာရေးကို ထောက်ခံကြောင်း။


၂။ အမြဲတမ်းကိုယ်စားလှယ်မှ အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့သည့် မိန့်ခွန့်အပြည့်အစုံအား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်၊

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations

Agenda Item 83: Crimes Against Humanity, at the Sixth Committee of the

Seventy-Sixth session of UN General Assembly


(New York, 15 October 2021)


Madam Chairperson,


At the outset, I would like to express our sincere appreciation to the International Law Commission and the Special Rapporteur for crimes against humanity, for their extensive and dedicated work. It provides a fundamental ground for the Member States to discuss and negotiate towards an international convention on prevention and punishment of crimes against humanity. We are of the view that it is vital important for all of us to work together to end the impunity for the perpetrators of serious crimes and to contribute to the prevention of such crimes.


Crimes against humanity are among the most serious crimes of concern to the international community as a whole. It is a threat to international peace and security and perpetrators of such crimes should be held accountable. Every state has prime responsibility to exercise its criminal jurisdiction with respect to crimes against humanity. Preventing serious crimes and fighting impunity, while respecting state sovereignty and avoiding interference in states’ domestic affairs, is a common essential goal for the international community. Having an international convention for such serious crimes would contribute to end of impunity to perpetrators. The convention is acutely needed more than ever for the international community especially for a country where the military is dominated with culture of impunity and is committing inhumane acts against its own people.


Madam Chairperson,


Allow me to apprise you of our own heartbreaking experience of atrocities in Myanmar. Since the military coup on 1 February 2021, the Myanmar military has been conducting a systematic and targeted campaign of attacks against the civilian population. Confronting those atrocities, hundreds of thousands of ordinary Myanmar citizens have been bravely engaging in peaceful protest and desperately calling for the restoration of democracy in our country. Yet even as we seek to protect our democracy, defend our liberty and preserve our humanity, the military is attacking the people in the streets, in the houses, in the schools, in the hospitals, in the villages, in the places of worship, among others.


To date, the military has extra-judicially, arbitrarily and summarily executed more than 1,100 civilians. The military has tortured many hundreds more and subjected them to cruel, inhumane and degrading treatment and punishment. Using live ammunition and assault weapons, the Military is even now attacking the civilian population with extreme brutality and without any exceptions. The victims of these crimes against humanity include not only anti-military protesters, but also women and children, innocent bystanders and people who are peacefully in their own homes.


The serious crimes the military committed include massacre. It has been broadly reported recently in Kani township of Sagaing Region. Total of around 40 bodies was found and the incidents are clearly amounting to crimes against humanity. Another two similar incidents happened in the surrounding villages of Kani Township. A total of 12 and 11 dead bodies of the local residents were found with wounds and injures of severe tortures in the following days of the military raid to the villages of those dead people.


Recently, the military has deployed reinforcements with 3,000 troops to conduct clearance operations in northwest of Myanmar including Sagaing Region, Magway Region and Chin State. Many have expressed their concern that the military would conduct large scale offensive in those areas in a disproportionate and indiscriminate manner and commit grave violations of human rights amounting to crimes against humanity.


Not only now, the military committed crimes against humanity in the past including against Rohingya people in 2017. Therefore, The National Unity Government is actively seeking accountability and justice for past and ongoing crimes committed by the military. The NUG is committed to ensuring accountability and ending impunity for those high-ranking officials and their subordinates from the military who committed a grave violation of human rights and international humanitarian law. Accordingly, the NUG lodged a declaration with the registrar of the International Criminal Court on 17 July 2021, accepting the Court’s jurisdiction with respect to the international crimes committed in the territory of Myanmar since July 2002.


The people of Myanmar are helpless even to seek accountability for the perpetrators. I wish to recall that I have appealed time and again the United Nations Security Council to take decisive and timely measures against the military including imposing a global arms embargo on the military to end its atrocities against civilians.


Madam Chairperson,


Our painful experiences clearly demonstrate the urgent need of the international convention on prevention and punishment of crimes against humanity. We earnestly hope that such convention will be adopted in the near future. It will help save lives of innocent people from the crimes against humanity.


In conclusion, Madam Chair, I wish to stress that the draft articles adopted by the International Law Commission reflect the call for further efforts of the international community to end impunity for perpetrators of crimes against humanity and to provide justice for victims of such crimes. In this regard, Myanmar supports the elaboration of a Convention on the basis of the draft articles, as recommended by the ILC.


I thank you.



*****










bottom of page