top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun on Agenda Item 68 at Interactive Dialogue at 3C of 77th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, on Agenda item 68: Promotion and Protection of Human Rights, at the Interactive Dialogue with the Special Rapporteur on Extrajudicial, Summary or Arbitrary Executions at the Third Committee of the 77th Session of the UN General Assembly, held on 25 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော တရားလက်လွတ်၊ အကျဉ်းချုပ်

သို့မဟုတ် ဥပဒေမဲ့ကွပ်မျက်ခြင်းဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့်

အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်၌ တရားမဝင်အာဏာသိမ်းစစ်တပ်သည် ပြည်သူများ၏ အသက်ရှင်နေထိုင်ခွင့်အပါအဝင် အခြားသောလူ့အခွင့်အရေးချိုးဖောက်မှုများကို ရဲရဲတင်းတင်းနှင့် မျက်ဝါးထင်ထင် ကျူးလွန်လျက်ရှိဟု ပြောကြား


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်)


၁။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီတွင် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးဘာသာရပ်အောက်၌ တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ကွပ်မျက် ခြင်းဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်ကို ၂၅-၁၀-၂၀၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပါဝင်ဆွေးနွေးခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ဆွေးနွေးပြောကြားမှုတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) အသက်ရှင်နေထိုင်ခွင့် (Right to Life)၊ ညှဉ်းပန်းနှိပ်စက်မှုအား လုံးဝတားမြစ်ခြင်းနှင့် အခြားရက်စက်သော၊ လူမဆန်သော သို့တည်းမဟုတ် နှိမ့်ချသောဆက်ဆံခြင်းနှင့် အပြစ်ပေးမှု စသည်တို့ အား ချိုးဖောက်သည့်သေဒဏ် (death penalty) ပေးခြင်းပြဿနာနှင့် စပ်လျဉ်း၍ မိမိတို့အနေဖြင့်လည်း ထပ်တူထပ်မျှ စိုးရိမ်ကြောင်း၊


(ခ) မြန်မာနိုင်ငံတွင် ပြစ်မှုဆိုင်ရာဥပဒေ (Penal Code) ၌ သေဒဏ်ပေးခြင်းကို တရားဝင်ဖျက်သိမ်း ထားခြင်းမရှိသော်ငြား လက်တွေ့တွင်မူ တရားဝင်ဆိုင်းငံ့ခြင်း (de facto moratorium) ကို ဆယ်စုနှစ် (၄) ခုခန့် ဆောင်ရွက်ခဲ့ကြောင်း၊


(ဂ) သို့သော် တရားမဝင် အာဏာသိမ်းစစ်တပ်သည် ထင်ရှားကျော်ဇောသည့် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ အပါအဝင် ဒီမိုကရေစီအရေးတက်ကြွ လှုပ်ရှားသူ (၄) ဦးအား ယခုနှစ် ဇူလိုင်လအတွင်း၌ အကျဉ်းချုပ်မျှနှင့် တရားလက်လွတ် သေဒဏ်စီရင် ခဲ့ကြောင်း၊


(ဃ) အထက်ဖော်ပြပါ လူပုဂ္ဂိုလ် (၄) ဦးတို့အား တရားစီရင်သည်ဟုဆိုရာတွင်လည်း စစ်တပ်၏ အတု အယောင် တရားရုံးများတွင်သာ လျှို့ဝှက်စွာ စစ်ဆေးမေးမြန်းခြင်းဖြစ်ပြီး တရားမျှတသောစံနှုန်းများပေါ် အခြေခံခြင်း လုံးဝမရှိကြောင်း၊ ထို့ကြောင့် ယင်းပုဂ္ဂိုလ် (၄) ဦး အား ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်ခြင်း သည် အကျဉ်းချုပ်၍ ‌သေဒဏ်ပေးခြင်းမျှသာဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်လည်း မည်သို့မျှညီညွတ်မှု မရှိကြောင်း၊


(င) ထို့ပြင် စစ်အာဏာရှင်များအနေဖြင့် ၎င်းတို့၏ ကျရှုံးနေသော စစ်အာဏာသိမ်းမှုအား ဆက်လက် ဆန့်ကျင်ကန့်ကွက်နေသည့် ပြည်သူလူထုအပေါ်တွင် အကြောက်တရားဖြင့် ဖိနှိပ်လိုသော ရည်ရွယ်ချက် ဖြင့်သာ ဖော်ပြပါဒီမိုကရေစီအရေးတက်ကြွစွာလှုပ်ရှားသူ (၄) ဦးအား သေဒဏ်စီရင်ခဲ့ခြင်းဖြစ်‌သောကြောင့် ၎င်းတို့၏ လုပ်ရပ်သည် တရားဥပဒေမဲ့သတ်ဖြတ်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ၎င်းတို့ (၄) ဦး အား သေဒဏ်မစီရင်မီတွင် သက်ဆိုင်ရာမိသားစုများအား ကြိုတင်အကြောင်းကြားခြင်း မရှိသည့်အပြင် ရုပ်အလောင်းများအား ကောင်းမွန်လျော်ကန်စွာ မီးသင်္ဂြိုလ်ရန်အတွက်ကိုပင် ပြန်လည်ပေးအပ်ခြင်း မရှိသောကြောင့် ကျန်ရစ်သူမိသားစုများအနေဖြင့် ကြီးမားသောစိတ်ဒဏ်ရာကို အချိန်မည်မျှကြာမြင့်စွာ ခံစားနေရမည်ကိုပင် မမှန်းဆနိုင်ကြောင်း၊


(စ) တရားမဝင် စစ်အာဏာသိမ်းပြီးနောက်တွင် စစ်တပ်အုပ်ချုပ်ခံ တရားရုံးများအနေဖြင့် သေဒဏ် ချမှတ်ထားသည့် အမှုပေါင်း (၁၂၆) ခုရှိပြီး ထိုအမှုများအနက် (၄၂) ခုမှာ ကာယကံရှင်ရှေ့မှောက်တွင် ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ကြောင်း၊ ယခုအခါ စစ်တပ်၏ ဥပဒေမဲ့တရားစီရင်မှုအောက်တွင် သေဒဏ်ချမှတ် ခြင်းခံရန် တန်းစီစောင့်ဆိုင်းနေရသည့်သူ (၈၄) ဦးရှိကြောင်း၊


(ဆ) အခြားတစ်ဖက်တွင်လည်း အချို့သောအမှုများတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသူများ ပျောက်ကွယ် သွားခြင်းနှင့် စစ်ကြောရေးတွင် အသက်သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ ကျေးရွာများအတွင်းသို့ အဓမ္မဝင်ရောက်စီးနင်းရာတွင် ပြည်သူများကို အသက်ရှင်လျက် မီးရှို့သတ်ဖြတ်ခြင်းနှင့် တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သည့် ပြီးခဲ့သည့် လပေါင်း (၂၀) ကျော်အတွင်း နိုင်ငံအနှံ့အပြား ဆန္ဒထုတ်ဖော် ကြသည့် ပြည်သူများအား လွန်လွန်ကျူးကျူးနှိမ်နင်းမှုကြောင့် သေဆုံးခြင်းစသည့် အဖြစ်အပျက်ပေါင်း များစွာလည်းရှိကြောင်း၊


(ဇ) တရားမဝင်အာဏာသိမ်းစစ်တပ်သည် ပြည်သူများ၏ အသက်ရှင်နေထိုင်ခွင့်အပါအဝင် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ရဲရဲတင်းတင်းနှင့် မျက်ဝါးထင်ထင် ကျူးလွန်လျက်ရှိကြောင်း။


၃။ သို့ဖြစ်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာစစ်တပ်၏ တရားဥပဒေမဲ့သတ်ဖြတ်မှုများ ကြောင့် ပြည်သူပေါင်းမြောက်များစွာ၏ အသက်အန္တရာယ်အတွက် စိုးရိမ်ရသည်ဖြစ်ရာ ၎င်းတို့၏ အသက်များကို ကယ်တင်နိုင်မည့်နည်းလမ်းကို သိရှိလိုကြောင်းနှင့် ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်လည်း လူ့အခွင့်အရေးကောင်စီနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံမှ မည်သို့သော ထောက်ပံ့ကူညီမှုများနှင့် လုပ်ပိုင်ခွင့်များ လိုအပ်မည်ကို သိရှိလိုကြောင်း ပြောကြားခဲ့ပါသည်။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ ဆွေးနွေးချက် အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations,

on Agenda item 68: Promotion and Protection of Human Rights,

at the Interactive Dialogue with the Special Rapporteur on

Extrajudicial, Summary or Arbitrary Executions

at the Third Committee of the 77th Session of UN General Assembly


(New York, 25 October 2022)


Mr. Chair,


Myanmar thanks the Special Rapporteur for his report. We share concern over the issue of death penalty which violates the right to life and absolute prohibition of torture and other cruel, inhuman or degrading treatment or punishment.

In Myanmar, although death penalty is not officially abolished yet from the penal code, a de-facto moratorium was in place for almost four decades. However, in July this year, the illegal military junta summarily and arbitrarily executed four pro-democracy individuals including prominent student leader Ko Jimmy and former lawmaker Ko Phyo Zeyar Thaw. These outrageous murders were summary executions because they followed the secret sham military trials with absolutely no fair trial standards and total lack of due process. And the killings were arbitrary acts because it was obviously carried out by the order of the military dictatorship in order to strike fear in the people who continue to oppose their failing coup. In a further act of inhumanity, the inhumane junta did not inform the families in advance and did not even allow them to retrieve the dead bodies for proper burial and funeral. It is unimaginable how long-lasting trauma the families will bear.


So far, there are 126 death sentences imposed by the illegal military tribunals since the coup. 42 of them were imposed in absentia. Now, 84 people are on death row subject to the lawless killings by the military junta.


Furthermore, there are several cases where detainees were disappeared and tortured to death in interrogation centers, civilians were burnt down alive during the raids on villages and killed during the bloody crackdown on nationwide protests over last 20 months. The illegal military has been blatantly committing violations of all human rights, including the right to life.


Mr. Special Rapporteur,


Your report includes information on high-level inquiries undertaken by the mandate holders in recent years into specific cases of unlawful killings.


Given that many more people’s lives are in imminent risk of the Myanmar military’s arbitrary executions, what can you do to save their lives? In such cases, what kind of support or mandate do you need from UN member states both in the Human Rights Council and the General Assembly to do so?


I thank you.


*****









bottom of page