top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun on Agenda Item 71:Report of ICC at Plenary Meeting of 77th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, on Agenda Item 71: Report of the International Criminal Court, at the Plenary Meeting of the 77th Session of the UN General Assembly, held on 31 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏

(၂၂) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင်

နိုင်ငံတကာရာဇဝတ်ခုံရုံး အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးရာ၌

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာစစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် လုံလောက်သည့် သက်သေအထောက်အထားများရှိကြောင်း၊ ယခုအချိန်သည် ယင်းသက်သေအထောက်အထားများကို အသုံးပြု၍ ထိရောက်မှုရှိသော အရေးယူဆောင်ရွက်မှုများပြုလုပ်ရမည့် အချိန်တန်ပြီဖြစ်ကြောင်း၊

ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်)


၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့၊ နံနက်ပိုင်းတွင် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ (၂၂) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး (International Criminal Court– ICC) ၏ အစီရင်ခံစာ (1 August 2021 to 31 July 2022) အပေါ် အထွေထွေဆွေးနွေးမှုပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ယခုအချိန်အခါတွင် လူသားများ၏ အပြုအမူများကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲများအပါအဝင် ဘက်စုံထောင့်စုံမှ ဖြစ်ပေါ်လာသော ယခင်က ကြုံတွေ့ဖူးသည့် အကျပ်အတည်းများနှင့် တစ်ခါမျှ မတွေ့ကြုံဖူးသည့် အကျပ်အတည်းများကို ရင်ဆိုင်နေရကြောင်း၊ ဤနေရာတွင် လူ့အခွင့်အရေး၊ ကုလသမဂ္ဂပဋိဉာဏ်စာတမ်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အပေါ် လေးစားလိုက်နာခြင်းသည် အလွန်အမင်းထိခိုက်လွယ်သည့် အခြေအနေသို့ ရောက်ရှိနေပြီဟု ရှုမြင်ပါ ကြောင်း၊ ဤကြောင့်ဖြစ်ပေါ်လာသည့် အပြုသဘောမဆောင်သည့် နောက်ဆက်တွဲအချင်းအရာများ ကလည်း နိုင်ငံတကာတရားစီရင်ရေးစနစ်အား ခိုင်မာအားကောင်းလာစေရေး အပါအဝင် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းရေးအတွက်လည်း ခြိမ်းခြောက်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ကုလသမဂ္ဂ နှင့် ခုံရုံးတို့အကြားက ဆက်ဆံရေးကို ဆက်လက်တိုးချဲ့လျက်ရှိသည့်အပေါ် ဝမ်းမြောက်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် ခုံရုံးမှ အလေးအနက်ထား၍ အရေးတကြီးဖြေရှင်းရန် လိုအပ်နေသည့် ပြဿနာများ အပါအဝင် အခြားအခြားစိန်ခေါ်မှုအမျိုးမျိုးကို ဖြေရှင်းနိုင်ရေးအတွက် ခုံရုံးသို့ လိုအပ်သည့် ကူညီထောက်ပံ့ မှုများ ပေးအပ်လျက်ရှိသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊


(ခ) ခုံရုံး၏ အစီရင်ခံစာတွင် ဘင်္ဂလားဒေ့ရှ်-မြန်မာအရေးကိစ္စနှင့်ပတ်သက်၍ စုံစမ်းထားသည့် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို ထည့်သွင်းဖော်ပြထားကြောင်းနှင့် ယင်းနှင့်စပ်လျဉ်း၍ ခုံရုံး၏ လုပ်ဆောင်မှုများအား ကျေးဇူးတင်ရှိကြောင်း၊


(ဂ) မြန်မာနိုင်ငံအနေဖြင့် ၁၇-၇-၂၀၂၁ ရက်နေ့တွင် Registrar of the International Criminal Court ထံသို့ Rome Statue ၏ Article 12(3) ကို ကိုးကား၍ မြန်မာနိုင်ငံအတွင်း ၁-၇-၂၀၀၂ ရက်နေ့ နောက်ပိုင်း ဖြစ်ပွားခဲ့သည့် ရာဇဝတ်များနှင့်ပတ်သက်၍ ခုံရုံး၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံမည်ဟု အကြောင်းကြားခဲ့ကြောင်း၊ မြန်မာပြည်သူများက အဆိုပါကြေညာချက်မှတဆင့် ခုံရုံးအနေဖြင့် စစ်တပ်မှ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကနဦးစစ်ဆေးမေးမြန်းမှု (Preliminary Examination) ဖွင့်လှစ်ဆောင်ရွက်နိုင်မည် သို့မဟုတ် လက်ရှိစုံစမ်းစစ်ဆေးမှုများကို တိုးချဲ့ဆောင်ရွက် ခြင်းတို့ကို လုပ်ဆောင်လာနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ ထို့ပြင် စစ်တပ်မှ သမိုင်းတစ်လျှောက် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့် လက်ရှိကျူးလွန်ဆဲ ကြီးလေးသော ရာဇဝတ်မှုများအတွက် နိုင်ငံတကာ အနေဖြင့် တာဝန်ယူဆောင်ရွက်ပေးနိုင်မည့်အပေါ် မြန်မာပြည်သူများက မျှော်လင့်လျက်ရှိကြောင်း၊


(ဃ) အဓိကအားဖြင့် မြန်မာနိုင်ငံတွင် ၁-၂-၂၀၂၁ ရက်နေ့၌ တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ ပြီးနောက် ပြည်တွင်းတရားစီရင်ရေးစနစ်မှာ ပျက်စီးသွားခဲ့သောကြောင့် မိမိမှ ယခုကဲ့သို့ ပြောကြားရခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအား ကျူးလွန်ထားသူများကို နိုင်ငံတကာရာဇဝတ်ခုံရုံးအပါအဝင် နိုင်ငံတကာတရားစီရင်ရေးစနစ်ဖြင့် တရားစီရင်၍ မြန်မာနိုင်ငံအတွက် တရားမျှတမှု ဖော်ဆောင်ပေးနိုင်ရန် အကူအညီတောင်းခံလျက်ရှိကြောင်း၊ သို့ရာတွင် အဆိုပါရာဇဝတ် ကျူးလွန်သူများကို တာဝန်ခံမှုရှိစေရန်အတွက် ဆောင်ရွက်ပေးရန်ကိုပင် ပြည်သူများအနေဖြင့် ယနေ့တိုင် ကူကယ်ရာမဲ့ဖြစ်လျက်ရှိကြောင်းနှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကို ခံစားနေရသောနစ်နာသူများ အနေဖြင့်လည်း တရားမျှတမှုမရရှိသေးကြောင်း၊


(င) စစ်တပ်အနေဖြင့် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု များကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျကျူးလွန်လျက်ရှိပြီး ပြည်သူများကိုလည်း လေကြောင်းတိုက်ခိုက် မှုများနှင့် ရွာလုံးကျွတ်မီးရှို့မှုများကိုလည်း ကျူးလွန်လျက်ရှိကြောင်း၊


(စ) ပြီးခဲ့သော စက်တင်ဘာလအတွင်း၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ရာ ကလေးငယ် (၇) ဦး အပါ အဝင် စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် (၇) နှစ်မျှသာရှိသေး ကလေးငယ်ပင်ပါရှိကြောင်း၊ ပြီးခဲ့သော သီတင်းပတ်အတွင်း၌လည်း ကချင်ပြည်နယ်၊ ဖားကန့်ဒေသ အနန့်ပါ (A Nang Pa) ၌ (၆၂) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) နေ့ အထိမ်းအမှတ်ပွဲအကြို တေးဂီတ‌ဖျော်ဖြေပွဲ ကျင်းပရန် ပြင်ဆင်နေစဉ် စစ်တပ်က စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနုပညာရှင်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ပြည်သူ (၁၀၀) ဦး ခန့် သေဆုံးခဲ့ကြောင်း၊ လူအများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊


(ဆ) ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်များအရ စစ်တပ်အနေဖြင့် ကချင်ပြည်နယ်တွင် အလားတူ တိုက်ခိုက်ခြင်းများကို ဆက်လက်ကျူးလွန်သွားရန်ရှိသည်ဟု သိရှိရကြောင်း၊ ၎င်းတို့အနေဖြင့် ယင်းတိုက်ခိုက်မှုများကို ခွဲခြားမှုမရှိဘဲ၊ လွန်ကဲသော လက်နက်အင်အားကို အသုံးပြု၍ တိုက်ခိုက်မည်မှာ မလွဲမသွေဖြစ်မည်ဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများသည်သာ ထိခိုက်ခံရသူများ ဖြစ်လာမည်ဖြစ်ကြောင်း၊


(ဇ) IIMM နှင့် နိုင်ငံတကာဥပဒေပညာရှင်များ၏ သုံးသပ်ချက်များအရ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ စစ်တပ်မှ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ် မှုများအတွက် လုံလောက်သည့် သက်သေအထောက် အထားများရှိကြောင်း၊ ဤရာဇဝတ်မှုများသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ IIMM အနေဖြင့် အဆိုပါ ရာဇဝတ်မှုကျူးလွန်ထားသည့် အချက်အလက်များကို သန်းနှင့်ချီ၍ ရရှိထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအချိန်သည် အဆိုပါသက်သေအထောက်အထားများကို အသုံးပြု၍ ထိရောက်မှုရှိသော အရေးယူ ဆောင်ရွက်မှုများပြုလုပ်ရမည့် အချိန်တန်ပြီဖြစ်ကြောင်း၊ မိမိအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား အဆိုပါ သက်သေအထောက်အထားများကို အသုံးပြု၍ ICC မှ လိုအပ်သော တရားစီရင်မှုများ ပြုလုပ် နိုင်ရေးအတွက် အမှုလွှဲပြောင်းရန် ထပ်တလဲလဲတောင်းဆိုခဲ့ကြောင်း၊

(ဈ) ICC အနေဖြင့် စစ်တပ်မှ အကျိုးခံစားနေသည့် ဒဏ်ခတ်ခြင်းမခံရသည့် အစဉ်အလာကို အပြီးတိုင် အဆုံးသတ်ပေးရန်နှင့် နစ်နာသူများအတွက် တရားမျှတမှုဖော်ဆောင်ပေးရန် မြန်မာပြည်သူများ၏ အသံများကို နားထောင်ပေးစေလိုကြောင်း၊ ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရမှ ကြေညာထားသည့် Article 12 (3)၊ IIMM ထံမှ ရရှိထားသော သက်သေအထောက်အထားများအပါအဝင် အခြားဖြစ်နိုင် သော နည်းလမ်းအားလုံးကို အသုံးပြုကာ ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးအရေးယူပေးစေလိုကြောင်း၊ နိုင်ငံတကာတရားစီရင်ရေးစနစ်က ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံတစ်နိုင်ငံအတွင်းရှိ ဒီမိုကရေစီအင် အားစုများကို အင်အားလျော့နည်းစေပါက အန္တရာယ်ရှိကြောင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေ၏ ယုံကြည်ရမှု အပေါ်လည်း သံသယဝင်စေမည်ဖြစ်ကြောင်း၊ ICC ၏ Prosecutor Mr. Kharim Khan က ယခုလိုအခြေအနေအချိန်အခါတွင် ဥပဒေသည် အလှကြည့်စရာတစ်ခုအဖြစ် ရှိရမည်မဟုတ်ကြောင်း ပြောကြားချက်ကို သဘောတူပါကြောင်း၊


(ည) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တာဝန်ခံမှုရှိစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုအားလုံး ချုပ်ငြိမ်းစေရန် ကတိကဝတ်ပြုကြောင်းနှင့် မြန်မာနိုင်ငံအား နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုရှိပြီး အပြည်ပြည်ဆိုင်ရာဥပဒေကို လေးစားလိုက်နာသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် အမြဲမပြတ်အား ထုတ်လျက်ရှိကြောင်း၊ ထိုသို့လုပ်ဆောင်နိုင်ရန် ခုံရုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း၊


(ဋ) မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံးတို့အကြားတွင် အပြန်အလှန် လေးစားမှု၊ လုပ်ပိုင်ခွင့်၊ အပြန်အလှန်အကျိုးရှိစေသည့်ပုံစံဖြင့် တာဝန်များကို ထိရောက်စွာ လုပ်ဆောင်နိုင် ရေးတို့အပေါ် အခြေခံကာ ဆက်ဆံရေးပိုမိုချဲ့ထွင်၍ ဆောင်ရွက်သွားမည့်အပေါ် ထောက်ခံအားပေးသည်ဟု ထပ်လောင်းပြောကြားလိုကြောင်း၊ တရားမျှတမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတို့ရရှိနိုင်ရန် အတွက် ခုံရုံး၏ အခန်းကဏ္ဍမှာ အရေးပါသည်ဟု မှတ်ယူသည့်အားလျော်စွာ ကုလသမဂ္ဂယန္တရားတွင် ICC သည် အဓိကနေရာမှ ဆက်လက်ပါဝင်ရန်လိုအပ်ကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by H.E. Mr. Kyaw Moe Tun, Permanent Representative of Myanmar to the United Nations

on Agenda Item 71: Report of the International Criminal Court,

at the Plenary of the Seventy-Seventh session of UN General Assembly


(New York, 31 October 2022)


Mr. President,


At the outset, I would like to thank the Secretary-General for his reports under this agenda item. I wish also to thank the President of the International Criminal Court for her statement and the report of ICC on its activities for the period from 1 August 2021 to 31 July 2022.


During this particular time, the international community has been encountering precedent and unprecedented crises evolving from multiple dimensions including manmade behaviours. We are of the view that respect for human rights, the UN Charter and international law has been extremely getting fragile, and thereby the subsequent ill factors are imposing serious threat on the maintenance of international peace and security, including strengthening of international justice system. Therefore, my delegation is strongly encouraged to see the continued enhanced relationship between the United Nations and the ICC. We also thank the UN for its support towards and close cooperation with the ICC on a wide range of issues, including those which currently require intensive investigation by the Court.


Mr. President,


In the report, the Court has provided investigative updates on the Situation in Bangladesh/Myanmar. We thank the Court for its continued efforts on this case.


I wish to recall that On 17 July 2021, Myanmar lodged an article 12(3) Declaration with the Registrar of the International Criminal Court accepting the Court’s jurisdiction over crimes committed in our territory since July 1, 2002. Through this declaration, the people of Myanmar have high hope that the Court will open a preliminary examination or expand the scope of its current investigation. The people of Myanmar are in urgent need of meaningful international accountability for the historic and ongoing serious crimes committed by the military.


I said so to you because our domestic justice system has failed since the illegal military coup in February 2021 and we have been looking for the help through the international justice system including ICC to bring the perpetrators of heinous crimes committed in Myanmar to justice. The people of Myanmar are still helpless even to seek accountability for the perpetrators and justice for the victims of the military’s atrocities.


As I speak, the fascist military continues committing systematic, widespread serious violations of human rights including massacres, air strikes on civilians and whole-sale arson. Let me inform you of recent inhumane airstrikes by the military junta. In last September, 13 people including seven children have been killed by Myanmar military’s air attacks on a school in LatYatKone Village, Depayin Township in Sagaing Region. Those children were as young as 7 years old.


Last week, the terrorist military fighter jets bombed and attacked on civilians at the music concert held at A Nang Pa, Phakhant in Kachin State, Myanmar, to celebrate the 62ndanniversary of Kachin Independent Organization (KIO) Day. Reportedly it resulted in death of around 100 people including artists, women and children and so many injured.


According to the credible information, the military junta will continue to conduct such airstrikes in Kachin State. Such attacks will definitely be in an indiscriminate and disproportionate manner. Many civilians will become victims of such attacks.


The Independent Investigative Mechanism for Myanmar (IIMM) and international legal scholars agree that the atrocities of the Myanmar military are amounting to crimes against humanity and war crimes. These crimes clearly pose threats to international peace and security.


Evidence of such crimes against humanity and war crimes of the fascist military is overwhelmed. IIMM received millions of facts regarding such crimes. Now it is already high time to turn evidence into effective action. I appeal over time that the UN Security Council must use the admissible evidence of atrocity crimes being committed by the Myanmar military to refer the situation to the ICC.


On the ICC part, in order to end culture of impunity of the military junta and to bring justice for the victims of the military junta’s atrocities, I wish to appeal to the ICC to listen to the voices of the people of Myanmar and to use all possible ways including evidences received by IIMM and Article 12(3) declaration made by the National Unity Government of Myanmar to bring the perpetrators accountable.


I wish to stress that it is dangerous if international justice is seen to undermine democratic forces in a conflict State. This may cast doubt on the credibility of international law.


I share the view of the ICC Prosecutor Mr. Kharim Khan – “at a time like this, the law cannot be a spectator”.


Mr. President,

In conclusion, the National Unity Government of Myanmar is committed to ensuring accountability and ending impunity for all human rights violations. The government also continues to draw attention to the ongoing serious crimes being committed by the military, and it seeks justice for all past and ongoing crimes, and is steadfastly working towards a future where Myanmar will be known for its international cooperation and adherence to international law. Myanmar looks forward to working with the ICC to this end.


Therefore, my delegation wishes to reiterate Myanmar’s support on the further extension of the relations between the UN and the ICC based on respect for each other’s status and mandates and aim to promote the effective discharge of each organization’s respective responsibilities in a mutually beneficial manner. As we perceive the role of the Court as vital for the purpose of achieving justice and sustainable peace, we wish to continue seeing the mainstreaming of the ICC in the UN system.

I thank you.



*****









bottom of page