top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun on Agenda Item 70:Report of ICJ at Plenary Meeting of 77th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, on Agenda Item 70: Report of the International Court of Justice, at the Plenary Meeting of the 77th Session of the UN General Assembly, held on 27 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၂၁) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင်

အပြည်ပြည်ဆိုင်ရာတရားရုံး အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးရာ၌

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ စစ်တပ်၏ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အခြားသော ရက်စက်ကြမ်းကြုတ်မှုများမှာ လျော့နည်းလာခြင်းမရှိဘဲ မြန်မာနိုင်ငံနေရာအနှံ့ အပြားတွင် ဆက်လက်ကျူးလွန်လျက်ရှိကြောင်း၊ ICJ ၏ ဂမ်ဘီယာ-မြန်မာအမှုနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြိုဆိုကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်)


၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့တွင် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ (၂၀) နှင့် (၂၁) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတို့ကို ကျင်းပခဲ့ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice – ICJ) ၏ အစီရင်ခံစာ (1 August 2021 to 31 July 2022) အပေါ် အထွေထွေဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ ယင်းနေ့ မွန်းလွဲပိုင်းဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) ကုလသမဂ္ဂအဖွဲ့အစည်းအား (၇၅) နှစ်ကျော်အကြာ ဖွဲ့စည်းထူထောင်ထားသည့် ကာလ တစ်လျှောက်တွင် အပြည်ပြည်ဆိုင်ရာတရားရုံးသည် ကုလသမဂ္ဂ၏ ပင်မတရားစီရင်ရေး အင်္ဂါရပ်အဖြစ် ရပ်တည်ခဲ့ကြောင်း၊ တရားရုံးအနေဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အား ဖော်ဆောင်ပေးရန်အပြင် နိုင်ငံများအကြား ပဋိပက္ခဖြေရှင်းရာတွင် ဥပဒေကြောင်းအရ ငြိမ်းချမ်းစွာ ဖြေရှင်းပေးရန် အဓိကတာဝန်ရှိ သည့်အားလျော်စွာ အဆိုပါတာဝန်ဝတ္တရားများနှင့် လုပ်ငန်းများကို ပြည့်ပြည့်ဝဝထမ်းဆောင်လျက်ရှိသည်ကို တွေ့မြင်ရသောကြောင့် အားရကျေနပ်ကြောင်း၊ ထို့အတူ တရားရုံးသို့ တင်သွင်းသည့် အမှုတွဲအရေအတွက် ဆက်လက်မြင့်တက်လျက်ရှိသဖြင့် တရားရုံး၏ လည်ပတ်မှုယန္တရားအား ပိုမိုခိုင်မာအားကောင်းစေရန် ကြိုးပမ်းသွားမည့်အပေါ်လည်း ကြိုဆိုကြောင်း၊ ယင်းမှာ တရားစီရင်မှုအား ရေရှည်တည်တံ့စွာ မျှတမှုရှိစေလိုသည့် တရားရုံး၏ ရည်ရွယ်ချက်ကို ထင်ရှားပေါ်လွင်စေကြောင်း၊ သို့ဖြစ်ရာ မိမိတို့အနေဖြင့် တရားရုံး၏ အရေးပါသော အခန်းကဏ္ဍကို အလေးထားကြောင်း၊


(ခ) အစီရင်ခံစာတွင် ဖော်ပြထားသည့် ကာလအတွင်း၌ လုပ်ဆောင်ခဲ့သော တရားရုံး၏ လုပ်ငန်း ဆောင်တာများကို ပြန်လည်လေ့လာသုံးသပ်ရာတွင် တရားရုံးအနေဖြင့် ကောင်းမွန်သော ရလဒ်ကောင်းများ ကို ဖော်ဆောင်နိုင်ခဲ့သည်ဟု တွေ့မြင်ရကြောင်း၊ သို့ဖြစ်ရာ နိုင်ငံများအနေဖြင့်လည်း အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန်အတွက် ယခုကဲ့သို့ တရားရုံးထံလွှဲပြောင်းရည်ညွှန်းသည့် လမ်းစဉ်အား အနာဂတ်တွင်လည်း ဆက်လက်ကျင့်သုံးသွားမည်ဟု မျှော်မှန်းကြောင်း၊ ဤနည်းအားဖြင့် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း Multilateralism နှင့် ကုလသမဂ္ဂအဖွဲ့အစည်း၏ ယန္တရားများကို ပြန်လည်အားကောင်းလာစေနိုင်မည်ဖြစ်ကြောင်း၊


(ဂ) သို့သော်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ၁၉၇၀ ပြည့်နှစ်အတွင်း၌ တရားရုံးထံမှ တစ်ကြိမ်သာ အကြံဉာဏ်တောင်းခံခဲ့ခြင်းရှိပြီး၊ ယင်းနှောင်းပိုင်းကာလများတွင်မူ ရည်ညွှန်းခဲ့ခြင်းမရှိတော့ သည်ကို သတိပြုမှတ်သားရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အခြားနိုင်ငံများနည်းတူ လုံခြုံရေးကောင်စီ အား တရားရုံး၏ လုပ်ပိုင်ခွင့်အတွင်းမှ အကြံပြုချက်များကို ပိုမိုရည်ညွှန်းအသုံးပြုနိုင်ရန် တိုက်တွန်း အားပေးလိုကြောင်း၊


(ဃ) ထို့ပြင် မိမိတို့အနေဖြင့် တရားရုံးမှ ဖွံ့ဖြိုးဆဲနိုင်ငံများကို အဓိကရည်ရွယ်၍ Judicial Fellowship Programme ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည့်အပေါ် ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း၍ တရားမဝင်စစ်အာဏာသိမ်းမှုအား အောင်အောင်မြင်မြင် တွန်းလှန်ပြီးသည့်အခါတွင် မိမိတို့နိုင်ငံမှ လူငယ်လူရွယ်များအနေဖြင့်လည်း တရားရုံး၏ ဖော်ပြပါအစီအစဉ်တွင် ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း၊


(င) ICJ ၏ ဥက္ကဋ္ဌဖြစ်သူ Judge Joan Donoghue မှ ၎င်း၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည့်အတိုင်း တရားရုံးမှ ၂၂-၇-၂၀၂၂ ရက်နေ့တွင် စီရင်ချက်ချမှတ်ခဲ့သည့် ဂမ်ဘီယာနှင့် မြန်မာနိုင်ငံအကြားက လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေး ကွန်ဗင်းရှင်းအပေါ် လိုက်နာကျင့်သုံးခြင်း (Application of the Convention on the Prevention and Punishment of the Crime of Genocide) အမှုနှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြိုဆိုသည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်ထားကြောင်း၊


(စ) အထူးသဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်သည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် စစ်ဆင်ရေးများ ပြုလုပ်နေစဉ် ရိုဟင်ဂျာများကို ဦးတည်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများအပေါ် ခိုင်မာသော ကြားနာ စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် လမ်းရှင်းပေးလိုက်ခြင်းပင်ဖြစ်ကြောင်း၊ အမှန်အားဖြင့် စစ်တပ်၏ ကန့်ကွက်ချက်များကို ကြားနားရန်ပင် မလိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကနဦးကန့်ကွက်ချက်များအားလုံးကို ရုပ်သိမ်းကြောင်းနှင့် တရားရုံး ၏ စီရင်ဆုံးဖြတ်ချက်ကို လက်ခံမည်ဟု ၁၀-၂-၂၀၂၂ ရက်နေ့တွင် ICJ သို့ တရားဝင်အကြောင်းကြား ခဲ့ကြောင်း၊ ထို့ပြင် တာဝန်ခံမှုနှင့် ရိုဟင်ဂျာများအတွက် လိုအပ်သော လျော်ကြေးပေးနိုင်ရေးမှာ အရေးပါမှု ရှိနေမည်သာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း ဤအမှုနှင့် ပတ်သက်၍ ICJ နှင့် အပြည့်အဝပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူပင် မြန်မာနိုင်ငံအနေဖြင့် Rome Statue ၏ Article 12(3) အရ ICC ၏ တရားစီရင်ပိုင်ခွင့် အာဏာကိုလည်း လက်ခံကြောင်း အဆိုပါခုံရုံးသို့ အကြောင်းကြား ခဲ့ပြီးဖြစ်ကြောင်း၊


(ဆ) သို့သော် စစ်တပ်၏ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အခြားသော ရက်စက်ကြမ်းကြုတ်မှုများမှာ လျော့နည်းလာခြင်းမရှိဘဲ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဆက်လက် ကျူးလွန်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် စစ်တပ်မှ မကြာမီက ကျူးလွန်ခဲ့သည့် ရက်စက် ကြမ်းကြုတ်၍ လူမဆန်သောလုပ်ရပ်များကို အထွေထွေညီလာခံသို့ တင်ပြလိုကြောင်း၊


(ဇ) ၁၆-၉-၂၀၂၂ ရက်နေ့၊ နေ့လယ်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ၌ ဖွင့်လှစ်ထားသော စာသင်ကျောင်းတစ်ကျောင်းကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ ကလေးငယ် (၇) ယောက်အပါအဝင် စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသည့် ကလေးငယ်များတွင် အသက် (၇) နှစ် မျှငယ်ရွယ်သော ကလေးငယ်ပါဝင်ကြောင်း၊ ယင်းကလေးငယ်များ၏ ကျောပိုးအိတ်များ သွေးစွန်း၍ ၎င်းတို့ကို အဝတ်စများဖြင့် ဖုံးအုပ်လျက် သေဆုံးနေသည်ကို တွေ့မြင်ရသည်မှာ အလွန်ရင်နင့်ကြေကွဲဖွယ် ကောင်းကြောင်း၊ အဆိုပါကလေးငယ်များသည် နိုင်ငံတကာဥပဒေဖြင့် အကာအကွယ်ရရှိနိုင်သည်ကို သင်ကြားခွင့်မရရှိခဲ့ဘဲ စစ်တပ်၏သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ဘယ်သောအခါမျှ သိရှိနိုင်တော့မည် မဟုတ်ပါကြောင်း၊


(ဈ) ယခုလ (၂၃) ရက်နေ့၊ ညပိုင်းတွင်လည်း ကချင်ပြည်နယ်၊ ဖားကန်ဒေသရှိ အနန့်ပါ (A Nang Pa) ၌ (၆၂) နှစ်မြောက် ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (KIO) နေ့ အထိမ်းအမှတ်ပွဲအကြို တေးဂီတ‌ဖျော်ဖြေပွဲ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်တပ်က စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအများအပြား သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အနုပညာရှင်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် စုစုပေါင်း လူ (၁၀၀) ခန့် သေဆုံးခဲ့ရပြန်ကြောင်း၊ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့သူများတွင် အမျိုးသမီး အများအပြား ပါရှိကြောင်း၊


(ည) ယင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများသည် အရေးပေါ်ကျန်းမာရေးကုသမှု ချက်ချင်း လိုအပ်လျက်ရှိကြောင်း၊ အကယ်၍ အဆိုပါထောက်ပံ့ကူညီမှုများ အချိန်မီမရရှိပါက သေဆုံးမှုနှုန်းသည် မလွဲမသွေ ပိုမိုမြင့်တက်လာမည်သာဖြစ်ကြောင်း၊ သို့နှင့်တိုင် ဒဏ်ရာရရှိသူများထံ ဆေးဝါးထောက်ပံ့မှုများ မည်သည့်အချိန်ကာလတွင် ရရှိနိုင်မည်ကို မသိရှိကြောင်း၊


(ဋ) ကမ္ဘာတစ်ဝှမ်းတွင် ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်ရန်နှင့် အလားတူဖြစ်ရပ်များ အနာဂတ်တွင် ထပ်မံမပေါ်ပေါက်လာ‌စေရေးအတွက် ကာကွယ်နိုင်ရန် နိုင်ငံတကာတရားရေးစနစ်သည် အလွန်အရေး ပါသည့် အခန်းကဏ္ဍ၌ ဆက်လက်တည်ရှိနေမည်ဟု အမှန်တကယ် ယုံကြည်မျှော်လင့်ကြောင်း၊ သို့ရာတွင် အဆိုပါနိုင်ငံတကာတရားရေးစနစ်က ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံတစ်နိုင်ငံရှိ ဒီမိုကရေစီအင်အားစုများကို အားလျော့စေပါက ယင်းအခြေအနေသည် အန္တရာယ်ရှိကြောင်းနှင့် ထိုသို့ဖြစ်ပေါ်လာပါက အပြည်ပြည် ဆိုင်ရာဥပဒေ၏ ယုံကြည်ရမှုအပေါ် သံသယဝင်လာနိုင်စေကြောင်း၊ ထို့ကြောင့် ICJ နှင့် ICC တို့အနေဖြင့် မြန်မာပြည်သူများ၏ အသံကို နားထောင်ပေးစေလိုကြောင်းနှင့် နစ်နာခဲ့သူများအတွက် တရားမျှတမှု ဆောင်ကျဉ်းပေးရန် တောင်းဆိုလိုကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations,

on Agenda Item 70: Report of the International Court of Justice,

at the Plenary Meeting of the 77th Session of UN General Assembly


(New York, 27 October 2022)


Mr. President,


At the outset, I wish to thank the President of the International Court of Justice for the comprehensive report and her presentation. I would also like to thank the Secretary-General for his report on trust fund to assist States in the settlement of disputes through the ICJ.


Myanmar aligns itself with the statement delivered by Azerbaijan on behalf of Non-Aligned Movement.


Mr. President,

Since the establishment of the United Nations more than 75 years ago, the International Court of Justice has been standing as the principal judicial organ of the UN. While its main responsibility is to bring about peace and stability of the world and settlement of disputes between states through legal and peaceful means, it is encouraging to witness the court’s endeavour to fulfill and discharge its mandate throughout these years. Moreover, as with the upward trend of caseloads during these years, the court’s effort to ensure its sound functionality through meaningful ways is also welcoming. This clearly presents the court’s ambition to continue strengthening the sustainable administration of justice and therefore, my delegation value the important role of the Court.

We are of the view that the Court delivered the fruitful outcome of its work during the term under reviewed. Accordingly we envision that this direction of states’ referral to the court in cases of disputes for peaceful settlement would continue to develop in the future, as it would directly or indirectly compliment to the revitalization of the multilateralism and the UN architecture as a whole. However, we also note that the Security Council had only requested an advisory opinion from the Court in the 1970s and never beyond. Therefore, our delegation joins other member states in encouraging the Security Council to make greater use of the Court’s advisory opinions within the scope of its activities.


Moreover, we welcome the court’s decision to establish the Judicial Fellowship Programme particularly for the developing countries. We highly anticipate that youths from our country as well would have this great opportunity to participate in the programme after the successful reverse of the illegal military coup and ending the military dictatorship in Myanmar.


Mr. President,

As mentioned by the President of ICJ in her statement, the International Court of Justice’s (ICJ) delivered on 22 July 2022 its judgment on the preliminary objections in the case concerning Application of the Convention on the Prevention and Punishment of the Crime of Genocide (The Gambia v. Myanmar). In this regard, the National Unity Government of Myanmar issued a statement expressing its appreciations to the judgment.


The ICJ’s Judgment, which sweeps aside the illegal military junta’s spurious objections, clears the way for substantive hearings on the atrocities directed against the Rohingya during military operations in 2016 and 2017.


The hearing on those objections need not have proceeded. On 10 February 2022, the National Unity Government, as the proper representative of Myanmar in the case, communicated to the ICJ that it accepted the Court’s jurisdiction and withdrew all preliminary objections.


Accountability and reparations for the Rohingya must remain the driving imperative. We will continue to extend our full cooperation to the ICJ in the case. Moreover Myanmar has informed the International Criminal Court (ICC) of the acceptance of its jurisdiction over the territory of Myanmar in accordance with Article 12 (3) of the Rome Statute.


However the military continues without abatement to commit such crimes against humanity and other atrocities throughout Myanmar. Let me inform this august Assembly of the recent two barbaric acts committed by the fascist military against innocent civilians.


In the afternoon of 16 September, 13 people including seven children have been killed by Myanmar military’s air attacks on a school in Lat Yat Kone Village, Depayin Township in Sagaing Region. Those children were as young as 7 years old. It is heartbreaking to see the dead children wrapped in cloth, and abandoned school bags in blood. These innocent children studying in school had no chance to learn that international legal protection even existed. They are killed now. They will never know.


In the evening of 23 October, the terrorist military fighter jets bombed and attacked on civilians at the music concert held in A Nang Pa, Phakant, Kachin State, to celebrate the 62nd anniversary of Kachin Independent Organization (KIO) Day. It reportedly resulted in death of around 100 people including artists, women and children and so many injured. It is also learnt that many women are among the victims. Those injured are in need of urgent emergency medical care. If they do not receive such assistance in time, the number of death toll will increase unavoidably. Sadly, we have no clue when such medical assistance will reach to those injured.


Mr. President,


In concluding, we have high hope that the international justice system will continue to play an important role to stop ongoing atrocities across the globe and prevent from reoccurrence of such crimes in the future. However, at the same time, it is dangerous if the international justice is seen to undermine democratic forces in a conflict State. This may cast doubt on the credibility of the international law.


I wish therefore to urge the ICJ and the ICC to listen to the voices of the people of Myanmar, and for the courts to bring justice to the victims.

I thank you.


*****









bottom of page