top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at the General Discussion of the 68th Session of the Commission on the Status of Women





Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the General Discussion of the 68th Session of the Commission on the Status of Women, held on 18 March 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၆၈) ကြိမ်မြောက် Commission on the Status of Women အစည်းအဝေး၏ အထွေထွေဆွေးနွေးမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာအမျိုးသမီး လူ့အခွင့်အရေးကာကွယ်သူများ၏ ကြိုးစားအားထုတ်မှု၊ ရဲစွမ်းသတ္တိနှင့် ကိုယ်ကျိုးစွန့် အနစ်နာခံမှုတို့အား ချီးကျူးလေးစားဂုဏ်ပြုကြောင်း၊ မြန်မာလူငယ်လူရွယ်များသည် စစ်တပ်၏ တရားမဝင်သော အဓ္ဓမစစ်သား စုဆောင်းမှုကြောင့် အလွန်အမင်းစိုးရိမ်ရသည့်အခြေအနေသို့ ကျရောက် နေကြောင်း၊ စစ်တပ်၏ တစ်ခုတည်းသော ဆိုးရွားသည့် ရည်မှန်းချက်မှာ လူငယ်များအား လူသားဒိုင်းများအဖြစ် အသုံးချရန်နှင့် ပေါ်တာဆွဲရန်သာဖြစ်၊ စစ်တပ်၏ တရားမဝင် စစ်သားစုဆောင်းရေးအား တားမြစ်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းမှ လိုအပ်သည့် စီမံဆောင်ရွက်ချက်များကို ချမှတ်လုပ်ဆောင်ရန် မိမိတို့၏ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူများက တောင်းဆိုလျက်ရှိကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်)


၁။       နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် (၆၈) ကြိမ်မြောက် Commission on the Status of Women (CSW)ဆိုင်ရာ အထွေထွေဆွေးနွေးမှု အစည်းအဝေး၊ ဝန်ကြီးများအဆင့် စကားဝိုင်းနှင့် အပြန်အလှန်ဆွေးနွေးမှုအစည်းအဝေးများကို ၁၁-၃-၂၀၂၄ ရက်နေ့မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိရာ ၁၈-၃-၂၀၂၄ ရက် (တနင်္လာနေ့)၊ မွန်းလွဲ (၁၅၀၀) နာရီတွင် ပြုလုပ်သည့် အထွေထွေဆွေးနွေးမှု အစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိက အချက်များ ပါဝင်ပါသည်-


(က)    မိမိတို့အနေဖြင့် (၆၈) ကြိမ်မြောက် CSW နှင့်ဆက်စပ် အစည်းအဝေးများ ကျင်းပရန် စုဝေးနေစဉ် မျက်မှောက်ကမ္ဘာတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ခြိမ်းခြောက် လျက်ရှိသော၊ လူအများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ဘဝများကို အန္တရာယ်ပြုသော ဘက်ပေါင်းစုံ အကျပ်အတည်းများကို ရင်ဆိုင်ကြုံတွေ့ နေရကြောင်း၊


(ခ)     ပဋိပက္ခများ အရှိန်အဟုန် မြင့်တက်လာခြင်းနှင့် စားနပ်ရိက္ခာ၊ စွမ်းအင်နှင့် ရာသီဥတုပြောင်းလဲခြင်း၊ ကျားမကွာဟချက်နှင့် ဝင်ငွေမညီမျှမှု စသည်အားဖြင့် အမျိုးမျိုးသော အကျပ်အတည်းများ တိုးပွားလာခြင်းကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ကျရောက်နေသည့် မညီမျှသောဆိုးကျိုးသက်ရောက်မှုများ ပိုမိုမြင့်တက်လာသည်မှာ သိသာထင်ရှားပါကြောင်း၊


(ဂ)     အမျိုးသမီးများနှင့် မိန်းကလေးငယ်များအနေဖြင့် အဆိုပါနောက်ဆက်တွဲအကျိုးဆက် များကြောင့် နှစ်ကာလကြာမြင့်စွာ ဒုက္ခခံစားရသည်နှင့်အမျှ ၎င်းတို့သည် လူသားချင်း စာနာမှု၊ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးရာကဏ္ဍများ၌ အလွန်အမင်း ထိရှလွယ်သည်မှာ ပေါ်လွင်နေကြောင်း၊


(ဃ)    ယခုနှစ် (၆၈) ကြိမ်မြောက် CSW အစည်းအဝေးအတွက် ချမှတ်ထားသည့် Priority Theme မှာ ဖော်ပြပါအခင်းအကျင်းများကို ထင်ဟပ်စေကြောင်း၊ ထို့အတူ အစိုးရများ၊ ပညာရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူငယ်လူရွယ်များနှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများအကြားတွင် ဆွေးနွေးမှုများ ပြုလုပ်ခွင့်ရရှိစေကြောင်း၊


(င)     အစိုးရအများစုအနေဖြင့် ကျားမတန်းတူညီမျှမှု ရရှိစေရန်နှင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား လုပ်ပိုင်ခွင့်ပိုမိုရရှိစေရေး ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများနှင့် အစီအမံများအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် တိုးတက်သော ရလဒ်များ ရရှိနေသည့်အပေါ် ဝမ်းမြောက်ပါကြောင်း၊


(စ)     တစ်ဖက်တွင်လည်း မိမိတို့၏ ကတိကဝတ်များအား လုပ်ဆောင်ချက်အသွင်ဖြင့် ပြည့်ဝစေရန် ကမ္ဘာ့အသိုက်အဝန်းအနေဖြင့် လိင်ဖြစ်တည်မှု လိုအပ်ချက်အလျောက် တုံ့ပြန်ရန် မူဝါဒများ (gender responsive policies) နှင့် ဝန်ဆောင်မှုများ အစုံလိုက် ချမှတ်ရန် လိုအပ်လျက်ရှိသည်ဟု နားလည်ပါကြောင်း၊ ဤနေရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်မှ ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည့် အကြံပြုချက်များအတွက် ကျေးဇူးတင်ရှိပါကြောင်း၊


(ဆ)    မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရားစစ်အာဏာသိမ်းခဲ့ချိန်မှစ၍ ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်အား ခုခံတွန်းလှန် ဆန့်ကျင်နေကြကြောင်း၊ စစ်အာဏာရှင်အနေဖြင့်မူ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများမြောက်သည့် ရက်စက်ကြမ်းကြုတ်မှုများစွာကို နိုင်ငံတဝန်း၌ ဖြန့်ကျက်ကျူးလွန်လျက်ရှိကြောင်း၊


(ဇ)     စစ်တပ်မှ အရပ်သားပြည်သူများအပေါ် မဆင်မခြင်နှင့် ပစ်မှတ်ထား တိုက်ခိုက်မှုများ ကြောင့် အများပြည်သူ၏ ပိုင်ဆိုင်မှု (၇၈,၀၀၀) ကျော်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နေရပ်စွန့်ခွာသူ (၂.၇) သန်းကျော် ရှိလာခဲ့ပြီဖြစ်ကြောင်း၊ အမျိုးသမီးနှင့် မိန်းကလေးငယ် (၉) သန်းကျော် အပါအဝင် လူပေါင်း (၁၉) သန်း နီးပါးသည် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို အရေးတကြီး လိုအပ်လျက်ရှိကြောင်း၊


(ဈ)     ထို့ပြင် စစ်တပ်အနေဖြင့် နိုင်ငံအဝှမ်း၌ ဖျက်ဆီးမှုများကို ပြုလုပ်လျက်ရှိသောကြောင့် မြန်မာနိုင်ငံတွင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအား ခိုင်မာ အားကောင်းစေရေး၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ အဖွဲ့အစည်းများအား ခိုင်မာ အားကောင်းစေရေး၊ အမျိုးသမီးများနှင့်  မိန်းကလေးငယ်များ၏ လုပ်ပိုင်ခွင့်အား မြှင့်တင်ပေးရေးနှင့် ၎င်းတို့၏ အခြေခံအခွင့်အရေးများအား အကာအကွယ်ပေးရေးတို့ကို စွမ်းဆောင်နိုင်ခြင်းမရှိကြောင်း၊


(ည)    စင်စစ်အားဖြင့် စစ်အာဏာရှင်များမှ နိုင်ငံတစ်ဝန်း ကျူးလွန်နေသည့် အကြမ်းဖက်မှုများ ကို အမျိုးသမီးများနှင့် လူငယ်များက ရှေ့တန်းမှ ခုခံတွန်းလှန်နေခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် အခြားသော အကြမ်းဖက်မှုများကို ရင်ဆိုင်နေရသည့်ကြားမှ စစ်အာဏာရှင်စနစ်အား တွန်းလှန်လို သည့် ရဲစွမ်းသတ္တိနှင့် တရားမျှတပြီး အားလုံးပါဝင်သောဒီမိုကရေစီ လူ့အဖွဲ့အစည်းကို လိုလားသည့် ၎င်းတို့၏ ကတိကဝတ်သန္ဓိဋ္ဌာန်များမှာ ယိုင်နဲ့သွားခြင်းအလျဉ်းမရှိကြောင်း၊


(ဋ)     မြန်မာအမျိုးသမီး လူ့အခွင့်အရေး ကာကွယ်သူများအနေဖြင့် ယခုနှစ် CSW သီတင်းပတ် များတွင်လည်း ပါဝင်တက်ရောက်လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် စစ်တပ်မှ အန္တရာယ်ပြုလာနိုင်သည့်အချက်ကိုပင် မထည့်တွက်နိုင်ဘဲ မြေပြင်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် မြန်မာပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ် များအပေါ် ကျူးလွန်လျက်ရှိသော စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ သိရှိစေရေးအတွက် ကျယ်ကျယ် လောင်လောင် ကိုယ်စားပြုပြောကြားပေးနိုင်ရန် တက်ရောက်လာကြခြင်းဖြစ်ကြောင်း၊ အဆိုပါ ရင်နင့်ဖွယ်အခြေအနေများကို နိုင်ငံတကာမှ ကြားသိနိုင်ရန် မျှော်လင့်သကဲ့သို့ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ၏ ဒုက္ခများကို ကုစားပေးနိုင်ရန် အတွက် ထိရောက်သည့် လုပ်ဆောင်ချက်များကိုလည်း ချမှတ်ပေးနိုင်မည်ဟု မျှော်မှန်းကြောင်း၊


(ဌ)     မိမိအနေဖြင့် မြန်မာအမျိုးသမီး လူ့အခွင့်အရေးကာကွယ်သူများ၏ ကြိုးစားအားထုတ်မှု၊ ရဲစွမ်းသတ္တိနှင့် ကိုယ်ကျိုးစွန့်အနစ်နာခံမှုတို့အား ချီးကျူးလေးစားဂုဏ်ပြုပါကြောင်း၊


(ဍ)     တစ်ဖက်တွင်လည်း မြန်မာ လူငယ်လူရွယ်များသည် စစ်တပ်၏ တရားမဝင်သော အဓ္ဓမ စစ်သားစုဆောင်းမှုကြောင့် အလွန်အမင်းစိုးရိမ်ရသည့် အခြေအနေသို့ ကျရောက်နေ ကြောင်း၊ စစ်တပ်၏ တစ်ခုတည်းသော ဆိုးရွားသည့် ရည်မှန်းချက်မှာ လူငယ်များအား လူသားဒိုင်းများအဖြစ် အသုံးချရန်နှင့် ပေါ်တာဆွဲရန်သာဖြစ်ကြောင်း၊


(ဎ)     သို့ဖြစ်ပါ၍ စစ်တပ်၏ တရားမဝင်စစ်သားစုဆောင်းရေးအား တားမြစ်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းမှ လိုအပ်သည့် စီမံဆောင်ရွက်ချက်များကို ချမှတ်လုပ်ဆောင် ရန် မိမိတို့၏ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူများက တောင်းဆိုလျက်ရှိကြောင်း၊


(ဏ)   အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်မူ အမျိုးသမီးများ၊ လူငယ်နှင့် ကလေးသူငယ်များ အတွက် အောက်ဖော်ပြပါ ဦးတည်ချက် (၃) ရပ်ကို ချမှတ်ထားကြောင်း-


(၁)     အသွင်ကူးပြောင်းရေးကာလအတွင်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများကို အကာအကွယ်ပေးနိုင်ရန်နှင့် အခွင့်အရေး အပြည့်အဝ ရရှိနိုင်စေရန်၊


(၂)      အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်များ၏ လုံခြုံရေးနှင့် ရှင်သန်ရပ်တည်ရေးတို့ အတွက် ထောက်ပံ့ပေးရန်နှင့်


(၃)     အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသည့် အခန်းကဏ္ဍများတွင် စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကဏ္ဍ အသီးသီးတွင် ပါဝင်နိုင်ရန်၊


(တ)    အချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံသည် ဘက်ပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင် နိုင်ရေး လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိနိုင်ရန်၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ လုပ်ပိုင်ခွင့်ပိုမိုရရှိနိုင်ရန်နှင့် ကျားမတန်းတူညီမျှမှုရှိရေးတို့အတွက် နိုင်ငံတကာ အသိုက်အဝန်း၏ အကူအညီကို မဖြစ်မနေလိုအပ်ကြောင်း၊


(ထ)    အထူးအားဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအတွက် အထောက်အကူဖြစ်စေနိုင်မည့် နည်းလမ်းအားလုံးကို အသုံးပြုရန်နှင့် မြန်မာနိုင်ငံတွင် စစ် အာဏာရှင်အား အပြီးတိုင် ဖယ်ရှားနိုင်ရေးနှင့် စစ်တပ်မှ အကျိုးခံစားနေသော ပြစ်ဒဏ် ကင်းလွတ်ခွင့်တို့ကို ထိရောက်စွာ ဖြေရှင်းနိုင်မည့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန် အမှန်တကယ်လိုအပ်ကြောင်း။


၃။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


 

၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the General Discussion of the 68th Session of the Commission on the Status of Women


(New York, 18 March 2024)


Mr. Chair,


I wish to begin by congratulating you and the bureau for your elections and thanking you for your able leadership for this year’s session of the Commission on the Status of Women.

         

As we are gathering here, the world continues to face multi-faceted crises that are threatening global peace and security, and endangering the well-being of all, particularly women and girls.


Very distinctly, intensification of conflicts and growing number of various crises such as the food and energy crisis and climate change, gender gap and income disparities have only led towards increasing the disproportionate affects against women and girls. Suffering ages from the consequences of these crises have already exposed them as extremely vulnerable in the humanitarian, economic, political, and social settings.


In this regard, this year’s priority theme is reflective and provides us an opportunity to discuss among governments, experts, CSOs, NGOs, youths, and other stakeholders. Certainly, we are delighted to acknowledge the progresses made by various governments to ensure gender equality and empowerment of women and girls through developing policies and implementing different initiatives.


Meanwhile, we also apprehend that the global community requires a comprehensive set of gender-responsive policies and services to fulfill our commitments into actions. In this light, Myanmar appreciates the Secretary-General for providing his recommendations contained in his report E/CN.6/2024/3.


Mr. Chair, in my country Myanmar, people have been in the middle of a nationwide resistance against the military dictatorship since the illegal military coup in February 2021. The heinous military junta has committed numerous atrocities throughout the country amounting to crimes against humanity and war crimes.


Due to its continued indiscriminate and targeted attacks against the civilian population, over 78,000 civilian properties were burnt or destroyed, over 2.7 million people have displaced and almost 19 million people including over 9 million women and girls are in need of humanitarian assistance.


Yet, the junta’s nationwide destructions have dismantled strengthening of the economic, social, health and education sectors, needless to say the eradication of poverty, strengthening of institutions, empowerment of women and girls nor to ensure their fundamental rights.


Infact, at the forefront of resisting the military reign of terror across the country are Myanmar women and youth. Even in the face of violence including the sexual violence, Myanmar women’s courage to resist the military dictatorship and their commitment to achieving a just, inclusive, and democratic society has not been weakened.


A number of Myanmar women human rights defenders are here to participate in this CSW session and related activities. Without considering the risk imposed by the military junta that they will face, they are speaking to delegations of Member States and other stakeholders about the current situation on the ground and the military junta’s atrocities against the people especially women and girls. I hope that their tragic voices will be heard and the international community will take effective actions to stop their sufferings.


Taking this opportunity, I wish to congratulate them and salute them for their hard work, their courage and their selflessness.


Mr. Chair,


Similarly, Myanmar youths are under extreme risks because of the military’s unlawful conscription. The ultimate ill-witted purpose of the junta is to use our youths as human shields and porters against the growing anti-coup revolutionary forces.

         

Therefore, the people and the National Unity Government (NUG) of Myanmar are calling for the international community to take necessary action to stop the military junta’s forced conscription.


The NUG has devoted to the full, meaningful and equal participation of all women and girls in various sectors and it is also committed to the following three objectives:


i)                To protect women, young people and children from human rights violations and to ensure their enjoyment of human rights throughout this period of transition,


ii)              To provide safety and basic needs to survival of women, young people and children; and


iii)            To promote meaningful participation of women and youth in the building of a federal democratic nation.

         

In conclusion, Mr. Chair, I wish to emphasize that getting Myanmar back on track for all-round developments, especially for the empowerment of women and girls and to achieve gender equality, definitely requires the international community, especially the UN, to use its viable means and take effective action to eliminate the military dictatorship in Myanmar and address its impunity.

         

I thank you.



*****









bottom of page